ဓမ္မဟောင်းကျမ်း
ဓမ္မဟောင်းကျမ်း
-
ဟောရှေအနာဂတ္တိကျမ်း ၅
(င) ယဇ်ပုရောဟိတ်၊လူထုပရိသတ်နှင့် တော်ဝင်မိသားစုတို့၏ ဆိုးညစ်သော အပြုအမူများ(၅:၁–၇) ဘုရင်၊ ယဇ်ပုရောဟိတ်နှင့် လူထုပရိသတ်များက ရုပ်တုကိုးကွယ်ကြ၍ ဣသရေလတမျိုးသားလုံးအား ညစ်ညမ်းစေသဖြင့် တန်းတူအပြစ်ပြုကြမည်။ ဧဖရိမ်သည် ပြည့်ဆာမဖြစ်လေပြီ။ ဣသရေလနှင့် ယုဒအမျိုးသားနှစ်ပါးစလုံးသည် ဘုရားသခင်အား သစ္စာမရှိ၊ ကတိချိုးဖောက်ကြသောကြောင့် အရေးယူအပြစ်ပေးခံကြရမည်။ ယဇ်ပူဇော်ရာသိုးစု၊ နွားစုဆောင်ယူလျက် ဘုရားသခင်ကို ရှာဖွေကြသော်လည်း တွေ့ကြမည်မဟုတ်။ (စ) ဣသရေလနှင့် ယုဒလူများကို တရားစီရင်မည့်သတိပေးချက်နှင့် နောင်တရရန်...
-
ဟောရှေအနာဂတ္တိကျမ်း ၆
(ဆ) ဣသရေလလူမျိုးတို့နောင်တရကြရန် ဖျောင်းဖျခြင်း (၆:၁–၃) အပိုဒ်ငယ် ၁-၃ တွင် ဘုရားသခင်ကနောင်တရကြဖို့ ဆင့်ခေါ်သံအပေါ်ဣသရေလတို့၏ တုန့်ပြန်မှု ဖြစ်သည်(၅:၁၅)။ ဣသရေလူတို့သည် ဘုရားရှင်၏ အချစ်တော်ဖြစ်သည်။ အနီးကပ် ကြည့်ကြပ်ခံရသည့်သူများ ဖြစ်သည်။ သို့သော်အပြစ်ဝန်ခံခြင်းကိုအလျဉ်းမတွေ့ရ။ နောင်တရခြင်းကို အလေးအနက်ထားရကြသေး။ သာမန်ကာလျှံသဘောထားနေကြသည်။ ထို့ကြောင့် ဣသရေလတို့အား နောင်တရစေလိုသည့်အကြောင်း အသားပေးရေးသားထားသည်။ အခန်းဆုံးသည့်တိုင်အောင် စစ်မှန်သော နောင်တမရကြသေး။ တိုင်းသူပြည်သားများသည် ရုပ်တုဆင်းတုကိုးကွယ်ခြင်း၏...
-
ဟောရှေအနာဂတ္တိကျမ်း ၇
(စျ) ဣသရေလတို့၏ အတွင်းသရုပ်သကန်ဆိုးညစ်ပုံ(အခန်း၇) ၇:၁–၇ ဧဖရိမ်တို့သည် လိမ်လည်ကောက်ကျစ်ခြင်း၊ လုယက်ဓါးပြတိုက်ခြင်း၊ မုသာစကားဆိုခြင်း၊ အကျင့်ဆိုးယုတ်ခြင်း၊ သူတပါးအိမ်ရာ ပြစ်မှားဖောက်ပြန်ခြင်း ၊ မူးယစ်သောက်သုံးခြင်းအပြစ်များကြောင့် မရှုမလှ ပြိုလဲပျက်စီးမည်။ တော်ဝင်နန်းနွယ်များသည်လည်း အများသူငါနှင့်မခြား လောဘရမက် တောက်လောင်သူများ ဖြစ်သည်။ ၇:၈–၁၀ ဧဖရိမ်တို့သည် နိုင်ငံရပ်ခြားသူများနှင့် သွေးနှော အိမ်ထောင်ပြုကြသည်။ ရရှိသောဘုရားပေးအခွင့်အရေးထူးကို ညစ်ထေစေကြသည်။ အပြစ်တင်ခံရမည်ကိုမရှက်ကြောက်ကြ။...