ရှင်လုကာခရစ်ဝင် ၁၅
(ဓ) ပျောက်သောသိုးပုံဥပမာ (၁၅:၁-၇) ၁၅:၁-၅ ခန်း ၁၄တွင် သွန်သင်ချက်များက အခွန်အကောက်ကောက်ခံသူများနှင့် အပြစ်ဒု စရိုက်သားများကို ညိူ့ယူဖမ်းစားသည်။ သူတို့အပြစ်ဒုစရိုက်များကို ထောက်ပြသော်လည်း ကိုယ်တော် ဘုရား၏ သွန်သင်ချက်များသည် အမှန်တရားဖြစ်သည်ဟု ခံယူသိမှတ်ကြသည်။ ခရစ်တော်ဘက်သို့ ယိမ်း ယိုင်လာကြသည်။ နောင်တရလျက် ခရစ်တော်ကို သခင်ဘုရားအဖြစ်ခံယူကြသည်။ မိမိတို့အပြစ်ကို သိရှိ ဝန်ခံသူတိုင်း ဝိညာဉ်ရေးရာ ရှင်သန်ကြီးထွားဖို့ ကူညီကောင်းကြီးသွန်းလောင်းသည်။...