ရှင်လုကာခရစ်ဝင် ၁၁

(ဆ) တပည့်တော်များ၏ ဆုတောင်း (၁၁:၁-၄)

အခန်း ၁ဝနှင့် ၁၁အကြားတွင် ကြားကာလရှိသည်။ ထိုအကြောင်းကို ယော ၉:၁-၁၀:၂၁ တွင် မှတ်တမ်းတင်ထားသည်။

၁၁:၁ ဤနေရာတွင် သခင်ယေရှု၏ ဆုတောင်းခြင်းအသက်တာပြည့်ဝပုံကို ဖော်ညွန်းထား သည်။ ထိုသို့ဆုတောင်းခြင်းသည် လူသားတော်က အဘဘုရားသခင်အပေါ် အမြဲတမ်းတည်မှီပုံကို ပြသ ခြင်းဖြစ်သည်။ သခင်ဘုရား၏ သက်တော်စဉ်တွင် ဆုတောင်းခြင်းသည် အဓိက မဏ္ဍိုင်ဖြစ်သည်။ ထိုသို့ အမြဲတမ်းဆုတောင်းလေ့ရှိကြာင်း၊ တပည့်တော်များသိမြင်ကြသည်။ ထိုသို့ အမြဲတမ်းဆုတောင်းသောအခါ တပည့်တော်များသည်လည်း သခင်ဘုရားကဲ့သို့ ဆုတောင်းချင်ကြသည်။ သို့ကြောင့် တပည့်တော်တပါး က သခင်ဘုရားအား ဆုတောင်းနည်း သင်ပေးရန် လျှောက်လဲသည်။ “ဆုတောင်းနည်းသင်ပေးပါ”ဟု ဆိုသည်။ မည်သို့ပင်ဆိုစေ၊ ဆိုလိုချက်နှင့် နည်းလမ်းနှစ်ခုစလုံးအကြုံးဝင်ပါသည်။

၁၁:၂ ဤနေရာတွင် သခင်ဘုရား သင်ပေးသော စံပြဆုတောင်းနည်း ပဌာနာတော်သည် ရှင်မဿဲခရစ်ဝင်ကျမ်းတွင်ဖော်ပြချက်နှင့် မတူညီပါ။ ထိုသို့ကွဲလွဲခြင်းများသည် ရည်ရွယ်ချက်ရှိသည်။ အဓိပ္ပါယ်ရှိသည်။ အကြောင်းမဲ့သက်သက်မဟုတ်။

ပထမဦးဆုံးအချက်မှာ ဘုရားသခင်အား အဘဘုရားသခင်ဟု ရင်းနှီးစွာလိပ်မူရမည်။ ထိုကဲ့သို့ဘုရားသခင်အား ရင်းနှီးစွာခေါ်ယူခြင်းမျိုး ဓမ္မဟောင်းကာလတွင် မရှိပါ။ ယခုကာလတွင်မူ ကောင်းကင်ဘုံရှင်ဘုရားသခင်အား ခမည်းတော် ဟုယုံကြည်သူများကခေါ်ဝေါ်ခွင့်ရကြပြီ။ နောက်တချက် မှာ နာမတော်အားရိုသေရမည်။ ဆိုလိုသည်မှာ စိတ်နှလုံးကြည်လင်သန့်ရှင်းစွာဖြင် ဘုရားသခင်အား ဦးညွှတ်ရှိခိုးရမည်။ နိုင်ငံတော်တည်ထောင်ပါစေသားဆိုသည်မှာ စာတန်ဒုစရိုက်အား ဖယ်ရှား၍ ခရစ် တော်ဘုရား လောကကြီးကို အုပ်စိုးမည့်နေ့ရက် အမြန်ရောက်လာ ပါစေ၊ ကောင်းကင်ဘုံ၌ အလိုတော် ပြည့်စုံသကဲ့သိုပ မြေကြီးပေါ်မှာလည်း ပြည့်စုံပါစေဟု ဆိုလိုသည်။

၁၁:၃ ဘုရားခင်၏ နိုင်ငံတော်နှငက့် ဖြောင့်မတ်ခြင်းကို ပထမရာတွင် ဦးစားပေးရသည်။ ထို့နောက်မှ အခြားလိုချင်သောအရာများကို ဆုတောင်းရသည်။ နေ့စဉ် အသက်ရှင်ရာတွင် လိုအပ်သော ကိုယ်ကာယ၊ အစားအစာနှင့် ဝိညာဉ်အာဟာရများက နောက်မှလိုက်ရသည်။ ကိုယ်တော်ဘုရားသည် ခပ်သိမ်းသောအရာများ၏ အရင်းအမြစ်ဖြစ်သောကြောင့် နေ့စဉ်အသက်တာကိုလည်း ကိုယ်တော်ဘုရား ထံတည်မှီရသည်။

၁၁:၄ နောက်ဆုတောင်းရမည့်အချက်မှာ အပြစ်ဒုစရိုက်များကို ခွင့်လွှတ်ဖို့ဖြစ်သည်။ တပါးသူများ၏ စိညာဉ်ကို ဖြေလွှတ်ဖို့ဖြစ်သည်။ ဤစကားသည် အပြစ်ဒဏ်မှ ကင်းလွှတ်ခွင့်ရရန် ဆိုလို ခြင်းမဟုတ်။ ကာရာနီကုန်းတောင်ပေါ်တွင် သခင်ယေရှုပြုတော်မူသောအမှုအားဖြင့် အပြစ်ဒဏ်မှ ကင်းလွှတ်ခွင့်ရရန် ဆိုလိုခြင်းမဟုတ်။ ကာရာနီကုန်းတောင်ပေါ်တွင် သခင်ယေရှုပြုတော်မူသော အမှုအား ဖြင့် အပြစ်ဒဏ်မှ ကင်းလွှတ်ခွင့်ရကြောင်း၊ ယုံကြည်မှသာလျှင် အမှန်တပယ်ခံစားခွင့်ရှိသည်။ ထို့အပြင် အသေးအမွှားကစ္စရပ်များတွင် မိဘများက သားသမီးများကို အပြစ်မမြင်သည့် ခွင့်လွှတ်ခြင်းမျိုးလိုအပ် သည်။ သူတပါးအပြစ်ကို ခွင့်မလွှတ်နိုင်သော စိတ်နှလုံးနာကျည်းခြင်း၊ စိတ်သဘောထား မာကြောခက် ထန်ခြင်းရှိနေလျှင် သခင်ဘုရားနှင့် မိဿဟာယမဖွဲ့နိုင်။ ပြတ်တောက်သွားသည်။ ခွင့်လွှတ်ခြင်းသည် ပေါင်းသင်းဆက်ဆံရေးပျက်ပြားခြင်းကို ပြန်လည်ရှင်သန်စေသည်သာမက ဘုရားသခင်နှင့် မိဿဟာယဖွဲ့ ခြင်းကိုလည်း မြဲမြံခိုင်မာစေပါသည်။

