ယောဘဝတ္ထု နိဒါန်း
နိဒါန်း “ပထမဆုံးနှင့် ရှေးအကျဆုံး ကျမ်းစာ ဖြစ်သည်ဟု အငြင်းပွားနေသော ကျမ်းစာ ဖြစ်သည်။ ကမ္ဘာမြေပေါ်တွင် လူဖြစ်လာရခြင်း ရှေးကုသိုလ်ကံကြမ္မာသည် ဘုရားသခင်၏ အလိုတော် ဖြစ်သည်။ လူ့ဘဝတွင် ကြေကွဲဝမ်းနည်းခြင်း၊ ပြန်လည်ဖြေဆည်ခြင်းများ ကြုံတွေ့ရမည်။ နူးညံ့သိမ်မွေ့ခြင်း၊ ကြီးမြတ်ခြင်းကို နွေညဉ့်လည်ယံသဖွယ် တွေ့မြင်နိုင်ကဲ့သို့ ပင်လယ်ပြာနှင့် ကြယ်တာရာများကိုလည်း အဝေးမှလှမ်းမြင်နိုင်သည်။ လူ့အတွေးအမြင်သည် သမ္မာကျမ်းစာထက် မကျယ်ပြန့်နိုင်။ သမ္မာကျမ်းစာအတိုင်း စာဖတ်ရှု...