ရာဇဝင်ချုပ်ဒုတိယစောင် နိဒါန်း

နိဒါန်း

“ရာဇဝင်ချုပ်ဒုတိယစောင်သည် ခြွင်းချက်မရှိသော ဘုရားသခင်၏ ကတိတော်ကို အခြေပြုသည်။ နှစ်ပေါင်း(၄၂၇)နှစ်အတွင်း တွင် ယုဒဘုရင်ပေါင်း(၁၉)ဦး နန်းစံခဲ့သည်။ ဘုရင်(၇)ပါး သည် ဒါဝိဒ်မင်း ကဲ့သို့သော မင်းကောင်းမင်းမြတ်ဖြစ်သည်။ ဣသရေလဘုရင် ယေရောဗောင်၏ အကျင့်ဆိုးအမွေ ဆက်ခံကြသည်။ ရှင်ဘုရင်(၂)ပါးသည် အစပထမတွင် ကောင်းကြသော်လည်း နောက်ပိုင်းတွင် ဖောက်ပြန်ကြသည်။ အမည်နာမ ထုတ်ဖော်ပြောရလျှင် ရှောလမုန်မင်း နှင့်ယောရှိမင်း တို့ဖြစ်သည်။ ထို့ကြောင့် တရားရုံးဘက် သို့ အပြစ်စီရင်ခြင်းခံဖို့ သွားကြစို့။”

John Heading.

ပါဝင်သောအချက်များ

၁။ ရှောလမုန်ဘုရင်၏ နိုင်ငံတော် (အခန်း၁)

(က) ရှောလမုန်၏ယုံကြည်ကိုးကွယ်မှု၊ ဉာဏ်ပညာနှင့်ကြွယ်ဝချမ်းသာမှု (အခန်း ၁)

(ခ) ဗိမာန်တော်ဆောက်လုပ်ရန်ပြင်ဆင်ခြင်း၊ ဆောက်လုပ်ခြင်းနှင့်အနုမောဒနာပြုခြင်း (အခန်း၂-၇)

(ဂ) ရှောလမုန်မင်း၏ လျှမ်းလျှမ်းတောက်ချမ်းသာကြွယ်ဝမှု (၈:၁-၉:၂၈)

(ဃ) ရှောလမုန်ကွယ်လွန်ခြင်း (၉:၂၉-၃၁)

၂။ နိုင်ငံတော်၏တိုင်းခရိုင်များ (အခန်း ၁ဝ)

၃။ ယုဒနိုင်ငံတော်  (အခန်း ၁၁:အခန်း၃၆:၁၉)

(က) ရောဗောင်မင်း  (အခန်း ၁၁၊၁၂)

(ခ) အဘိယမင်း    (အခန်း ၁၃)

(ဂ) အာသမင်း     (အခန်း ၁၄-၁၆)

(ဃ) ယောရှဖတ်မင်း  (အခန်း ၁၇-၂ဝ)

(င) ယဟောရံမင်း (အခန်း ၂၁)

(စ) အာခဇိမင်း   (အခန်း  ၂၂:၁-၉)

(ဆ) အာသလိ ဘုရင်မအာဏာသိမ်းခြင်း (အခန်း ၂၂:၁ဝ-၂၃:၂၁)

(ဇ) ယောရှမင်း  (အခန်း ၂၄)

(ဈ) အာမဇိမင်း  (အခန်း ၂၅)

(ည) ဩဇိမင်း   (အခန်း ၂၆)

(ဋ) ယောသံမင်း (အခန်း ၂၇)

(ဋ္ဌ) အာခတ်မင်း  (အခန်း ၂၈)

(ဍ)  ဟေဇကိမင်း  (အခန်း ၂၉-၃၂)

(ဎ ) မနာရှေမင်း     (အခန်း ၃၃:၁-၂ဝ)

(ဏ) အာမုန်မင်း   (အခန်း ၃၃:၂၁-၂၅)

(တ) ယောရှိမင်း    (အခန်း ၃၄၊၃၅)

(ထ) ယောခတ်မင်း (အခန်း၃၆:၁-၃)

(ဒ) ယောယကိမ်မင်း  (အခန်း ၃၆:၄-၈)

(ဓ) ယေခေါနိမင်း    (အခန်း ၃၆:၉-၁ဝ)

(န) ဇေဒကိမင်း    (အခန်း ၃၆:၁၁-၁၉)

၄။ ဗာဗုလုန်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း (အခန်း ၃၆:၂ဝ၂၁)

၅။ ကုရုမင်းအမိန့် (အခန်း ၃၆:၂၂၂၃)

အနက်ဖွင့်ဆိုချက်

ရာဇဝင်ချုပ်စာစောင်သည် ကြီးမားရှည်လျားသော မဟာရာဇဝင်ဖြစ်သည်။ ထို့ကြောင့် စာဖတ်ပရိသတ် မငြီးငွေ့စေရန် အပိုင်း(၂)ပိုင်း ခွဲကန့်ထားသည်။ ပထမစောင်နှင့် ဒုတိယစောင် ခွဲကန့်သော နေရာဖြစ်သည် ပထမစောင်သည် ဒါဝိဒ်မင်းအသုဘ အခမ်းအနားတွင် ပြီးဖုံးကား ဖွင့်လှစ်သည်။

၅ရာ ၂၉နောက်ဆုံးခန်း ဒါဝိဒ်မင်း ကွယ်လွန်ခါနီးတွင် သားတော်မောင် ရှောလမုန် အား ဘုရင်ရာထူး လွှဲပြောင်း အပ်နှင်းခဲ့သည်။ ၆ရာကို ရှောလမုန်မင်း နန်းတတ်ချိန်မှယုဒ လူများ ဗာဗုလုန်တို့ ဖမ်းဆီးခေါ်သွားခြင်းတွင်း အဆုံးသတ်ထားသည်။ ဓမ္မရာဇဝင်ကျမ်းစောင်များတွင် ဣသရေလနှင့် ယုဒထီးပြိုင် နန်းပြိုင်များ ရေးမှတ်သော်လည်း ရာဇဝင်ချုပ်သည် ယုဒမင်းများ ကိုအသားပေး ထားသည်။ ဓမ္မရာဇဝင်ကျမ်းသည် ဣသရေလဘုရင်များနှင့် ယုဒမင်းများ ဆက်နွယ်ပတ်သက်ပုံမျှသာ ရေးထားသည်။ ရာဇဝင်ချုပ်၏ အဓိကအာဘော်မှာ ထိုမင်းများ ဝိညာဉ်ရေးရာ ရှက်နွယ်ကြပုံ ဖြစ်သည်။ ကျမ်းနှစ်စောင်များ တူနေသော်လည်း ဓမ္မရာဇဝင်ကျမ်းတွင် မပါရှိသော အချို့အကြောင်းအရာများ ရာဇဝင်ချုပ်တွင် အသေးစိတ်တွေ့ရသည်။ ရာဇဝင်ချုပ်သည် ဓမ္မရာဇဝင် ရေးသားပြီး နှစ်ပေါင်းကြာညောင်းမှ ရေးသားခြင်းဖြစ်သကဲ့သို့ ကျမ်းစာရေးသားရခြင်း၏ ရည်ရွယ်ချက်လည်း မတူညီပါ။ ရည်ရွယ်ချက်ခြင်း မတူညီ ခြားနားသော်လည်း အထူးတလည်ဆန့်ကျင်သော အချက်များ မရှိပါ။

Previous Article
Next Article