Tag: ရှင်ယာကုပ်သြဝါဒစာ

  • ရှင်ယာကုပ်သြဝါဒစာ ၃

    ၆။ လျှာချုပ်တည်းခြင်းနှင့်မသင့်မလျှော်သုံးခြင်း (၃:၁–၁၂)           ဤအခန်းအစပထမပိုင်း ၁၂ပိုဒ်သည် လျှာအကြောင်းဖြစ်သည် (၁:၁၉၊၂၆၊၂:၁၂၊၄:၁၁၊ ၅:၁၂ တွင်လည်းပါသည်)။ ဆရာဝန်က လူနာအားလျှာထုတ်ခိုင်းပြီးရောဂါရှာဖွေသကဲ့သို့ ရှင်ယာကုပ် ကလည်းယုံကြည်သူများ၏ ဝိညာဉ်ရေးရာရင့်ကျက်မှုရှိမရှိ၊ ပြောင်းလဲသောအသက်တာရှိမရှိ ဆန်းစစ်ရန် လျှာထုတ်ခိုင်းပါသည်။ ထိုလူတွင် ပင်ရင်းရောဂါအဇစ်အမြစ်ရှိမရှိ စကားလေသံ အားဖြင့်ဆန်းစစ်ရသည်။ ခေတ်သစ်ဆရာဝန်များ၏ “သင့်လျှာကိုကြည့်စမ်း၊ မဲသဲနေတာဘဲ၊ ဘယ်လိုလုပ်နေကောင်းနိုင်မှာလဲ” ဟူသောစကားကို ရှင်ယာကုပ်ကလည်းသဘောတူထားသည်။ ၃:၁ နှုတ်ကပတ်တော်က...

  • ရှင်ယာကုပ်သြဝါဒစာ ၄

    ၈။ တပ်မက်ခြင်းအကြောင်းနှင့်ကုသနည်း (အခန်း၄)           ပညာရှိသုခမိန်သည် ငြိမ်းချမ်းရေးကိုလိုလားသူဖြစ်ကြောင်း သွန်သင်ပြီးနော် ဤအခန်းဝတွင် ယုံကြည်သူများ မကြာခဏကြုံတွေ့ရသော ခလုတ်ကန်သင်း တပ်မက်ခြင်း အကြောင်းကိုရှင်းပြထားသည်။ အကြောင်းအရင်းကဘာလဲ။ နေအိမ်တွင်ဖြစ်စေ ဘုရားကျောင်းတွင် ဖြစ်စေအဘယ့်ကြောင့် ပျော်ရွှင်ခြင်းမရှိနိုင်ကြသနည်း။ မွေးရပ်မြေတွင်ဖြစ်စေ၊ ပင်လယ်ရပ်ခြား သာသနာမြေတွင်ဖြစ်စေ ခရစ်ယာန်အစေခံများသည် အဘယ်ကြောင့်ထိုတပ်မက်ခြင်း၏ ခါးသီး သောအရသာကို မြည်းစမ်းချင်ကြသနည်း။ မိမိပျော်ရွှင်မှု၊ ပိုင်ဆိုင်မှုအတွက် တပါးသူများကို မနေမနား...

  • ရှင်ယာကုပ်သြဝါဒစာ ၅

    ၉။ ချမ်းသာခြင်းနှင့်အနာဂတ်သံဝေဂ (၅:၁–၆) ပေါက်ပေါက်ရှာရှာ ဤအခန်းတွင် ကြွယ်ဝချမ်းသာခြင်း၏ အပြစ်ကို စွဲချက်တင်ထားသည်။ ပိဿလေးနှင့်ပစ်ပေါက်၊ ခေါင်းကိုတူနှင့်ထုနှက်သကဲ့သို့ စကားလုံးအတုံးလိုက် အတစ်လိုက်သုံး ထားသည်။ ပစ်ပစ်ခါခါ ဝေဖန်ထားသဖြင့် ဤကျမ်းချက်မျိုးကိုတရားဟောခဲ့ကြသည်။ ဤအခန်းတွင် ရှင်ယာကုပ်သည် လူမှုရေးပရောဖက် ဖြစ်နေသည်။ လူ့ချမ်းသာသူ ဌေးသူကြွယ်များက ငွေကြေးဓနများကိုလူမှုဒုက္ခများ ဖြေရှင်းရာတွင်ထဲ့ဝင်မသုံးချင်ကြသည့်အကြောင်းကို ညွှန်ပြမည်တမ်းထားသည်။ အလုပ်သမားများကို မတရားခိုင်းစားသော ခေါင်းပုံဖြတ်သမားများကို ရှုတ်ချသည်။ သူတို့၏ငွေကြေးများ...