တမန်တော်ဝတ္ထု ၆

: စာတန်သည် အကြမ်းတိုက်ခိုက်နည်းဖြင့် မရနိုင်မှန်းသိသောအခါ အနုနည်းဖြင့် ဝင်ရောက်မွှေနှောက်ရန် နည်းလမ်းရှာပြန်သည်။ ထိုအကြောင်းဤသို့တည်း။ ကနေဦးအသင်းတော်ကာလတွင် ယုံကြည်သူမုဆိုးမများ အသင်းတော်က ထောက်ပံ့လေ့ရှိသည်။

“ကာလအနည်းငယ်ကြာသော် တပည့်တော်အရေအတွက် တိုးတက်များပြားလာသည်။ ထိုအခါ   ဂရိစကားပြောသောယုဒ နှင့် ဒေသခံယုဒများ အငြင်းပွားကြ၏၊ ဂရိစကားသုံးစွဲသူ ယုဒများက သူတို့မုဆိုးမများတွင် နေ့စဉ်အသုံးစရိတ်မရသောကြောင့် စကားများလာကြသည်။

:  ယုံကြည်သူဦးရေတိုးပွားလာသည်နှင့်အမျှ အသင်းတော်လည်းကြီးထွားလာသည်။ စီမံအုပ်ချူပ်မှုကိစ္စရပ်များလဲ များပြားလာသည်။ တပည့်တော်(၁၂)ပါးသည် ဘုရားနှုတ်ကပတ်တော် သွင်သင်နေရ သဖြင့် အသင်းတော်၏ စီမံအုပ်ချုပ်ခြင်း ငွေရေးကြေးရေး ကိုင်တွယ်ခြင်းမပြုလုပ်နိုင်။ ထို့ကြောင့် အသင်းတော်နှင့်တိုင်ပင်၍ တပည့်တော်များအား ကူညီပံပိုးနိုင်မည့် ဝိညာဉ်ရေးရာပြည့်ဝသော လူ() ယောက်ရွေးချယ်ကြသည်။

ထိုသူများသည် သင်းထောက်များဖြစ်သည်ဟု ကျမ်းစာတွင် အတိအလင်း မဆိုသော်လည်း စားပွဲတော် အမှုထမ်းဆောင်သူများ ဟုခေါ်သည်။ ထိုစကားလုံးသည် အင်္ဂလိပ်စကားအရ “သင်းထောက်များဖြစ်သည်။

ထိုသူများတွင် အရည်အချင်း(၃)ရပ်နှင့် ပြည့်စုံသည်။

၁။ ဂုဏ်အသရေကောင်းခြင်း   ဂုဏ်သိက္ခာ

၂။ သန့်ရှင်းသောဝိညာဉ်တော် ပြည့်ဝခြင်း။     ဝိညာဉ်ရေးရာ

၃။ ဉာဏ်ပညာရှိခြင်း    လက်တွေ့ဘဝ အသေးစိတ်အချက်အလက်များကို (၁တိ ၃:၈-၁၃)၌ ရေးထားသည်။

:  တပည့်တော်များသည် နှုတ်ကပတ်တော် ဝေငှသွန်သင်ခြင်းနှင့် ဆုတောင်းခြင်းဖြင့် အချိန်ကုန်လွန် ကြသည်။ ဦးစွာ ဆုတောင်း ကြသည်။ ထို့နောက် နှုတ်ကပတ်တော် ဝေငှသွန်သင် ကြသည်။ ပရိသတ်ထံသို့ ဘုရားသခင်အကြောင်း မပြောမီ ဘုရားသခင်နှင့် ဦးစွာစကားပြောကြသည်။

:  လူ(၇)ယောက်အား ရွေးချယ်လိုက်သောသူများမှာ ဂရိစကားပြောသော ယုဒများဖြစ်ကြသည်။ ထိုသူများသည် ဆင်ခြေပေးစရာ မရှိအောင် ကျေးဇူးတော်နှင့် ပြည့်စုံသူများဖြစ်သည်။ ထိုအချိန်မှစ၍  အသင်းတော်တွင် လုပ်ငန်းဆောင်တာပိုမို သွက်လက်လာသည်။ ခရစ်တော်၏ ချစ်ခြင်းမေတ္တာက အဆင့်အတန်းခွဲခြားခြင်းနှင့် အတ္တရှုခြင်းများကို အောင်နိုင်သည်။