အပြစ်သွေးဆောင်ရာသို့ မလိုက်ပါစေဘဲဆိုသည်မှာ ယုံကြည်သူအသက်တာတွင် အခက် အခဲပြဿနာကြုံတွေ့မည့်အကြောင်းဖြစ်သည်။ ဘုရားခင်သည် မည်သူ့ကိုမှ အပြစ်မမြင်စေလိုပါ။ သိုသော် စုံစမ်းခြင်းစမ်သပ်ခြင်း ကြုံတွေ့နေကြသည်။ ထိုသို့ကြုံတွေ့ရခြင်းသည် အရည်အချင်းတောက်ပြောင်ဖို့၊ အသက်တာရင်ကျက်ဖို့ဖြစ်သည်။ နေ့စဉ်လုပ်ငန်းဆောင်တာ အသီးသီးတွင် အပြစ်ထဲသို့ ကျရောက်စရာ နှင့် ရင်ဆိုင်ကြုံတွေ့နေကြရသညါ။ မိမိစိတ်ဆန္ဒဖြင့် လုပ်ချင်သော်လည်း အပြစ်လမ်းဖြစ်လျှင် ကွယ်ကာဖို့ ဆုတောင်းရသည်။ တခါတခါ မိမိဆုတောင်းချက်မျာသည် အပြစ်ဒုစရိုက်ပြုရာ လမ်းဖြစ်နိုင်သည်။ မိမိအသိ စိတ်၊ အရည်အသွေးဖြင့် နားမလည်နိုင်၊ မမြင်နိုင်ပါ။ ထို့ကြောင့် မကောင်းသောအမှုအရာမှ ကွယ်ကာ စောင်မတော်မူပါဟု ဆက်လက်ဆုတောင်းရသည်။

(ဇ) ဆုတောင်းခြင်းပုံဥပမာနှစ်ခု (၁၁:၅-၁၃)

၁၁:၅-၈ ဘုရားသခင်သည် ဘုရားသားသမီးများ၏ ဆုတောင်းသံကို အစဉ်နားညောင်း၍ ဖြည့်ဆည်းသူဖြစ်ကြောင်း၊ ပုံဥပမာပေးရှင်းပြထားသည်။ ညဉ့်လယ်ယံမှာ တခါးခေါက်သော ဧည့်သည် ဖြင့် ပုံဥပမာပေးထာသည်။ မမျှော်လင့်သော ဧည့်သည်ရောက်လာသဖြင့် ညစာကျွေးရန် အလုံအလောက် မရှိ၍ အိမ်နီးနားချင်းထံတွင် မုန့်သုံးလုံးသွားတောင်းသည်။ မထမတံခါးလာခေါက်စဉ်တွင် အိမ်ရှင်သည် အနှောင့်အယှက်ပေးသည်ဟုဆိုကာ အိပ်ယာမှမထ။ တံခါးမဖွင့်ပေး။ နားမခံသာအောင် တကျီကျီတံခါး ခေါက်ရင်းအော်ခေါ်သဖြင့် နောက်ဆုံးတွင် အိပ်ယာထ တံခါးဖွင့်ပေးကာ ဘာလုပ်ပေးရမည်လဲဟုဆိုသည်။

ဤနေရာတွင် သတိထားစရာရှိသည်။ အစဉ်မနာမနေဆုတောင်းချက်များသည် ဘုရား သခင်ကို နှောင့်အယှက်ပေးခြင်းမဟုတ်ပါ။ တကျီကျီဆုတောင်းသံကို စိတ်မရည် သီးမခံနိုင်သဖြင့် အဖြေ ပေးလိုက်ခြင်းမျိုးမဟုတ်ပါ။

အကူအညီတောင်းခြင်းသည် မိမိ၌ မတတ်စွမ်းနိုင်သဖြင့်အကူအညီတောင်းခြင်းဖြစ်သည်။ ဘုရားသခင်သည် သားသမီးများ၏ ပူဆာသံ၊ နွဲ့သံ၊ ချွဲသံများကိုကြားချင်သူဖြစ်သည်။ အားကိုးတကြီး တောင်းခံခြင်းကို လိုချင်သည်။

၁၁:၉ ဆုတောင်းခြင်းမပျင်းဖို့၊ ဆုတောင်းခြင်း မပေါ့လျှော့ဖို့ သွန်သင်သည်။ “တောင်းပါ၊ ရှာပါ၊ ခေါက်ပါ”၃၈တခါတခါဆုတောင်းချက်၏ အဖြေချက်ချင်းရရှိတတ်သည်။ သာမန်အားဖြင့် ဇွဲလုံ့လရှိရှိ ဆုတောင်းခြင်းကိုသာ အဖြေပေးပါသည်။

ဆုတောင်းချက်ကို အဖြေပေးတော်မူပါသ်။ တခါတရံစိတ်အားငယ်ခိုက် ယုံကြည်ခြင်းဆု လက်ဆောင်ပေးသည်။ ယုံကြည်ခြင်းပိုမိုလေးနက်စေရန် ကိုယ်တော်ဘုရားနှုတ်ဆိတ်တတ်သည်။ နာမတော်သည် မြတ်နိုးစရာအကောင်းဆုံးပြင်ဆင်ထားပေး။ လယ်တွင်လောင်၍ တောင်တွေပြိုစေ၊ ကတိတော်တည်မြဲဆဲ၊ သမ္မာတရားရှင်နေဆဲ၊ ကိုယ်တော်သာလျှင့် ဘဝခွန်အားပဲ။

M.G.P.

ဤပုံဥပမာက စိတ်ပျက်အားငယ်ခြင်းမရှိဘဲ၊ ဇွဲလုံ့လဖြင့် ဆုတောင်းဖို့ သွန်သင်ပါသည်။ တောင်းပါရှာပါ။ ခေါက်ပါ ဟုဆိုသည်။ ချက်ချင်းအဖြေမပေးခြင်းသည် စိတ်ရှည်ခြင်းနှင့် ဇွဲလုံ့လ ဆန်းစစ် ခြင်းဖြစ်သည်။

၁၁:၁ဝ တောင်းလျှင်ရမည်၊ ရှာလျှင်တွေ့မည်၊ ခေါက်လျှင့်ဖွင့်ပေးမည် ဟုသွန်သင်ဆုံးမ ထားပါသည်။ အဖြေမပေးလျှင် ကျွန်ုပ်တို့အတွက် အကောင်းဆုံးသောအစီအစဉ်ရှိသေးသည် ဟုနားလည် ရမည်။ ကိုယ်တော်၏ ငြင်းပယ်ချက်သည် ကျွန်ုပ်တို့၏ ဆုတောင်းခြင်းထက် ကောင်းသောအဖြေဖြစ်သည်။

