ရှင်မာကုခရစ်ဝင် ၅

(ည) ဂါဒရနတ်ဆိုးမောင်းထုတ်ခြင်း (၅:၁-၂၀)

၅:၁-၅ ဂါလိလဲပင်လယ်အရှေ့ဘက်တွင် ဂါဒရ ပြည်ရှိသည်။ ထိုနေရာသို့ရောက်သောအခါ နတ်ဆိုးစွဲသောလူသည် သင်္ချိုင်းကုန်းမှ ဝရုန်းသုန်းကားထပြေးလာသည်။ အမျိုးမျိုးကုသကြသော်လည်း မအောင်မြင်ကြ။ ထိုသူသည် သင်္ချိုင်းကုန်းအုတ်ဂူဟောင်းများထဲတွင် နေသူ ဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို ကျောက်ချွန်ဖြင့် သွေးထွက်သံယိုဖြစ်သည်အထိ လှီဖြတ်လေ့ရှိသည်။

၅:၆-၁၃ ထိုနတ်ဆိုးစွဲသူသည် ယေရှုကိုတွေ့လျှင် တွေ့ချင်းပြပ်ဝပ်ကိုးကွယ်လျက်ဦးချ သည်။ “ထိုအဖြစ်အပျက်ကို မျက်စိထဲတွင် မြင်ယောင်ကြည့်ပါ။ ယုံကြည်စိတ်ချစွာ ဒူးထောာာက်၊ ရိုသေ ပြပ်ဝပ်သကဲ့သို့ တခြားတဘက်တွင် ရွံမုန်းဖွယ်ရာ စိုးရိမ်ကြောက်ရွံခြင်းဖြင့် ဘဝဆုံးရှုံးနေသည်။

မစင်ကြယ်ကြောင်းကို အောက်ပါအချက်များဖြင့် တွေ့နိုင်သည်။

၁။ ယေရှုကို ပြပ်ဝပ်ရိုသေဆက်ဆံသည် (ငယ် ၆)။

၂။ ထိုသူအထဲမှ နတ်ဆိုးအား ယေရှုကမောင်းထုတ်သည် (ငယ် ၈)

၃။ ထိုဝိညာဉ်ဆိုးသည် ယေရှုရှင်ကိုသိသည်။ သူ့ကို အနှောင့်အယှက်မပေးဖို့ တောင်းပန် သည် (ငယ် ၇)။

၄။ ယေရှုက နာမည်မေးသောအခါ လေဂေါင်ဟုဖြေသည်။ နတ်ဆိုးအများအပြားခိုအောင်း ကြသည်ဟုဆိုလိုသည် (ငယ် ၉)။

၅။ နတ်ဆိုးများကစေခိုင်းသောကြောင့် လူနာကတောင်းပန်ခြင်းဖြစ်နိုင်သည်။

၆။ ထွက်သွားကြသောနတ်ဆိုးများသည် ဝက်နှစ်ထောင်ထဲသို့ဝင်၍ ပင်လယ်ထဲသို့ ခုန်ချ ကြသည် (ငယ် ၁၃)။

ဝက်နှစ်ထောင်သေဆုံးကြခြင်းနှင့် ပတ်သက်၍ သခင်ယေရှုက မကြာခဏရှင်းပြသည်။

၁။ ကိုယ်တော်ကဝက်များကို သေဖို့မစီရင်ပါ။ စာတန်၏ လုပ်ဆောင်ချက်သာဖြစ်သည်။

၂။ ဝက်ပိုင်ရှင်များ၏ စောဒကတက်ခြင်း မှတ်တမ်း မှတ်ရာမပေါ်ထွက်ပါ။ ယုဒများက တားဆီးခြင်းလည်း ဖြစ်နိုင်သည်။

၃။ လူတဦး၏ ဝိညာဉ်သည် ဝက်နှစ်ထောင်ထက်ပိုမို တန်ဖိုးရှိသည်။

၄။ ယေရှုအကြောင်းကို ပိုမိုသိရှိလျှင် ကိုယ်တော်၏ လုပ်ဆောင်ချက်များကိုလည်း ပိုမိုနား လည်နိုင်မည်။

