ရှင်လုကာခရစ်ဝင် ၇

၆။ လူသားတော်အမှုတော်ဆောင်ခြင်း (၇:၁-၉:၅၀)

(က) စစ်သူကြီး၏ အစေခံအနာရောဂါကျန်းမာစေခြင်း (၇:၁-၁၀)

၇:၁-၃ သခင်ယေရှုသည် နာခံခြင်း ရှိရမည့် အကြောင်း ပုံပမာပေး တရားဟောကြားပြီး နောက် ကပေရနောင်သို့ ကြွတော်မူသည်။ ကပေရနောင်သို့ ရောက်သော အခါ တပ်မှူး၏ အစေခံအား လက်ရောက်ကြည့်ရှုပေးရန် ယုဒခေါင်းဆောင်များက လာပင့်သည်။ ထိုတပ်မှူးသည် ယုဒခေါင်းဆောင် များနှင့် မကင်းရာမကင်းကြောင်း၊ တရားစရပ်လုံခြုံရေးတာဝန်ရှိသူဖြစ်ဟန်တူသည်။ ထိုတပမှူးသည် အခြားတပ်မှူးများအား အလင်းပေးသူဖြစ်သည်။ (လု ၂၃:၄၇၊ တ ၁၀:၁-၄၈)

တပ်မှူးသည် တပည့်ကျေးကျွန်အပေါ် ဂရုစိုက်စောင့်ရှောက်ကူညီသည်။ အစေခံတပည့် ဆေးကု၍ မရလောက်အောင် အပြင်းဖျားနာသောအခါ ယုဒခေါင်းဆောင်များအား ယေရှုသခင်ပင့်ပေးရန် အကူအညီတောင်းသည်။ သမ္မာကျမ်းစာမှာ မှတ်တမ်းမှတ်ရာတွေ့ရသလောက် ဤရောမတပ်မှူးတဦး တည်းသာလျှင် သူ့တပည့်အား ယေရှုကောင်းကြီးမင်္ဂလာရှားရှားပါးပါးခံစားစေသူဖြစ်သည်။

၇:၄-ရ ယုဒခေါင်းဆောင်များ၏ လုပ်ဆောင်ပုံသည်လည်း ထူးဆန်းသည်။ ယေဘူယျအား ဖြင့် ယုဒခေါင်းဆောင်များသည် ယေရှုကို ယုံကြည်လက်ခံသူများမဟုတ်။ တပ်မှူးနှင့် ခင်မင်ရင်းနှီးကြ သောကြောင့် တပ်မှူး၏ အတင်းတိုက်တွန်းချက်ကို အားနာခြင်းဖြစ်မည်။ တပ်မှူး၏ စကားကို နားထောင် ကြည့်ပါ။ တပ်မှူးသည် လုပ်ပိုင်ခွင့်ရှိသူ၊ ပြောရေးဆိုခွင့် ရှိသူဖြစ်သော်လည်းသခင်ယေရှုနှင့် တွေ့သော အခါကျေးဇူးတော်မခံထိုက်သူပါ ဟုဆိုသည်။ ဆိုလိုသည်မှာ ခရစ်တော် အမှုအရာအတွက် သူသည် အပရိ ကသေးအဖွဲမျှသာဖြစ်သည်။

ရှင်မဿဲခရစ်ဝင်ကျမ်းတွင်မူ တပ်မှူးသည် သခင်ယေရှုအား လာရောက်တွေ့ဆုံသည်ဟု ဆိုသည်။ ရှင်လုကာ ခရစ်ဝင်ကျမ်းတွင်မူ ယုဒခေါင်းဆောင်များ လာရောက်တွေ့ဆုံလျှောက်လဲသည်ဟု ဆိုသည်။ ကျမ်းချက်နှစ်ခုစလုံး မှန်ပါသည်။ ပထမဦးစွာ ယုဒခေါင်းဆောင်များကို စေလွှတ်ပြီး သူတို့ နောက်မှ တပ်မှူးလိုက်သွားခြင်းဖြစ်သည်။

