Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ရောမသြဝါဒစာ ၈

    (ည)သန့်ရှင်းသော ဝိညာဉ်တော်တန်ခိုး ဖြင့် စင်ကြယ်သောအသက်တာ (အခန်း၈)           ဧဝံဂေလိသတင်းက အပြစ်နွံထဲတွင် ဆက်လက်နေထိုင်ခြင်းအား ခွင့်ပြုပါသလားဟူသော မေးခွန်းကို အခန်း(၆)တွင် ဖြေကြားခဲ့ပါသည်။ အခန်း(၇)တွင် ယုံကြည်သူများသည် ပညတ်တရားကို စောင့်ထိန်းဖို့ လိုအပ်ပါသလောဟူသော မေးခွန်းကို ဖြေကြားပါသည်။ ယခု ဤအခန်းတွင်မူ စင်ကြယ်သော အသက်တာကို မည်သို့ ပြုကျင့်ရမည်နည်းဟူသောအကြောင်းဖြစ်သည်။ အခန်း(၇)တွင် စိတ်ညစ်ဖွယ်ရာ အကြောင်းများအခြား၌ ဖော်ပြထားသည်။...

  • ရောမသြဝါဒစာ ၉

    ၂။ သတင်းကောင်းဖြန့်ဝေခြင်း–သတင်းကောင်းနှင့် ဣသရေလ (အခန်း ၉–၁ဝ) (က) ဣသရေလ၏ အတိတ်ကာလ (အခန်း၉) အခန်း ၉ မှ ၁၁ သည် ယုဒလူများ၏ အမေးစကား ဖြေကြားချက် ဖြစ်ပါသည်။ ”ယုဒလူမျိုးဖြစ်စေ တပါးအမျိုးသားဖြစ်စေ ကယ်တင်ခြင်း၌ အတူတူဖြစ်သည်”ဟူသော ဧဝံရဂေလိ တရားသွန်သင်ချက်သည် ရွေးကောက်တော်မူထားသော လောကလူမျိုးတော် အပေါ်ကတိတော်အား ဘုရားသခင်အား ချိုးဖောက်ခြင်းလားဟူသည့် မေးခွန်းဖြစ်သည်။...

  • ရောမသြဝါဒစာ ၁၀

    (ခ) ဣသရေလ၏ ပစ္စပ္ပုန်ကာလ (အခန်း ၁ဝ) ၁ဝ:၁ ပေါလု၏သွန်သင်ချက်သည်အသက်တာမပြောင်းလဲသေးသော ယုဒများအတွက် အရသာစူးရှသည်။ သို့ကြောင့်ဖောက်ပြန်ရေးသမား၊ ဣသရေလ တို့၏ပစ်မှတ်အဖြစ်သဘောထား သည်။ ဤကျမ်းပိုဒ်တွင်ထိုသို့အသက်တာမပြောင်းလဲ၊ စိတ်သဘောယိုင်နွမ်းသူများအား ကယ်တင် ခြင်းရရှိစေလိုသောစေတနာဖြင့် ပေါလုကမေတ္တာပို့သဆုတောင်းပေးပါသည်။ ၁ဝ:၂ ဣသရေလများသည်ဘုရားတရားကိုင်းရှိုင်းသူများဖြစ်သည်ဟု တမန်တော်ကြီးက အသိအမှတ်ပြုထားသည်။ ထိုစကားမှာယုဒဘာသာရေး ထုံးတန်းစဉ်လာ၌ ကြည်ညို ကိုင်းရှိုင်းခြင်းကို ဆိုလိုသည်။ သို့သော်လည်း ထိုကြည်ညိုကိုင်းရှိုင်းရုံမျှနှင့် မလုံလောက်။...