၁၁:၁၁-၁၂ ဤကျမ်းပိုဒ်က ဘုရားသခင်သည် မလိမ်ညာတတ်ကြောင်း၊ ဈေးမစစ်တတ် ကြောင်းသွန်သင်ပါသည်။ မုန့်တောင်သူက ကျောက်ခဲမပေး။ ထိုခေတ်အခါက မုန့်သည် ကျောက်ခဲနှင့် ဆင်တူပုံစံတည်းဖြစ်သောကြောင့် ပုံသဏ္ဍာန်တူသောအရာနှစ်ခုကို ဥပမာပေးခြင်းဖြစ်သည်။ ငါးတောင်း လျှင်မြွေပေးမည်မဟုတ်။ ဥတောင်းလျှင် ကင်းမြီးကောက်ပေးမည်မဟုတ်။ မြွေဆိုသည်မှာ ပျက်စီးခြင်း၊ ကင်းမြီးကောက်ဆိုသည်မှာ နာကျင်ခြင်းကိုဆိုလိုသည်။

၁၁:၁၃ လောကလူသားဖခင်များသည်ပင်လျှင် သားသမီးများအား အကောင်းဆုံး ဆုလက်ဆောင်ပေးကြသည်။ ထိုမျှမကကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်း သူတို့အား သန့်ရှင်းသော ဝိညာဉ်တော်ကို သာ၍ ပေးတော်မူသည်မဟုတ်လော။ ထိုအကြောင်းကို J.G. Bellet က “ကိုယ်တော်ဘုရားသည် ကျွန်ုပ်တို့၏ အလိုအပ်ဆုံးအရာကို ရွေးချယ်ပေးပါသည်။ အကောင်း ဆုံးပေးချင်သော အရာမှာ သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်သည်” ဟုဆိုသည်။။ သခင်ယေရှု ထိုသို့ပြောနေ စဉ်သန့်ရှင်းသော ဝိညာဉ်တော် ဘုန်းမပွင့်သေး (ယော ၇:၃၉)။ ယနေ့ခေတ်ကာလတွင်မူ သန့်ရှင်း သော ဝိညာဉ်တော်ကိန်းဝပ်ဖို့ဆုတောင်းရန်မဟုတ်တော့ပါ။ အသက်တာပြောင်းလဲသည့် အချိန်မှစ၍ မိမိထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ပြီးဖြစ်ပါသည် (ရော ၈:၉၊ ဧ ၁၃-၁၄)။

သို့သော် အခြားနည်းလမ်းများတွင် သန့်ရှင်းသော ဝိညာဉ်တော်လိုအပ်ချက်ရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်၌ သွန်သင်ဖို့၊ လမ်းပြဖို့တန်ခိုးသွန်းလောင်းဖို့၊ အမှုတော်ဆောင်ရာ၌ ခွန်အား ပေးဖို့ဆုတောင်းရသည်။

တပည့်တော်များအား သန့်ရှင်းသော ဝိညာဉ်တော်၌ ဆုတောင်းဖို့ သွန်သင်ခြင်းသည် ဝိညာဉ်တော်တန်ခိုးဖြင့် ရှင်သန်ဖို့ဖြစ်သည်။ ထိုကာလတွင် တပည့်တော်များသည် မိမိတို့အစွမ်းအစဖြင့် တပည့်တော်ဖြစ်ဖို့ စမ်းသပ်ခြင်းခံနိုင်သူများမဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးသည် ခရစ်ယာန် အသက်တာတွင် မရှိမဖြစ် လိုအပ်သော အသက်သွေးကြော ဖြစ်သည်။ ထို့ကြောင့် လိုချင်၍ ထောင်းခံသူ တိုင်းရရှိကြမည်ဟု သခင်ယေရှုက သွန်သင်သည်။

ဂရိကျမ်းမူတွင်မူ ဘုရားသခင်က ထိုသန့်ရှင်းသော ဝိညာဉ်တော်ကိုပေးမည်ဟု မရေးပါ။ သန့်ရှင်းသောဝိညာဉ်တော်ပေးမည်ဟုဆိုသည် (“ထို”စကားလုံးမပါ) H.B.Swete က “ထို”ဟူသော စကား လုံးမပါရှိလျှင် ဝိညာဉ်ဆုလက်ဆောင်သာ ရည်ညွန်းသည်ဟု ရှင်းပြသည်။ ထိုစကားအရဆိုလျှင် သန့်ရှင်း သော ဝိညာဉ်တော်အတွက် မဟုတ်။ အမှုတော်အတွက် ဆုတောင်းရသည်။ ဤကျမ်းပိုဒ်နှင့် ကျမ်းပြိုင် ဖြစ်သော (မ ၇:၁၁) တွင်မူ….. ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်း သောသူတို့အား ကောင်းသော အရာကိုသာ၍ ပေးတော်မူမည်” ဟုဆိုထားသည်ကို ယှဉ်ဖတ်ကြည့်ပါ။

(ဈ) စွပ်စွဲချက်ဖြေကြားခြင်း (၁၁:၁၄-၂၆)

၁၁:၁၄-၁၆ သခင်ယေရှုက နတ်ဆိုးနှင်ထုတ် ပေးသောအခါ နတ်ဆိုးစွဲသူသည် နေကောင်းကျန်းမာသွားသည်။ ထိုအမှုအရာကို မြင်တွေ့သောလူထုပရိသတ်ကြီးသည် အံဩကြသည်။ သခင်ယေရှုကို အံ့ဩခြင်းနှင့်အတူ ဝေဖန်ဆန့်ကျင်လာကြသည်။ အချို့က ထိုသို့နတ်ဆိုးမောင်းထုတ်ခိုင်း ခြင်းသည် နတ်ဆိုးများ သခင် ဗေလဇေဗုလထံမှ တန်ခိုးအာဏာ ငှါးသုံးခြင်းဖြစ်သည်ဟု စွပ်စွဲကြသည်။ အချို့က ကောင်းကင်လက္ခဏာ ဖြစ်သည်ဟုဆိုကြသည်။

၁၁:၁၇-၁၈ သခင်ယေရှုတွင် ဗေလဇေဗုလနတ်ဝင်လာသောကြောင့် နတ်ဆိုးနှင်ထုတ်နိုင် ခြင်းဖြစ်သည်ဟု စွပ်စွဲချက်ကို (အငယ် ၁၇-၂၆)တွင် ဖြေကြားထာသည်။ လိုချင်သော နိမိတ်လက္ခဏာကို (င်ယ ၂၉) တွင် ဖြေထားသည်။ ပထမဦးစွာ သခင်ဘုရားက “တိုင်းနိုင်ငံမည်သည်ကား မသင့်မတင့်ကွဲပြား လျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ အိမ်မည်သည်ကား မသင့်မတင့် ကွဲပြားလျှင်လဲ လိမ့်မည်” ဟု စကားခြေဆင်းခင်းထာသည်။ အကယ်၍ ကိုယ်တော်သည် စာတန်၏ လက်နက်တန်ဆာဖြစ်လျှင် စာတန် နှင့် စာတန်တိုက်ခိုက်ကြသည့်အဖြစ် ရောက်သွားမည်။ စာတန်နှင့် စာတန်ခိုက်ရန်ဖြစ်ပွားသည်ဟု ဆိုလျှင် ရီစရာဖြစ်ကုန်မည်။

