တောလည်ရာကျမ်း ၇

(စ) မင်းမျိုးမင်းနွယ်ခန့်အပ်ခြင်း (အခန်း၇)

       ၇:၁–၉ ထွ ၄၀:၁၇ပါ တဲတော်စိုက်ထူခြင်း အကြောင်းမှ အစပြန်ကောက်သည်။ လူမျိုးစုခေါင်းဆောင်များသည် ဣသရေလတို့၏ခေါင်းဆောင်ဖြစ်ကြသည်။ ခေါင်းဆောင်များ၏ နာမည်စာရင်းကို (တော ၁:၁၅-၁၆ နှင့် တော၂)တွင် ဖော်ပြထားပါသည်။ ပထမဦးဆုံးရထား (၆)ခုနှင့် နွားထိး(၁၂)ကောင် ယဇ်ပူဇော်ကြသည် (ငယ်၃)။ မောရှေက ဂါရရှုံသားများသို့ ရထား(၂)စီးနှင့် နွားထီး(၄)ကောင်၊ မေရာရိသားများသို့ ရထား(၄)စီးနှင့် နွားထီး(၈)ကောင် တို့အား တဲတော်ဆောက်လုပ် သယ်ဆောင်ခြင်းအတွက် လက်ဆောင်ပေးသည်။ ကောဟတ်သားများသို့မူ လက်ဆောင်မပေး။ အဘယ်ကြောင့်ဆိုသော် အဖိုးတန် စင်ကြယ်သော အသုံးအဆောင်များကို ပုခုံးဖြင့်ထမ်းသူများ ဖြစ်သည်။

၇:၁၀–၈၃ လူမျိုးစုခေါင်းဆောင်များသည် (၁၂)ရက်လုံးလုံး ယဇ်ပလ္လင်ပူဇော်သက္ကာပြုဖို့ရန် လူများစဉ်လိုက် တစ်နေ့ချင်းရောက်ရှိလာကြသည်။ ပူဇော်သက္ကာပြုပုံစာရင်းကို အောက်တွင်ကြည့်ပါ။

နေ့ မင်းလောင်းနာမည် လူမျိုး ကျမ်းကိုး
၁ နာရှန် ယုဒ ငယ် ၁၂-၁၇
၂ နာသနေလ ဣသခါ ငယ် ၁၈-၂၃
၃ ဧလျာဘ ဇေဗုလုန် ငယ် ၂၄-၂၉
၄ ဧလိဇုရ ရုဗင် ငယ် ၃၀-၃၅
၅ ရှေလုမွေလ ရှိမောင် ငယ် ၃၆-၄၂
၆ ဧလျာသပ် ဂဒ် ငယ် ၄၂-၄၇
၇ ဧလိရှမာ ဧဖရိမ် ငယ် ၄၈-၅၃
၈ ဂါမယျေလ မနာရှေ ငယ် ၅၄-၅၉
၉ အဘိဒန် ဗင်္ယာမိန် ငယ် ၆၀-၆၅
၁၀ အဟေဇာ ဒန် ငယ် ၆၆-၇၁
၁၁ ပါဂျေလ အာရှာ ငယ် ၇၂-၇၇
၁၂ အဟိရ နဿလိ ငယ် ၇၈-၈၁

၇:၈၄–၈၉ ပေးလှူခြင်း စုစုပေါင်းတန်ဖိုးကို ငယ် ၈၄-၈၈တွင် မှတ်တမ်းတင်ထားသည်။ ဘုရားသခင်အတွက် ပေးလှူချက်များကို ဘုရားရှင်သည် ဘယ်သောအခါမှမမေ့။ အသေအချာ မှတ်တမ်းတင်ထားသည်။ ထိုသို့ ပေးလှူကြပြီးသောအခါ မောရှေသည် အသန့်ရှင်းဆုံးဌာနတော် ကျက်သရေဆောင်ထဲသို့ ဝင်ရောက်၍ ဘုရားသခင်၏ အသံတော်ကို နားစွင့်သည်။ ကရုဏာပလ္လင်တော်ပေါ်မှ စကားသံကို မျှော်လင့်နေသည်။ ဣသရေလခေါင်းဆောင်များ၏ အလှူဌာန (ငယ် ၁၉)ကို ဆက်ကပ်ခြင်းလည်း ဖြစ်နိုင်သည်။ မောရှေသည် လေဝိအမျိုးဖြစ်သော်လည်း ယဇ်ပုရောဟိတ်မဟုတ်။ ဤနေရာတွင် အသန့်ရှင်းဆုံးဌာနတော်ထဲသို့ မောရှေဝင်ရောက်ခွင့်ရခြင်းသည် အရေးပေါ်ကိစ္စကြောင့် ဘုရားသခင်က ချို့ယွင်းချက်အဖြစ် ခွင့်ပြုထားသည်။         ထွ ၂၅း၂၁-၂၂

Previous Article
Next Article