ဓမ္မဟောင်းကျမ်း
ဓမ္မဟောင်းကျမ်း
-
ဆာလံကျမ်း ၂၉
ဆာ ၂၉၊ ဘုရားရှင်တော် အသံတော် ၂၉:၁-၂ ရာသီဥတုကို မကျေနပ်သဖြင့် စောဒကတက်ပါသလား။ ဒါဝိဒ်ကဣသရေလလူများညီးတွားခြင့်ဖြင့် အကျိုးအမြတ်မလား။ ညီးတွားခြင့်ထက် ချီးမွမ်းကြပါလားဟုစိန်ခေါ်သည်။ ကောင်းကင်အောက်ရှိ လူသားအပေါင်းတို့သည် လေမုန်တိုင်းပမာ အင်အားကြီးမားတော်မူသော ကိုယ်တော်၏ဘုန်းတန်ခိုးကို မှတ်မိကိုးကွယ်ကြပါစေသား။ သန့်ရှင်းရာဌာနတော်မြတ်မှာကိုယ်တော်ကို ချီးမွမ်းကိုးကွယ်ကြပါသော်။ ရှေ့တော်မှာ ဒူးထောက်လျှက် ဘုန်းတော်ဝန်ခံကြစေ။ နာခံခြင်းကြီးမား၍၊ ရိုကျိုးအောက်ကျို့ကြပါစေ၊ ဒူးထောက်ပြပ်ဝပ်ကြစေ၊...
-
ဆာလံကျမ်း ၃၀
ဆာ ၃၀၊ အနာရောဂါကင်းငြိမ်းခြင်းတေးသီချင်း အသဲအသန်ဖျားနာဘူးကြသူတိုင်း ကျမ်းမာခြင်း၏တန်ဘိုးကို အထူးနားလည်သိရှိကြသည်။ ခွဲစိတ်ကုသခြင်း၊ အထူးဂရုစိုက်ကြပ်မတ်ကုသခြင်း၊ ဓါတ်စာကုသခြင်း၊ အသက်ကယ်ဆေးထိုးခြင်းနှင့် ဝိုင်းဝန်းပြုစခြင်းများကို နားလည်ခဲ့ကြသည်။ ခေတ်မှီဆေးဝါးများကိုလည်း မေ့အပ်သည်မဟုတ်။ အနာရောဂါ ကင်းငြိမ်းသူတိုင်းသည် ကျေးဇူးတော်ချီးမွမ်းဖြင်း ဆာလံသီချင်းဆိုရန်သာရှိပါသည်။ ဒါဝိဒ်သည် နေထိုင်မကောင်း မကျန်းမာခဲ့သည့်ကာလကို မမေ့။ အသဲအသန်ဖျားနာသောအခါ သူ့အိမ်တစ်ခု လုံးကို ဆက်ကပ်သည်။ ယေဟောဝါဘုရားသခင်ကို အနာရောဂါကင်းငြိမ်းစေသူ အရှင်သခင်အဖြစ်...
-
ဆာလံကျမ်း ၃၁
ဆာ ၃၁၊ လက်တော်ထဲသို့ အပိုဒ်ငယ်၅၌ ဘုရားသခင်၏သိုးသငယ် ဆင်းရဲဒုက္ခခံရပုံတွေ့ရသည်။ ထိုစကားသံသည် ကားတိုင်ပေါ် မှနောက်ဆုံးစကားတော်ဖြစ်သည်။ “အိုအဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်သို့ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။” (လု ၂၃:၄၆) အခြားကျမ်းပိုဒ်များဖြင့် မသိသာသော်လည်းဤကျမ်းပိုဒ်အားဖြင့် မေရှိယသခင်ကို ရည်ညွှန်းကြောင်း အသေအချာနားလည်နိုင်သည်။ သို့ဖြင့် ဆာလံကျမ်းတိုင်းသည် တနည်းမဟုတ်တနည်းဖြင့် ကိုယ်တော်နှင့် ဆက်စပ်ပက်သက်သည်။ ဆာလံကျမ်းကိုထခွဲခြမ်းစိတ်ဖြာသည့်အခါ အခက်အခဲတွေ့ရသည်။...