၁၁:၁၉ ဒုတိယအချက်အနေဖြင့် ထိုအရပ်သူအရပ်သားအချို့သည်လည်း နတ်ဆိုးနှင် ထုတ်ကြသည် ဖြစ်ရာ ထိုသူများသည်လည်း ထိုနတ်ဆိုးကြီး၏ တန်ခိုးဖြင့် မောင်းထုတ်ခြင်းဖြစ်ကြပေမည်။ ယုဒများသည် ထိုအယူအဆကို ခါးသီးစွာ ငြင်းပယ်သူမျာဖြစ်သောကြောင့် ထိုသို့ ထောက်ပြခြင်းဖြစ်သည်။ မည်သို့ ချေပကြသနည်း။ ထို့ကြောင့်နတ်ဆိုးကို နှင်ထုတ်သည့်တန်ခိုးသည် ဘုရားသခင်ထံမှ လာသလား၊ နတ်ဆိုးကြီးထံမှ ရရှိသလား။ အကယ်၍ သခင်ယေရှုသည်လည်း နတ်ဆိုးထံမှ တန်ခိုးရယူခြင်းဖြစ်ပေ မည်။ နတ်ဆိုးထံမှ မဟုတ်ကြောင်း ငြင်းပယ်ကြလျှင် သခင်ယေရှု၏ တန်ခိုးသည်လည်း နတ်ဆိုးထံမှ ရရှိ ခြင်းမဖြစ်နိုင်။

၁၁:၂ဝ သခင်ယေရှုသည် ထိုနတ်ဆိုးအား ဘုရားသခင်၏ လက်ညွန်းထိုး၍မောင်းထုတ် ခြင်းဖြစ်သည်။ ဘုရားသခင်၏ လက်ညှိုးဆိုသည်မှာ အဘယ်နည်း။ ထိုအကြောင်းနှင့်ပတ်သက်၍ (မ ၁၂:၂၈)တွင် “ငါသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို အမှီပြု၍ နတ်ဆိုးကိုနှင်ထုတ်သည်မှန်လျှင် အကယ်စင်စစ်ဘုရားသခင်၏ နိုင်ငံတော်တည်ချိန်ရောက်ပြီ ဟု ဖော်ပြထားသည်။ ထို့ကြောင့် ဘုရားသခင် ၏ ဝိညာဉ်တော်နှင့် အတူတူဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ဖြင့် နတ်ဆိုးမောင်းထုတ်ခြင်းဖြစ်သော ကြောင့် ဘုရားသခင်၏ နုင်ငံတော်ရောက်လုနီးပြီဟု နားလည်ရသည်။ နိုင်ငံတော်တည်းဟူသော လူသား တော်ကိုယ်တိုင် ရောက်ရှိနေပြီ။ စင်စစ် သခင်ယေရှုသည် ဘုရားသခင်ဘိသိက်ပေးထားသူဖြစ်ကြောင်း၊ အံ့ဖွယ်နိမိတ်လက္ခဏာအဆင့်ဆင့်အမျိုးမျိုးဖြင့် သက်သေထူခဲ့ပြီးဖြစ်သည်။

၁၁:၂၁-၂၂ ယခထက်တိုင်အောင် စာတန်သည် လက်နက်အစုံစွမ်းအားကုန်ရှိနေသည်။ မည်သူကမှသူ့နေရာကို ဝင်ရောက်သိမ်းပိုက်နိုင်ခြင်းမရှိ။ မည်သူကမှစိမ်ခေါ်ခြင်းမပြုနိုင်။ ခွန်အားကြီးသော ကြောင့် မည်သူကမှ အနိုင်အထက်မပြုနိုင်ကြ။ ပိုင်ဆိုင်မှုများကိုဝင်ရောက်လုယူခြင်းမပြုနိုုင်။ သခင်ယေရှု သည် စာတန်ထက်ခွန်အားကြီးမားသူဖြစ်သည်။ အုပ်စိုးနိုင်သည်။ အနိုင်ရသည်။ စာတန်လုယက်သိမ်းယူ သော ပစ္စည်းများကိုလည်း ဖျက်ဆီးနိုင်စွမ်း ရှိသည်။ လက်နက် များကို လည်းသိမ်းပိုက်နိုင်စွမ်းရှိသည်။

ဤကျမ်းပိုဒ်သည် စာတန်က လူများကို အနိုင်ယူတိုက်ခိုက်နိုင်သည့် အကြောင်းရှင်းပြ ချက်သာဖြစ်သည်။

၁၁:၂၃ ဆက်ဆက်၍ သခင်ယေရှုက ကိုယ်တော်နှင့် အတူတူ မနေသူသည်ဆန့်ကျင် ဘက်လူဖြစ်သည်။ ကိုယ်တော်၌ စုသိမ်းခြင်း မရှိသော သူသည် ကြဲဖြန့်သောသူဖြစ်သည်ဟုဆိုသည်။ ဆရာကြီးတပါးကမူ လမ်းပေါ်မှာ မနေသောသူသည် လမ်းဘေးလူဖြစ်သည်ဟုဆိုဘူးသည်။ ဤကျမ်းပိုဒ် နှင့် (၉:၅၀)၏ ဝိရောမိကို တွေ့မြင်ခဲ့ကြပြီ။ ခရစ်တော်၏ နာမတော်၌ လုပ်ဆောင်ခြင်းဖြစ်လျှင် လွတ်လပ် စွာ လုပ်ပါလေစေ။ သို့သော ခရစ်တော်အတွက် မဟုတ်လျှင် ဆန့်ကျင်ဘက်လူဖြစ်သည်။ ခရစ်တော်၏ အမှုတော်၌ ခရစ်တော်အား ဆန့်ကျင်ခြင်းမရှိလျှင် လုပ်ပါစေ။ ဤကျမ်းပိုဒ်၏ ဆိုလိုရင်းမှာ ပထမတွင် ကယ်တင်ခြင်း၊ ထို့နောက်မှ အမှုတော်ဖြစ်သည်။