ထိုသင်းထောက်များအနက် လူသိများထင်ရှားသူ (၂) ပါးရှိသည်။ အသင်းတော် သမိုင်းတွင် ပထမဦးဆုံး မာတုရအာဇာနည် အဖြစ် အသေခံသူ သတေဖန် နှင့် နောက်တစ်ယောက်မှာ ကဲသရိမှာ ပေါလုနှင့် အတူရှိသူ၊ အဲသရောပိ အမတ်မင်းကို ခရစ်တော်နှင့် ဆက်စပ်ပေးသူ၊ ရှမာရိအမျိုးသား တရားဟောသူ၊ ဧဝံဂေလိဆရာ ဖိလိပ္ပု ဖြစ်သည်။

လူခုနှစ်ယောက်အား ရွေးချယ်ပြီး၍ ဆုတောင်းပေးကြပြီးသောအခါ တမန်တော်များသည် ထိုသူများအပေါ်တွင် လက်တင်၍ ကောင်းကြီးပေး ကြသည်။

:  သင်းထောက်များသည် အသင်းတော်၏ အမှုအရာစီမံအုပ်ချုပ်မှုကို ဆောင်ရွက်ဆက်ကပ်သူများဖြစ်သည်။ ထိုသို့ အသင်းတော်ဝေယျာဝစ္စကို တာဝန်ယူကြသောကြောင့် တပည့်တော်များသည် ပိုမိုလွတ်လပ်စွာ နှုတ်ကပတ်တော် ဝေငှသွန်သင် နိုင်ကြသည်။ ယေရုရှလင်မြို့၌ပင်လျှင် ယုံကြည်သူ ဦးရေတိုးပွားများပြားလာသည်။ ယဇ်ပုရောဟိတ် အများအပြားသည်လည်း သတင်းကောင်းကို လက်ခံယုံကြည်လာကြသည်။ ယုဒပရောဟိတ်များ ယုံကြည်သူဖြစ်လာကြသည်။

:  ဤကျမ်းပိုဒ်သည် ဘုရားသခင်က နှုတ်ကပတ်တော်အမှုတွင် အံ့ဖွယ်ကောင်းလောက်အောင် အသုံးပြုတော်မူသော သတေဖန် ၂၇ အကြောင်းဖြစ်သည်။ သတေဖန်သည် တခြားတမန်တော်များထက် အံ့ဘွယ်တန်ခိုး ရရှိထားသူဖြစ်ရေးထားသည်။  သစ္စာရှိမှုကြောင့် သင်းထောက်ဖြစ်သော်လည်း ထို့ထက်မြင့်သောနေရာတွင် ဘုရားသခင်က အသုံးပြုသည်။ သင်းထောက် တာဝန်ထမ်းဆောင်ရင်း တဘက်တွင် နှုတ်ကပတ်တော် များ သွန်သင်ဟောပြောသည်။ သတေဖန်အကြောင်းသည် ဤကျမ်းပိုဒ်တစ်ခုတည်းနှင့် မလုံလောက်နိုင်ပါ။

:  သို့သော် သတေဖန်အား ဆန့်ကျင်သည့် အဖွဲ့စည်း ပေါ်ပေါက်လာသည်။ ထိုနေရာမှာ ယုဒများ ဥပုသ်နေ့တွင် ပညတ်တော်အကြောင်းဟောပြောကြရသည့် နေရာဖြစ်သည်။ တရားစရပ်နာမည်ကို လူမျိုးစုအလိုက် အမည်နာမ သမုသ်ကြသည်။ ရောမအစိုးရလက်မှ လွတ်မြောက်လာကြသော လူလွတ်ယုဒအုပ်စုလည်း ရှိသည်။ ကုရေနေ အရပ်သည် အာဖရိကမှ ရောက်လာသောယုဒများစရပ်၊ အလက်ဇန္ဒြားစရပ် သည် အဲဂုတ္တုသ​င်္ဘောဆိပ်မှ ရောက်လာကြသော ယုဒများစရပ်၊ ကိလိကိစရပ် မှာ အာရှမိုင်းနားဒေသမှ ရောက်လာသူများစရပ်များဖြစ်သည်။ ထို ယုဒစရပ်များအနက် အချို့သည် ယေရုရှလင်မြို့ထဲတွင် ရှိ၍ အချို့သည် အနီးအနားတွင် ရှိကြသည်။

