Tag: ဧဇရမှတ်စာ
-
ဧဇရမှတ်စာ ၉
(ဃ) သွေးနှောအိမ်ထောင်ပြုခြင်းနှင့် ဧဇရ၏ဆုတောင်းချက်(အခန်း ၉) ၉:၁–၂ ယေရုရှလင်တွင်ဧဇရမနေခဲ့ရသည့် ကာလရှည်အတွင်း၌ အုပ်စိုးသူမှူးကြီး၊ မတ်ရာများနှင့် ပြည်သူများသည် ယုဒအမျိုးမဟုတ်သော အခြားလူမျိုးများနှင့် သွေးနှောအိမ်ထောင်ပြုကြကြောင်း ရပ်ရွာလူကြီးများက လာရောက်တိုင်တန်းကြသည်။ ဣသရေလများ သမိုင်းကြောင်းတွင် ဘုရားသခင်၏ အရေးယူအပြစ်ပေးခြင်းသည်လည်း ထိုအချက်ပါဝင်သည်။ ထွ ၃၄:၁၆၊ တရား ၇:၃တွင် ဘုရားသခင်ကို စင်ကြယ်စွာပြုရမည်ဟု တရားတော်အတိအလင်းပြဌာန်းထားသည်။ ရွေးကောက်တော်မူထားသော လူမျိုးများအား အခြားလောကများနှင့်...
-
ဧဇရမှတ်စာ ၁၀
(င)တိုင်းတပါးသားမယားအား နှင်ထုတ်သည့် ယုဒတရားဓမ္မ (အခန်း ၈) ၁၀:၁–၅ ဧဇရ၏ နှလုံးသည်းပွတ်ကြားမှ ရှိုက်သံနှော၍ ဆုတောင်းသံကြားရသော ပရိသတ်များသည်လည်း ရှိုက်ကြီးတငင် ငိုကြွေးကြသည်။ ပရိသတ်ထဲမှ ရှေကနိသည် မအောင့်အီးနိုင်သဖြင့် အပြစ်ကျူးလွန်မိကြကြောင်း ဝန်ခံသည်။ မညီသောထမ်းပိုးထမ်းမိကြောင်း သိရှိဝန်ခံကြလျှင် မျှော်လင့်ချက်ရှိကြောင်း ဧဇရက ပြန်လည်နှစ်သိမ့်အားပေးသည်။ ဧဇရက တိုင်းတပါးသားမယားများကို ကွာရှင်းမောင်းထုတ်ခိုင်းသည်။ ယဇ်ပုရောဟိတ်၊ လေဝိအမျိုးသားများနှင့် ဣသရေလ လူကြီးသူမများက...