ရှင်ယာကုပ်သြဝါဒစာ နိဒါန်း
ယာကုပ်သည် ပရောဖက်ကဲ့သို့သော တရားဟောဆရာဖြစ်သည်။ ရှေးဦးခရစ်ယာန်စာပေ များနှင့်မတူဘဲ အရေးအသားထူးခြားသည်။ ယေရှုအကြောင်းကို ချန်လှန်ထားသည်။ –Theodor Zahn ၁။ စံတော်မီ ဝိသေသလက္ခဏာ မာတင်လူသာက ရှင်ယာကုပ်သြဝါဒစာကို “မြက်ခြောက်သြဝါဒစာ”ဟုလွဲမှားစွာနှိမ့်ချခဲ့ သည်။ ရှင်ယာကုပ်ကယုံကြည်ခြင်းကို အလုပ်ဖြင့်သက်သေထူမည်ဟုဆိုသည်။ ထိုစကားကိုမာတင် လုသာကနားလည်မှုလွဲမှားသည်။ လုသာတစ်ဦးတည်းသာလျှင် ဤကနဦးခရစ်ယာန်စာပေကို အဓိ ပ္ပာယ်ကောက်ယူလွဲမှားခြင်းမဟုတ်ပါ။ အချို့လူများကလည်း “ပုလဲကြိုး” ဟုစွပ်စွဲကြသည်။...