တမန်တော်ဝတ္ထု ၈

၂။ ယုဒပြည်နှင့် ရှမာရိပြည်မှ အသင်းတော် (::၃၁)

(က) ရှမာရိပြည်တွင် ဖိလိပ္ပု၏ သာသနာခရီး (:၂၅)

၈:၁  တဖန်ရှောလု၏နာမည်ကို တွေ့ကြရပြန်ပြီ။ ဝိညာဉ်ဆိုးသည် ထိုလူရွယ်ရှောလုထဲတွင် မွေးကတည်းက ပါလာသည်။ သူ့လက်ထဲတွင် လုပ်ပိုင်ခွင့် အာဏာရှိသောအခါ ခရစ်ယာန်များကို ဒလစပ်ညှဉ်းပန်းနှိပ်စက်သည်။ သတေဖန်ကို သတ်ပစ်ကြရာတွင် ရှောလုသည် လည်း အလိုတူအလိုပါဖြစ်သည်။

ယခု ရာဇဝင်တွင်အောင် လုပ်နေပြန်ပြီ။”ထိုအချိန်တွင်”သတေဖန်၏ သတင်းစကားသည် နေရာတိုင်းသို့ပျံ့နှံသွားသည်။ ယုံကြည်သူများ ရှမာရိပြည်နှင့် ယုဒပြည်အနှံ့အပြားတွင် ထွက်ပြေးပုန်းခိုကြသည်။

ဘုရားသခင်က ယုံကြည်သူများအားယေရုရှလင်တွင် သက်သေခံကြရန် စေခိုင်းခြင်းဖြစ်သည်။ ယုဒပြည်၊ ထိုအချိန်တွင် ယေရုရှလင်မြို့၌ သက်သေခံရန် အခက်အခဲရှိနေသည်။ ညှဉ်းပန်းနှိပ်စက်ခံခြင်းဖြင့်သက်သေခံကြရန် စေလွှတ်ခြင်းနိုင်သည်။

တပည့်တော်များသာလျှင် ကျန်ရှိတော့သည်။”ထိုသို့ကျန်ရှိနေကြသော်လည်း ဒုက္ခအလျဉ်းမရောက်နိုင်”ဟု Kelly က ဆိုသည်။

လူ့အမြင်ဖြင့်ကြည့်လျှင် ထိုနေ့ရက်ကာလသည် တိမ်မဲညိုဖုံးသောအချိန်ဖြစ်သည်။ ယုံကြည်အားထားရသော သူတစ်ယောက်ဆုံးရှုံးလျှော့နည်းခဲ့ရပြီ။ ကျန်ရှိသူများသည် ယုန်သူငယ်ပမာ ကျားလန့်စာစားနေရသည်။ သို့သော်ဘုရားသခင်ဘက်၌မူထိုသို့မဟုတ်။ လယ်ကွင်းပြင်၌ မျိုးကောင်းမျိုးသန့်မျိုးကြဲခြင်းဖြစ်သည်။ မကြာသောကာလမှာ ကောက်လှိုင်းများတပွေ့တပိုက်ပြန်ရိတ်ရမည်။ ထိုမျိုးစေ့များကို ဘယ်နေရာထိအောင် လေညှင်းသယ်ဆောင်၍ကောက်မည်မျှ ရိတ်သိမ်းမည်ဟု မည်သူပြောနိုင်မည်နည်း။

၈:၂ ယေရုရှလင်မှ မထွက်ပြေး၍ ကျန်ရှိသော ခရစ်ယာန် ကိုင်းရှိုင်းသူအချို့က သင်္ဂြုဟ်ခဲ့ကြသည်။ ဂုဏ်ယူဝမ်းမြောက်စွာမြေချကြသည်။

၈:၃ ရှောလုတစခန်းထပြန်ပြီ။ အသင်းတော်များကို ရက်ရက်စက်စက် ချေမှုန်းဒုက္ခပေးသည်။ အသင်းတော်ဝင်သူများကို တအိမ်တက်ဆင်းသန်းရှာသကဲ့သို့ရှာဖွေသည်။ဖမ်းဆီးချုပ်နှောင်၍နှိပ်စက်သည်။ ရှောလု သတိရသည်မှာ သတ်ပစ်ခါနီးတွင် ကောင်းကင်တမန်၏ နောက်လိုက်များကို ကျူပင်ခုတ်ကျူငုတ်မကျန်ချေမုန်းသည်။

၈:၄-၈ အရပ်ရပ်အရွာရွာသို့ လွင့်စင်ထွက်ပြေးကြသော ယုံကြည်သူများသည် ရေငုံနှုတ်ဆိတ်မနေကြ။ ရောက်လေရာအရပ်မှာ သတင်းကောင်းဟောပြောသက်သေခံကြသည်။ သင်းထောက်       ဖိလိပ္ပုသည်လည်း ရှမာရိပြည်မြို့တော် တွင်ကယ်တင်ခြင်းတရားကို အထင်အရှားဟောကြား သက်သေခံသည်။ အံ့ဘွယ်နိမိတ်လက္ခဏာများဖြင့် ခရစ်တော်၏ နာမတော်ကို ထင်ရှားစေသည်။ နတ်ဆိုးဝင်သူများနတ်ဆိုးနှင်ထုတ်ပေးသည်။ လေဖြတ်သူများကိုယ်လက်မသန် မစွမ်းသူများကျန်းမာစေသည်။ တရားနာလူထုပရိသတ် ကြီးသည်တရားနာကြ၍ တရားရသဖြင့်ဝမ်းမြောက်ရွှင်လန်းကြသည်။

