Tag: ဓမ္မရာဇဝင်ပဋ္ဌမစောင်
-
ဓမ္မရာဇဝင်ပဋ္ဌမစောင် နိဒါန်း
နိဒါန်း “ဓမ္မရာဇဝင်ပဋ္ဌမစောင်သည် အနှိုင်းမဲ့စိတ်ဝင်စားစရာဖြစ်သည်။ သမိုးဖြစ်စဉ်သာမက၊ လူသုံးယောက်အပေါ် အခြေခံ၍ ဖြစ်ရပ်မှန်များဖြင့် သင်ခန်းစာချယ်မှုန်းထားသည်။ ရှမွေလ၊ ရှောလုနှင့် ဒါဝိဒ်တို့အကြောင်း အပိုင်းလိုက် အကန့်လိုက် မွှမ်းထုံထားသည်။” J.Sidlow Baxter ၁။ စံတော်မီဝိသေသလက္ခဏာ ဓမ္မရာဇဝင် ပဋ္ဌမစောင်နှင့် ဒတိယစောင်မပါရှိလျှင် ဓမ္မဟောင်းကျမ်းသည် ကြားကွက်လပ် လဟာကြီး ရှိနေမည်။ မူရင်းကျမ်းတွင် တအုပ်တည်းဖြစ်သော်လည်း Septuagint မှ...
-
ဓမ္မရာဇဝင်ပဋ္ဌမစောင် ၁
၁။ ရှေလုအား ဘိသိက်ပေးချိန်ထိ ရှမွေလ၏ အမှုအရာ (အခန်း ၁–၉) (က) ရှမွေလမွေးဖွားခြင်းနှင့် ကလေးသူငယ်ဘဝ (အခန်း ၁) ၁:၁–၁၀ ကျမ်းစာမျက်နှာဖွင့်လိုက်သည်နှင့် တပြိုင်နက် ဧလကာနနှင့် မယားနှစ်ယောက်ဟန္နနှင့် ပေနိန္နတို့ကိုတွေ့ရသည်။ ဟန္န၏အဓိပ္ပါယ်သည် ကျေးဇူးတော်ဖြစ်၍ ပေနိန္နသည် ပုလဲဟုအနက်ရသည်။ ဧလကာနသည် ဧဖရိမ်တောင်ပေါ်ဒေသရှိ ရာမသိမ်ဇုဖိမ်၌ နေထိုင်သည် (ငယ် ၁)။ (၅ရာ ၆:၂၂-၂၈...
-
ဓမ္မရာဇဝင်ပဋ္ဌမစောင် ၂
(ခ) ဟန္န၏သီချင်း (၂:၁–၁၀) ၂:၁–၁၀ ဧလကာနနှင့်သား၏ ဆက်ကပ်မှုသည် ဧလိမိသားစု၏ အကျင့်စာရိတ္တချို့ယွင်းမှုနှင့် တခြားစီဖြစ်သည်။ သားတော်မောင်ကို ဘုရားသခင်လက်ထဲသို့ အပ်နှံပြီးသောအခါ ဟန္နစိတ်နှလုံးသည် ပေါ့ပါးရွှင်လန်းလျက် ကျေးဇူးတော်ချီးမွမ်းမကုန်နိုင်။ နှလုံးသည်းပွတ်ကြားမှ ထွက်လာသောစကားလုံးများဖြင့် ဘုရားသခင်၏ အမှုတော်ကို ချီးမွမ်းသည်။ ဟန္န၏ ပဌနာတော်ရွတ်ဆိုသံသည် ပေါ်ယံကြည့်လျှင် ပေနိန္နကို ရည်ဆောင်သည်ဟု ထင်မှတ်စရာရှိသော်လည်း ဣသရေလတို့၏ ရန်သူ့အပေါ် အောင်မြင်ပုံနှင့်...