တပ်မှူး၏ ယုံကြည်ခြင်းနှင့် နှိမ့်ချမှုသည် ဩချလောက်ပါသည်။ သူ့နေအိမ်သို့ ယေရှုဝင် ရောက်ရန် ကျေးဇူးတော်ခံထိုက်သူမဟုတ်ပါ ဟုမိမိကိုယ်ကို နှိမ့်ချစွာ ခံယူသည် သူကိုယ်တိုင်လည်း ယေရှု ထံတော်သို့ ခစားခွင့် မဝံ့ပါ။ သို့သော် သူ၏ ယုံကြည်ခြင်းသည် ခိုင်မာသည်။ သခင်ဘုရားကိုယ်တိုင် ခြေမကြွလျှင်လည်း အနာရောဂါကင်းငြိမ်းမည်ဟု ယုံကြည်သည်။ ကိုယ်တော်၏ နှုတ်တခွန်းဖြင့် အနာရော ဂါပျောက်ကင်းမည်ဟု ယုံကြည်သည်။

၇:၈ သခင်ယေရှုအပေါ် ယုံကြည်အားထားပုံကို သူ့ဘဝနှင့်ယှဉ်၍ လျှောက်လဲသည်။ ထိုတပ်မှူးသည်လည်း ပြောရေးဆိုခွင့်၊ လုပ်ပိုင်ခွင့် ရှိသူဖြစ်သည်။ သူကိုယ်တိုင် ရောမအစိုးရလက် အောက်ဝန်ထမ်းဖြစ်၍ စေလိုရာစေနိုင်သူနှင့် တာဝန်ကျေပွန်သူဖြစ်သည်။ သူ့အမိန့်အာဏာကို လက်အောက်ငယ်သားများက လေးစားနာခံကြသည်။ ထိုကဲ့သို့ပင် သခင်ယေရှုအား တပ်မှူးအပေါ် အမိန့် အာဏာတည်သော ရောမအစိုးရကဲ့သို့၎င်း၊ ငယ်သားသားများအပေါ် ဩဇာအာဏာရှိသော တပ်မှူးကဲ့သို့ ၎င်း၊ အခွင့်အာဏာရှိသူဖြစ်ကြောင်း သိမှတ်သည်။

၇:၉-၁ဝ သခင်ယေရှုသည် ထိုတပ်မှူး၏ စကားကိုကြားလျှင် မအံဩမနေနိုင်။ ထိုတပ်မှူးကဲ့ သို့ ယုံကြည်ခြင်းအားကြီးသော သူဣသရေလလူမျိုးထဲတွင် တယောက်မှ မကြုံစဖူး။ ယုံကြည်ခြင်းသည် ဖုံးကွယ်၍ မရပါ။ တပ်မှူးစေလွှတ်သောသူများတပ်မှူးအိမ်သို့ ပြန်ရောက်သောအခါ ထိုလူမမာသည် အကောင်းပကတိပြန်လည် ကျန်းမာနေကြောင်းတွေ့ရသည်။

ခရစ်ဝင်ကျမ်းများတွင် သခင်ယေရှု (၂)ကြိမ်အံ့အားသင့်ကြောင်းတွေ့ရာ ဤအကြိမ်သည် တကြိမ်ဖြစ်သည်။ တပါးအမျိုးသားတပ်မှူး၏ ယုံကြည်ခြင်းကို အံ့အားသင့်ခြင်းနှင့် ဣသရေလတို့၏ မယုံကြည်ပုံကို အံ့ဩခြင်းဖြစ် (မာ ၆:၆)

(ခ) မုဆိုးမသားပြန်လည်ထမြောက်ခြင်း (၇:၁၁-၁၇)

