Tag: ဟောရှေအနာဂတ္တိကျမ်း

  • ဟောရှေအနာဂတ္တိကျမ်း ၁၂

              ၁၂:၁–၂ ဧဖရိမ်အမျိုးသည် လျှာနှစ်ခွဖြင့် ပြောတတ်သူများ၊ ဗလောင်ဗလဲလုပ်တတ်သူများဖြစ်သည်။ နှုတ်ပေါင်းကိုယ်ခွာ ချစ်ဟန်ဆောင်သောမိတ်ဆွေများ ဖြစ်သည်။ အာရှုရိတို့နှင့် မဟာမိတ်ပြုလျက် အဲဂုတ္တုပြည်သို့ ဆီပို့သူများဖြစ်သည်။ ဘုရားသခင်သည် ဧဖရိမ်မြို့နှင့် အပေးအယူ၊ အမြီးအမောက်မတည့်သော်လည်း ယုဒလူမျိုးနှင့် ပနာမစား။ ယာကုပ်ကို အရေးယူသကဲ့သို့ အပြစ်ပေးဒဏ်ခတ်ဦးမည်။ ၁၂:၃ ယုဒဘိုးဘေးကြီး ယာကုပ်နာမည်ကို တဖန်တွေ့ရသည်။ အချို့ကျမ်းပိုဒ်များတွင် နှစ်လိုဖွယ်ရာမကောင်းသော ကျက်သရေတုံးအဖြစ် ပြောလေ့ရှိသော်လည်း...

  • ဟောရှေအနာဂတ္တိကျမ်း ၁၃

    ၁၃:၁ ရုပ်တုဆင်းတု မကိုးကွယ်ကြခင်က ဧဖရိမ်တို့ကို အခြားမျိုးနွယ်များက မော်မကြည့်ရဲကြ။ ဣသရေလတို့စကားပြောလျှင် နှုတ်ဆိတ်နာခံခဲ့ကြသည်။ သို့သော် ဗာလဘုရားကိုးကွယ်ကြသည့်အခါတွင်မူ အခြားသူများကလည်း သူလိုကိုယ်လိုဘဲဟု ထင်မှတ်လာကြသည်။ သူတို့ကဲ့သို့ပင် သေမျိုးဖြစ်ကြောင်း သိရှိလာသည်။ ၁၃:၂–၃ အချိန်ကြာသည်နှင့်အမျှ ရုပ်တုဆင်းတုကိုးကွယ်သူ ပိုမိုများပြားလာကြသည်။ ရွှေနွားသူငယ်ရုပ်တုကို နမ်းရှုပ်သည့်အကြောင်းမမောနိုင်မပန်းနိုင်၊ စကားဖောင်ဖွဲ့ကြသည်။ သူတို့သည် မီးခိုးခေါင်းတိုင်မှထွက်သော မီးခိုးငွေ့များလေတိုက်ရာ လွင့်မျောပျောက်ကွယ်သကဲ့သို့ ပျောက်ကွယ်သွားကြမည်။           ၁၃:၄–၈...

  • ဟောရှေအနာဂတ္တိကျမ်း ၁၄

    ၈။ ကောင်းချီးမင်္ဂလာ၌ ဝမ်းမြောက်နိုင်ရန် ဣသရေလတို့နောင်တရဖို့ တိုက်တွန်းခြင်း။ (အခန်း ၁၄) ၁၄:၁–၃ ဣသရေလလူမျိုးတို့အား အပြစ်ဝန်ချနောင်တရရန်ဖိတ်ခေါ်သည်။ နောင်တွင်လည်း ဆက်လက်ဖိတ်ခေါ်နေဦးမည်။ ဘုရားရှင်ကို အားမကိုးဘဲ၊ အာရှုရိနှင့် မဟာမိတ်ဖွဲ့ခြင်း၊ အဲဂုတ္တုပြည်၏ မြင်းစီးသူရဲကောင်းများကို အားကိုးခြင်း၊ ရုပ်တုဆင်းတုကိုးကွယ်ခြင်းများသည် အပြစ်ဒုစရိုက်ဖြစ်၏။ ဘုရားရှင်တပါးတည်းသာ မျှော်လင့်စရာဖြစ်ကြောင်းနားလည်ခံယူသင့်သည်။           ၁၄:၄–၇ ဘုရားသခင်က အနာရောဂါ ကင်းငြိမ်း၍ချစ်ခြင်းမေတ္တာပွားမည်၊ အားသစ်အင်သစ်တိုးစေမည်။ နိုးကြွထကြွ...