ဧသတာဝတ္ထု ၆
(ခ) ဟာမန်အရှက်ကွဲခြင်းနှင့် မော်ဒကဲ၏ ဂုဏ်ကျက်သရေ (အခန်း ၆) ၆:၁–၃ ဟာမန်သည် အားရကျေနပ်စွာ အိပ်ပျော်နေသော်လည်း ဘုရင်အာရွှေရုသည် အိပ်မရသောကြောင့် အစီရင်ခံစာအမှုတွဲများကို တခုပြီးတခု ဖတ်ရှုသည်။ ဗိဂသုန်နှင့် တေရက်က ဘုရင်အား လုပ်ကြံဖို့ကြံစည်နေကြစဉ် သတင်းပေးသူမှာ မော်ဒကဲဖြစ်ကြောင်း တွေ့ရှိဖတ်ရှုသည်။ ထိုအဖြစ်အပျက်နှင့် ယခုမော်ဒကဲအား မည်သည့်ဆုလက်ဆောင် ချီးမြှင့်ပြီးကြောင်း မေးမြန်းရာ ဆုလက်ဆောင် ပေးခြင်းမရှိသေးပါ။...