ကနဦးအသင်းတော်များသည် ယေရှုခရစ်တော်၏ စေစားချက်များကို နာခံအကောင်အထည်ဖေါ်ကြကြောင်းတွေ့ရသည်။

ခရစ်တော်မရှိတော့သောအခါ အရပ်တကာသို့လှည့်လည်ဟောပြောကြသည်၊ (ယော ၂၀:၂၁၊ တ ၈:၁-၄၊။

မိမိကိုယ်ပိုင်ပစ္စည်းများ ထုခွဲရောင်းချ၍ ချို့တဲ့နွမ်းပါးသူများအား ပေးကမ်းစွန်းကြဲကြသည် (လု၁၂:၃၃၊ ၁၈:၂၂၊ နှင့်တ ၅:၄၅၊ ၄:၃၄၊

မိဘ၊ အိမ်ယာများကို ချန်ထား၍ နေရာတိုင်းတွင် တရားဟောကြသည် (မ ၁၀:၃၇၊ တ ၈:၁-၄)

တမန်တော်များ၏ သွန်သင်ချက်များကို နာခံစေသည် (မ ၂၈:၁၈-၁၉၊ ၁သက် ၁:၆)

မိမိကားတိုင်ကိုထမ်း၍ ခရစ်တော်နောက်သို့လိုက်စေသည် (တ၄:၁၊ ၁သက်၂၊။

ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲခြင်းဒုက္ခရောက် သည့်အခါတွင်လည်း ဝမ်းသာစေသည်၊ (မ ၅:၁၁-၁၂ နှင့် တ ၁၆၊ ၁သက် ၁:၆-၈)။

အလောင်းများကို ထားပစ်ခဲ့၍ သတင်းကောင်းဟောပြောကြသည် (လု ၉:၅၉-၆၀)။

နားမထောင်ချင်သူများ မဟောကြားရန်နှင့် ဖုတ်ဖက်ခါ၍ ထသွားကြသည် (လု ၉:၅၊ တ ၁၃:၅)။

အနာရောဂါကင်းငြိမ်းစေသည်၊ သေခြင်းမှထမြောက်စေကြသည်။ ဝိညာဉ်အသီးအပွင့်များသီးပွင့်ကြသည် (မာ ၁၆:၁၈၊ တ ၃:၁၆၊၃၃

၈:၉-၁၁ ထိုအရပ်ဒေသ၌ မှော်ဆရာရှိမုန်သည် မှော်အတက်ပညာပြသခဲ့ဘူးသဖြင့် တအံ့တသြ ကြည့်ရှုခဲ့ဘူးကြသည်။ စုန်းကဝေမှော်အတက်ပညာဖြင့် ရှမာရိလူမျိုးအကြားတွင် ရေပန်းစားခဲ့သည်။ထိုရှိမုန်သည် သူ့ကိုယ်သူ အရေးကြီးပုဂ္ဂိုလ်သဖွယ် ကိန်းခန်းတကြီး ပြူမူခဲ့သဖြင့် ဘုရားသခင်၏ တန်ခိုးအဖြစ်ယုံမှားခဲ့ကြသည်။

၈:၁၂-၁၃ ဖိလိပ္ပုက ဘုရားသခင်၏ ဘုန်းတန်ခိုးဖြင့်အံ့ဖွယ်နိမိတ်ပြ၍ နိုင်ငံတော်အကြောင်းဟောပြောသောအခါ လူထုပရိသတ်ကြီးက လက်ခံယုံကြည်ကြသည်။ နှစ်ခြင်းမင်္ဂလာခံယူကြသည်။ ရှိမုန်ကိုယ်တိုင်လည်းယုံကြည်ကြသည်။ နှစ်ခြင်းမင်္ဂလာခံယူကြသည်။ ရှိမုန်တိုင်းကိုယ်တိုင်လည်းယုံကြည်၍၃၄ နှစ်ခြင်းမင်္ဂလာခံယူသည်။ ဖိလိပ္ပု၏အံ့ဘွယ်လက္ခဏာများကို တွေ့မြင်သောအခါ လေးစားသွားသဖြင့် ဖိလိပ္ပုနောက်သို့လိုက်ပါ ဆည်းကပ်သွားသည်။

ထိုသို့လိုက်သွားသော်လည်းရှိမုန်သည် အသစ်တဖန်မွေးဖွေးခြင်းမရှိ။ တကယ် ယုံကြည်ခြင်းသာဖြစ်သည်။ နှစ်ခြင်းမင်္ဂလာ ခံယူခြင်းသည် ထုံးတမ်းစဉ်လာဖြစ်သည်ဟုခံယူသည်။ နှစ်ခြင်းမင်္ဂလာခံယူသော်လည်း အပြစ်နွံ့ထဲတွင် မွေ့လျော်နေဆဲ။

