ရှင်လုကာခရစ်ဝင် ၃
၃။ အမှုတော်စတင်ရန် လူသားတော်ပြင်ဆင်ခြင်း (၃:၁-၄:၃၀) (က) ရှေ့တော်ပြေးက ပြင်ဆင်ခြင်း (၃:၁-၂၀) ၃:၁-၂ သမိုင်းသုတေသီပီပီ ထိုခေတ်ကာလနိုင်ငံရေး၊ ဘာသာရေးခေါင်းဆောင်များ၏ စိုးစံချိန်နှင့် ယှဉ်၍ ယောဟန်၏ အမှုတော်စတင်ချိန်ကို မှတ်တမ်းတင်ထားသည်။ ကဲသာဘုရင် အုပ်စိုးချိန်၊ ဘုရင်ခံ (၃)ပါး၊ ယဇ်ပုရောဟိတ်ဆရာကြီး (၂)ပါးတို့ဖြင့် အချိန်ကာလကို ကိုးကားထားသည်။ ဣသရေလ များသည် နိုင်ငံရေးအရ လူမျိုးခြားလက်အောက်ခံ၌ နေရသော...