၁၁:၂၄-၂၆ ကိုယ်တော်ဘုရားက စွပ်စွဲချက်အား တဖန်ပြန်ထောက်ပြသည်။ နတ်ဆိုးဝင် သူဟုစွပ်စွဲကြကြောင်း အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ယခုထိုလူမျိုးအား လက်ပူးကြပ်တိုက် နတ်ဆိုး မောင်းထုတ်ခြင်းခံရသူများအကြောင်း ရှင်းပြသည်. ထိုအတိုင်းလည်း အမှန်တကယ် ဖြစ်ပျက်ခဲ့သည်။ ဣသရေလများသည် ရုပ်တုဆင်းဆုနတ်ဆိုး၏ ချည်နှောင်ခြင်းခံရသူများ ဖြစ်သည်။ ချည်နှောင်ခြင်းဖြေ လွတ်ပေးလုက်သည်ဆိုသည်မှာ ရုပ်တုဆင်းတုများကို ဖယ်ရှားခြင်းဖြစ်သည်။ သို့သော် ထိုနေရာတွင် သခင်ယေရှုစိုးစံဖို့ နေရာမပေး။ နေရာထိုင်ခင်းအိမ်ယာကိုမူ သန့်ရှင်းခင်းကျင်းထားသည်။ ထို့ကြောင့် ဝိညာဉ်ဆိုးသည် မိမိထက်သာ၍ ညစ်ညူးသောနတ်ဆိုးခုနှစ်ယေက် ကိုခေါ်ပြီးလျှင် ဝင်၍ နေကြ၏။ ဤကျမ်းစကားသည် ဘေးဒဏ်ကြီးကာလတွင် ယုဒလူမျိုးများ သာ၍ ဆိုးရွားစွာ ခံစားကြရမည့်အကြောင်း၊ အနီ္တခရစ်များပေါ်ထွန်းလက်ခံကြရမည့်အကြောင်းသတိပေးခြင်းဖြစ်သည် (ယော ၅:၄၃)။ ထိုသို့ ပို၍ ဆိုးရွားခြင်း၏ အပြစ်ဒဏ်သည်လည်းသာ၍ ဆိုးမည်။

ဤပုံဥပမာသည် ဣသရေလသမိုင်းကြောင်းဖြစ်သည်ဟု သာမန်အားဖြင့် ယူဆနိုင်သည်။ ယုံကြည်သူများ၏ နောင်တရခြင်း၊ မိကျောင်းမျက်ရည်ကျခြင်း နှင့် အသစ်သောအသက်တာတွင်လည်း ပုံဥပမာကောင်းဖြစ်သည်။ နွေဦးကျ၍ ရွက်သစ်ဝေရုံမျှဖြင့် မလုံလောက်ပါ။ သခင်ယေရှုခရစ်တော်အားစိတ် နှလုံးပလ္လင်တွင် စိုးစံဖို့ နေရာပေးထားရမည်။ တနည်းအားဖြင့် ပြောင်းလဲပြီးမှ ဖောက်ပြန်သူသည် အပြစ် ဒုစရိုက်များကို လက်ရပ်ခေါ်နေသူဖြစ်သည်။ ဘက်စုံတောင့်စုံမှဝင်လာနိုင်သည်။

(ည) မယ်တော်မာရိထက်မင်္ဂလာရှိသူ (၁၁:၂၇-၂၈)

လူအုပ်ထဲမှ အမျိုးသမီးတဦး ထွက်လာပြီး သခင်ယေရှုအား လွယ်သောဝမ်းနှင့် စို့တော်မူ သောသား မြက်သည် မင်္ဂလာရှိပါ၏ ဟုချီးမွမ်းသည်။ သခင်ယေရှုက သူ့ကိုမွေးသော မယ်တော်မာရိသည် မင်္ဂလာရှိသူမဟုတ်ဟု မငြင်းပါ။  ထိုထက်မင်္ဂလာရှိသူမှာ နှုတ်ကပတ်တရားတော်ကိုနာ၍ ကျင့်ဆောင် သူဖြစ်သည် ဟုပြန်ဖြေသည်။တနည်းအားဖြင့် ကညာစင်မယ်တော်မာရိသည် သခင်ယေရှုအားမွေးဖွား၊ ကျွေးမွေး၊ စောင့်ရှောက်သောကြောင့် မင်္ဂလာရှိပါသည်။ သို့သော် ဇာတိအသွေးအသားဖြင့် ဆွေမျိုးတော် စပ်ခြင်းထက် ဝိညာဉ်တွင် တော်စပ်ခြင်းက ပိုအရေးကြီးသည်။ ဤကျမ်းစကားက မယ်တော်မာရိ ကိုးကွယ် သူများအားနှုတ်ပိတ်စေပါသည်။

(ဋ) ယောန၏ နိမိတ်လက္ခဏာ (၁၁:၂၉-၃၂)

၁၁:၂၉ (ငယ် ၁၆)တွင် သခင်ယေရှုအား အံ့ဖွယ် ကောင်းကင်လက္ခဏာပြသရန် တောင်းဆိုခဲ့ကြပုံဖော်ပြထားသည်။ ထိုတောင်းဆိုသူများသည် ဆိုးညစ်လှပါတကားဟု သခင်ဘုရားမှတ် ချက်ချသည်။ ထိုသူများသည် ယုဒလူမျိုးများဖြစ်ကြသည်။ ဘုရားသားတော်ကို ဖူးမျှော်ခွင့် ရကြသည်။ နှုတ်ကပတ်တော်ကြားနာခဲ့ကြသည်။ အံ့ဖွယ်လက္ခဏာများတွေ့မြင်ခဲ့ကြသည်။ သို့သော် ယုံကြည်ခြင်းမရှိ ကြသေး။ နိုးရခက်အောင် အိပ်ချင်ယောင်ဆောင်ကြသည်။ ထို့ကြောင့် သခင်ယေရှုက ယောန၏ လက္ခဏာ တပါးအခြား လက္ခဏာပြမည်မဟုတ် ဟုဆိုသည်။

၁၁:၃ဝ ထိုနိမိတ်လက္ခဏာပေါ်မှာ မတည်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌သာ အခြေပြုပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်မယုံကြည်လျှင် သေခြင်းမှ ထမြောက်ခြင်းအကြောင်း ကိုလည်း ယုံကြည်မည်မဟုတ်။ နိမိတ်လက္ခဏာပြမှ ယုံကြည်ခြင်းသည် အလိုတော်ရှိသော ယုံကြည်ခြင်း မဟုတ်။ ဟန်ဆောင်ခြင်းသာဖြစ်သည်။ လောကသားများက မြင်လျှင်ယုံမည်ဟု ပြောကြသည်။ ဘုရားသခင်က ယုံလျှင်မြင်ရမည် ဟုဆိုသည်။

(ဋ္ဌ) ဆီးမီးအိမ်ပုံဥပမာ (၁၁:၃၃-၃၆)

