သြဗဒိအနာဂတ္တိကျမ်း နိဒါန်း
“သြဗဒိအနာဂတ္တိကျမ်း၌ ပါရှိသောပရောဖက်စကားများကြောင့် အတုမဲ့ တမူထူးသော ကျမ်းတစ်စောင်ဖြစ်သည်။ ဗျာဒိတ်ရူပါရုံဖော်ပြချက်မှာ မညှာမတာအပြစ်တင်ရှုတ်ချများဖြစ်၍ သက်သာရာအခွင့်ရစေမည့် မျှော်လင့်ချက်နှင့် သနားကဏာတို့ မပါရှိပေ။” Ferderick S. Tatford ၁။ စံတော်မီဝိသေသလက္ခဏာ “သြဗဒိဗျာဒိတ်ရူပါရုံ” ကျမ်းသည် ဓမ္မဟောင်းကျမ်းတွင် အတိုဆုံးနှင့် ကျမ်းစာတအုပ်လုံးတွင် တတိယအတိုဆုံးဖြစ်သည်။ ဦးတည်ချက်မှာ ယာကုပ်၏ အမွှာအစ်ကို ဧသောအမျိုး ပျက်စီးမည့်အကြောင်းဖြစ်သည်။ သမိုင်းစဉ်ကာလတလျှောက်လုံး ဧဒုံလူမျိုးများသည် ဣသရေလလူမျိုးအားဆန့်ကျင်...