သုတ္တံကျမ်း
-
သုတ္တံကျမ်း ၂၇
၂၇:၁ မနက်ဖြန်သည် မသေချာပါ။ ထို့ကြောင့်မည်သူမဆို မနက်ဖြန်အရေးကို တွေးမျှော်လျက် မဝါကြွားရ။ လူမိုက်သူဌေးကဲ့သို့မလုပ်ရ (လု ၁၂:၁၆-၂၁)၊ (ယာ ၄:၁၃-၁၅ ကိုလည်းကြည့်ပါ)။ ၂၇:၂ မိမိကိုယ်ကို ပြန်လည်ချီးမွမ်းသူသည် မသူတော်ဖြစ်သည်။ ချီးမွမ်းထိုက်သူဖြစ်လျှင် ပတ်ဝန်းကျင်က ချီးမွမ်းလျှင်လည်း ချော်လဲရောထိုင်မလုပ်ရ။ “မိမိကိုယ်ရေးအတ္ထုပတ္တိပြောဖို့ သတိပြု” (Berkeley)။ မိမိသမီးချောကြောင်းမကြွားနှင့်။ တကယ်ချောလျှင် အရပ်ထဲကချီးမွမ်းလိမ့်မည်။ ၂၇:၃ လူမိုက်အား သွေးထိုးလှုံ့ဆော်ခြင်း၊...
-
သုတ္တံကျမ်း ၂၈
၂၈:၁ မိမ်အပြစ်ကို အိုးမလုံအုံပွင့်သူ၊ ကျီးလန့်စားစားသူသည် အသံကြားသည်နှင့် လန့်ဖြန့်ထခုန် ကြသည်။ လိုက်သူမရှိဘဲလျက် ပြေးတတ်ကြသည်။ ထမင်းလုံးတစ္ဆေခြောက်ခံနေရသည်။ မိမိကိုယ်ကို လိပ်ပြာသန့်ရှင်းသူများကား တည်ကြည်သည်။ ဣန္ဒြေရသည်။ ရိုးဖြောင့်သောသူမူကား ခြင်္သေ့ကဲ့သို့ ရဲရင့်တတ်သည်။ ၂၈:၂ တိုင်းနိုင်ငံသည် စားဝတ်နေရေးမပြေလည်၍သော်၎င်း၊ အာဃာတအမုန်းတရားများ ပွားများလျှင်၎င်း အစိုးရမကြာခဏ အပြောင်းအလဲရှိမည်။ စားဝတ်နေရေး၊ စီးပွားရေးပြေလည်လျှင် အော်သံဟစ်သံသက်သာမည်။ အုပ်စိုးသူအစိုးရမင်းသည် ဉာဏ်ပညာပြည့်ဝ၍၊ မင်းကျင့်တရားနှင့်အညီ...
-
သုတ္တံကျမ်း ၂၉
၂၉:၁ အကြိမ်ကြိမ်သတိပေးခြင်း ခံရသော်လည်း နောင်ကြဉ်ခြင်းမရှိဘဲ၊ အပြစ်ဒုစရိုက်တွင် ကျင်လည်သူသည် နောက်တခါ မျှော်လင်းချက်အခွင့်အရေးမရှိ။ လုံးဝပျက်စီးခြင်းရောက်သည်။ နောဧလက်ထက်တွင် လူအပေါင်းအား အလီလီအခါခါ သတိပေးခဲ့သော်လည်း ဂရုမစိုက်ကြသဖြင့် ရေလွှမ်းမိုးလာသောအခါ ရုတ်ခြည်းရေနစ် သေဆုံးကြသည်။ တခါက ဧဝ့ဂေလိသတင်းစကား လက်ခံ၍ အကြိမ်ကြိမ်အခါခါ ကြားနာသော်လည်း လက်မခံနိုင်သောသူအား ဧဝံဂေလိဆရာမက “ခရစ်တော်ဘုရားထံသို့ မသွားချင်ဘူးလား”ဟု မေးသည်။ “သူ ငါ့ကိုဘာလုပ်ပေးလို့လဲ၊ သူ့ဟာသူ...