ဓမ္မဟောင်းကျမ်း
ဓမ္မဟောင်းကျမ်း
-
ဒေသနာကျမ်း ၅
(င) ဘာသာရေးနှင့်နိုင်ငံရေးကျော်စောမှုသည် အချည်းနှီး (၅:၁–၉) လူသည် မိမိအသိဉာဏ်ဖြင့် ဘာသာရေးတရားကိုးကွယ်သူ ဖြစ်သော်လည်း လုံလောက်သောအ ဖြေကောင်းမဟုတ်။ အကောင်းဟုထင် ရသော်လည်း မကောင်းသည့်အချက် မှားယွင်းသည့် ပြဿနာများရှိသည်။ ဘုရားသခင်၏ ကျေးဇူးတော်ဖြင့် အခမဲ့ရရှိသောကယ်တင်ခြင်းကို မသိရှိမရရှိဘဲ၊ ဘာသာရေးတွင် သဝေထိုးပျောက်ကောင်းပျောက်နေ နိုင်သည်။ ထို့ထက် ထပ်ပြောရလျှင် လူအသိဉာဏ်ဖြင့် ကွန့်သော ဘာသာရေးများသည် ဟန်ဆောင်ခြင်းဖြစ်သည်။ ထို့ထက်မပို။...
-
ဒေသနာကျမ်း ၆
၆:၁ လူ့ဘဝမှ ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုကိုသရော်တော်တော်ပြောင်လှောင်ထောက်ပြသည်။ စိတ်ထဲမှာ လိုချင်တောင့်တသည့်အတိုင်း ရရှိပါသည်။ ကြွယ်ဝချမ်းသာပါသည်။ သို့သော်လည်း ကံအကြောင်းမလှသဖြင့် ထိုရသမျှသော ဥစ္စာများအပေါ်တွင် အကျိုးကျေးဇူး မခံစားလိုက်၊ ဘုရားသခင်က ထိုသို့ ခံစားခွင့်မပေး။ ဤနေရာတွင် သတိထားဆင်ခြင်ဖတ်ရှုပါ။ ရှောလမုန်က ဘုရားသခင်ကို အပြစ်တင်စကားပြောနေသည်။ သေခြင်းတရားက သူ့ဘဝကို သိမ်းယူသွားသည်။ သူသားသမီးဆွေ မျိုးပေါက်ဖော်များကလည်း ခံစားခွင့်မရလိုက်ဘဲ၊ သူစိမ်းသရံကဝင်ရောက် ဖြတ်ယူသည်။ ထိုအဖြစ်သနစ်မျိုးသည်...
-
ဒေသနာကျမ်း ၇
၃။ နေရောင်ခြည်အောက်ရှိလူသားများသို့ အကြံပြုလျက်(၇:၁–၁၂:၈) (က) နေရောင်ခြည်အောက်တွင် ကောင်းသောအမှုနှင့်သာ၍မြတ်သောအရာ (အခန်း၇) ၇:၁ အခန်း(၆) အဆုံးတွင်လူသည်နေရောင်ခြည်အောက်၌ အကောင်း ဆုံးသော အရာမရွေးချယ်နိုင်ကြောင်းဖြင့် အဆုံးသတ်ထားသည်။ သို့သော် ဒေသနာဆရာအတွေးတစ်ခု ထပ်မံတင်ပြထားသည်။ ကောင်းသောအမှုရှိ သကဲ့သို့ ကောင်းသထက် ကောင်းသောအရာများလည်း ရှိသည်ဟုဆိုသည်။ ထိုအကြောင်းကို အခန်း၇တွင် ရှင်းပြထားသည်။ အခြားဓမ္မဟောင်းကျမ်း ပိုဒ်ထက်ဤအခန်းတွင် ကောင်းသောအမှုနှင့်သာ၍ မြတ်သောအရာပိုမိုသုံးနှုန်းရှင်းပြထားသည်။...