ဖိလိပ္ပုသည် ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သော ယေရှုခရစ်တော်၏ နာမတော်ကို ဟောပြောသည်။ ဘုရားသခင်၏ နိုင်ငံတော်ဆိုသည်မှာ ဘုရားသခင်ကို သိကျွမ်းခြင်းဖြစ်သည်။ မျက်မှောက်ကာလတွင် ဘုရင်မရှိသော်လည်း လူ့မျက်စိဖြင့် မမြင်နိုင်သော ဝိညာဉ်ရေးရာနိုင်ငံတော်ထဲတွင် အသက်ရှင်နေကြကြောင်းသိမှတ်ရမည်။ နောင်တနေ့တွင် ထိုဘုရင်သည် ကမ္ဘာမြေပေါ်သို့ တဖန် ဆင်းသက်ရောက်ရှိ၍ ယေရုရှလင်ကို မြို့တော်အဖြစ်စိုးစံမည်။      အသစ်တဖန် မွေးဖွားခြင်းကို ရည်ညွန်းပါသည်။ ဖိလိပ္ပု၏ အဓိက ဟောကြားချက်များသည် ထိုနှစ်ချက်ဖြစ်သည်။

၈:၁၄-၁၇ ရှမာရိမြို့သားများ ဖိလိပ္ပု၏ ဟောကြားချက်ဖြင့် ဘုရားသခင် ယုံကြည်လာကြကြောင်းကြားသိသောအခါ ယေရုရှလင်က ပေတရုနှင့် ယောဟန်အား ရှမာရိသို့စေလွှတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ရှမာရိပြည်သားများသည် သခင်ယေရှုခရစ်တော် နာမတော်မြတ်၌နှစ်ခြင်း၊ မင်္ဂလာခံယူကြသော်လည်း သန့်ရှင်းသောဝိညာဉ်တော်ခံယူခြင်းမရှိကြသေး။ ဘုရားသခင်၏ သွန်သင်တော် ခံယူခြင်းမရှိကြသေး။ ဘုရားသခင်၏သွန်သင်တော်မူချက်အတိုင်းထိုတပည်တော်နှစ်ပါးသည်လည်း ရှမာရိ ယုံကြည်သူများအပေါ် လက်တင်ဆုတောင်းပေးကြသည်။ လက်တင်ဆုတောင်းခံယူသူများသည် သန့်ရှင်းသော ဝိညာဉ်တော်ရရှိကြသည်။

ဤနေရာတွင်မေးစရာ မေးခွန်းရှိပါသည်။သန့်ရှင်းသောဝိညာဉ်တော်ခံယူခြင်းနှင့် ပင်တေကုတ္တေနေ့တွင် ဝိညာဉ်တော်ရရှိခြင်းနှင့် ပင်တေကုတ္တေနေ့တွင် ဝိညာဉ်တော်ရရှိခြင်းသည် မည်သို့ကွာခြင်းပါသနည်း။ ပင်တေကုတ္တေနေ့တွင် သန့်ရှင်းသော ဝိညာဉ်တော် ခံယူသူများမှာ

၁။ နောင်တရကြသည်၊

၂။ သန့်ရှင်းသော ဝိညာဉ်တော်ခံယူကြသည်၊

၃။ သန့်ရှင်းသော ဝိညာဉ်တော်ခံယူကြသည်။ ဤနေရာတွင်ပါရှိသောရှမာရိအမျိုးသားများမှာ

၁။ ယုံကြည်ကြသည်၊

၂။ နှစ်ခြင်းမင်္ဂလာခံယူကြသည်၊

၃။ တမန်တော်များက လက်တင်ဆုတောင်းပေးကြသည်၊

၄။ သန့်ရှင်းသော ဝိညာဉ်တော်ရရှိကြသည်။

သေချာသည်မှာ သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းအတူတူရရှိကြသည်။ကယ်တင်ခြင်းရရှိသည် ပုံစံအတူတူဖြစ်ကြသည်။ ခရစ်တော်သည် ကယ်တင်ခြင်းရရှိသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤအချိန်ကာလသည်ယုဒအစဉ်အလာမှ ခရစ်ယာန်ဘာသာသို့ အသွင်ကူးပြောင်းရေးကာလဖြစ်လင့်ကစား၊ ဘုရားသခင်သည် ပုံစံနည်းလမ်းအမျိုးမျိုးသုံးခဲ့သည်။ ယုဒယုံကြည်သူများသည် သန့်ရှင်းသောဝိညာဉ်တော်မခံယူမီက ပင်လျှင် နှစ်ခြင်းမင်္ဂလာခံယူကြသည်။ ထိုသို့နှစ်ခြင်းမင်္ဂလာခံယူခြင်းဖြင့် ယုဒထုံးတမ်းစဉ်လာများနှင့် ပြတ်စဲကြသည်။ ရှမာရိများမူကား တစ်မျိုးတဖုံဖြစ်နေသည်။ တပည့်တော်များ၏ လက်တင်ဆုတောင်းပေးခြင်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်ခံယူကသည်။ အဘယ်ကြောင့်နည်း။

လူမျိုးရေး၊ ဘာသာရေး မတူညီသော မည်သည့်လူမျိုးလူတန်းစားမဆို၊ အသင်းတော်၌ တလုံးတဝတည်းဖြစ်ကြောင်း ပြသခြင်းဖြစ်နိုင်သည်။ ယုဒလူအများစုကြီးစိုးသော စွန့်စားမှုကြီးဖြစ်ခဲ့သည်။ ယုဒ အသင်းတော်နှင့် ရှမာရိအသင်းတော် ပေါင်းသင်းဆက်ဆံရေးသည် တွေးစရာကြီးဖြစ်သည်။ ယုဒလူမျိုးတပည့်တော်များသည် ရှမာရိလူမျိုးများအပေါ် တွင်လက်တင်ဆုတောင်းပေးခဲ့ကြခြင်းမှာ သခင်ယေရှုနာမတော်၌ခန္ဓာကိုယ် အစိတ်အပိုင်းများဖြစ်ကြသည်။