:၁၀၁၄  ထိုရန်လိုနေကြသော ယုဒအုပ်စုသည် သတေဖန်ကို အပြစ်ရှာ၍မရပါ။ အဘယ်   ကြောင့်ဆိုသော် သတေဖန်ဟောကြားသော နှုတ်ကပတ်တော်များသည် ဝိညာဉ်တော်နှင့် ပြည့်စုံသောကြောင့် ဉာဏ်ပညာရှိပါသည်။ ထိုသို့ အပြစ်ရှာမရ၊ နှုတ်လှန်မထိုးနိုင်ကြသောကြောင့်      သတေဖန်အား စွပ်စွဲရန် လုပ်ကြံသက်သေများကို ငွေပေးငှား ရှာကြံကြသည်။ သတေဖန်အား မောရှေကျမ်းနှင့် ဘုရားသခင်ကို ပြစ်မှားသူအဖြစ် လီဆယ်စွပ်စွဲသည်။ ၂၈ မင်းတိုင်ပင်အမတ်များ ရှေ့သို့သွင်း၍ ဗိမာန်တော်နှင့် ပညတ်တော်များပြစ်မှား ဆန့်ကျင်ကြောင်း စွပ်စွဲကြသည်။ သက်သေအတုအယောင်များအား ခေါ်ယူထွက်ဆိုခိုင်းကြသည်။ ယေရှုက ဗိမာန်တော် ဖျက်ဆီ းမည့် အကြောင်း၊ မောရှေပညတ်တော်များ ကိုလည်း ပြောင်းလဲပစ်မည့်အကြောင်း ဟောကြားသည်ဟု မဟုတ်မမှန် စွပ်စွဲကြသည်။

:၁၅  မင်းတိုင်ပင်အမတ်များသည် စွပ်စွဲချက်များကို ကြားနာပြီးနောက် သတေဖန်၏ မျက်နှာကို ကြည့်ရှုကြသောအခါ မကောင်းဒုစရိုက်ပြုသူနှင့် မတူဘဲ ကောင်းကင်တမန်နှင့်တူကြောင်း တွေ့ကြသည်။ ကျက်သရေတင့်တယ်သော မျက်နှာထား၊ ဘုရားသခင်၏ သမ္မာတရားကို သက်သေခံသော ရုပ်သွင်မြင်ကြသည်။ ခရစ်တော်၏ ဘုန်းအသရေနောက်လိုက်သူများ မျက်နှာ၌ ထင်ဟပ်ခြင်းဖြစ်သည်။

အခန်း ၇ တွင် သတေဖန်၏ အမှုခိုင်လုံစွာတွေ့ရမည်။ ယုဒလူမျိုး၏ သမိုင်းကြောင်းကို ပြန်လှန်ကြသည်။ ယောသပ်နှင့် မောရှေကို မည်သူက ထမြောက်သနည်း။ ဣသရေလများငြင်းငယ်ကြသော ကယ်တင်ရှင်သခင် ဖြစ်သည်။ သတေဖန်သည် ခရစ်တော်အားချက်ချင်းမညွှန်ပြပါ။        ဣသရေလ ခေါင်းဆောင်များအား သန့်ရှင်းသောဝိညာဉ်တော် ငြင်းပယ်ခြင်း၊ ဖြောင့်မတ်စင်ကြယ်သော သူအား သန့်ရှင်းသော ဝိညာဉ်တော် ငြင်းပယ်ခြင်း၊ ဖြောင့်မတ်စင်ကြယ်သော သူအား ကွပ်မျက်ခြင်း၊ ဘုရားသခင်၏ ပညတ်တော်များ ချိုးဖောက်ခြင်း အစရှိသဖြင့် အမျိုးမျိုးသက်သေပြတိုက်ခိုက်သည်။

သတေဖန်သည် သူ့အသက်ဖက်ရွက်နှင့် ထုပ်ထားကြောင်းသိသည်။ သူ့အသက်ကို ကာကွယ်ရန်လိုကြောင်းသိသည်။ သို့သော် သူကိုးကွယ်သော ဘုရားသခင်ကို သစ္စမဖောက်နိုင်။ ပို၍ပင် သတ္တိတောက်ပြောင်လာသည်။

Previous Article
Next Article