ရောမသြဝါဒစာ ၃
၃:၁ အခန်းငယ်၁မှ ၈ထိတိုင်အောင် ယုဒများ၏ အပြစ်အမိုက်ကို ဆက်လက်ထုတ်ဖော်ထားသည်။ ယုဒလူမျိုးများ၏ အမူအကျင့် ထော်လော်ကန့်လန့်ဖြစ်ပုံကို ဖော်ထုတ်ပြလိုက်သည်။ မေး။ အကယ်၍ အခန်း ၂:၁၇-၁၉ ကျမ်းချက်များသည် မှန်ကန်သည်ဆိုလျှင် ယုဒလူမျိုး၏ အရေဖျားလှီးခြင်းသည် မည်သည့်အကျိုးကျေးဇူးရှိသနည်း။ ၃:၂ အဖြေ။ ယုဒလူမျိုးများသည် ဘုရားသခင်ထံမှ အခွင့်ထူးအမျိုးမျိုးရရှိသူများဖြစ်သည်။ အဓိကအချက်မှာ ဘုရားသခင်ထံတော်မှ ဗျာဒိတ်တော်ခံယူသူများ ဖြစ်သည်။ ဓမ္မဟောင်းကျမ်း မရောဖတ်ပြုချက်များသည်...