အငယ် ၁၆ တွင် သခင်ယေရှု နာမတော်၌ နှစ်ခြင်းမင်္ဂလာခံယူကြသည် (၁၀:၄၈ နှင့် ၁၉:၅၊ မ ၁၈:၁၉) မှ”ခမည်းတော်သားတော်၊သန့်ရှင်းသောဝိညာဉ်တော်နာမတော်မြတ်၌ နှစ်ခြင်းမင်္ဂလာ ပေးကြလော့” ဟူသော ကျမ်းစကားနှင့်အတူတူဖြစ် သည်။ ရှင်လုကာသည် ရှေးရိုးအစဉ်အလာအတိုင်း ပြောဆိုသုံးနှုန်းခြင်း မပြုပါ။ (မ ၂၈:၁၉) ကျမ်းပိုဒ်သည်”သမိုင်းစဉ်လာအရ အပြည့်အစုံ ရေးသားခြင်းြဖစ်သည်”ဟု Vine က ရှင်းပြသည်။ ယုံကြည်သူတိုင်းသုံးပါးတဆူအကြောင်း နားလည်သဘောပေါက်ကြပါသည်။ ယေရှုခရစ်တော်၏ ပါဝင်ပုံကိုလည်း သိကြသည်။ ထို့ကြောင့်ယေရှုခရစ်တော်၏ နာမတော်ဟူသော စကားကို အလွယ်သုံးခြင်းဖြစ်သည်။

၈:၁၈-၂၁ ထိုသို့ တပည့်တော်များက လက်တင်ဆုတောင်းပေးကြသောအခါ ရှမာရိများသည်သန့်ရှင်းသော ဝိညာဉ်တော်ရရှိကြသော်လည်း ရှိမုန်မှာ မရ။ တမန်တော်များကဲ့သို့ဘုန်းတန်ခိုးရှိချင်သောကြောင့်”ငါ့ကိုလည်းပေးကြပါ။ ပိုက်ဆံ ဘယ်လောက်ပိုပေးရမယ်လဲ” ဟုဆိုသည်။

ပေတရုက ထိုရှိမုန်သည် မှန်တကယ်အသက်တာမပြောင်းလဲကြောင်းသိသည်။ထိုကြောင့်ဤသို့ရှင်းပြသည်။

၁။ “သင့်ငွေက သင့်ကိုပျက်စီးစေသည်။” မယုံကြည်သူသည် ထာဝရပျက်စီးမည် (ယော ၃:၁၆)

၂။ “သင်၏စိတ်ထားမှန်သဖြင့် ငါတို့အမှုတွင်မပါဝင်နိုင်။” တနည်းပြောရလျှင် မိဿဟာယမဖွဲ့နိုင်။

၃။ “ဘုရားသခင်၏ရှေ့တော်တွင် သင့်စိတ်ထားမမှန်။” ကယ်တင်ခြင်းမရရှိသေးကြောင်းဆိုလိုသည်။

၄။ “သန့်ရှင်းသောဝိညာဉ်တော်ကို ခံစေမည့်အကြောင်း အခွင့်ပေးပါ” ထိုသို့တောင်းဆိုခြင်းဖြင့် အသစ်တဖန်မွေးဖွားခြင်းရနိုင်ပါသလား။

၈:၂၂-၂၄ ပေတရုက ရှိမုန်အား သူ့အပြစ်ကြီးအတွက်နောင်တရရန်နှင့် အပြစ်ခွင့်လွတ်ခြင်းခံရဖို့ဆုတောင်းခိုင်းသည်။ ရှိမုန်က ပေတရုအားကြားခံဆုတောင်းပေးရန်တောင်းလျှောက်သည်။ ပေတရုသည် လူများအားဘုရားသခင်ထံသို့ပို့ဆောင်ပေးသူဖြစ်သည်။ “အရှင်တို့မြွက်ဆိုသည့်မှု တစုံတရာကိုမျှ မခံရစေရန် သခင်ဘုရားထံ အကျွန်ုအတွက် ဆုတောင်းပေးတော်မူကြပါ” ဟူသောစကားသည် ရှိမုန် အမှန်တကယ် နောင်တမရကြောင်းသိသာထင်ရှားသည်။ အပြစ်အတွက် နောင်တမရ။

ထိုရှိမုန်၏ အမူအကျင့်မှတဆင့် (Simony) “ဘုရားတရားအမှုကို ငွေကြေးဖြင့် တိုင်းတာခြင်း” ဟူသော စကားလုံး ဆင်းသက်လာခြင်းဖြစ်သည်။ တီညာဉ်ရေးရာ၊ အမှုတော်များအပြင် အခြားအဖွဲ့အစည်း အသိုင်းအဝိုင်း၌ ငွေဖြင့်ပစ်ပေါက်ခြင်းဟု သုံးနှုန်းလာကြသည်။

