Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
ကောရိ န္တု သြဝါဒစာပဌမစောင် ၁၅
၄။ ရှင်ပြန်ထမြောက်ခြင်းကိုလက်မခံသူများသို့ဖြေကြားချက် (အခန်း၁၅) ဤအခန်းသည် မဟာရှင်ပြန်ထမြောက်ခြင်းအကြောင်းဖြစ်သည်။ ကောရိန္သုအသင်းတော် တွင်ခန္ဓာကိုယ်ဖြင့် ရှင်ပြန်ထမြောက်ခြင်းကို ငြင်းပယ်သောအယူဝါဒီများရှိသည်။ သေခြင်းမှပြန်လည်ထမြောက်ခြင်းကို မငြင်းပယ်ကြပါ။ ဝိညာဉ်ဖြင့်ထမြောက်ခြင်းကို လက်ခံကြ သော်လည်း ရုပ်ခန္ဓာကိုယ်ဖြင့် ထမြောက်ခြင်းကိုမူ လက်မခံကြ။ ထိုအကြောင်းနှင့်ပတ်သက်၍ တမန်တော်ပေါလုက လူသိရှင်ကြားဖြေကြားထားသည်။ (က) ရှင်ပြန်ထမြောက်ကြောင်းသေချာခြင်း (၁၅:၁–၃၄) ၁၅:၁–၂ ပေါလုက သူသွန်သင်ခဲ့ချက်များကို နားလည်ခဲ့ကြပြီဖြစ်၍ ထိုသွန်သင်ချက်များကို...
-
ကောရိ န္တု သြဝါဒစာပဌမစောင် ၁၆
၅။ နောက်ဆုံးအကြုံပြုချက် (အခန်း၁၆) (က) အလှူငွေ (၁၆:၁–၄) ၁၆:၁ ဤကျမ်းပိုဒ်မှ အလှူငွေသည်ကောရိန္သုအသင်းတော်ယုံကြည်သူများမှ ယေရုရှလင် အသင်းတော် ရှိချို့တဲ့ကြပ်တည်းသူများသို့ ကူညီမစသည့်အလှူငွေ ဖြစ်သည်။ မည်ရွေ့မည်မျှ ဆင်းရဲကြပ်တည်းသည်ကို အတိအကျမသိရပါ။ အချို့ကငတ်မွတ်ခေါင်းပါးခြင်း ဘေးဒဏ်သက် ရောက်သည် (တ ၁၁:၂၈-၃၀) ဟုဆိုကြသည်။ နောက်တချက်မှာ ယုဒုများသည် အခြားလူများများ၏ ဉစ္စာပစ္စည်းများကို မကိုင်တွယ်၊ မဆက်ဆံချင်သော...
-
ကောရိ န္တု သြဝါဒစာဒုတိယစောင် နိဒါန်း
” တန်းဖိုးမဖြတ်နိုင်သော ပေါလု၏ဗျာဒိတ်တော်(၂ကော) ထိုးထွင်းသိမြင်မှု အလင်းသည် အဋ္ဌကထာ အလင်္ကာ ဖြစ်သည်။“ ၁။စံတော်မီ ဝိသေသလက္ခဏာ အကယ်၍ ပထမအကြိမ် သြဝါဒစာစောင်ကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာ ပြီ ဆိုလျှင်ဒုတိယသြဝါဒစာစောင်သည် ပထမသြဝါဒစာ၏ စာကြွင်းမျှသာ ဖြစ်သည်။သို့သော် အရေးကြီးသောအချက်များ ရှိတေသည် ။သရော်စကားများ ပါရှိသောကြောင့် အဓိပ္ပါယ် ဖွင့်ဆိုရန် ခက်ခဲသည်။အင်္ဂလိပ်ကျမ်းမူ KJV နှင့်NKJV ကျမ်းမူများ...