ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်း ကြားကာလ
ဘုရားသခင်သည် ပရောဖက်မာလခိဖြင့် နောက်ဆုံးစကားပြောပြီးနောက်ပိုင်း၊ နှစ်ပေါင်း (၄၀၀)ခန့် အဆက်အသွယ်ပြတ်တောက်ငြိမ်သက်ခဲ့သည်။ ထိုသို့ တိတ်ဆိတ်ငြိမ်သက်ခဲ့သည်။ ထိုသို့ တိတ်ဆိတ်ငြိမ်သက်ခြင်းမှာ စိတ်ဝင်စားဖွယ်ရာ အတိဖြစ်သ်။
ထိုသို့တိတ်ဆိတ်ငြိမ်သက်ခြင်းမှာ ဘုရားသခင်၏ သဘောတော်အတိုင်းသာ ဖြစ်သည်။ အချို့က ပုံမှန်လုပ်ဆောင်နေကျ သဘောသဘာဝအတိုင်းလုပ်ဆောင်နေသည်ဟုဆိုသည်။ အချို့က ဘုရားသခင်၏ အသံတော်ကို ကြားနိုင်စွမ်းမရှိအောင် လူများအားအပြစ်ဒုစရိုက်က ဖုံးလွှမ်းနေသော ကြောင့်ဖြစ်သည်ဟုဆိုကြသည်။ အချို့ကမူဘုရားသခင်နှင့် ပြုတော်မူသောအမှုအရာများကို လူများက ယုံကြညခြင်းမရှိကြသောကြောင့် နည်းလမ်းသစ်ရှာကြံနေခြင်းဖြစ်သည်ဟုဆိုကြသည်။
တစ်ထွာတစ်မိုက်လူ့စဉ်းစးာဉာဏ်ဖြင့် သဗ္ဗညုတဉာဏ်တော်အရှင်ဘုရားသခင်၏ ဉာဏ်ပ ညာတော်ကို ရော်ရမ်းမှန်းဆမပြောသင့်ပါ။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာပြည့်ဝသောအရှင်သခင်ဖြစ် သည်။ ဘယ်သောအခါမှ မေတ္တာမပျက်ပြယ်၊ မပေါ့မလျော့ခဲ့ပါ။ ကာလရှည်ကြာ တိတ်ဆိတ်ခြင်းသည် အ ကြံတော်ဖြစ်ပါသည်။ လူအမျိုးမျိုး၊ နေရာအသီးသီးအချိန်နာရီးမတူညီသော်လည်း ပုံစံမျိုးစုံဖြင့် စကားပြော နေခဲ့ပါသည်။ သခင်ယေရှုအားဖြင့် ထူးခြားနက်နဲ၍ တန်ခိုးရှိသော ဗျားဒိတ်တော်ကို ဖွင့်ပြပေးပါမည်။
ဘုရားသခင်နည်းဗျူဟာသည် လူ့အသိဉာဏ်နည်းလမ်းနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ကွာခြားသည်။ ‘မိုးကောင်းကင်သည် မြေကြီးထက်သာ၍မြင့် သကဲ့သို့ ငါ့အကျင့်သည် သင်တို့အကျင့်ထက် ၎င်း၊ ငါ၏အကြံအစည်သည် သင်တို့အကြံအစည်ထက်၎င်း၊ သာ၍မြင့်၏’ (ဟေရှာ၊ ၅၅း၅)။
ဗိသုကာပညာရှင်ကြီးသည် စနစ်ဇယား လုပ်ငန်းစဉ်မရှိဘဲအဆင်ပြေသလို လုပ်ဆောင်ခြင်း မပြုပါ။ လူသားများနှင့်ဆက်ဆံရာတွင်လည်း အစီအစဉ်စနစ်တကျရှိသည်။
အထူးသဖြင့် ဓမ္မဟောင်းကာလရှိ သမိုင်းကြောင်းကို ပြန်လှည့်ကြည့်လျှင် အစီအစဉ် စနစ် ကျလမ်းညွန်ဆောင်ရွက်ခဲ့သည်ကို တွေ့ရပေမည်။ ဖြစ်စဉ်အကြောင်းအရာတိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်ပါရှိသည်။ ဝိညာဉ်တော်တန်ခိုး မှုတ်သွင်းခြင်းဖြင့် ဘုန်းတန်ခိုးထင်ရှားစေသည်။ ထိုကဲ့သို့ လူ့သမိုင်းစဉ်တလျှောက်တွင်ဘုရားသခင်၏ အစီအမံတော်များအထင်အရှားတွေ့မြင်ခဲ့လျှင် ဓမ္မဟောင်း နှင့် ဓမ္စသစ်ကြားကာလ နှစ်ပေါင်း (၄၀၀)ခန့် အဘယ်သို့ ရှိသည်ကို မှန်းဆနိုင်ပါသည်။
စဉ်းစားစရာနှစ်ချက်ရှိပါသည်။ ပထမအချက်မှာ ကယ်တင်ခြ်ငးအမှုကာလမရောက်မီ၊ သတင်းကောင်းစကားမထုတ်ပြန်မီ၊ လူသားများအား လိုအပ်သည့်အခြေအနေ၊ အသွင်အပြင်ကို သွင်သွင်း ပြုပြင်နေခြင်းလား။ ဒုတိယအနချက်အနေဖြင့် ဘုရားရှင်နှင့် လူသားများအကြား၌ အောင်သွယ်တော် လုပ် ပေးမည့် သစ္စာရှိသောအစေခံအား ခေါ်ယူရန်ရှာဖွေခြင်းလား။ (ယေဇ၊ ၂၂:၃၀) ပြည့်စုံသော နေရာရှာဖွေ ပြင်ဆင်နေခြင်းလား။
