ရာဇဝင်ချုပ်ပထမစောင် ၁၆
၁၆:၁–၃ တဲတော်သို့ ပဋိညာဉ်သေတ္တာ စံမြန်းသည်နှင့် တပြိုင်နက် ယဇ်ပူဇော်ကြသည်။ အမြင့်ဆုံး ပူဇော်သက္ကာဖြစ်သော မီးရှို့ယဇ်ပူဇော် ကြသည် (ဝတ်နှင့် ယှဉ်ဖတ်)။ ယဇ်ကောင်တခုလုံး မီးလောင်ပြာကျရာ ဘုရားသခင်လက်ခံသော မွှေးနံ့သာပူဇော်သက္ကာ ဖြစ် သည်။ ထို့အပြင် မိဿဟာယပူဇော်သက္ကာ လည်းပူဇော်ကြသည်။ ယဇ်ကောင်အဆီနှင့် ကျောက်ကပ်များကို မီးရှို့ရာ ယဇ်ပလ္လင်ပေါ်တွင် ဘုရားသခင်ထံသို့ မီးရှို့ပူဇော်ရသည်။ မိဿဟာယယဇ်သည် ဘုရားသခင်နှင့် ကောင်းမှုကုသိုလ်တို့...