၈:၂၅ ပေတရုနှင့် ရှိမုန်အား သူ့အပြစ်ကြီးအတွက်နောင်တရရန်နှင့် အပြစ်ခွင့်လွတ်ခြင်းခံရဖို့ဆုတောင်းခိုင်းသည်။ ရှိမုန်က ပေတရုအားကြားခံဆုတောင်းပေးရန် တောင်းလျှောက်သည်။ ပေတရုသည် လူများအား ဘုရားသခင်ထံသို့ပို့ဆောင်ပေးသူဖြစ်သည်။ “အရှင်တို့မြွက်ဆိုသည့်အမှု တစုံတရာကိုမျှ မခံရစေရန် သခင်ဘုရားထံ အကျွန်ုအတွက် ဆုတောင်းပေးတော်မူကြပါ” ဟူသောစကားသည် ရှိမုန် အမှန်တကယ် နောင်တမရကြောင်း သိသာထင်ရှားသည်။ အပြစ်အတွက်နောင်တမရ။

ထိုရှိမုန်၏ အမူအကျင့်မှတဆင့် (Simony) “ဘုရားတရားအမှုကို ငွေကြေးဖြင့် တိုင်းတာခြင်း” ဟူသော စကားလုံး ဆင်းသက်လာခြင်းဖြစ်သည်။ ဝိညာဉ်ရေးရာ၊ အမှုတော်များအပြင် အခြားအဖွဲ့အစည်း အသိုင်းအဝိုင်း၌ ငွေဖြင့်ပစ်ပေါက်ခြင်းဟုသုံးနှုန်းလာကြသည်။

၈:၂၅ ပေတရုနှင့် ယောဟန်တို့သည်နှုတ်ကပတ်တော်များကို ကမ်းခြေတလျှောက်ရှမာရိရွာများသို့ ဟောပြောပြီးနောက် ယေရုရှလင်မြို့သို့ပြန်လာကြသည်။ ကမ်းခြေတလျှောက်ရှိလူများသည် ယုံကြည်ခြင်းခိုင်မာသွားကြ၍ ရှမာရိများအကြား၌ တဆင့်အမှုတော်ပြုကြသည်။

(ခ) ဖိလိပ္ပုနှင့် အဲသယောပိအမတ်မင်း

(၈:၂၆-၄၀)

၈:၂၆ ရှမာရိတွင် ဝိညာဉ်ရေးရာနိုးထနေကြစဉ် ဘုရားသခင်၏ ကောင်းကင်တမန်က ဖိလိပ္ပုအား လုပ်ငန်းခွင် အသစ်တစ်ခု လာရောက်ပြောကြားသည်။ လူအများအပြားလူအုပ်ကြီးအား သွန်သင်ဟောကြားခဲ့သည်။ ယခု လူတစ်ဦးကိုသာ ဟောပြောခိုင်းသည်။ ကောင်းကင်တမန်တော်သည် ဖိလိပ္ပုအားမည်သို့မည်ပုံဟောကြားမည့်အကြောင်း ဖြေကြားခြင်းမဟုတ်။ တရားဒေသနာ ဟောပြောခွင့်သည် လူတွင်သာရှိသည်။ ကောင်းကင်တမန်များ မပြုနိုင်။

ဖိလိပ္ပုသည် နာခိံတက်သူဖြစ်သောကြောင့် ရှမာရိအရပ်ဒေသမှ ယေရုရှလင်ဘက်သို့ ခရီးနှင်သည်။ ဂါဇာ၃၅ အရပ်ဒေသသို့ရောက်သည်။

၈:၂၇-၂၉ ထိုနေရာတွင် အဲသယောပိဘုရင်မန္ဒက်၃၆ ၏ ဘဏ္ဌာရေးမျုပ်၃၇ မိန်းမဆိုးထိန်း နှင့် ဆုံတွေ့သည်။ (အဲသယောပိမြို့သည် အဲဂုတ္တုပြည် တောင်ပိုင်း ဆူဒန်အရပ်တွင်ရှိသည်)။ ထိုအမတ်မင်းအရာရှိသည် ယုဒ အစဉ်အလာမှ ခရစ်ယာန်ဘာသာသို့ ပြောင်းလဲသူဖြစ်သည်။ ယခု ယေရုရှလင်တွင် ဝတ်ပြုကိုးကွယ်ပြီးမှ မြင်းရထားဖြင့် ပြန်လာသည်။ မြင်းရထားပေါ်တွင် ဟေရှာယ ကျမ်းကိုဖတ်ရှုနေသည် သန့်ရှင်းသောဝိညာဉ်တော်က ဖိလိပ္ပုအား ထိုမြင်းရထားကို ချဉ်းကပ်ခိုင်းသည်။

၈:၃၀-၃၁  ဖိလိပ္ပုသည် ထိုအမတ်မင်းအရာ ရှိအား “မိတ်ဆွေ ဖတ်ရှုနေသော ကျမ်းစာကို သဘောပေါက်သလား” ဟု စကားစမြည်ပြောလိုက်သည်။ ထိုအမတ်မင်းကလည်း ပွင့်ပွင့်လင်းလင်းပင် နားမလည် နိုင်ကြောင်းနှင့် ရှင်းပြစေလိုကြောင်း ပြောလိုက်သည်။ ဖိလိပ္ပုကိုလည်း မြင်းရထားပေါ်သို့ ဖိတ်ခေါ်လိုက်သည်။