ဖန်ဆင်းထားသော လူအမဖွဲ့အစည်းထဲတွင် စိုးရိမ်ကြောက်လန့်ဖွယ်ရာဖြစ်ပျက်နေပြီ။ မြေ ကြီးပေါ်မှာ လူကိုဖန်ဆင်းခဲ့ခြင်းအား ဘုရားသခင် နောင်တရသည် က၊ ၆:၆)။ လက်တော်ဖြင့် ဖန်ဆင်း ထားသော အရာများက ဖောက်ပြန်ပြစ်မှား၍ မှောင်မိုက်ကာလကျရောက်သော်လည်း စိတ်တော်နှင့်တွေ့ ထိသောသူရှခဲ့ဖူးပါသည်။ ‘နောဧမူကား စိတ်တော်နှင့် တွေ့ထိသောသူဖြစ်သည်’။ (က၊ ၆:၈) မည့်သို့ပင် အခြေအနေဆိုးထဲတွင်ရှိတေနေစေကာမူ၊ သစ္စာရှိသော ယုံကြည်သူ၊ အစေခံမည့်ယုံကြည်သူလည်းရှိရ သည်သာတည်း။
ထိုလူ့ဘောင်အဖွဲ့အစည်းပုံစံများကို လူ့သမိုင်းစဉ်တွင် တဖန်ပြန်တွေ့ရသည်။ ရုပ်တုဆင်း တုနှင့် မာနထောင်လွားသောလူများအကြားမှ အာဗြဟံကိုဘုရားသခင် ရွေးချယ်ခေါ်ထုတ်ခဲ့သည်။ တဖန် ဣသရေလလူမျိုးတို့ ငတ်မွတ်ခေါင်းပါးခြင်း၊ ဘေးဒဏ်ကြုံကြိုက်စဉ် ယောသပ်ကို အသုံးပြုတော်မူပြန် သည်။ ထိုနည်းတူပင် ဘုရားသခင်၏ လူများကို ရွေးထုတ်ကယ်နှုတ်ရန် မောရှေကိုလည်း အသုံးပြုခဲ့သည်။ တရားသူကြီးများခေတ်တွင်လည်း ဧသတာနှင့် နေဟမိကဲ့သို့သောသူများကို ပေါ်ထွန်းအသုံးပြုခဲ့သည်။
ဤပုံဥပမာများသည် ခရစ်တော် မပေါ်ထွန်းမီဘုရားရှင်က လူသားများကို ရွေးချယ်ခေါ်ယူ အသုံးပြုပုံအချို့တင်ပြခြင်းဖြစ်သည်။ သမ္မာကျမ်းစာကြားကာလ ကွက်လပ်အချိန်တွင်လည်း ထိုအတွေ့ အကြုံသင်ခန်းစာမျိုးရှိခဲ့ပါသည်။ ထိုဖြစ်စဉ်များသည် လူသားများဆင်းရဲကြပ်တည်းဘေးဒုက္ခပင်လယ်ဝေ နေကြစဉ် ဘုရားသခင်၏ မေ့ပစ်မထား၊ ချစ်မေတ္တာမပျက်၊ဂရုပြုပုံတို့ကို ဖော်ပြခြင်းဖြစ်သည်။ ထို့ထက်ပြီး ပြည့်စုံသော အစေခံတော်၊ သားတော် ယေရှုခရစ် ပေါ်ထွန်းလာမည့် အကြောင်း နိမိတ်ပြပုံရိပ်များဖြစ်သည်
မေးစရာကြားကာလ
အကယ်၍ ပရောဖက်မာလခိကျမ်းသည် ဘီစီ ၃၉ရတွင် စီရင်ပြီးဆုံးခဲ့သည်ဟုဆိုလျှင် ကောင်းကင်တမန်များက ဗတ္တိဇံယောဟန် မွေးဖွားမည့်အကြောင်းဟောပြောသည့် ကြားကာလသည် မည် သို့ရှိမည်နည်း (လု၊ ၁း၁၁-၁၇)။ နှစ်ပေါင်း (၄၀၀)ခန့်မျှကာလတွင် ဘုရားသခင်၏ ဗျာဒိတ်တော်ဖွင့်ပြရန် ပရောဖက်တစ်ဦးတစ်ယောက်မှ မရှိလေရော့သလား။
ခေတ်ကာလ (၆)ပိုင်းခွဲခြား၍ လေ့လာကြည့်ကြပါစို့။ ခေတ်ကာလများမှာ –
(၁) ပါရှန်ခေတ်၊ ဘီစီ ၅၃၆ နောက်ပိုင်း (အဓိကလိုအပ်ချက်မှာ ဘီစီ ၃၉ရမှ ၃၃၆ထိ)၊။
(၂) ဂရိခေတ် (ဘီစီ ၃၃၆-၃၂၃)။
(၃) အဲဂုတ္တုခေတ် (ဘီစီ ၃၂၃- ၁၉၈)။
(၄) ဆီးရီးယားခေတ် (ဘီစီ ၁၉၈- ၁၆၅)။
(၅) မက္ကာဘီခေတ် (ဘီစီ ၁၆၅- ၆၃)
(၆) ရောမခေတ် (ဘီစီ ၆၃-၄)။
ဤခေတ်ကာလ (၆)ပိုင်းဖြင့် သမိုင်းဖြစ်စဉ်များကို သမိုင်းရှုထောင့်နှင့် ဘာသာရေးရှုထောင့် နှစ်ခုဖြင့်လေ့လာဆင်ခြင်ကြပါစို့။
ပါရှန်ခေတ် (ဘီစီ ၃၉၇–၃၃၆)
သမိုင်းကြောင်း
ဘီစီ ၅၃၆ အလွန်နှစ်များတွင် ပါရှနများသည် အရှေ့အလယ်ပိုင်းဒေသ၌ ထီးထီးမားမား ဘုန်းတန်ခိုးကြီးထွားခဲ့ကြသည်။ ဣသရေလလူမျိုးအား ဗာဗုလုန်ကျွန်ဘဝမှ လွတ်မြောက်စေဖို့ ဘုရားသ ခင်က ပါရှန်များကို အသုံးပြုခဲ့သည်။ (ဒံ၊ ၅:၃၀-၃၁)
ယဇ်ပရောဟိတ်မင်းများနှင့် နိုင်ငံရေးအာဏာရှင်တို့ ဩဇာပြိုင်ဆိုင်၍ ယေရုရှလင်ပျက်စီး သည့်ကာလအချိန်ထိ ပါရှန်းတို့သည် ယုဒလူမျိုးအား ပါလက်စတိုင်းဒေသသို့ ပို့ဆောင်ပြီး သည်းညည်းခံခဲ့ သည်။ တစ်နည်းအားဖြင့် ထိုခေတ်ကာလတွင် ယုဒလူမျိုးများသည် ဖိနှိပ်ခံရခြင်းမရှိ၊ ဘေးရန်ကင်းရှင်းစွာ နေထိုင်ခဲ့သည်။
