ဟေရှာယအနာဂတ္တိကျမ်း ၃၀
၁။ အဲဂုတ္တုပြည်နှင့်မဟာမိတ်ပြုခြင်းအမင်္ဂလာ (အခန်း၃၀-၃၁) ၃၀:၁-၇ ဘုရားရှင်ကိုပုန်ကန်တတ်သောနိုင်ငံရေးသမားယုဒများသည် အာရှုရိရန်ကိုတွန်းလှန်ရန်အဲဂုတ္တုပြည်နှင့်မဟာမိတ်ပြုကြသည်။ ထိုသို့မဟာ မိတ်ပြုရခြင်းခိုင်လုံသည့်အကြောင်းအချက် မတွေ့သကဲ့သို့နောင်အခါတွင် လည်းရှိမည်မဟုတ်။ အဲဂုတ္တုပြည်သည်ယုံကြည်စိတ်ချရသောသစ္စာရှင်မဟုတ် ကြောင်းယုဒတို့သင်ခန်းစာရသွားသည်။ မြင်းရထားများသည် ယုဒပြည်မှအန္တရာယ်ဇုံ နေဂက်(တောင်ပိုင်း)ကိုဖြတ်၍ အဲဂုတ္တုပြည်ခိုလှုံဖို့တသီတတန်းသွားကြ ပြီ။ သို့သော်ယုဒတို့၏ ဇောနနှင့်ဟာနက်ခရီးရှည်သည်အကျိုးအမြတ်မရှိ။ ဆုံး ရှုံးခြင်းသာဖြစ်သည်။ ဘုရားသခင်ကအဲဂုတ္တုပြည်ကို “Rahob-Hem-Shebeth”မလှုပ်ဘဲနေတတ်သော ရာခပ်ဟုသမုသ်သည်။ ၃၀:၈-၁၄ အဲဂုတ္တုပြည်နှင့်မဟာမိတ်ပြုခြင်းသည်ကြွယ်ဝခြင်းဟုထင် မှတ်ယူဆသော်လည်းစင်စစ်အားဖြင့် ပရောဖက်ပြုချက်ဘုရားသခင်၏ပညတ် တရားများကိုငြင်းပယ်ဆန့်ကျင်သည်။ အဲဂုတ္တုပြည်နယ်နမိတ်မြို့ရိုးသည်ခိုင်...