မာလခိအနာဂတ္တိကျမ်း ၄

() ဆိုးယုတ်သူများ အပြစ်စီရင်ခြင်း (:)

          : မီးဖို၌ မီးလောင်သကဲ့သို့သော နေ့ရက်ကာလရောက်လာလိမ့်မည်။ ဒုစရိုက်ပြုသူအပေါင်းသည် အရင်းအဖျားမကျန် အမှိုက်ခြောက်အဖြစ် မီးလောင်ပြာကျလိမ့်မည်။

() ရွေးကောက်ထားသူများထံသို့ မေရှိယသခင်ကြွလာခြင်း (:)

          : သစ္စာရှိသော ယုံကြည်သူများအဖို့ တရားနေမင်းက အနာပျောက်စေသော အတောင်တို့နှင့် ပေါ်ထွန်းတော်မူမည်။ နာမတော်ကို ရိုသေလေးမြတ်သူတို့သည် ထိုနေ့ရက်၌ ရန်သူများကို ခြေဖဝါးအောက်မှ မြေမှုန့်ကဲ့သို့ နင်းလိမ့်မည်ဟု မိန့်တော်မူသည်။

() ပရောဖက်ဧလိယကြွလာမည့်အကြောင်း ကတိတော်နှင့်နာခံခြင်းရှိဖို့ သတိပေးခြင်း (:)

          မောရှေ၏ပညတ္တိကျမ်းများကို အမြဲဆင်ခြင်အောက်မေ့ရန်နှင့် ဘုရားသခင်၏နေ့ရက်မရောက်မီ ဧလိယကိုစေလွှတ်မည်ဟု ကတိထား၍ ကျမ်းစာကိုအဆုံးသတ်ထားသည်။ ဖန်ဆင်းထားသော လူသားတို့အား အသက်တာအသစ်ပြုပြင်ခြင်းဖြင့် ဘုရားဝတ်မွေ့လျော်သော သူတို့၏ဘိုးဘေးများနှင့် တူစေမည်။ ထို့ပြင်တဝ ကျိန်ခြင်းအမင်္ဂလာကိုဆောင်လျက် ကမ္ဘာမြေပေါ်သို့ ဘုရားရှင်အလည်အပတ်ကြွလာဦးမည်။ ဂျူးတရားစရပ် များတွင် ဤမာလခိကျမ်းကို ရွတ်ဖတ်ကြသောအခါ အပိုဒ်ငယ်၆ပြီးလျှင် အပိုဒ်ငယ်၅ကို တဖန်ပြန်လည်ရွတ်ဆို လေ့ရှိသည်။ အကြောင်းမှာ သူတို့သည် ကျိန်ခြင်းအမင်္ဂလာဖြင့် အဆုံးမသတ်လိုသောကြောင့်ဖြစ်သည်။ Wolfက “ထိုအနာဂတ္တိကျမ်းစကားကို ချိုသာပျော့ပြောင်းအောင် ဖြည်လျှော့လိုက်သော်လည်း ခက်ထန်သော စစ်မှန်မှုကို မပြောင်းလဲစေနိုင်”ဟု ဆိုပါသည်။

ပဋိညာဉ်တရားဟောင်းကို ပဋိညာဉ်သစ်၏အလင်း၌ အပြည့်အစုံ လေ့လာဆန်းစစ်ပြီးသောအခါ ဤယုံကြည်သူအနက်ဖွင့်ကျမ်း ဓမ္မဟောင်းအပိုင်းကို အကောင်းဆုံးနိဂုံးကမ္ပတ်ချုပ်ရန် Keilနှင့် Delitzschတို့၏ ဓမ္မဟောင်းအနက်ဖွင်းကျမ်းမှမှ နောက်ဆုံးစာပိုဒ်အား ကောက်နုတ်ဖော်ပြလိုပါသည်။ ဤကောက်နုတ်ချက်သည် ပဋိညာဉ်တရားဟောင်းနှင့် ပဋိညာဉ်သစ်နှစ်ပါးကို အကောင်းဆုံးတွဲစပ်ပေးထားပါသည်။