ဘာသာရေးတိုးတက်ပြောင်းလဲမှု
ဗာဗုလုန်သို့ ဖမ်းဆီးခံခဲ့ရခြင်းသည် သူ့လူများရုပ်တု၊ ဆင်းတုကို ကိုးကွယ်ခြင်းကြောင့် ဘုရားသခင်က ဆုံးမခြင်းဖြစ်သည်။ ဘဝသစ်၊ ခံယူချက်အသသစ်၊ အထူးသဖြင့် မောရှေ၏ ပညတ်တရားအသစ်ဖြင့် ပြည်တော်သို့ပြန်ဝင်စေသည်။ ဘာသာရေးအယူအဆအမျိုးမျိုးထဲမှ သေချာသော ဘာသာတရားတွေ့မိကြပြီ။ ထိုနှစ်ချက်ကကြားကာလတစ်ခုလုံးကို ဩဇာလွှမ်းမိုးသွားသည်။
တရားစရပ်ကို ဒေသန္တရအချက်အချာနေရာအဖြစ်ဗဟိုပြု၍ ဝတ်ပြုကိုးကွယ်စေသည့် အစဉ်အလာလည်း ထိုခေတ်ကာလတွင်ပေါ်ထွန်းလာသည်။ ကျမ်းတက်ပုဂ္ဂိုလ်များသည် နှုတ်ကပတ်တော် ကိုဖွင့်ပြသူများဖြစ်သောကြောင့် တရားစရပ်တို့တွင် အထူးအရေးပါအရာရောက်သူများအဖြစ် နေရာရလာ ကြသည်။ သခင်ယေရှုမွေးဖွားပြီးနောက်ပိုင်းတိုင်အောင် တရားစရပ်သည် ယုဒလူမျိုးများ၏ ဗဟိုအစည်း အရုံးနေရာ၊ ယုဒကမ္ဘာဖြစ်လာသည်။
ဓမ္မသစ်တရားထွန်းကားပျံ့နှံ့သောအခါမှသာ၊ ပါရှန်တို့၏ အရှိန်အဝါ မှေးမှိန်တိမ်ကော ပျောက်ကွယ်သွားသည်။ ဗိမာန်တော် (Temple) သည် ယုဒဘာသာတရားနှင့် အပြိုင် ရှာမာရိလူမျိုးများအ ကြား၌ပေါ်ထွန်းလာခဲ့သည့် ဘာသာရေးပုံသဏ္ဍာန်ဖြစ်သည်။ ယုဒနှင့် ရှမာရိတို့အကြား ကွဲပြားခြားနား သော ဘာသာရေးအသွင် သဏ္ဍာန်များဖြစ်သည်။
ဂရိခေတ် (ဘီစီ ၃၃၆–၃၂၃)
ဤတိုတောင်းသောကာလသည် ဂရိဘုရင်မဟာအလက်ဇန္ဒြားက လောကတစ်ပြင်လုံး စစ်ပွဲအောင်နိုင်၍ အကြီးအကျယ်ဆုံးလူသားအဖြစ် နေမင်းပမာ စိုးမိုးမင်းပြုချိန်ဖြစ်သည်။ ပါရှား၊ ဗာဗုလုန် ၊ ပါလက်စတိုင်း၊ စီးရီးယား၊ အဲဂုတ္တုနှင့် အီန္ဒိယအနောက်ပိုင်းဒေသများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အသက်(၃၃)နှစ်အရွယ်၌ကွယ်လွန်သော်လည်း ဂရိပြည်အား (၁၃)နှစ်တိုင်တိုင် အုပ်စိုးခဲ့သည်။ သူ့နောက် တွင်လည်း အရှိန်ဩဇာကျန်ရှိနေသည်။
ဘာသာရေးတိုးတက်ပြောင်းလဲပုံ
မဟာအလက်ဇန္ဒြားမင်းကြီး၏ မဟာရည်မှန်းချက်မှာ သူ့လက်ထက်တွင် ကမ္ဘာသူ၊ ကမ္ဘာ သားအားလုံးယုံကြည်ရာဘာသာ၊ စာပေစကားနှင့် ယဉ်ကျေးမှုတစ်ခုတည်းဖြစ်စေရေးဖြစ်သည်။ သူ့လက် အောက်ခံသို့ ကျရောက်သည့် တိုင်းနိုင်ငံတိုင်း ဂရိဘာသာစကားကို သင်ယူပြောဆိုရသည်။ သို့နှင့် ဂရိယဉ် ကျေးမှု၊ ဂရိဘာသာရေး၊ အတွေးအခေါ်အယူအဆများ ကမ္ဘာအဆများ ကမ္ဘာအနှံ့သို့ ပျံ့နှံ့လာသည်။ ထိုအ တွေးအခေါ်အတတ်ပညာနှင့် မိမိတို့ရှိရင်းစွဲယဉ်ကျေးမှုကို ပေါင်းဖက်ရောစပ်သုံးစွဲသူများကို Hellenization ဟုခေါ်ဝေါ်ကြသည်။ ရောမအစိုးရလက်ထက်၊ ဓမ္မသစ်ကျမ်းကာလ ရောက်လာသောအခါ လူသိထင်ရှား ကျော်ကြားလာသည်။
ထိုသို့ အတွေးအခေါ်အယူအဆတိုးတက်ပြောင်းလဲလာသည်နှင့် အမျှ ယုဒ၌ Hellenism တို့၏ဘာသာရေးနှင့် ယဉ်ကျေးမှု ထိုးဖောက်လာဝင်ရောက်သည်။ ဂရိဘာသာစကားသည် ဘီစီ ၂၇ဝကျမှ သာကျယ်ကျယ်ပြန့်ပြန့်ထွန်းကားလာသော်လည်း ရုပ်တုဆင်းတုကိုးကွယ် ခြင်းကိုတွန်းလှန်ခုခံရန် ဓမ္မ ဟောင်း (The Septuagint) ကို ယုဒယုံကြည်သူများက ဘာသာပြန်ဆိုနှင့်ပြီးဖြစ်သည်။
