ယေရမိအနာဂတ္တိကျမ်း ၂၁
(ဂ)ပရောဖက်ပြုချက်နှင့်ဇေဒကိမင်း(၂၁:၁–၂၂:၉) ၂၁:၁–၇ ဇောတိကမင်းက ပါရှုရ (အခန်း၂၀မှ ပါရှုရမဟုတ်၊ အခြားပါရှုရဖြစ်သည်) နှင့် ဇေဖနိ (ပရောဖက်ဇေဖနိမဟုတ်)တို့အား ဗာဗုလုန်သားများ လာရောက်တိုက်ခိုက်မည့်အကြောင်းကို ဘုရားသခင်ထံ ထပ်မံ မေးမြန်းခိုင်းသည်။ ပရောဖက် ယေရမိက ယခင်ပရောဖက်ပြုခဲ့သည့်အတိုင်း ဘုရားသခင်သည် ထိုဗာဗုလုန်သားဘက်တွင် ရပ်တည်၍ ယုဒပြည်ကိုအပြစ်ပေးမည်ဟု ဖြေမြဲ ဖြေသည်။ ရှင်ဘုရင်နှင့်တကွ ပြည်သူပြည်သားအားလုံး ခွေးပြေးဝက်ပြေး ပြေးကြသော်လည်း လွတ်မည် မဟုတ်။...