၅:၁၄-၁ရ ထိုဝက်များ ပင်လယ်ရေထဲသို့ခုန်ချသေကုန်ကြခြင်းအကြောင်းသည်မြို့ထဲသို့ ပျံ့နှံ့သွားသည်။ လူများပြေးထွက် ကြည့်ရှုလာကြသောအခါ နတ်ဆိုးစွဲသူ သည်ယေရှုခြေတော်ရင်း တွင်အဝတ်အစားဝတ်ဆင်လျက် လူကောင်းပကတိဖြစ်နေသည်ကို တွေ့ကြသည်။ အဖြစ်အပျက်ကို တွေ့ မြင်ကြသောအခါ ရပ်သူရွာသားများသည် ကြောက်လန့် အံ့ဩကြသည်။ “ဝက်များကို သေစေပြီ၊ ယခုတိုင် အောင်ရှေ့မှာ လူတယောက်”

၅:၁၈-၂ဝ ယေရှုသည် လှေဖြင့် ထွက်ခွာသောအခါ ထိုနတ်ဆိုးလက်မှ ကျန်းမာလာသူက နောက်တော်သို့လိုက်ခွင့် တောင်းသည်။ မင်္ဂလာရှိသောစကားသို့လိုက်ခွင့်တောင်းသည်။ မင်္ဂလာရှိသော စ ကားဘဝသစ်သက်သေခံခြင်းဖြစ်သည်။ သို့သော်ခရစ်တော်ဘုရားက ခွင့်မပြု။ အိမ်ပြန်၍ အိမ်နီးနားချင်း ရပ်သူရွာသားများထံ ဘုရားသခင်၏ ဘုန်းတန်ခိုးကြီးမားပုံကို သွားရောက်သက်သေခံခိုင်းသည်။ ထိုသူ  လည်းခရစ်တော်မိန့်မှာသည့်အတိုင်း ဒေဂါပေါလိနယ်ရှိ မြို့ကြီးဆယ်မြို့ သက်သေလိုက်ခံရာ ကြားသိ သူတိုင်း ရင်သပ်အံ့ဩကြသည်။

သခင်ဘုရားခံစားရသောကျေးဇူးတော်ကို “ဘုရားရှင်ပြုတော်မူသော ကရုဏာတော်ကို အိပ်ပြန်၍မိတ်ဆွေအပေါင်းအသင်းများအားသက်သေခံလော့”ဟုဆိုသည်။ ဧဝံဂေလိတရားသည် မိမိနေ အိမ်မှ အစပြုသည်ကို သတိပြုပါ။

(ည) နာတာရှည်ရောဂါသည်ကျန်းမာစေခြင်း နှင့်သေလွန်သူထမြောက်စေခြင်း (၅:၂၁-၄၃)

၅:၂၁-၂၃ ဂါလိလဲအိုင် အနောက်ဖက်ကမ်းခြေသို့ရောက်ရှိသောအခါ လူအုပ်ကြီးက ကိုယ်တော်အား ဝိုင်းရံကြသည်။ ထိုအထဲတွင် တရားစရပ်မှူး ဣရသည် အူယားဖားယားဖြင့် အထံတော် သို့ပြေးလာသည်။ သူ၏ သမီးငယ်သည် သေလုမျောပါးသေဇောငင်နေသည်။ သမီးငယ်အပေါ်တွင် ကိုယ် တော်ဘုရား၏ လက်တင်ပေး၍ ကျန်းမားစေဖို့မျှော်လင့်တကြီးခယတောင်းပန်သည်။

၅:၂၄ သခင်ဘုရားလည်း ချက်ချင်းလိုက်သွားသည်။ လူအုပ်ကြီးကလည်း ကြက်မနောက် သို့ ကြက်အုပ်ကလေးလိုက်သကဲ့သို့ လိုက်ကြသည်။ ထိုသို့ဝိုင်းအုံလိုက်ကြခြင်းမှာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။ ခရစ်တော်နှင့် တို့ထိလျှင် ကျန်းမာချမ်းသာကြမည့်အကြေင်းမျှော်လင့်ချက်ဖြင့် လိုက်ကြ ခြင်းဖြစ်သည်။

၅:၂၅-၂၉ ကိုယ်တော်ဘုရား ဣရုအိမ်သို့လျှောက်လှမ်းစဉ် လမ်းခုလပ်တွင် အမျိုးသမီး တဦးကတို့ထိခဲ့သည်။ ကိုယ်တော်ဘုရားသည် စိတ်မဆိုသည့်အပြင် နှောင့်ယှက်သည်ဟုမထင်။