အဲဂုတ္တုခေတ် (ဘီစီ ၃၂၃–၁၉၈)
သမိုင်းကြောင်း
ဘီစီ ၃၂၃ ခုနှစ်တွင် မဟာအလက်ဇန္ဒြားဘုရင်ကွယ်လွန်သွားသောအခါ ဂရိအင်ပါယာ ကြီးအား Ptolemy, Lysimachus, Cassander နှင့် Selemus ဟူသောစစ်ဗိုလ်ချုပ်ကြီး (၄)ဦးက လေးပိုင်း ခွဲခြား၍ မျှဝေယူကြသည်။ ပရောဖက် ဒံယေလက ဒံ ၈:၂၁-၂၂ တွင် ဖော်ပြသော ‘ဦးချိုကြီး’ ကျိုးပဲ့သော နေရာ၌ ချိုငယ်လေးချောင်းစပေါက်လာခြင်းဟူသည့် ကျမ်းစကား၏ ပြည့်စုံခြင်းဖြစ်သည်။
Ptolemy soter သည် ပထမဆုံး Ptolemy မင်းဆက်ဖြစ်၍ နောင်အခါတွင်ဣသရေလနှင့် ပေါင်းဖက်သည့် အဲဂုတ္တုပြည့်ရှင်မင်းဖြစ်သည်။ ပထမအစပိုင်းတွင် ယုဒလူမျိုးများကို ကြပ်တည်းစွာအုပ်ချုပ် သော်လည်း တန်ခိုးဩဇာနေဝင်ခါနီး Ptolemy Philadelphus မင်းလက်သို့ ရောက်သောအခါတွင်မူ ယုဒ တို့ကို မျက်နှာသာပေးလာသည်။ ထိုခေတ်ကာလတွင် the Septuagint ကိုရေးသားဖြစ်ကြသည်။
Ptolemaic မင်ဆက်ကုန်ဆုံးခါနီး အဲဂုတ္တုနှင့် ဆီးရီးယားတို့ ပဋိပက္ခဖြစ်သည့်အချိန်ထိ ယုဒ များသည် နေသာထိုင်သာ အဆင်ပြေခဲ့ကြသည်။ ဘီစီ ၁၉၈ခုနှစ် တွင် panion စစ်ပွဲ ဆီးရီးယားတို့က အဲဂုတ္တုပြည်အားတိုက်ခို်ကသိမ်းပိုက်သည့်အခါ ဣသရေလတို့သည်လည်း ကန့်လန့်ကန့်လန့်ဖြင့် ပါသွား ကြသည်။ ယုဒတစ်ပြည်လုံးဆီးရီးယား လက်အောက်ခံဖြစ်သွားသည်။
ဘာသာရေးပြောင်းလဲတိုးတက်ပုံ
Ptolemy ၏ စိတ်ရှည်သည်းခံခြင်း အယူအဆကြောင့် ယုဒဝါဒများနှင့် Hellenism ဝါဒပလဲ နံပသင့် ခြင်းသည် ယုဒဘာသာယုံကြည်ချက်အတွက် ကြီးမားသော အန္တရာယ်ကြီးဖြစ်လာသည်။ မသိ မသာမှ သိသိသာသာ သို့ ဂရိဩဇာ၊ ဂရိယဉ်ကျေးမှု လွှမ်းမိုးလာသည်။ နေရာတကာတွင် ဂရိအဆင်းအနံ့ ပျံ့လာသည်။ ၌
Hellenism အယူအဆသည် အလှအပ၊ ပုံပန်းသဏ္ဍာန်နှင့် ရဲစွမ်းသတ္တိများကို ဖော်ထုတ် ခြင်းဖြစ်ပြီး၊ ယုဒဝါဒသည် တိမ်မြုပ်ပျောက်ကွယ်ခါနီး သက်ကြီးရွယ်အို ဘိုးဘွားကြိုက်ထုံးတမ်းစဉ်လာဖြစ် သည်။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ထက် လူအမြင်၌ အဟန့်ရှိသော အပြင်ပန်း လက္ခာဏာကို ဦးစားပေး သည့် Hellenism က နှစ်လရှည်ကြာထိန်သိမ်းခဲ့သော ယုဒဝါဒအပေါ်လွမ်းမိုးလာခြင်းဖြစ်သည်။
ဘာသာရေး အယူအဆနှစ်မျိုး ဘွားကနဲပေါ်ထွန်းလာသည်။ Hellenizing party ဟူသည့် ဆီးရီးယားလိုလားသည့်အုပ်စုနှင့် Orthodox Jews ခေါ် Hasidim သို့မဟုတ် Pious ones (နောင်တွင် ဖာရိရှဲများဖြစ်လာမည့်) အုပ်စုဖြစ်သည်။ ဤအုပ်စုနှစ်ခုအကြားတွင် နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေး အားပြိုင်မှု ကြီးမားလာသည်။ ထိုအားပြိုင်မှုကြောင့်ပင် ဘီစီ ၁၆၈၌ Antiochus Epiphanes တိုက်ခိုက်မှု ပေါ်ပေါက်လာခဲ့လေသည်။
ဆီးရီယားခေတ် (ဘီစီ ၁၉၈–၁၆၅)
သမိုင်းကြောင်း
The Great Antiochus မင်းနှင့် Scleucus Philopater မင်းလက်ထက်တွင် ယုဒလူများ ကြပ်တည်းစွာ အုပ်စိုစးခြင်းခံရသော်လည်း ယဇ်ပရောဟိတ်များ၏ ဒေသန္တရအုပ်ချုပ်မှုအောက်တွင် အသက်ရှုခွင့်ရကြသည်။ orthodox jew တို့နှစ်သက်မြှောက်စားသော ယဇ်ပရောဟိတ်ကြီး onias 3နေရာ ၌ Hellenizing အဖွဲ့က Jason ကို အစားထိုးခန့်အပ်ကြသည်။ ထိုနိုင်ငံရေးရှုပ်ထွေးသည်နောက်ဆုံး တွင် ယေရုရှလင်ရှိ Antiochus ထံသို့ ရောက်လာသည်။