၇:၁၁-၁၅ ကပေရနောင်အနောက်တောင်ဘက်တွင် နဣနတွင် မြို့ရှိသည်။ ထိုမြို့သို့ဝင် ရောက်စဉ်မြို့ရိုးဝတွင် မုဆိုးမ၏ တဦးတည်းသော သားအသုဘချနေသည်နှင့် သွားဆုံသည်။ ထိုမုဆိုးမ၏ ပရိဒေဝကို သခင်ယေရှု တွေ့မြင်သောအခါ သနားသည်။ ထို့ကြောင့် မသာထမ်းသူများအား ခဏရပ်ခိုင်း ပြီး၊ သေလွန်သော ထိုသူငယ်အား ကိုယ်တော်ဘုရားက ထလော့ဟု မိန့်မြွက်လိုက်ရာ ထိုသူငယ်သည် လည်း သေလွန်ရာမှ ငုတ်တုတ်ထထိုင်၍ စကားပြောလေသည်။ ထိုသူငယ်၏ အဖျားအနာရောဂါများကို ကင်းငြိမ်းစေပြီးဖြစ်၍ မိခင်ထံသို့ ပြန်လည်အပ်နှံလိုက်သည်။

၇:၁၆-၁ရ အသုဘပို့သူများသည် ကြောက်လန့်ကြသည်။ သေလွန်သူပြန်လည်ထမြောက် သည့်ဖြစ်ရပ်ဆန်းကို မျက်ဝါးထင်ထင်တွေ့မြင်ကြရပြီ။ လူသေကို ထမြောက်စေတော်မူသော သခင်ယေရှု ကိုလည်း ဘုရားသခင်စေလွှတ်တော်မူသော မဟာပရောဖက်အဖြစ် ယုံကြည်လက်ခံကြသည်။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှုကြွလာတော်မူပြီဟု ဆိုကြသည်။ သခင်ယေရှုကိုယ်တိုင်သည် ဘုရားသခင် ဖြစ်မှန်းမသိရှိကြ။ ဘုရားသခင်သည် သူတို့အလယ်တွင် အံ့ဖွယ်နိမိတ်လက္ခဏာဖြင့် အမှု တော်ပြုကြောင်း၊ နားလည်သွားကြသည်။ ထိုမင်္ဂလာသတင်းစကားသည် ထိုအရပ်ဒေသတခုလုံးသို့ ပျံ့နှံ့သွားပါသည်။

ရှင်လုကာ ခရစ်ဝင်ကျမ်းတွင် သခင်ယေရှုက ကလေးသူငယ် (၃)ဦးကိုလည်း ပြန်လည် ထမြောက်နာလန်ထူစေသည့် အကြောင်း မှတ်တျမ်းတင်ထားသည်။ မုဆိုးမသား၊ ယာဣရုတ်သမီး (၈:၄၂)၊ နတ်ဆိုးစွဲသောသူငယ် (၉:၃၈)။

(ဂ) ရှေ့တော်ပြေးအား လူသားတော်က အသိအမှတ်ပြုခြင်း (၇:၁၈-၂၃)

၇:၁၈-၂ဝ သခင်ယေရှု၏ ထိုသတင်းစကားသည် ဗတ္တိဇံယောဟန်ထံသို့ ရောက်သွားသည် ထိုအချိန်တွင် ဗတ္တိဇံယောဟန်သည် ပင်လယ်သေအရှေ့ဘက် မက်ခါရတွင် ထောင်ကျနေသည်။ အကယ်၍ ယေရှုသည် မေရှိယအမှန်ဖြစ်လျှင် ဗတ္တိဇံယောဟန်အား ဟေရုဒ်လက်အောက်ထဲမှ အဘယ် ကြောင့် လွတ်မြောက်အောင် မလုပ်ပေးသနည်း။ ထို့ကြောင့် တပည့်နှစ်ဦးအား ခရစ်တော်ထံစေလွတ်၍ သခင်ယေရှုသည် ခရစ်တော်အမှန်ဟုတ်ပါသလား။ ခရစ်တော်အစစ်အမှန်လာဦးမလားဟု မေးမြန်းခိုင်း သည်။ ဤနေရာတွင် ယောဟန်က ယေရှုအား မေရှိယဟုတ်မဟုတ်မေးမြန်းခြင်းသည် အံ့အားသင့် စာရာ ဖြစ်ပါသည်။ သို့သော် နားလည်ရန် တခုရှိပါသည်။ လူသည် ညှဉ်းပန်းနှိပ်စက်ခြင်းပြင်းထန်းစွာခံစားရလျှင် စိတ်ဂယောင်ချောက်ခြားဖြစ်တတ်ပါသည်။ စိတ်နောက်ကျိတတ်သည်။ အတွေးအမြင်ပုံမှန် အနေအထား တွင် မရှိ။ ယာဟန်လည်း ထိုသို့ ဖြစ်သွားနိုင်သည်။

