ယေရမိမြည်တမ်းစကား ၅

၇။ ကြွင်းကျန်သူများ၊  ဘုရားသခင်ရှေ့တွင်  ပြန်လည်ပေါ်ထွန်း၍  ကရုဏာတော်ခံစား စံစားကြရခြင်း (အခန်း၅)

          ၅:၁−၁၄ ဤကျမ်းများတွေ  စိုးရိမ်ထိတ်လန့်ဖွယ်ရာ  အဖြစ်ဆိုးကြောင့် ပရိတ်သတ်များ ငိုကြွေးရသည့်အကြောင်း ဖော်ပြထားပါသည်။ လိုအပ်သောအရာတိုင်းအတွက် အဖိုးအခပေးရသည် (ငယ်၄)။ မနေမနားလုပ်ဆောင်ရသည် (ငယ်၅)။ ဖိစီးနှိပ်စက်ခြင်းခံရသည် (ငယ်၈)။  ငတ်မွတ်ဆင်းရဲနှင့် ဘေးအန္တရာယ် ကြုံတွေ့ရသည် (အငယ်၉−၁၀) အပျိုကညာများ၊ မင်းညီမင်းသားများနှင့် အသက်ကြီးသူများ အနိုင်အထက်ပြုခြငးခံရသည် (ငယ်၁၁−၁၂)။ လူငယ်၊လူရွယ်မရွေး၊ ကလေးသူငယ်များမကျန် အသက်ကြီးသူအများအဆုံးဆင်းရဲဒုက္ခပြသနာနှင့် ရင်ဆိုင်ကြရသည်။

၅:၁၅−၁၈ ယုဒလူများ၏ ပြည့်ဆန်အကျင့် မူးယစ်သောက်စား မြူ’တူးပျော်ပါး ကခုန်ခြင်းများသည် အလွမ်းဇာတ်သို့ ပြောင်းလဲသွားကုန်သည်။ ဆောင်းထားသော သရဖူသည် ခြေထောက်အောက်သို့ ပြုတ်ကျသွားပြီ။ ဇိအုန်တောင်ကလည်း လူခြေတိတ်ပြီ။ အသံဗလံမ ပေါ်လာတော့ပါ။

ထိုအကြောင်းများကြောင့် ယုဒများသည် အမင်္ဂလာရှိကြသည်။ အပြစ်ဒုစရိုက်ရှိသည်အတိုင်း ခံစားသင့်သည်” ဟုဝန်ခံကြပြီ။

၅:၁၉−၂၂ ယုဒလူများသည် ကြံရာမရသောအခြ ဘုရားသခင်ထံ ဆုတောင်းကြပြန်သည်။ ဘုရားသခင်ကိုယ်တော်တိုင် ရွေးနှုတ်ကယ်မ၍ အသစ်သော ဘဝထူထောင်ပေးဖို့ တောင်းလျှောက်ကြသည်။ ဟေဗြဲကျမ်းမူ အများပြားတွင် အပိုဒ်ငယ်၂၁ ကို အပိုဒ်ငယ်၂၂ အဆုံးတွင် တဖန်ထပ်မံဖော်ပြကြသည်မှာ အလွန်စိတ်ဝင်စားသူဖြစ်သည်။ ကံကြမ္မာထက် မျှော်လင့်ချက်ဖြင့် အဆုံးသတ်ကြသည်။ထိုအကြောင်းကို ပိုမိုနားလည်နိုင်ရန် Keil  ၏ရှင်းပြချက်ကို ဖော်ပြပါမည်။

ဤမြည်တမ်းစကားသည် ဆင်ခြင်ဆင်လက် ရတက်ဗလပွနှင့်အဆုံးသတ်သည်ဟု ထင်ကောင်းထင်ကြမည်။ ထိုသို့မဟုတ်ပါ။ မျှော်လင့်ချက်မရှိလျှင် ပျော်ရွှင်ခြင်း၊ အောင်မြင်ခြင်းလည်း လာနိုင်မည်မဟုတ်။   Gerlach ကမိုးသောက်ကြယ်ကို တိမ်ဖုံး၍ဖြစ်စေ၊ ညအမှောင်မပျယ်သေး၍ဖြစ်စေ၊ အလင်းမဖြစ်ရသေးသော်လည်း၊ နေရောင်ထွက်ပေါ်လာခါနီးကြောင်း အောင်မြင်ခြင်းလိုက်လာမည်ဖြစ်ကြောင်းဆိုထားပါသည်။

မှတ်စု

(၁:၁၂−၁၇) R.K. Harrison, Jeremiah and Lamentation,p.210.

(၃:၁၉−၃၉) အပိုဒ်ငယ် ၂၂၊၂၃ သည် ပုဂ္ဂိုလ်ရေး ဆန်သည်ဟု ယူဆလျှင် အယ်ဒီတာအတွက် သီးခြားအဓိပ္ပါယ် ရှိသည်။ “ဘုရားသခင်၏ ဂရုဏာတော်မခံစားထိုက်ပါ။” (ငယ် ၂၂) ဟု၄င်း၊ “ဘုရားသခင်၏  ကျေးဇူးတော်သည် ကြီးမြတ်လှပေစွ” (ငယ် ၂၃) ဟု၎င်း ဆိုမှသာလျှင် ရှေ့နောက်စကား ညီညွတ်ချေမည်။

(၃:၅၂−၆၆) C.F. Keil, “Lamentations” in Biblical Commentary on the Old Testament; XX: 455.

(၅:၁၉−၂၂) ဒေသနာကျမ်း၊ ယေရှာယကျမ်းနှင့် မာလခိကျမ်းများကိုလည်း ဤကျမ်းပိုဒ်ကဲ့သို့ပင် တရားစရပ်၌ ဖတ်ကြားလေ့ရှိသည်။

(၅:၁၉−၂၂) Keil, “Lamentations” XX:455.

Previous Article
Next Article