ဘီစီ ၁၆၈ ခုနှစ်တွင် Antiochus သည် ယုဒများ၏ ထူးထူးခြားခြားယုံကြည်ခြင်းများကို အကုန်လုံးဖျက်ဆီးပစ်သည်။ ပူဇော်သက္ကာပြုခြင်း၊ အရေဖျားလှီးခြင်း၊ ဥပုသ်နေ့တွင် ပွဲတော်ကျင်းပခြင်းများ ကို တားမြစ်သည်။ ကျမ်းစာလာအချက်များအားမှောက်လှန်ဖျက်ဆီးပစ်သည်။ ယုဒများအား အတင်းအ ကြပ်ဝက်သားစားစေသည်။ ပုပ်တုများကို ကိုးကွယ်ခိုင်းသည်။ အဆိုးရွားဆုံးနှင့် နောက်ဆုံးသောင်းကျန်းမှု မှာ အသန့်ရှင်းဆုံးဌာနတော်ရှိယဇ်ပလ္လင်အား လုံးဝဥဿုံဖျက်သိမ်၍ Zeus နတ်ဘုရားကို ပူဇော်ရန် ယဇ် ပလ္လင်တည်ခြင်းဖြစ်သည်။ ထိုညှဉ်းပန်းနှိပ်စက်မှုတွင် ယုဒလူပေါင်းများစွာ သေကြေပျက်စီးကြရသည်။
ထိုလုပ်ဆောင်ချက်များသည် ဘုရားသခင် ဖေါ်ပြသောနည်းလမ်းဖြစ်ကောင်းဖြစ်နိုင်သည်။ ဘုရားသခင်ကအခြေအနေနှင့် အခွင့်အရေး အမျိုးမျိုးပေးခဲ့သ်။ အထူးနေရာ၊ ယုံကြည်သောအစေခံရာထူး များပေးခဲ့သည်။ သို့သော်လူ့ဉာဏ်အတွေးသည် မိမိကိုယ်ကိုသာ ယုံကြည်စိတ်ချကြသည်။ မိမိလုပ်ဆောင် ချက်သာလျှင် မှန်ကန်စိတ်ချကြသည်။ မိမိလုပ်ဆောင်ချက်သာလျှင် မှန်ကန်သည်ဟုထင်မြင်ကြသည်။ ထို့ကြောင့် နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက်ပိုမိုဆိုးရွားသည် ဟုဆိုသည့်အတိုင်း ဘုရားသခင်၏လူ ယုဒလူမျိုးများ ခံစားခဲ့ရသည်။ သို့သော် ရောက်လာမည့် စစ်မှန်သော ကယ်တင်ရှင်အတွက် လမ်းစလှေ ကားထစ်ဖြစ်သည်။
ဤခေတ်ကာလတွင် အရှိန်အဟုန်ဖြင့် နိုင်ငံရေးပြောင်းလဲမှုကြောင့် ယုဒဘာသာရေးလည်း ထက်ခြမ်းကွဲခဲ့သည်။ Hellenism ဟူ၍ ခွဲထွက်လာသည်။ ကျမ်းတတ်ပုဂ္ဂိုလ်များဦးဆောင်သော orthodox ဝါဒများဖြစ်၍ နောင်တွင် ဖာရိရှဲများဟု ထင်ရှားလာသော အဖွဲ့နှင့် ယဇ်ပရောဟိတ်ကြီးများ ဦးဆောင်သော ယုဒဟူ၍ကွဲပြားလာကြသည်။ ထိုအတွေးအခေါ်အပေါ်အခြေတည်၍ နောင်ကာလတွင် ဇဒ္ဒုကဲများဖြစ်လာ သည်။
မက္ကာဘီခေတ် (ဘီစီ ၁၆၅–၆၃)
သမိုင်းကြောင်း
Mattathias အမည်ရှိသော ယဏ်ပုရောဟိတ်ကြီးသည် ယေရုရှလင်အနောက်မြောက်ရှိ Modein ရွာ၌ သား(၅)ယောက်နှင့်အတူ Hasmon အိမ်တော်တွင်နေထိုင်သည်။ Syrian အရာရှိမင်းက ယဇ်ပူဇော်ခြင်းကို အတင်းအဓမ္မတားပြစ်လာသည့် အခါ ပုရောဟိတ်ကြီး Mattathias သည် ဖောက်ပြန် သောယုဒအလိုတော်ရိများနှင့် ဆီးရီးယားအရာရှိမင်းများကို ပုန်ကန်သတ်ဖြတ်ပြီး မိသားစုနှင့်အတူ တောင် ပေါ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်သည်။ သစ္စာရှိသော ယုဒထောင်ပေါင်းများစွက ယဇ်ပုရောဟိတ်နောက် သို့လိုက်ပါ သွားရောက်ပူးပေါင်းကြသည်။ ဘုရားသခင်အပေါ် ယုံကြည်၊ ကြည်ညိုခြင်း သမိုင်းမော်ကွန်း တစ်ရပ်ထိုးခဲ့ကြသည်။