၈:၃၂-၃၃  ထိုအမတ်မင်းသည် ဟေရှာယ ၅၃ တွင် မေရှိယ၏ ဆင်းရဲဒုက္ခခံစားပုံအကြောင်းကို ဖတ်ရှုနေခြင်းဖြစ်သည်။ ထိုအကြောင်းအရာ ဖတ်ခြင်းနှင့် ဖိလိပ္ပုရောက်ရှိခြင်းသည် မည်သို့တိုက်ဆိုင်ပါသနည်း။

ထိုကျမ်းပိုဒ်တွင် ‘ထိုသူသည် ရန်သူများရှေ့၌ ယဉ်ကျေးစွာ တိတ်ဆိတ်နေမည်။ မတရားသောအမှု၌ စီရင်ခြင်းခံရမည်။ သို့သော် တုံ့ပြန်ဖီဆန်ခြင်းမပြု။  ဤလောကမှ အသက်ကို ရုပ်သိမ်းသွားသဖြင့် သူ့သားမြေးများကို မည်သို့ညွှန်ပြနိုင်မည်နည်း’ ဟု ဆိုထားသည်။

၈:၃၄-၃၅  ဟေရှယက သူ့အကြောင်းကို  ပြေသလား၊ အခြားသူတပါးကို ရည်ညွှန်းပြောဆိုသလား၊ အမတ်မင်းများနားမလည်နိုင်။ ဖိလိပ္ပုက ဤကျမ်းပိုဒ်သည် နာဇရက်သား ယေရှုအကြောင်း ပရောဖက်ပြုချက်ဖြစ်၍ ပရောဖတ်ပြုချက်အတိုင်း အမှန်တကယ် ပြည့်စုံကြောင်း ရှင်းပြသည်။ ယေရုရှလင်မှာ ယေရှု သတင်းစကားကို ကြားသိခဲ့သော်လည်း မကောင်းသောသတင်းစကားကိုသာ ကြားသိခဲ့သည်။ ယခု ဖိလိပ္ပုက ရှင်းပြသောအခါတွင်မူ ဟေရှာယသည် ယေဟောဝါဘုရား၏ အစေခံ၊ နာဇရက်သား ယေရှုအကြောင်းကို ပရောဖက်ပြုခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။

၈:၃၆  ထိုသို့ ဖိလိပ္ပုနှင့် အမတ်မင်းသည် စကားလက်ဆုံကြရာတွင် ယေရှု၏ နှစ်ခြင်းမင်္ဂလာခံယူခြင်း၊ အသေခံတော်မူခြင်း၊ ရှင်ပြန်ထမြောက်ခြင်း အကြောင်းများကို ပြောမဝအောင် ပြောနေကြသည်။ ရေစပ်နားသို့ ရောက်သောအခါ အမတ်မင်းသည် တမဟုတ်ခြင်းနှစ်ခြင်းမင်္ဂလာ ခံယူလိုစိတ်ပြင်းပြသည်။

၈:၃၇   KJV နှင့် NKJV  ဓမ္မသစ်ကျမ်းမှ ယူထားခြင်းဖြစ်သောကြောင့် ဤအခန်းငယ် ၃၇ မပါရှိပါ။ ယေရှုခရစ်ကို ယုံကြည်လျှင် အလျင်စလိုနှစ်ခြင်းခံ ရမည်ဟု သွန်သင်ခြင်းမဟုတ်ပါ။ အဓိကကျမ်းများကလည်း မထောက်ခံပါ။ ၃၈

၈:၃၈  မြင်းရထား ခဏရပ်ဆိုင်းပြီး ဖိလိပ္ပုက အမတ်မင်းအရာရှိအား နှစ်ခြင်းမင်္ဂလာ ပေးလိုက်သည်။ နှစ်ခြင်းမင်္ဂလာခံယူပုံသည် ရှင်းလာင်းပီပြင်သည်။ နှစ်ယောက်စလုံး ရေထဲသို့ဆင်းသည်။ ရေထဲသို့နှစ်၍ ရေထဲမှတက်လာသည် ဟုဆိုသည်။၃၉

နှစ်ခြင်းမင်္ဂလာ ခံယူပုံသည် ရိုးရိုးစင်းစင်းလေးဖြစ်သည်။ ဘဝအသက်တာ ပြောင်းလဲသည်နှင့် ကန္တာရခရီးလမ်းတဝက်တွင် နှစ်ခြင်းမင်္ဂလာခံယူသည်။ အသင်းတော်တွင် မဟုတ်ပါ။ တပည့်တော်များလည်း မရှိပါ။ အစေခံများကို သက်သေထား၍ နှစ်ခြင်းမင်္ဂလာခံယူခြင်းဖြစ်သည်။ ထိုအမတ်မင်းသည် နာဇရက်သား ယေရှုနောက်လိုက်ဖြစ်သွားသည်။

၈:၃၉  နှစ်ခြင်းမင်္ဂလာ ပေးပြီးသောအခါ ဖိလိပ္ပုအား ဘုရားသခင်၏ ဝိညာဉ်တော်က တခြားနေရာသို့ ပို့ဆောင်လိုက်သည်။ ထို့ထက် လိုအပ်သောနေရာသို့ အရေးတကြီးပို့ဆောင်ခြင်းဖြစ်ပေမည်။ ထိုအမတ်မင်းသည် လူ့သွန်သင်ချက်ဖြင့် ပြောင်းလဲခြင်းမဟုတ်။ ဘုရားသခင်ကိုယ်တော်တိုင် ပြောင်းလဲစေခြင်းဖြစ်သည်။

