ဓမ္မဟောင်းကျမ်း
ဓမ္မဟောင်းကျမ်း
-
ဓမ္မရာဇဝင်တတိယစောင် ၁၄
၄။ ယေရောဗောင်၏ သားသေဆုံးခြင်း (၁၄:၁–၂၀) ၁၄:၁–၄ ယေရောဗောင်၏သား အဘိယအသည်းအသန်ဖျားနာသောအခါ မိဖုရားကြီးအား ပရောဖက်အဟိယထံသို့ တိုးတိုးတိတ်တိတ်သွားမေးခိုင်းသည်။ ရှိလောမြို့ရှိ ထိုယဇ်ပုရောဟိတ်အိုသည် ယေရောဗောင်အား ဣသရေလလူ-၁၀မျိုးကို အုပ်စိုးရမည့်အကြောင်း ပရောဖက်ပြုခဲ့သူဖြစ်သည်။ မိဖုရားကို ရုပ်ဖျက်၍ တိုးတိုးတိတ်တိတ်သွားစေခြင်းမှာ အကြောင်းရှိသည်။ ပထမအချက်မှာ ပြောင်ကျကျသွားလျှင် ဒန်မြို့နှင့်ဗေသလမြို့ရှိ မိမိတည်ထားသောရုပ်တုများအား မထီမဲ့မြင်ပြုရာကျမည်။ ဒုတိယအချက်မှာ ထိုယဇ်ပုရောဟိတ်အိုသည် ရုပ်တုဆင်းတုကိုးကွယ်ခြင်း မနှစ်သက်သဖြင့်...
-
ဓမ္မရာဇဝင်တတိယစောင် ၁၅
(ဃ) ယုဒဘုရင်အဘိယ (၁၅:၁–၈) ရောဗောင်၏သား အဘိယမင်းသည် ဘီစီ ၉၁၃-၉၁၀ ထိ ၃-နှစ်ကြာ ယုဒရှင်ဘုရင်အဖြစ် နန်းစံခဲ့သည် (၆ရာ၊ ၁၃:၁-၁၄:၁)။ ၁၅:၁ အပိုဒ်ငယ်-၁ သည် ဓမ္မရာဇဝင်ပါ နန်းစံသက်ကို ရေတွက်ခြင်းဖြစ်သည်။ နန်းစံကာလအား အခြားဘုရင်များ နန်းစံချိန်နှင့် နှိုင်းယှဉ်ရေတွက်ကြသည်။ ဣသရေလဘုရင် ယေရောဗောင်နန်းတက်ပြီး ၁၈–နှစ်ကြာမှ အဘိယသည် ယုဒရှင်ဘုရင်အဖြစ် ထီးနန်းရသည်။ အဘိယကို...
-
ဓမ္မရာဇဝင်တတိယစောင် ၁၆
၁၆ :၁-၇ ပရောဖက် ယေဟု ပေါ်ထွန်းလာပြီး ဗာရှာအား ယေရောဗောင်၏ ဘုရားတုလမ်းစဉ် လိုက်သောကြောင့် ယေရောဗောင် ကြမ္မာမျိုးကျရောမည့်အကြောင့် ပရောဖက်ပြုသည်။ မိသားစုများ သေလွန်သည့်အခါ လူလူသူသူ သင်္ဂြုလ်ခြင်းခံရမည်မဟုတ်။ ခွေးနှင့်လင်းတများ၏ကိုက်စားခြင်း ခံရမည်ဟု ဆိုသည်။ ဗာရှာ၏နိဂုံးကို အငယ် ၇ ၌ မှတ်တမ်းတင် ထားသည်။ ဘဝဇာတ်သိမ်းမလှခြင်းမှာ ရက်စက်ကြမ်းကြုတ် သောကြောင့် ဝဋ်လည်ခြင်းဖြစ်သည်။ (ဇ)ဣသရေလဘုရင်...