၁၁:၃၃ ဤဆီမီးအိမ်သည် အထက်တနေရာတွင် ဖော်ပြသော ဆီမီးခွက်နှင့် မဆက်စပ်ပါ။ သို့သော်လည်း သဘောသဘာဝချင်း နီးစပ်သည်။ ဆီမီးအိမ်ကို တောင်းမှောက်အုပ်ရိုးထုံးစံမရှိဟု ဆိုသည်။ အိမ်ထဲသို့ဝင်လာသူတိုင်း အလင်းရောင်မြင်နိုင်ရန် မီးတင်ခုံပေါ်တွင် ထားရသည်။

ဤပုံဥပမာတွင် ဘုရားသခင်သည် ဆီမီးခွက်ပိုင်ရှင်ဖြစ်သည်။ ခရစ်တော်နှင့် ခရစ်တော်၏ အမှုတော်ကို လောကသားများမြင်ကြစေရန် အလင်းပေးသည်။ အကယ်၍ ထိုအလင်းကို မမြင်ရလျှင် ဘုရားသခင်၏ ချို့ယွင်းချက်မဟုတ်။ မမြင်သူ၏ အားနည်းချက်သာ ဖြစ်သည်။ အခန်း ၈ တွင် တပည့်တော်များအား ယုံကြည်ခြင်းရှိရန်နှင့် တောင်းအောက်တွင် အလင်းမထားရကြောင်း ပြောခဲ့သည်။ ဤကျမ်းပိုဒ်တွင်မယုံကြည်သူများသည် တပ်မက်စိတ်နှင့် အရှက်အကြောက် ကြောင့် မမြင်ကြခြင်းဖြစ် သည်။

၁၁:၃၄ မယုံကြည်ခြင်းသည် မဖြူစင်သော စိတ်သဘောထား ဖြစ်သည်။ လူ့ကိုယ်ခန္ဓာနှင့် ပုံဥပမာပေးရလျှင် မျက်စိသည် တကိုယ်လုံးအား အလင်းရောင်ပေးနိုင်သည်။ မျက်စိကောင်းလျှင် အလင်း ရောင်မြင်နိုင်သည်။ မျက်စိမကောင်း၊ ကန်းနေလျှင် အလင်းမမြင်နိုင်။

ဝိညာဉ်နယ်ပယ်မှာလည်း ထိုကဲ့သို့ ဖြစ်သည်။ သခင်ယေရှုကို တွေ့မြင်လိုစိတ်ရှိလျှင် ဘုရားသခင်က တွေ့မြင်စေမည်။ တွေ့မြင်လိုစိတ်မရှိလျှင်၊ ပတ်ဝန်းကျင် မေးငေါ့မည်ကို ကြောက်လျှင် လောကအရာတပ်မက်နေလျှင် မြင်နိုင်မည်မဟုတ်။

၁၁:၃၅ ထိုသူများသည် သူ့တို့ကို သူတို့ပညာရှိများ ဟုထင်မှတ်နေကြသည်။ အလင်းရှိသူ များဖြစ်သည်ဟု ဘဝင်မြင့်နေကြသည် သို့သော် သခင်ယေရှုက သင်တို့တွင် ရှိသော အလင်းသည် စင်စစ် တွင်အမှောင်ဖြစ်သည်ဟု သတိပေးသည်။ ပညာရှိဟန်ဆောင်ခြင်းနှင့် ဟန်ကြီး ပန်ကြီးလုပ်ခြင်းက ကိယ်တော်ဘုရားကို မမြင်သာအောင် ဖုံးကွယ်နေသည်။

၁၁:၃၆ စိတ်သဘောဖြူစင်စွာဖြင့် ခရစ်တော်အား ရှုမြင်သူသည် လောကအလင်းဖြစ်၍ ဝိညာဉ်နယ်မြေတွင်လည်း အလင်းရောင်ထွန်းလင်းသည်။ သူ၏ စိတ်နှလုံးသည်လည်း ခရစ်တော်က အလင်းပေး သောကြောင့် အတွင်းအပြင် တကိုယ်လုံးထွန်းလင်းတောက်ပသည်။

(ဍ) အတွင်းအပြင်စင်ကြယ်ခြင်း (၁၁:၃၇-၄၁)

၁၁:၃၇-၄ဝ ဖာရိရှဲအိမ်သို့ ကိုယ်တော်ဘုရား ညစာစားပွဲကြွရောက်စဉ်တွင် လက်မဆေး ဘဲထမင်းသုံးဆောင်သည်ကို အိမ်ရှင် ဖာရိရှဲမျက်လုံးပြူးအံ့ဩသွားသည်။ ထိုဖာရိရှဲ၏ စိတ်နေသဘော ထားကို ကိုယ်တော်ထွင်းဖောက်သိမြင်၍ ပြစ်တင်ဆုံးမသည်။ သင်တို့သည် ပန်းကန်ခွက်ယောက်များကို စင်ကြယ်အောင်ဆေးကြောကြသော်လည်း စိတ်နှလုံးမူ ပုပ်ပွနေသည်ဟုဆိုသည်။ ဖာရိရှဲများသည် အပြင် ပန်းအားဖြင့် ဖြောင့်မတ်စင်ကြယ်ဟန်ရှိကြသော်လည်း အတွင်းစိတ် မနောမှာ ကောက်ကျစ်သူများဖြစ် သည်။ ကိုယ်တော်ဘုရားက ထိုသူများအား အပြင်ပန်းလက္ခဏာဖြူစင်သကဲ့သို့ စိတ်မနောကိုလည်းဖြူ စင်စေလိုသည်။ ကိုယ်တော်ဘုရားသည် စိတ်နှလု့းသဘောထားကို ဦးစားပေးစိတ်ဝင်စားသူဖြစ်သည်။ “လူသည်အဆင်းသဏ္ဍာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကို ကြည့်ရှုတတ်သည်” (၁ရာ ၁၆:၇)။

၁၁:၄၁ သခင်ဘုရားက ကော်တရာကပ်စေးနဲဖာရိရှဲများအား သင်တို့ ပစ္စည်းများကို မရှိဆင်းရဲသားများအား ပေးလှူလော့၊ ထိုသို့ပေးလှူလျှင် စိတ်နှလုံးစင်ကြယ်သွားမည်ဟု ရှင်းပြသည်။ ထိုအကြောင်းကို H.A Ironside က ဤသို့ထောက်ခံသည်။