ကိုယ်တော်၏ အလှဆင်မြန်းရသောအခါ အနိုင်ယူချင်စိတ် အတ္တများပျောက်သွား၊ ကောင်းကြီးမင်္ဂလာခံစားရာ ကိုယ်တော်ကိုသာ ရှာဖွေမျှော်လင့်ရ။

Kate.B.Wilkinson

အမတ်မင်းသည် စိတ်နှလုံးရွှင်မြူးချမ်းမြေ့စွာ ခရီးဆက်သွားသည်။ သခင်ဘုရားအား နာခံခြင်းကြောင့် ရရှိသော ပျော်ရွှင်ခြင်းသည် သဲလှိုက်အူလှိုက်ဘဝင်ရှိုက်ကာ ကုန်ခမ်းခြင်းလည်း မရှိနိုင်။

၈:၄၀ ဖိလိပ္ပုသည် ထိုနေရာမှ ဂါဇာမြို့၏ အနောက်မြောက်ဖက်ရှိ အာဇုတ်မြို့သို့ ရောက်ရှိသွားသည်။ ထိုမြို့မှစ၍ မြောက်ဘက်အရပ် ကဲသရိမြို့အပါအဝင် ကမ်းခြေတလျှောက်တွင် တရား ဒေသနာ လိုက်လံဟောကြားသည်။

အမတ်မင်းသည် မည်သို့ဘဝခရီးဆက်သနည်း။ ဖိလိပ္ပုကလည်း ငါတို့နှင့်အတူ လက်တွဲလုပ်ဆောင်ကြစို့ဟု မပြောခဲ့။ ဧဝံဂေလိဆရာများသည် ဓမ္မဟောင်းကျမ်းစာလာအတိုင်း ဟောကြားသက်သေခံ ခဲ့ကြခြင်းဖြစ်သည်။ သေချာသည်မှာ ထိုအမတ်မင်းသည် အဲသယောပိသို့ ပြန်လည်ရောက်ရှိလာသောအခါ သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်ခံစားခဲ့ပုံကို မလွဲမသွေ သက်သေခံမည်မှာ သေချာသည်။၄၀

နှစ်ခြင်းမင်္ဂလာခံယူခြင်း

အမတ်မင်း၏ နှစ်ခြင်းမင်္ဂလာခံယူခြင်းသည် ကနဦးအသင်းတော်ခေတ်တွင် နှစ်ခြင်းခံယူသည့် သဘောပြုခြင်း (၂:၂၈၊ ၂၂:၁၆) ဖြစ်သည်။ ထိုနှစ်ခြင်းမင်္ဂလာသည် ဗတ္တိဇံယောဟန်ပေးသော နှစ်ခြင်းမင်္ဂလာနှင့် မတူညီပါ။ ဗတ္တိဇံယောဟန်ပေးသော နှစ်ခြင်းမင်္ဂလာသည် နောင်တရခြင်းနှင့်စပ်ဆိုင်သည်။ လူသိရှင်ကြား ခရစ်တော်အားဝန်ခံခြင်းဖြစ်သည်။

အသက်တာပြောင်းလဲ၍ နှစ်ခြင်းမင်္ဂလာခံယူခြင်း (၂:၄၁၊ ၈:၁၂၊ ၁၈:၈)တွင် အမျိုးသမီးများ (၈:၁၂)နှင့် တပါးအမျိုးသား (၁၀:၄၈) များလည်း အကြုံဝင်သည်။ တအိမ်သားလုံး နှစ်ခြင်းမင်္ဂလာခံယူရမည့် အကြောင်းကို (၁၀:၄၇-၄၈၊ ၁၆:၁၈၊ ၁၆:၃၃)တွင် ရှင်းပြထားသည်။ တအိမ်သားလုံး ယုံကြည်ခြင်းရှိရမည့်အကြောင်းကို ၂ ကြိမ်ထက်မနည်း ရှင်းပြထားသည်။ သို့သော် အရွယ်မရောက်သေးသော ကလေးသူငယ်များ နှစ်ခြင်းမင်္ဂလာ မပေးရပါ။

ယုံကြည်သူများသည် အသက်တာပြောင်းလဲသည်နှင့် တပြိုင်နက် နှစ်ခြင်းမင်္ဂလာခံယူကြရသည်။ (၈:၃၆၊ ၉:၁၈၊ ၁၆:၃၃)။ ထိုသို့ နှစ်ခြင်းခံယူခြင်းသည် ခရစ်တော်အား ယုံကြည်ခြင်း၌ မူတည်သည်။ သို့သော် လေ့လာသင်ယူခြင်းနှင့် အတုအယောင် ယုံကြည်ခြင်းကာလမတူညီပါ။ အဘယ်ကြောင့်ဆိုသော် ညှဉ်းပန်းနှိပ်စက်ခြင်းက အဆုအယောင် ယုံကြည်ခြင်းကို စစ်ထုတ်ပါသည်။

