ရာဇဝင်ချုပ်ပထမစောင် ၂၈
(ဇ) ဒါဝိဒ်၏နောက်ဆုံးနေ့ရက်များ (အခန်း၂၈၊ ၂၉) ၂၈:၁–၈ ဒါဝိဒ်မင်း က လူထုလူတန်းစားအလွှာအသီးသီးမှ ဦးစီးခေါင်းဆောင်များ၊ မူးကြီးမတ်ရာများနှင့် စစ်ဘက်နယ် ပုဂ္ဂိုလ်ကြီးများကို ယေရုရှလင်မြို့ သို့ စုစည်းလိုက်သည်။ ဘုရားသခင်၏အိမ်တော်တည်ဆောက်ချင် သောအာသီသ ဖြင့်ပြခဲ့သော်လည်း ဘုရားသခင်ကခွင့်မပြုသည့် အကြောင်းကို အဖွဖွ မှာကြားသည်။ သို့သော်လည်း သူ၏သား ရှောလမုန်အား ဘုရားသခင်က ဗိမာန်တော်ဆောက်လုပ်ခွင့်ပေးပုံကို ထပ်လောင်းကြေငြာပေးသည်။...