ရှင်လုကာခရစ်ဝင် ၉
(ဏ) တပည့်တော်များအား စေလွှတ်ခြင်း (၉:၁-၁၁) ၉:၁-၂ (မ ၁၀:၁-၁၅)နှင့် အနည်းငယ်ကွဲလွဲသည်။ ရှင်မဿဲတွင် ယုဒလူမျိုးများထံသို့သာ သွားခိုင်းသည်။ သေခြင်း၏ အခြားဘဝ၌ ပြန်လည် ထမြောက်ခြင်းမရှိကြောင်း၊ ဟောကြားခြင်းနှင့် အနာရောဂါကင်းငြိမ်းခြင်းပြုလုပ်စေသည်။ ရှင်လုကာ ခရစ်ဝင်ကျမ်းတွင်မူ ရှင်မဿဲကဲ့သို့ လုပ်ဆောင် ချက်အကျိုးအကြောင်း ဖော်ပြခြင်းမရှိ။ သခင်ဘုရားသည် အံ့ဖွယ်နိမိတ်ပြနိုင်စွမ်းဘုန်းတန်ခိုးနှင့် အမိန့် အာဏာရှိသည်သာမက အခြားသူများကိုလည်း ဝေမျှနိုင်စွမ်းရှိသည်။ ဘုန်းတန်ခိုးဆိုသည်မှာ...