စနစ်တကျစီစဉ်ရှေးဆွဲလုပ်ဆောင်သည့်အခါ ကြားပေါက်အရေးကြီးသောအလုပ်ကစ္စပေါ် ထွန်းခြင်းသည် အရေးပေါ်အလုပ်နှင့် ပုံမှန်အလုပ်ခွဲခြားတတ်ရန် ဘုရားရှင်စီစဉ်ပေးခြင်းဖြစ်သည်။ အချိန် ဖြုန်းတီးခြင်းမဟုတ်ပါ။ တနေ့တာလုပ်ငန်းဆောင်တာတွင် အရေးအကြီးဆုံးကိစ္စဖြစ်သည်။ ကြားဖြတ်အ သေးအဖွဲ့ကိစ္စကသည်လည်း ဘုရားသခင်အတွက် အကောင်းဆုံးအမှုဖြစ်နိုင်သည် (Chrice G’leauings calendar)။

ထိုအမျိုးသမီးသည် ရာဇာဝင်တင်လောက်အောင်(၁၂)နှစ်ကြာသွေးသွန်နေသည်။ သမား တော်ကြီးအမျိုးမျိုးနှင့်ကုသသော်လည်း မျှော်လင့်ချက်ကုန်နေပြီ။ ထိုအခိုက်တစုံတစ်ဦးက ယေရှုအား မျှော်လင့်ရန်ညွန်းသည်။ သို့သော် တွေ့ခွင့်မကြုံနိုင်။ ယေရှုရောက်လာကြောင်းသိရှိသောအခါ မျှော်လင့် ချက်အပြည့်ဖြင့် လူအုပ်ထဲအတင်းတိုး၍ ကိုယ်တော်၏ ဝတ်လုံတော်အား ကိုင်သည်။ ချက်ချင်းသွေးတိတ် လျက်အကောင်းပကတိဖြစ်သွားသည်။

၅:၃ဝ သွေးတိတ်သွားပြီဖြစ်သောကြောင့် လူသူမသိအောင်ပြန်ထွက်မည့် စိတ်ကူးကို သခင် ဘုရားကသိနေသည်။ သခင်ဘုရား၏ ဘုန်းတန်ခိုးစီးဆင်းသွားရာကျန်းမာလိုသူက တို့ထိမှန်းသိသည်။ ထို့ကြောင့် “င့ါဝတ်ရုံကိုအဘယ်သူတို့ထိသနည်း”ဟုမေးသည်။ ကိုယ်တော်ဘုရားက ကြားသိမည့်အဖြေ စကားလည်းကြိုသိပါသည်။ သို့သော် လူပရိသတ်ရှေ့တွင် ဝန်ခံစေချင်သည်။

၅:၃၁ တပည့်တော်များက ဤမျှကြပ်ညှပ်နေသောလူအုပ်ကြီးထဲက ကိုယ်တော်၏ ဝတ်ရုံထိ သူကိုမည်သို့သိရှိနိုင်မည်နည်းဟု ဆိုကြသည်။ သို့သော် သာမန်တို့ထိခြင်းနှင့် ယုံကြည်ခြင်းဖြင့် တို့ထိခြင်း မတူပါ။ ယုံကြည်ခြင်းဖြင့် တို့ထိခြင်းမဟုတ်။ ယုံကြည်ခြင်းမပါသောကြောင့် အနာရောဂါကင်းငြိမ်းခြင်း နှင့် လည်းမဆိုင်။

၅:၃၂-၃၃ ထိုအမျိုးသမီးသည် ကြောက်ကြောလန့်လန့်ဖြင့် လူအုပ်ရှေ့သို့ တုန်တုန်ရီရီထွက် လာသည်။ ကိုယ်တော်ဘုရားရှေ့မှာ ဒူးထောက်ချသည်။ ပရိသတ်လူပုံအလယ်တွင် ကိုယ်တော်ဘုရားအား ဝန်ခံသည်။

၅:၃၄ ကိုယ်တော်ဘုရားကလည်း ထိုအမျိုးသမီးငယ်၏ ဝိညာဉ်ကိုပါ အာမခံချက်ပေးလိုက် သည်။ ခရစ်တော်ကို ဝန်ခံခြင်းသည် အရေးကြီးသော အမှုကိစ္စရပ်ဖြစ်သည်။ ဝန်ခံခြင်းမရှိလျှင်ခရစ်ယာန် အသက်တာသည်လည်း ကြီးထွားခြင်းမရှိနိုင်။ ယုံကြည်ရဲဝံ့စွာဝန်ခံလျှင် ယုံကြည်ခြင်းအားအာမခံချက်အ ကပြည့်အဝပေးပါသည်။ ကိုယ်တော်ဘုရား၏ နှုတ်စကားသည် လူ့ကိုခန္ဓာကျန်းမာခြင်းသာမက၊ ဝိညာဉ် အတွက်ကယ်တင်ခြင်းမင်္ဂလာကို လည်းပေးအပ်သည်။