ဘုရားသခင်ကို ချစ်ချင်မြတ်နိုးစိတ်ပြည့်ဝလျှင် အခြားသူများကိုလည်း ပေးကမ်းကူညီချင် စိတ်ပေါက်ပွားလာသည်။ သူများကို ပေးကမ်းလှူဒါန်းချင်စိတ်မရှိသော ကပ်စေးနဲသည့် လူဆင်းရဲနှင့် မခြားနားပါ။ ရချင်မြဲရချင်နေသည်။ ပေးကမ်းလှူဒါန်းခြင်းသည် ဘုရားသခင်၏ ချစ်ခြင်း မေတ္တာခံယူ ရရှိသူ ဖြစ်သည်။၃၉ ရှေးဆရာကြီးတပါးကလည်း ဤသို့ဆိုဘူးသည်။ (ငယ် ၃၉-၅၂) တွင် ဖော်ပြချက်သည် ဖာရိရှဲ အိမ်ညစာစားပွဲတွင် ပြောသော (ငယ် ၃၇)နှင့် ကွဲပြားနေသည်။ အရသာကောင်းသောအရာ ဖြင့် သမ္မာ တရားယုံကြည်ခြင်းအား အစားထိုးတတ်ကြသည်။ သဘောခွေ့သည်အခါ ပြုံးပြသည်။ စကားပြောသည့် အခါ တိတ်ဆိတ်ကြသည်။ ဘုရားသခင်အား ယုံကြည်ခြင်းကို ရပ်နားခြင်းထက် ညစာစားပွဲအစီအစဉ်အား ဖျက်သိမ်းခြင်းက ပိုကောင်းပါသည်။

(ဃ) ဖာရိရှဲများအား အပြစ်တင်ခြင်း (၁၁:၄၂-၄၄)

၁၁:၄၂ ဖာရိရှဲများသည် အပြင်ပန်းလက္ခဏာကို လူမြင်ကောင်းအောင် လုပ်တတ်သူများ ဖြစ်သည်။ အသေးဖွဲ့မှစ၍ ထုံးတမ်းစဉ်လာလိုက်နာကြသည်။ ပင်းစိမ်းရွက်၊ ရှမ်းနံနံပင်မှစ၍ ဆယ်ဖို့တစ်ဖို့ ပေးလှူကြသည်။ သို့သော် ဘုရားသခင်နှင့် လူအကြားဆက်ဆံရေးတွင် အဓိက အချက် မေ့လျော့ပျက် ကွက်ကြသည် မရှိဆင်းရဲသားများကို အထင်သေးခြင်းဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပျောက်ဆုံး စေကြသည်။ ဆယ်ဖို့တစ်ဖို့ ပေးလှူခြင်းနှင့် ပတ်သက်၍ ထောက်ပြအပြစ်ဆိုစရာမရှိပါ။ သို့သော် ပဓါန အချက်ဖြစ်သော ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမရှိကြ။ ထိုသူများ အလေးပေးချက် သည် သာမညအသေးအဖွဲကိစ္စသာဖြစ်သည်။ မယောင်ရာ ဆီလူးခြင်းဖြစ်သည်။ သူများအမြင်ကောင်း အောင်လုပ်ကြသော်လည်း ဘုရားမြင်အောင် မလုပ်ကြပါ။

၁၁:၄၃ တရားစရပ်တွင် စာတန်ခိုကပ်လျက်မိမိကိုယ်ကိုချစ်ခင်ကြသည်။ ဈေးလယ်ပွဲရုံ များတွင် လူများမြင်သာအောင် ကြောင်သူတော်လုပ်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် အပြစ်ဒုစရိုက် မဟုတ်သော်လည်း မိမိကိုယ်ကို အထင်ကြီး၊ ဘဝင်မြင့်ခြင်းဖြစ်သည်။

၁၁:၄၄ နောက်ဆုံးအနေဖြင့် ထိုသူများကို ခရစ်တော်ဘုရားက မထင်မရှားသောသင်္ချိုင်း ကုန်းနှင့် ပုံနှိုင်းထားသည်။ မောရှေပညတ်တရားအရ သင်္ချိုင်းကုန်းမြေကိုင်တွယ်ထိတွေ့သူသည် ခုနှစ်ရက် ပတ်လုံးမစင်ကြယ် (တော ၁၉:၁၆)။ ထိုအချိန်ကာလတွင် သင်္ချိုင်းကုန်းကို မည်ကဲ့သို့ ပြင်ဆင်ထားသည် ကို မသိပါ။ ဖာရိရှဲများသည် အပြင်ပန်လက္ခဏာအားဖြင့် ဘုရားတရားကိုင်းရှိုင်းသူများနှင့် တူသည်။ သို့သော်အတွင်းစိတ်သဘောမှာ စင်ကြယ်ခြင်းမရှိ။၊ ထိန်းသိမ်းပြုပြင်ခြင်းမရှိသော သင်္ချိုင်းကုန်းအုတ်ဂူ နှင့်တူသည်။ ဖြစ်ချင်တိုင်းဖြစ်၊ ပျက်ချင်တိုင်းပျက်၊ လုပ်ချင်တိုင်း လုပ်ကာ ပု့ပ်စော်နံနေသည်။ ထို အုပ်ဂူ များနှင့် ဖာရိရှဲများသည် အတူတူဖြစ်သည်။

(ဏ) ကျမ်းတတ်ဆရာများ ပြစ်တင်ခြင်း (၁၁:၄၅-၅၂)

၁၁:၄၅ ကျမ်းတတ်ပုဂ္ဂိုလ်ဆိုသည်မှာ မောရှေစီရင်ထုံးကို ထုံးလိုမွှေရေလိုနှောက်၍ ရှင်းပြ၊ အနက်ဖွင့် ပြနိုင်သူများဖြစ်သည်။ မည်မျှပင်တော်ကြစေကာမူမည်ကဲ့သို့ လုပ်ကိုင်ရကြောင်းပြောပြတတ် သူများသာ ဖြစ်သည်။ သူတို့ကိုယ်တိုင် နာမူနာပြလုပ်ကိုင် ကျင့်ကြံခြင်းမရှိကြ။ သခင်ယေရှုက ဖာရိရှဲများ နှင့် ကျမ်းတတ်ပုဂ္ဂိုလ်များအား သင်္ချိုင်းကုန်းနှင့် တစ်တစ်ခွခွ နှိုင်းယှဉ် သောအခါ ထိုသူများ အားစော် ကားရာရောက်ကြောင်း၊ ကျမ်းတတ်ပုဂ္ဂိုလ်တဦးက တုံ့ပြန်စကားဆိုလာသည်။

၁၁:၄၆ ထိုစကားကို တည်၍ သခင်ယေရှုက ကျမ်းတတ်များ၏ အပြစ်များကို ထုတ်ဖော် ထောက်ပြသည်။ ပထမဦးဆုံးအချက်မှာ ကျမ်းတတ်ပုဂ္ဂိုလ်များသည် မိမိတု့ိမလိုက်နာနိုင်သော ဝန်ထုတ် ဝန်ပိုးများကို အခြားသူများ ပုခုံးပေါ်သို့တင်ပေးသည်။ ထိုအကြောင်းကို Kelly က “သူတို့၏ အရေးပါအရာ ရောက်မှုကို ခုတုံးလုပ်သော စက်ဆုပ်ရွံရှာဖွယ်ရာများဖြစ်သည်”။၄၀ ဟုမှတ်ချက်ပြုသည်။ အရေးမပါအရာ မရောက်သော စည်းကမ်းဥပမာများ ပြဌာန်းကြသည်။

