ဓမ္မဟောင်းကျမ်း
ဓမ္မဟောင်းကျမ်း
-
ဓမ္မရာဇဝင်ပဋ္ဌမစောင် ၂၃
(၄) ကိလသားတို့ သစ္စာဖောက်ခြင်း (အခန်း ၂၃) ၂၃:၁–၅ ဖိလိတ္တိသားများက ကိလမြို့အား တိုက်ခိုက်သိမ်းပိုက်ကြောင်း ဒါဝိဒ်ကြားသိသည်။ ဘုရားသခင်၏ လမ်းညွှန်ချက်ဖြင့် ဒါဝိဒ်သည် ဖိလိတ္တိတို့အား လိုက်လံ တိုက်ခိုက်ချေမှုန်းပြီး အသက်အိုးအိမ်စည်းစိမ်များကို ချမ်းသာရာရစေသည်။ ၂၃:၆–၁၂ ကိလတွင် ဒါဝိဒ်ရောက်ရှိကြောင်း ရှောလုသတင်းရသောအခါ ထောင်ချောက်ဆင်သည်။ ဘုရားသခင်၏လူ ဒါဝိဒ်ကလည်း ဘုရားသခင်ကို မေးမြန်းတိုင်ပင်ပြီးမှ လုပ်ဆောင်လေ့ရှိသည်။ ကိလအရေးခင်းနှင့်ပတ်သက်၍...
-
ဓမ္မရာဇဝင်ပဋ္ဌမစောင် ၂၄
(၅) ရှောလုအား လွတ်ငြိမ်းချမ်းသာပေးလိုက်ခြင်း (အခန်း ၂၄) ၂၄:၁–၇ မောနတောတွင် ဒါဝိဒ်အား မဖမ်းမိသောအခါ ဒါဝိဒ်ထွက်ပြေးရာနောက်သို့ မီးခိုးကြွက်လျှောက်ခြေရာခံ လိုက်ကြသည်။ ရှောလုကိုယ်တိုင်လည်းလိုက်သည်။ အင်္ဂေဒိအရပ်သည် ကျောက်ဆောင်လှိုဏ်ခေါင်းများထူပြောသောအရပ်ဖြစ်သည်။ ရှောလုမင်းသည် မောပန်းသဖြင့် ကျောက်ဆောင် ဥမင်လှိုဏ်ခေါင်းထဲသို့ ဝင်နားသည်။ စင်စစ် ထိုကျောက်ဂူထဲတွင် ဒါဝိဒ်တို့အဖွဲ့ရှိသည်။ ဒါဝိဒ်၏ တပည့်များက အခွင့်အရေးကောင်းဖြစ်သည်ဟု ဒါဝိဒ်အားသတိပေးကြသည်။ ရှောလုအား သူတို့လက်ထဲသို့...
-
ဓမ္မရာဇဝင်ပဋ္ဌမစောင် ၂၅
(၆) နာဗလ၏ မိုက်ရိုင်းမှု (အခန်း ၂၅) ၂၅:၁–၉ ရှမွေလသေခြင်းသည် တရားသူကြီးခေတ်နိဂုံးချုပ်ခြင်းဖြစ်သည်။ သက်ဦးစံပိုင်စနစ် ပေါ်ထွန်းလာချေပြီ။ ဒါဝိဒ်၏ နန်းမိုးနန်းစွယ်မှစ၍ ခရစ်တော်တွင် ကတိတော်ပြည့်စုံလာသည်။ ရှမွေလ သေဆုံးသောအခါ ဣသရေလပြည်သူအများသည် ကာလရှည်ကြာ လွမ်းတသသ နှောင်းတမြေ့မြေ့ဝမ်းနည်း ပူဆွေးကြသည်။ ရှမွေလ၏ အသုဘ ရက်လည်ကိစ္စပြီးဆုံးသောအခါ ဒါဝိဒ်သည်ပါရန်တောထဲသို့ ဝင်သွားသည်။ ရှောလု၏ အသက်ရန်ရှာခြင်း ဘေးရန်မှ...