၇:၂၁-၂၃ သခင်ယေရှုက သူသည် (ဟေရှာ ၃၅:၅-၆၊၆၁:၆)တွင် ပရောဖက်ပြုထားသည့် အတိုင်းမေရှိယအမှန်ဖြစ်ကြောင်း ဖြေကြားသည်။ င့ါကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏ ဟုပြော လိုက်ရန် ယောဟန်တပည့်များကို မှာလိုက်သည်။ ထိုစကားမှာ ယောဟန်၏ ထောင်ကျခြင်းား ယေရှုက မကယ်သောကြောင့် အပြစ်တင်စကားကို ဖြေလျှော့အားပေးစကားဖြစ်သည်။ ယုံကြည်ခြင်းအား မလျှော့ ချဖို့ တိုက်တွန်းနှိုးဆော်ခြင်းလည်းဖြစ်သည်။ ထိုအကြောင်းကို C.G Moore က ဤသို့ဆိုထားသည်။

ယေရှု၏ အံ့ဖွယ်နိမိတ်လက္ခဏာများကို တွေ့မြင်ခဲ့ရပြီဖြစ်၍ ထိုထက်သေချာသော သက်သေအထောက်အထားပြဖို့လိုအပ်မည်ဟုမယုံကြည်။ “ကိုယ်တော်ဘုရားတွင် ဘုန်းတန်ခိုးအပြည့်အစုံ ရှိသည်။ ထင်ကြေးပေးသည့် အတိုင်း တသွေမတိမ်ပြည့်ဝသည်။ သို့သော် ထောင်မှ လွတ်ဖို့ တလုံးတပါဒ မျှမပြော”ဟု သတင်းစကားပြန်ပြောပြပါလိမ့်မည်။ ထောင်ထဲမှာ အလုံပိတ်ထားခြင်းဖြင့် ယုံကြည်ခြင်းခိုင် မာဖို့ အခြားအားပေးစကားပြောစရာမရှိ။ ငါ့ကြောင့် စိတ်မပျက်သော သူသည် မင်္ဂလာရှိ၏ ဟူသော သခင်ယေရှု၏ စကားသည် လုံလောက်ပါပေသည်။၁၈

(ဃ) ရှေ့တော်ပြေးအား လူသားတော်ချီးမွမ်းခြင်း (၇:၂၄-၂၉)

၇:၂၄ သခင်ယေရှုက ယောဟန်အား မျက်နှာချင်းဆိုင်စကားပြောရသော်လည်း ယောဟန် အားလူထုပရိသတ်အလယ်မှ ချီးမွမ်းသည်။ လူအုပ်ကြီးသည် မည်သည့်ရည်ရွယ်ချက်ဖြင့် ယောဒန်မြစ် နားသို့ သွားရောက်စုဝေးကြပြန်သနည်း။ ကတိမတည်သူ၊ သမာသမတ်မရှိသူ၊ သာပေါင်းစားသူဟူ၍ ယောဟန်အား စွပ်စွဲဖို့လား။ မည်သူကမှ ယောဟန်အား လေးတိုက်ရာယိမ်းနွဲ့ပါသော ကျူပင်ဟု မစွပ်စွဲ ရဲကြပါ။