၅:၃၅-၃၈ ထိုသို့စကားပြောဆိုနေစဉ်ဣရုအိမ်မှလူတစ်ယောက်ပြေးလာပြီး ကိုယ်တော် အလာနှောင့်နှေးစေကြသောကြောင့် ဣရု၏ သမီုးအသက်မမှီကြတောပါဟုလာပြောသည်။ ကိုယ်တော် ဘုရားလာစရာမလိုတော့ပါဟုဆိုသည်။ ကိုယ်တော်ဘုရားသည် ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်၍ ဣရုအိမ်သို့ဆက်သွားသည်။ အိမ်သူအိမ်သားများအော်ဟစ်ငိုကြွေးကြသည်။ ဝမ်းနည်းပူဆွေးကြသည်။ လူးလိမ့်အော်မြည်ကြသည်။

၅:၃၉-၄၂ ယေရှုက ဤသူငယ်မမသေသေးပါ။ အိပ်ပျော်နေခြင်းဖြစ်သည်ဟုဆိုသောအခါ မျက်ရည်ကြားမှ မော့ကြည့်ကြသည်။ မိဘများရှေ့မှာ သူငယ်မ၏ လက်ကိုကိုင်၍ အာရမိဘာသာစကား ဖြင့် “မိန့်မငယ်ထလော့”ဟုအမိန့်ပေးလိုက်သည်။ ထို (၁၂)နှစ်အရွယ်ကလေးမသည် ချက်ချင်းထပြီး လမ်း လျှောက်သည်။ ဆွေမျိုးသားချင်းများသည် ဝမ်းသာအားရထခုန်ပျော်ရွှင်ကြသည်။

၅:၄၃ ထိုသို့လုပ်ဆောင်ပုံများကို အခြားသူများသို့ သတင်းမပျံ့နှံ့စေဖို့ ကိုယ်တော်ဘုရားက သတိပေးတားမြစ်သည်။ အဘယ်ကြောင့်ဆိုသော ကိယ်တော်ဘုရားသည် ထင်ပေါ်ကျော်ကြားလိုသူမ ဟုတ်။ ကားတိုင်အမှုသာ စိတ်ဝင်စားသည်။

သေလွန်သော သူငယ်မအား ပြန်လည်ထမြောက်စေပြီ။ ဤအခန်း (၅)တွင် နတ်ဆိုးများကို မောင်းထုတ်ခြင်းအနာရောဂါကင်းငြိမ်းစေခြင်း၊ သေခြင်းကိုအနိုင်ယူခြင်းစသည့် ဘုန်းတန်ခိုးတော်များတွေ့ ရသည်။ အချို့ကျမ်းစာသုတေသီးများက ထိုအမျိုးသမီးသည် အမှန်တကယ် အသက်မပျောက်သေးပါဟု ငြင်းဆိုကြသည်။ သတိလက်လွှတ်အသက်မျှောခြင်းဖြစ်သည်ဟုဆိုသည်။ အကယ်၍ သေဇောငင်နေသည် ဆိုလျှင် သတိရလာသောအခါ ချက်ချင်းလမ်းလျှောက်နိုင်ပါမည်လား။

“သူ့အားစားစရာကျွေးမွေးလော့” ဟုသူငယ်မအားအစာကျွေးခိုင်းသည်။ ဝိညာဉ်ရေးရာ သမားဆက်လက်ပျော်မွေ့စေ “ဝိညာဉ်အသက်တာ၌ဆက်လက်ပျော်မွေ့စေ”ဟုအနက်ကောက်ကြသည်။ အသက်တာအသစ် ရရှိသူများသည် ဝိညာဉ်အာဟာရမှီဝဲရန် လိုပါသည်။ ကယ်တင်ရှင်သခင်သည် တပည့် တော်ပေတရုအား ကိုယ်တော်၏ သိုးများကို ကျွေးမွေးစေခဲ့သည်မဟုတ်လော။

Previous Article
Next Article