Mattathias ကွယ်လွန်သောအခါ သား(၃)ဦးက ဆက်လက်ဦးဆောင်ပုန်ကန်၍ နောက်ဆုံး ၌အောင်မြင်ခဲ့သည်။ Judas Maccabaeus (ဘီစီ ၁၆၆-၁၆၀) ယောနသန် (ဘီစီ ၁၆၀-၁၄၂)၊ ရှိမုန် (ဘီစီ ၁၄၃-၁၃၄)၊ တို့စိုးစံကြသည်။ ထိုသုံးယောက်သည် ဘီစီ၁၆၅ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ယေရုရှလင်ဗိမာန် တော်ကို သိမ်းပိုက်၍ သန့်ရှင်းစင်ကြယ်စေပြီး ပြန်လည်ဝတ်ပြုကိုးကွယ်ကြသည်။ ထိုအကြောင်းကို အစွဲပြု ၍ ယနေ့ ထက်တိုင်အောင် Hanukkah ပွဲတော်ကျင်းပလေ့ရှိသည်။ (သီးသန့်ရှင်ပြချက်)
ယုဒပြည်အနှံ့အပြားတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားသည်။ ဆီးရီးယားတို့က Maccabean တို့ကို အနိုင်ရဖို့ လုံးပမ်းကြသည်။ နောက်ဆုံးတွင် ရှိမုန်၏ ဦးဆောင်မှုဖြင့် ယုဒများသည် ဘီစီ ၁၄၂ တွင် လွတ်လပ်ရေးအတိအလင်းရရှိသွားကြသည်။ နှစ်ပေါင်း(၇၀)မျှ Hasmonaean မင်းဆက်ဖြစ်သော John Hyrcanus (ဘီစီ ၁၃၄-၁၀၄)နှင့် Alexander Jannacus (ဘီစီ ၁၀၂-၇၆) လက်ထက်အထိ လွတ်လပ် သောနိုင်ငံအဖြစ်တည်ရှိခဲ့ကြသည်။
ဘာသာရေးပြောင်းလဲတိုးတက်ပုံ
ဤခေတ်ကာလတွင် သိသောထင်ရှားသည့် ပြောင်းလဲချက်မှာ ယုဒပြည်ရှိ ယဇ်ပုရောဟိတ် ကြီးများနှင့် ရှင်ဘုရင်၏ အခန်းကဏ္ဍသဘောထားဖြစ်သည်။ ယဇ်ပုရောဟိတ်ကြီးများသည် နိုင်ငံရေးအာ ဏာအပေါ်လွှမ်းမိုးလာခဲ့သည်မှာ ရာစုနှစ်ချီပြီဖြစ်သည်။ မိမိလမ်းစဉ်မဟုတ်သည့် နိုင်ငံရေးလမ်းကြောင်း အားချယ်လှယ်ခဲ့ကြသည်။ ဤအယူအဆကို orghodox jew များက ပြုပြင်ကြသည်။ John Hyrcanus က ဣသရေလခေါင်းဆောင်နှင့် ယဇ်ပုရောဟိတ်ကြီးဖြစ်လာသောအခါ Transjordan နှင့် Idumaea များကို အောင်မြင်သဖြင့် Samaritan ဗိမာန်တော်များကို ဖျက်ဆီးပစ်သည်။ သူ၏ဘုန်းကျော်ကြားမှုနှင့် ပြည်သူ များ၏ထောက်ခံမှုကြောင့် ဘုရင်သဖွယ်ဖြစ်သည်။ ယခုဖာရိရှဲဟုခေါ်သော orthodox Jew များဖြစ်လာ သည်။ Hasmonaeans များကို အသိအမှတ်မပြုကြသကဲ့သို့ ဒါဝိဒ်၏မျိုးရိုးပေါ်ထွန်းလာမည်လည်းမသိကြ။
ဖာရိရှဲများကို ဆန့်ကျင်၍ Hasmonaeans များကို ထောက်ခံသူအုပ်စုသည် ဇဒ္ဒုကဲများဟု ထင်ရှားလာကြသည်။ ဤဇဒ္ဒုကဲများဟူသည့်အဖွဲ့အမည်သည် Johm Hyrcanus အုပ်းစိုးစဉ်ကာလတွင် ပထမဦးဆုံး ပေါ်ပေါက်လာခြင်းဖြစ်သည်။
ရောမခေတ် (ဘီစီ ၆၃–၄)
ဘီစီ၆၅ ခုနှစ်တွင် ရောမက ဆီးရီးယားကို သိမ်းပိုက်သောအခါ ယုဒတို့၏ လွတ်လပ်ရေး လည်းဆုံးရှုံးသွားသည်။ Aristobulus 2 သည် ဣသရေလဘုရင်အဖြစ်ကျေညာ၍၊ ရောမစစ်သူကြီး Pompey ၏တပ်ကို ယေရုရှလင်မြို့ထဲသို့ အဝင်မခံဘဲ ပိတ်ဆို့ခုခံသည်။ Pompey အကြီးအကျယ်ဒေါသူ ပုန်ကာ ယုဒတို့၏ ယခင်အခွင့်အရေးအားလုံးကို ရုပ်သိမ်းချုပ်ကိုင်လိုက်သည်။ သို့နှင့် ဣသရေလတို့၏ လွတ်လပ်ရေးကြိုးပမ်းချက်မှာ သဲထဲရေသွန်သလို မျှော်လင့်ချက်ပျောက်ကွယ်သွားသည်။
ဘီစီ ၄ရ ခုနှစ်၌ ဂျူးလီယပ်ဆီဇာ (ကဲသာ) ကဧဒုံနယ်စော်ဘွား Antipater အားယုဒပြည် ၏ဘုရင်ခံခန့်အပ်သည်။ ဘီစီ ၄ဝခန့်တွင် Antipater ၏သား Herod က ဖခင်၏ အရိုက်အရာကိုဆက်ခံ သည်။