နှစ်ခြင်းမင်္ဂလာခံယူခြင်းက ကယ်တင်ခြင်းမပေးနိုင်ကြောင်း ရှိမုန်အသက်တာတွင် အထင်အရှားတွေ့ရသည်(၈:၁၃)။ အတူအယောင် ယုံကြည်သူဖြစ်သည်နှင့် အညီ စုံစမ်းစစ်ကြောခြင်းခံရသည် (၈:၂၃)။ ရှိမုန်၏ အသိတရားသည် ဘုရားသခင်ဘက်၌ မတည်၊ ဖြောင့်မတ်စင်ကြယ်ခြင်းမရှိပါ (၈:၂၁)။

နှစ်ခြင်းမင်္ဂလာခံယူခြင်းသည် ရေထဲသို့နှစ်မြုပ်ခြင်းဖြစ်သည် (၈:၃၈-၃၉)။ “ဖိလိပ္ပုနှင့် အမတ်မင်းသည် ရေထဲသို့ဆင်း၍ … ၊ ရေထဲမှထလာကြသောအခါ” ဟုဆိုသည်။ ယနေ့ခေတ်ကာလတွင် အချို့ဆရာကြီးများက ရေဖျန်းခြင်း၊ ရေလောင်းခြင်းဖြင့် နှစ်ခြင်းမင်္ဂလာ ပေးကြသည်။

၂-ခါ နှစ်ခြင်းမင်္ဂလာခံယူခြင်းသည် အပြစ်များခွင့်လွတ်ခြင်းနှင့် ပတ်သက်သည်။ ပင်တေကုတ္တေနေ့ တနေ့တွင် ပေတရုက “နောင်တရကြလော့၊ သင်တို့အပြစ်များ ပြေလွှတ်စေရန် ယေရှုခရစ်၏ နာမ၌ လူတိုင်းဗတ္တိဇံမင်္ဂလာခံလော့” (၂:၃၈) ဟု ဆိုသည်။ နောက်တစ်နေရာတွင် အာနနိက ပေါလုအား “ထ၍ ဗတ္တိဇံမင်္ဂလာခံယူလော့၊ သင်၏အပြစ်များ ဖြေလွှတ်စိမ့်သောငှာ ကိုယ်တော်အား ပတ္ထနာပြုလော့” (၂၂:၁၆) ဟုဆိုသည်။ ထိုကျမ်းပိုဒ်နှစ်ခုစလုံးတွင် ယုဒများအပြစ်လွှတ်ဖို့ညွှန်ကြားသည်။ တပါးအမျိုးသားများကိုမူ အပြစ်လွှတ်ဖို့ နှစ်ခြင်းမင်္ဂလာခံယူရန် သွန်သင်ခြင်းမရှိပါ။ ယုဒများ နှစ်ခြင်းမင်္ဂလာခံယူခြင်းသည် ယုဒအမျိုးသားများနှင့် ပြတ်စဲ၍ ခရစ်တော်၌ ဆက်စပ်ပါဝင်ခြင်းဖြစ်ကြောင်း သက်သေပြရာ ရောက်သည်။ အပြစ်ခွင့်လွတ်ခြင်း အကြောင်းရင်းသည် ယေရှုခရစ်တော် ယုံကြည်ခြင်းဖြစ်သည်။ ထိုခရစ်တော်သည် လူသားများ၏အပြစ်ကို အသွေးတော်ဖြင့် ဆေးကြောခွင့်လွှတ်ပြီးဖြစ်သည်။ ရေ၌နှစ်ခြင်းမင်္ဂလာခံယူခြင်းဖြင့် အပြစ်လွှတ်ခြင်းသည် ယုဒလောကမှ ကင်းကွာ၍ ခရစ်တော်ရင်ခွင်သို့ ကူးပြောင်းခြင်းဖြစ်သည်။

နှစ်ခြင်းမင်္ဂလာခံယူခြင်း၏ သဘောသဘာဝမှာ “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်” (မ ၂၈:၁၉) ၌ ခံယူရသည်။ တမန်တော်ဝတ္ထု၌မူ ထိုသို့မရှိပါ။ ရှမာရိအမျိုးသားများသည် သခင်ယေရှုနာမတော် (၈:၁၆) ၌၎င်း၊ ယောဟန်၏ တပည့်တော်များသည်လည်း ထိုနည်း၎င်း (၁၉:၅)၊ နှစ်ခြင်းမင်္ဂလာပေးကြသည်။ မည်သို့ပင်ဖြစ်စေ သုံးပါးတဆူအမည်ဖြင့် နှစ်ခြင်းမင်္ဂလာပေးမည်ဟု ပုံသေကားချပ်မရှိပါ။ သခင်ယေရှု နာမတော်မြတ်၌ “ဆိုသည်မှာ သခင်ယေရှု၏ အမိန့်ဖြင့်” ဟု အဓိပ္ပါယ်ရရှိပါသည်။

ယောဟန်၏တပည့်များသည် ၂-ကြိမ် နှစ်ခြင်းမင်္ဂလာခံယူကြသည်။ ပထမကြိမ်မှာ ယောဟန်၏ နောင်တရခြင်းတရားနှင့် သက်ဆိုင်သည်။ အသက်တာပြောင်းလဲသောအခါ (၁၉:၃-၅) အကြိမ် ခံယူပြန်သည်။ နှစ်ခြင်းမင်္ဂလာတကြိမ် ထပ်မံခံယူခြင်းကို ကယ်တင်ခြင်းမရမီ အသက်တာမပြောင်းလဲမီ နှစ်ခြင်းမင်္ဂလာခံယူသူများသာ လုပ်ကြသည်။

Previous Article
Next Article