၁။ကျမ်းရေးသူ၏အမှာစာ

The Believer’s Bible commentary စာအုပ်ကို အသက်ကြီး၊ ငယ်၊ ရွယ် လတ်မရွေး၊ ဂိုဏ်းဂနမကျမ်ခရစ်ယာန်တိုင်းနှင့် ဆီလျော်သင့်မြတ်အောင် ရေးသားထားသည်။ ကျမ်းစာအနက်ဖွင့်ကျမ်း မရှိလျှင် သမ္မာကျမ်းစာကို အသေအချာနားလည်ရခက်ပါသည်။ ဤကျမ်းစာ အနက်ဖွင့်ကျမ်းက ထိုအခက် အခဲကိုဖြေရှင်း ကျော်လွှားစေနိုင်ပါသည်။ ထိုထက်လည်း လေးနက်စွာ သင်ယူလိုစိတ်ဖြစ်ပေါ်စေမည်ဟု မျှော်လင့်ပါသည်။

စာအုပ်ကို ရိုးရိုးစင်းစင် စကားပြေဖြင့် ရေးသားထားပါသည်။ ေပါရာဏဝေါဟာရများနှင့် ခဲရာ ခက်ဆစ်စကားလုံးများကို ရှောင်ရှားထားပါသည်။ ယုံကြည်သူအများစုသည် သမ္မာကျမ်းစာအုပ်ကို အားရ နှစ်သက်တတ်ကြသည်။ ဤကျမ်းစာအုပ်သည် အနက်ဖွင့်ကျမ်းဖြစ်၍ ခက်ခဲနက်နဲသော ဝေါဟာရကို ရှောင်ကြဉ်သည်ဟုဆိုသော်လည်း မူရင်းကျမ်းချက်များကို လှီးဖြတ်ရန်လုပ်ထားခြင်းမပြုပါ။ ၂တိ၊ ၂:၁၅ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမား ဖြစ်လျက် ဘုရားသခင်ရှေ့ကိုယ်ကိုကိုယ် ဆက်သခြင်းငှါ ကြိုးစားအားထုတ်လော့ ဆိုသည့် ကျမ်းချက်အတိုင်း ကျမ်းစာကို စနစ်တကျသေချာလေ့ လာရှုမှတ်ပြီး ကြိုးစားရေးသားထားပါသည်။ အနက်ဖွင်ဆိုချက်များ တိုတောင်းသည်။ ရှင်းလင်းလွယ်ကူ၍ လိုရင်းကို ထိမိသည်။ စာပိုဒ်များ ရှည်လျားထွေပြားခြင်းမရှိအောင် လိုရင်းတိုရှင်း ရေးထားသည်။ သမ္မာတ ရား၏ လေးနက်မှုကို ခေတ်လူများ နားလည်ခံစားနိုင်ရန် ခေတ်စနစ်နှင့် ဆီလျော်အပ်စပ်မှုရှိအောင်စီရင် ထားသည်။

မှတ်စုတွင်ခက်ဆစ်ဝေါဟာရများကို ရှင်းပြထားသည်။ ဝိဝါဒအယူအဆအမျိုးမျိုး ကွဲပြားနိုင် သဖြင့် ရှင်ပြချက်များကို နှိုင်းယှဉ်ဖော်ပြထားသည်။ စာဖတ်ပရိသတ်စိတ်တိုင်းကျ ရွေးချယ်နိုင်အောင် စီစဉ် ထားသည်။ သမ္မာကျမ်းစာပညာသည် ဆုံးခန်းတိုင်ခြင်းမရှိပါ။ နှုတ်ကပတ်တော်ကို မိမိလက်တွေ့ဘဝအ သက်တာ၌ အသုံးပြုရသည်။ ထို့ကြောင့် ဤစာအုပ်ကို ဖတ်ရှုသောစာဖတ်ပရိသတ်များသည် နှုတ်ကပတ် တော်၌ သစ်လွင်လန်းဆန်းသော အသက်တာသစ်ကို ရရှိခံစားကြမည်ဟု ယုံကြည်ပါသည်။

အနက်ဖွင့်ကျမ်းကို လေ့လာဖတ်ရှုခြင်းဖြင့် သမ္မာကျမ်းစာ တစ်အုပ်လုံးကို အလုံးစုံ သိရှိနား လည်မည်ဟုအာမမခံပါ။ နားလည်သိရှိသည်ဟု ခံယူသူရှိလျှင် ချောက်ကမ်းပါးထိပ်သို့ ရောက်ရှိနေသူဖြစ် ပါသည်။ အဘယ်ကြောင့်ဆိုသော် လူ့အသစ်ဉာဏ်မျှဖြင့် ဘုရားရှင်၏ နှုတ်ကပတ်တော်ကို အကုန်အစင် နားလည်နိုင်စွမ်းမရှိပါ။ သို့သော် မိမိတစ်ဦးတည် ဖတ်ရှုဆင်ခြင်သည့်အခါ သန့်ရှင်းသောဝိညာဉ်တော်အား ဆုတောင်းလက်ခံပါ။ ဝိညာဉ်တော်က ဆက်လက်ဦးဆောင်သွားပါမည်။

သမ္မာကျမ်းစာတွင် တန်ခိုးမှုတ်သွင်းထားသောကြောင့် ဖတ်ရှုနားလည်နိုင်ရန် သန့်ရှင်းသော ဝိညာဉ်တော်အကူအညီလိုအပ်ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်ပါရှိမှသာလျှင် အသေအချာနားလည် နိုင်သည်။ ထို့ကြောင့် သမ္မာကျမ်းစာကို ဖတ်လျှင် သန့်ရှင်းသော ဝိညာဉ်တော် အကူအညီရယူပါ။ အံ့ဩ ဘွယ်ကောင်လောက်အောင် သိမြင်လာပါလိမ့်မည်။