Herod the Great အမည်တွင်သော ထိုဟေရုဒ်မင်းလက်ထက်၌ ယေရုရှလင်ဗိမာန်တော် သစ်ကို ပြန်လည်တည်ဆောက်ရန် ပြည်သူများအားအခွန်အတုပ်တိုးမြှင့်စည်းကြပ်ခဲ့သည်။ သူသည် Hellenist ဝါဒီဖြစ်သဖြင့် Hasmonaean မျိုးဆက်ကို မုန်းတီးသူဖြစ်သည့်အတိုင်း Hasmonaean တမျိုးလုံး အမြစ်မကျန် သုတ်သင်ဖို့လုပ်ဆောင်သည်။ ဇနီးမယား Marianne မှာ John Hyrcanus ၏ မြင်းတော်စပ် သဖြင့် ကွပ်မျက်ပစ်သည်။ Marianne နှင့် ရသောသားနှစ်ယောက် Aristobulus နှင့် Alexandar ကိုလည်း အလွတ်မပေးလုပ်ကြံသတ်ဖြတ်ပစ်ရန်စီစဉ်သည်။ ထိုမင်းဆိုးမင်းညစ်သောင်းကျန်းချိန်တွင် ဗက်လင်မြို့၌ သခင်ယေရှုဖွားမြင်ချိန်ဖြစ်သည်။ ဘုရားသခင်၏ လူများသည် အလင်းကိုမမြင်ရဘဲ ပိန်းပိတ်သော အမိုက် မှောင်တိုက်၌ ဘယ်မျှကြာကြာ စမ်းတဝါးဝါးလျှောက်ကြရမည်နည်း။
ဘာသာရေးပြောင်းလဲတိုးတက်မှု
ဖာရိရှဲနှင့် ဇဒ္ဒုကဲများ ပေါ်ပေါက်လာပုံကို သိရှိပြီးခဲ့ပြီ။ အခြားအရေးကြီးသော အဖွဲ့ (၃)ခုအ ကြောင်းမပြောမီသိမှတ်ရမည့်အချက်နှစ်ချက်လည်းရှိသည်။
၁။ John Hyrcanus လက်ထက်အစောပိုင်း၌ ဖာရိရှဲများပေါ်ထွက်ခဲ့သည်။ အဓိပ္ပါယ်မှာ ‘တသီးတခြားရှိသူ များ’ ဟုအနက်ရသည်။ ကျမ်းတတ်တို့၏ သွန်သင်ချက်တွင်ခိုင်မျာစွာရပ်တည်၍ ယေဟောဝါအစား ဘာသာရေးပြဋ္ဌာန်းချက်များပေါ် ခြေကုပ်ယူထားသူများဖြစ်သည်။ နှုတ်မိန့် သို့မဟုတ် Mishnah ကိုပေအ က္ခရာပေါ်တင်၍ ကျမ်းစာအဖြစ်ခံယူကျင့်ကြံကြသည်။
သခင်ယေရှု၏ အစောပိုင်းသာသနာ့ခရီးတိုင်အောင်နှုတ်မိန့်များသည် တရားဝင်ပညတ်တ ရားအဖြစ်ခံယူကျင့်သုံးနေဆဲ။ ထိုနောက်ခံသမိုင်းကို အရိုးစွဲနေသောကြောင့် ဝိညာဉ်တော်ပေးသော နှုတ် ကပတ်တော်ကို လက်မခံနိုင်ကြ။ ကျမ်းတတ်ပုဂ္ဂိုလ်တို့ပြောသမျှကိုသာ ဘုရားနှုတ်တော်ထွက်ပမာခံယူကြ သည်။
၂။ ဇဒ္ဒုကဲများသည် Zadokites သို့မဟုတ်ဟေဗြဲဘာသာဖြင့် tsaddik (ဖြောင့်မတ်ခြင်းဟုအဓိပ္ပါယ်ရ သည်)။ အဖြစ်ခံယူကျင့်သုံးသူများဖြစ်သည်။ ဖာရိရှဲများက ကျမ်းတတ်ပုဂိ္ဂုလ်များနှင့် မဟာမိတ်ဖွဲ့ထားသ ကဲ့သို့ ဇဒ္ဒုကဲ များက ယဇ်ပုရောဟိတ်ကြီးများနှင့် ပေါင်းဖက်ကြသည်။ ယဇ်ပုရောဟိတ်များ၏ ခံယူချက် သဘောထားများသည် ကျမ်းတတ်ပုဂ္ဂိုလ်များထက် လူမှုရေး၊ နိုုင်ငံရေး၌ လောကလူသားပိုဆန်သည်။ ထိုသို့သောအတွေးအခေါ်အယူအဆကြောင့် ယုဒခေါင်းဆောင်များအားပိုမိုစွဲဆောင်နိုင်သည်။
ဇဒ္ဒုကဲများက ဖာရိရှဲများထက် ကိန်းဂဏန်းဦးရေအားဖြင့် နည်းပါးလှသော်လည်း ချမ်းသာ ကြွယ်ဝကြသဖြင့် ယဇ်ပုရောဟိတ်မိသားစုအား လွမ်းမိုးနိုင်သည်။ ယုဒလူ့အဖွဲ့အစည်းကိုလည်း ဒီမိုကရေစီ ပုံဆောင်စေသည်။ ဘုရားသခင်၏ ပညတ်တရားနှင့် နိုင်ငံရေးမူဝါဒသည် ရောနှောစရာမဟုတ်၊ တခုစီဖြစ် သည်ဟုခံယူကြသည်။ တနည်းအားဖြင့် ဖြောင့်မတ်စင်ကြယ်သော အသက်တာနှင့် တိုင်းနိုင်ငံ၏ ကံကြမ္မာ သည် ဆက်စပ်မှုမရှိဟုဆိုကြသည်။ ဘာသာရေးသည် ဘာသာရေးဖြစ်၍ နိုင်ငံရေးသည် နိုင်ငံရေးဖြစ်သည် ထို့ကြောင့် ဖာရိရှဲများအား ရှေးရိုးဝါဒီ၊ ချုပ်ရိုးဟောင်း၊ မှိုစော်နံသူများဟုသရော်ကြသည်။
၃။ ရောမခေတ်၌ Herodians များ ရုတ်တရက်ပေါ်ပေါက်လာပြန်သည် (မ၊ ၂၂:၁၆)။ ဤအဖွဲ့အစည်းမှာ ဟေရုဒ်အစိုးရလက်ထက်တွင်ပေါ်ပေါက်လာသော နိုင်ငံရေးပါတီ၊ ဟေရုဒ်နောက်မြီးဆွဲများဖြစ်သည်။ ရောမအစိုးရကို ကြောက်ရွံ့ခြင်းနှင့် ယုဒလူမျိုးများ ပုန်ကန်ထကြွလျှင် တစ်ဆွေလုံးတစ်မျိုးလုံး ပျက်စီကြ မည့်သူများဖြစ်သည်။ Hellenism ကိုထောက်ခံသူများ၊ ဖာရိရှဲဝါဒကို ဆန့်ကျင်သူများဖြစ်၍ တစ်သီးပုဂ္ဂလ အဖွဲ့အစည်းဖြစ်ကြသည်။