၁၁:၄၇-၄၈ ကျမ်းတတ်ပုဂ္ဂိုလ်များသည် မျက်နှာ ဖုံးစွပ်လူသက်သမားများဖြစ်သည်။ ဘုရားသခင်၏ ပရောဖက်များဟန်ဆောင်ကြသည်။ ဘိုးဘေးများ၊ ရှေးပရောဖက်များ၏ အုတ်ဂူများကို လွန်ကျူးသူများ ဖြစ်သည်။ ထိုစကားကို အမှတ်တမဲ့ နားထောင်လျှင် ရိုသေကိုင်းရှိုင်းသည်ဟု ယူဆနိုင် သည်။ သို့သော် သခင်ယေရှုဆိုလိုသည်မှာ ထိုသို့မဟုတ်ပါ။ ဘိုးဘေးများသည် ပရောဖက်များကို သတ်ဖြတ်ခဲ့ကြသည်။ ထိုခြေရာလိုက်နင်းနေကြသည်ဟု ဆိုလိုသည်။ ထိုကာလတွင် ပရောဖက်များအ တွက် အုတ်ဂူပြင်ဆင်ကြသည်။ ဘုရားသခင်၏ အမြင့်ဆုံးသော ပရောဖက်၏ အသက်ကို အန္တရာယ်ပြု ကြ သည်။ ထို့နောက်ဘုရားသခင်၏ သစ္စာရှင်ပရောဖက်နှင့် တမန်တော်များကိုရန်ရှာကြဦးမည်။

၁၁:၄၉ ဤကျမ်းပိုဒ်နှင့် (မ ၂၃:၃၄)ကို ယှဉ်ဖတ်လျှင် သခင်ယေရှုကိုယ်တိုင်သည် ဘုရားသခင်၏ ဉာဏ်ပညာတော်အဖြစ် မြင်ကြမည်။ ဘုရားသခင်၏ ဉာဏ်တော်ကို ကိုးကားမှီတင်းလျက် ပရောဖက်၊ တမန်တော်တို့ကို စေလွှတ်မည်ဟု ဆိုထားသည်။ ရှင်မဿဲ ခရစ်ဝင်ကျမ်းတွင် မူ အခြားကျမ်း ပိုဒ်၊ အခြားအကိုးအကားမှီငြမ်းခြင်းမပြု။ ရိုးစင်းစွာ ပကတိအတိုင်းရေးထားသည်။ (၁ကော ၁:၃၀)တွင် လည်းခရစ်တော်ကို ဉာဏ်ပညာအဖြစ်ထိုတ်ဖော်ထားသည်။) သခင်ယေရှုက ပရောဖက်နှင့် တမန်တော် များစေလွှတ်မည်ဟု ကတိတော်ပြုထားသည်။ ထိုသူများကိုလောက သားများက ညှဉ်းပန်းသတ်ဖြတ်ကြဦး မည်ဟု ဗျာဒိတ်တော် ပေးထားသည်။

၁၁:၅၀-၅၁ ဓမ္မဟောင်းကျမ်းတွင် မှတ်တမ်းတင်ထားသော အာဗေလမှစပြု၍ နောက်ဆုံး ယဇ်ပလ္လင်နှင့် အိမ်တော်အကြားတွင် သတ်ခဲ့ကြသော ဇာခရိ (၆ရာ ၂၄:၂၁) တို့၏ သွေးများသည် ကမ္ဘာ အဆက်ဆက်သတ်ဖြတ်ခံရသော ပရောဖက်များက စကားပြောတရားစွဲဆိုကြမည်။ ရာဇဝင်ချုပ်ဒုတိယ စာစောင်သည် ယုဒများ၏ နောက်ဆုံးကျမ်းဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုက ကမ္ဘာဦးကျမ်းအစက အာဗေလမှစ၍ နောက်ဆုံးကျမ်းရှိ ဇာခရိထိ ရည်ညွန်းခြင်းဖြစ်သည်။ ထိုခေတ်ကာလလူများက ကိုယ်တော်ဘုရားအား လက်ဝါးကပ်တိုင်သို့ ပို့ဆောင်ကွပ်မျက်ကြမည့်အကြောင်းလည်းသိသည်။ ဘုရား သခင်၏ လူများအား အဆုံးစွန်ညှဉ်းပန်းနှိပ်စက်ကြမည့်အကြောင်းလည်းဖြစ်သည်။ အဘယ်ကြောင့်ဆို သော်ထိုသူများ၏ သွေးသည် ယုဒများထံသို့ စီးဆင်းလိမ့်မည်ဟု ဆိုထားသည်။

၁၁:၅၂ နောက်ဆုံးအပြစ်တင်ချက်မှာ ကျမ်းတတ်ပုဂ္ဂိုလ်များသည် ပညာဖွင့်သော သော့ကို သိမ်းထားကြသည်။ ထိုစကားမှာ နှုတ်ကပတ်တော်အား လူထုပရိသတ်ထံ မရောက်ရှိအောင် တားဆီးခြင်း ဖြစ်သည်။ ကျမ်းတတ်ဆရာများသည် အပြင်ပန်းလက္ခဏာအားဖြင့် ဘုရားတရားကိုင်းရှိုင်း ဟန်ရှိကြသော်လည်း ထိုကျမ်းစာပိုင်ရှင် သခင်ကိုမူကာ လက်မခံနိုင်။ ငြင်းပယ်ကြသည်။ ခရစ်တော်အား လက်မခံနိုင်အောင် ပရိသတ်ကို ဟန့်တားကြသည်။ သူတို့ ကိုယ်တိုင်က သခင်ယေရှုကို လက်မခံသကဲ့သို့ အခြားသူများကိုလည်း လက်မခံစေချင်ကြပါ။

(ဎ) ကျမ်းတတ်ပုဂ္ဂိုလ်နှင့် ဖာရိရှဲများ၏ တုံ့ပြန်ချက် (၁၁:၅၃-၅၄)

သခင်ယေရှု၏ စွပ်စွဲချက်ကို ကြားသိသောအခါ ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖာရိရှဲတို့သည် အမျက်ဒေါသထွက်လျက် ဖီလာဆန့်ကျင်ကြသည်။ ချောင်းမြောင်းကြသည်။ စကားဖြင့် ထောင်ချောက် ဆင်ကြသည်။ သခင်ဘုရားအား သေကြောင်းကြံကြသည်။ မာယာထောင်ချောက် နည်းလမ်းပေါင်းစုံသုံး၍ လှည့်ဖျားကြသည်။ ထိုသို့ ပြုမူခြင်းအားဖြင့် ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖာရိရှဲများ၏ ဇာတိရုပ်စိတ်ဓါတ်ကို ပိုမိုမြင်သာနိုင်သည်။

Previous Article
Next Article