ဓမ္မဟောင်းကျမ်း
ဓမ္မဟောင်းကျမ်း
-
ဆာလံကျမ်း ၆၅
ဆာ ၆၅အနှစ်တထောင်ကောက်ရိတ်တေး ဆာ ၆၅ကိုအိမ်ပြန်ကောက်ရိတ်တေးအဖြစ်လူသိများသည်။ သခင်ဘုရားဒုတိယအကြိမ်ပြန် လည်ကြွလာခြင်းနှင့်ပတ်သက်သည်ဟု အနက်ဖွင့်ဆိုကြသည်။ ၆၅:၁ ဣသရေလလူများသည်ရာစုနှစ်ချီ၍ဘုရားသခင်နှင့်စိမ်းကားကြသောအခါ ဇိအုန်တောင် သည်လည်းခြောက်သွေ့ခဲ့သည်။ သို့သော်ဘုရားသခင်၏ရှေးဦးလူများသည် အထံတော် တွင်ပြန်လည်စုစည်း၍ကိုယ်တော်ကို ချီးမွမ်းကြမည့်အချိန်အခါစောင့်မျှော်ကြသည်။ နောက်ဆုံးတွင် ကတိတော်စကားသည်ပြည့်စုံရစမြဲ။ ဆိုလိုသည်မှာ လူတိုင်းကတိတော်အားဒူးထောက်အညံ့ခံ ရသည် (ဟေရှာ ၄၅:၂၃)။ ထိုစကားမှာမေရှိယကတိတော်လာ ဆာ ၂၂:၂၂ “ပရိတ်သတ်အလယ်မှာ ကိုယ်တော်ကိုချီးမွမ်းမည်” ကိုရည်ညွှန်းသည်။ သို့မဟုတ်...
-
ဆာလံကျမ်း ၆၆
ဆာ ၆၆ လာလော့၊ ကြည့်လော့၊ နားဆင်လော့ ၆၆:၁–၄ ပထမအပိုဒ်ငယ် (၄)ခုတွင် ဆာလံဆရာက ဘုရားသခင်၏နာမတော်ချီးမွမ်းသီဆို ကြဖို့လောကသားများအားလုံး ဖိတ်ခေါ်သည်။ နာမတော်ချီးမွမ်းပွဲသည် ခြိမ့်ခြိမ့်သဲပျော်ရွှင်ဘွယ် ဖြစ်မှာသေချာသည်။ ဘုရားသခင်သည် ချီးမွမ်းထိုက်သူဖြစ်သောကြောင့် ချီးမွမ်းထောမနာပြုရ သည်။ စကားလုံးတိုင်းဝါကျတိုင်းသည် ဝတ်ပြုကိုးကွယ်ထိုက်သည့် အကြောင်းဖြစ်သည်။ အနည်း ငယ်ကြည့်ရှုကြပါစို့။ နာမတော်ကိုဂုဏ်ပြုသီချင်းဆိုလော့ ချီးမွမ်းခြင်း၏ဂုဏ်အသရေပြကြလော့ ကိုယ်တော်စီရင်သောအမှုသည်အံ့သြဘွယ်ရာ...
-
ဆာလံကျမ်း ၆၇
ဆာ ၆၇ ဣသရေလတို့ သာသနာပြုရန်ဖိတ်ခေါ်သံ ဘုရားသခင်က ဣသရေလလူမျိုးများရွေးချယ်သောအခါသာသနာပြုစေရန ရည်ရွယ်သည်။ တိုင်းနိုင်ငံများနှင့်ကမ္ဘာအရပ်ရပ်သို့သက်သေခံခိုင်းသည်။ ထိုသို့ပြုလုပ်ရန်အကြောင်းအချက်(၂)ခုရှိ သည်။ ၁။ ဘာသာတရားအမျိုးမျိုးရှိသည့်အနက်ထာဝရဘုရားသခင်းတပါးတည်းသာရှိသည် (ထွ ၂၀:၂၁၊ တရား ၆:၄၊ ဟေရှာ ၄၃:၁၀-၁၂) ၂။ ယေဟောဝါဘုရားသခင်၏အုပ်စိုးမှုအောက်၌ သမ္မာသမတ်ကျစွာအသက်ရှင်နေထိုင်သူများ သည်ပျော်ရွှင်၍ချမ်းသာကြွယ်ဝကြသည် (ဝတ် ၂၆:၃-၁၂၊ တရား၃၃:၂၆-၂၉၊ ၅ရာ ၁၇:၂၀၊ ယေ ၃၃:၉)။...