၄။ မျိုးချစ်ပုဂ္ဂိုလ်များ (zealots) (အာရေမိတ်ဘာသာစကားဖြင့် Kannah ခါနာန်မျိုးနွယ်စု၊ NKJV တွင် ခါနာန်သားများ)သည်လည်း နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည်။ သို့သော် Herodian များကို မုန်းတီးဆန့်ကျင် သူများဖြစ်သည်။ ရောမအစိုးရ၏ အုပ်ချုပ်မှုကိုလည်း မလိုလား၊ မေရှိယသခင်ပေါ်ထွန်း၍ ရောမအစိုးရကို အနိုင်ယူမည်ဟူသည့် ဖာရိရှဲတို့၏ ယုံကြည်ခြင်းကိုလည်း မထောက်ခံကြ။ ဘုရားသခင် တစ်ပါးတည်းက သာလျှင်သူတို့ဘဝကံကြမ္မာကို ကူညီဖြေရှင်းပေးနိုင်မည်ဟုခံယူသူများဖြစ်သည်။ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ဖို့အသင့်ရှိနေကြသော ယုဒလူမျိုးများဖြစ်သည်။
ဖာရိရှဲများ၏ ကြပ်တည်းစွာလိုက်နာကျင့်သုံးကြသော ပညတ်တရားတွင် မျိုးချစ်စိတ်ဓာတ် ဟူသောပညတ်တရားသစ် ထပ်ထည့်သူများဖြစ်သည်။ သူတို့၏ ခံယူချက်သဘောထားမှာ အခြားအရာများ ၏ ပါဝင်လုပ်ဆောင်ပေးခြင်းထက် ကိုယ်တိုင်လက်နက်စွဲကိုင်၍ တိုက်ခိုက်အောင်မြင်ခြင်းသာလျှင် လွတ် လပ်ရေးအတွက် လက်တွေ့ကျသည်ဟု ခံယူကြသည်။
၅။ Essenes အဖွဲ့သည် ရောမခေတ်တွင် ပေါ်ထွန်းသောအဖွဲ့ဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် မပါရှိသော် လည်း ပင်လယ်သေထဲမှ တွေ့ရှိသော ပေလိပ်များတွင်ပါရှိသည်။
ဤအဖွဲ့သည် နိုင်ငံရေးနှင့် မဆိုင်၊ ဘာသာရေးအဖွဲ့အစည်းသက်သက်ဖြစ်သည်။ လူ့အဖွဲ့ အစည်းမှ ရုန်းထွက်၍ သာသနာ့ဘောင်ဝိညာဉ်ရေးရာသို့ ခြေစုံပစ်ထွက်မြောက်သူများဖြစ်သည်။ ယုဒဝါဒိ များထဲမှတောမှီရသေ့ သူတော်စင်ဂိုဏ်း တစ်ဂိုဏ်းဖြစ်သည်။
ဒုက္ခစရိယာကျင့်ကြံ၍ ကိုယ်ခန္ဓာဆင်းရဲဒုက္ခဝေဒနာခံခြင်းဖြင့် ပညတ်တရား၌ ဈာန်ဝင်စား သူများဖြစ်သည်။ ဣသရေလလူမျိုးသို့ ဧဝံဂေလိတရားဟောပြောရန် မေ့လျော့နေသူများဖြစ်သည်။ လူ့လောကအမှုအရာများနှင့် လူမှုဆင်းရဲဒုက္ခများကို မေ့ပျောက်ပြီး သုညကမ္ဘာသို့ ဘဝချုပ်ငြိမ်းလိုသူများ ဖြစ်သည်။
နိဂုံး
ခေတ်အဆက်ဆက် သမိုင်းပြီးဆုံးသွားပြီ။ နိုင်ငံရေးအာဏာနှင့် ဘာသာရေးအယူအဆများ တွင် လှိုင်းရေပွက်သည့်ပမာမျှသာဖြစ်သည်။ ဣသရေလလူမျိုးအတွက် နိုင်ငံရေးဝန်ထုပ်ထက် ဘာသာရေး ဝန်ထုပ်က ပို၍လေးလံပါသည်။ ပါတီ အမျိုးမျိုး၊ အစုအဖွဲ့အသီးသီး၊ ပုံစံအဖုံဖုံဖြင့် ပေါ်ထွန်း၍ လူ့ပြဿနာ ကိုဖြေရှင်းဖို့ကြိုးပမ်းကြသည်။ သို့သော် အဖြေကို ရှာမတွေ့ကြ။ ခြေကုန်လက်ပမ်းကြကုန်သည်။ ခေတ် သမိုင်းသည် မရပ်မနား အဆင့်ဆင့် ပြောင်းလဲနေသော်လည်း လောကတစ်ခွင်ကား မှောင်မိုက်ဖုံးလွှမ်းနေ ဆဲ။ လူသားတို့၏ ရှေ့ခရီးကံကြမ္မာကားမပီဝိုးတဝါးဖြစ်နေဆဲပင်။
ထိုသို့နှစ်ပေါင်းလေးရာမျှ တိတ်ဆိတ်ငြိမ်သက်မဲမှောင်ခဲ့သောကာလသည် သခင် ခရစ် တော်ဘုရားပွင့်ထွန်းလာသည်နှင့် တပြိုင်နက်အရှေ့ကနေဝန်းထွက်သည့်ပမာ လင်းထိန်လှုပ်ရှား သက်ဝင် လာပြီးလျှင်၊ လူသားတို့၏ ရှေ့ခရီးကံကြမ္မာမျော်လင့်ချက်သည်လည်း လင်းလက်လာပေတော့သတည်း။