ပညတ်တရားနှင့် ပရောဖက်တို့သည် ခရစ်တော်အတွက် သက်သေခံများအဖြစ် ယူဆောင်ခဲ့သည်။ ခရစ်တော်ကြွလာခြင်းသည် ပညတ်ဥပဒေနှင့် ပရောဖက်စကားများကို ဖျက်ဆီးပစ်ဖို့မဟုတ်။ ပြည့်စုံစေဖို့ ကြွလာခြင်းဖြစ်သည်။ ရုပ်သွင်ပြောင်းလွဲရာတောင်ပေါ်တွင် ခရစ်တော်သည်ပညတ္တိပဋိညာဉ်ဟောင်းနှင့် ကြားခံဖြေလွှတ်သူမောရှေ၊ ဣသရေလ ပြန်လည်စုစည်းသူ ပရောဖက်အပေါင်းတို့၏ ကိုယ်စားလှယ် တော်ဧလိယတို့နှင့်အတူ ယေရုရှလင်တွင် အမှုတော်ပြီးမြောက်စုံလင်ဖို့ရန် စည်းဝေးဆွေးနွေးခဲ့ကြသည်။ယေရှုခရစ်သည် တမန်တော်တို့နှင့် လူသားအားလုံးတို့အတွက် လက်တွေ့သက်သေခံချက်အဖြစ် အသက်တော်ကို စွန့်လွှတ်ခဲ့သည်။ ယင်းတို့အားဖြင့် လူသားများ၏အပြစ်ဒုစရိုက်ကိုဆောင်ယူသွားကာ ပညတ်တရား၏ကျိန်ခြင်းအောက်မှ လူသားတို့ရွေးနှုတ်ခဲ့သည်။ ထိုဘုရားသားတော်အကြောင်း ကြားနာ ရ၍ သူ့ကိုယုံကြည်သူများသည် ဘုရားသားသမီးများအဖြစ်ကိုရလျက် ထာဝရအသက်ကို အမွေခံရမည်။

မှတ်စု

(Intro) အင်္ဂလိပ်စကားလုံး angelသည် ဂရိဝေါဟာရ angelos(စေတမန် သို့မဟုတ် နတ်)မှ ဆင်းသက် လာသည်။ ဤကျမ်း၏အမည်နာမလည်း ဟေဗြဲဘာသာ​ Malá’k မှ ယူခြင်းဖြစ်သည်။ အဓိပ္ပါယ်အတူတူ ဖြစ်သည်။

(Intro)​ Joyce Baldwin, Haggai, Zechariah, Malachi, p.241.

(၂:၁၃-၁၆) Ibid, p.241.

(၃:၁၆-၁၈) William Kely, Lectures Introductory to the Study of the Minor Prophets, p.536.

(၄:၄-၆) ဟေဗြဲဝေါဟာရ eretz မြေကြီး သို့မဟုတ် ကမ္ဘာဟု အနက်ရသည်။ အဓိပ္ပါယ်အတူတူ ဖြစ်သည်။

(၄:၄-၆) Herbert Wolf, Haggai and Malachi, p.126.

(​၄:၄-၆) Keilနှင့် Delitzsch တို့၏အနက်ဖွင့်ကျမ်းတွဲသည် ရာစုနှစ်တစ်ခုလုံး လူကြိုက်များ၍ ကျယ်ပြန့်စွာ ပုံနှိပ်ထုတ်ဝေသောစာအုပ်ဖြစ်သည်။ အကျိုးအကြောင်းစီလျှော်စွာ စီရင်ရေးသား ထားသောကြောင့် ဆယ်စုနှစ်မှသည် ရာစုနှစ်တိုင်အောင် အဖိုးတန်ခိုင်မာသော ကျမ်းတွဲဖြစ်သည်။

(၄:၄-၆) C.F. Keil “Malachi, “Biblical Commentary on the Old Testament, XXVI: 475.

Previous Article
Next Article