ရှင်လုကာခရစ်ဝင် ၁၈
(ဆ) ဇွဲနဘဲကြီးသော မိုဆိုးမပုံဥပမာ (၁၈:၁-၈) ၁၈:၁ ဤမုဆိုးမဆုတောင်းခြင်း ပုံဥပမာက အားလျော့ခြင်းမရှိဘဲ ဆုတောင်းဖို့သွန်သင်ပါ သည်။ လူတိုင်း ဆုတောင်းခြင်းအားကြီးဖို့ ပြောပါသည်။ ဤနေရာတွင် အထူးသဖြင့် စုံစမ်းခြင်း၊ ခံစားသည့် အချိန်၌ မလျော့မန်သော ဇွဲလုံ့လဖြင့် ကြံ့ကြံ့ခံဆုတောင်းဖို့တိုက်တွန်းပါးသည်။ သခင်ခရစ်တော် ပထမကြွ လာခြင်းနှင့် ဒုတိယကြွလာခြင်းကြားကာလ တလျှောက်တွင် ဇွဲမလျှော့ဘဲ အမြဲဆုတောင်းနေရမည်။ ၁၈:၂-၃ ပုံဥပမာထဲတွင်...