ရှင်မဿဲခရစ်ဝင် ၂၁
၁၂။ ဘုရင်အဖြစ်တင်သွင်းခြင်းနှင့် ငြင်းပယ်ခြင်း (အခန်း ၂၁-၂၃) (က) အောင်ပွဲခံဝင်ရောက်ခြင်း (၂၁:၁-၁၁) ၂၁:၁း၃ ယေရိခေါမှ ထွက်ခွာပြီးနောက် သံလွင်အရှေ့ဘက် ဆင်းခြေ လျောရှိ ဗေသနိနှင့် ဘက်ဖာရေဂေရာ အနီးသို့ရောက်ရှိသည်။ ထိုနေရာမှဆင်းသွားပြီ သံလွင်တောင်ဘက်စွန်းရှိ ယေဟောရှ ဖက် ချိုင့်ဝှမ်း ကေရာချေင်းကို ဖြတ်သွားလျှင် ယေရုရှလင်မြို့သို့ မော့တက်ရောက်ရှိနိုင်သည်။ တပည့်တော် နှစ်ပါးအား ဗေသနိရွာသို့ စေလွတ်လိုက်သည်...