ရောမသြဝါဒစာ ၁၅
၁၅:၁ ဤအခန်း၏ ပထမပိုင်းအခန်းငယ်(၁၃)ခုသည် ရုပ်တုဆင်းတုကိုးကွယ်ခြင်းမှ အသက်တာပြောင်းလဲလာသော ယုဒများ၏မတူညီသော စာရိတ္တလက္ခဏာများအကြောင်းကို အခြေခံ၍ ယုဒများနှင့်ယုံကြည်သူတပါးအမျိုးသားများအကြား ဆက်စပ်ညှိနှိုင်းပေးသည်။ ယုံကြည်ခြင်း ခိုင်မာသူများသည် မိမိတို့ယုံကြည်ခြင်း၌ တင်းတိမ်နေဖို့မဟုတ်ပါ။ မိမိတို့ယုံကြည်ချက်ကို အားနည်းသူများအား ဝေငှရသည်။ အားနည်းသူများ၏ ဝန်ထုပ်ဝန်ပိုးများကို ထမ်းကူရသည်။ ၁၅:၂ ယုံကြည်ခြင်း ခိုင်မာသူများသည် အိမ်နီးနားချင်းများအတွက် အသက်ရှင်ရသည်။ ထူမပေးရသည်။ လက်တွဲခေါ်ရသည်။ မိမိနှင့်သက်ဆိုင်သူများကောင်းစားအောင် ကူညီခြင်းသည် ခရစ်ယာန်အသက်တာ၏...