ယေရမိအနာဂတ္တိကျမ်း ၄၅
(ဃ) ဗာရုတ်သို့ သတင်းစကားတော်(အခန်း၄၅) ဤအခန်း(၄၅) သည် ယေယောကိမ်မင်း လက်ထက်တွင် ရေးသားခဲ့သည်။ အခန်းကြီး(၄၄)၏ အဆက်ဖြစ်သည်။ ၃၆:၁-၈ နှင့်လည်း ဆက်စပ်သည်ဟု ဆိုနိုင်သည်။ ယုဒလူမျိုးအပေါ် ဘုရားသခင်က အပြစ်တရား စီရင်မည့်အကြောင်း စိုးရိမ်ကြောက်လန့်နေသော ဗာရုတ်သို့ နှစ်သိမ့်အားပေးစကား ဖြစ်သည်။ သူ့ရာထူး အတက်အကျကြောင့် စိတ်ရှုပ်ထွေးနေပုံရသည်။ ဘုရားသခင်သည် လူကို အထက်ဘုံနန်းသို့ မြှင့်တင်ပေးနိုင်သကဲ့သို့ အောက်ဆုံးအဆင့်...