၇:၂၅ သို့မဟုတ် အမေရိကန်ရုပ်ရှင်မင်းသားကဲ့သို့ ဝတ်ကောင်းစားလှဝတ်ဆင်၍ စတန့်မင်း သားရှာဖွေဖို့လား။ မဟုတ်ပါ။ ဝတ်ကောင်းစားလှဝတ်ဆင်သူများသည် ထိုလူကဲ့သို့ မနေပါ။ ထိုသူမျိုးသည် မင်းစိုးအိမ်များတွင် ဇိမ်ကျတတ်သူများသာဖြစ်သည်။

၇:၂၆ ပရိတ်သတ်များကြည့်ရှုချင်သူသည် ဘုရားသခင်၏ အသက်ရှင်သော နှုတ်ကပတ် တော်အား ယူဆောင်လာသည့် ပရောဖက်တပါးဖြစ်သည်။ ထိုပရောဖက်သည် အညတြပရောဖက်မဟုတ်။ ပရောဖက်များထက် ကြီးမြတ်သူ ဖြစ်သည်။

၇:၂ရ ထိုသူကိုယ်တိုင်သည် ပရောဖက်ပြုချက်နှင့် ပြည့်စုံသူဖြစ်သည်။ အများနှင့် မတူ။ တမူထူး၍ မင်းစိုးဘုရင်အား မိတ်ဆက်ပေးသူဖြစ်သည်။ ဓမ္မဟောင်းကျမ်း (မာလ ၃:၁)ပါ ပရောဖက်ပြု ချက်အတိုင်းသခင်ယေရကို မေရှိယအဖြစ် ဖွင့်ဟဖော်ထုတ်သူဖြစ်သည်။ (မာလ ၃:၁)တွင် “ကြည့်ရှုလော့။ ငါသွားရာလမ်းကို မြင်ရသော ငါ၏ စေတမန်ကို ငါစေလွှတ်မည်” ဟုဆိုသည်။ ထိုကျမ်းချက်ကို ကိုးကား၍ သခင်ယေရှုက “ကြည်ရှုလော့၊ သင်သွားရာလမ်းကို မြင်ရသော ငါ၏ တမန်ကို သင့်ရှေ့၌ ငါစေလွတ်၏” ဟုဆိုထားသည်။ “ငါ”ဟူသော စကားလုံးကို “သင်”ဟုပြောင်းဆိုထားသည်။

Godet က အောက်ပါအတိုင်းရှင်းပြသည်။

ပရောဖက်ရှုဒေါင့်အရ ကိုယ်တော်အား စေလွှတ်ခြင်းဖြစ်သည်။ ကိုယ်တော်ရှေ့တွင် လမ်းခင်းထားမည်။ ထိုကိုယ်တော်သည် ယေဟောဝါနှင့် အတူတူဖြစ်သည်။ မာလခိကျမ်းတွင် “င့ါရှေ့”ဟုသုံးထားသည်။ သို့သော် သခင်ယေရှုအတွက်မူ ခမည်းတော် အနေဖြင့် ပြောခြင်း မဟုတ်။ သူ့ကိုယ်သူ ခမည်းတော်အရာ ဘယ်သောအခါမှ တန်းတူမထား။ သူကိုယ်သူ ယောဟောဝါ အဖြစ်မဆို။ ထို့ကြောင့် သင်တို့ဟု သုံးနှုန်းခြင်းဖြစ်သည်။ ထိုသဘောအရ ပရောဖက်မာလခိသည် ယေရှုနှင့် မေရှိယ သခင်အား တန်းတူထားရည်ညွှန်းခြင်းဖြစ်သည်။၁၉

၇:၂၈ ယေရှု ယောဟန်အကြောင်းအား ဤသို့ဆက်ပြောသည် မိန်းမမွေးသော ပရောဖက် တို့တွင် ဗတ္တှိဇံဆရာယောဟန်ထက်ကြီးမြတ်သော ပရောဖက် တပါးမရှိ ဟုဆိုသည်။ ထိုစကားသည် ပုဂိ္ဂုလ်ရေးအရ ပြောခြင်းမဟုတ်။ မေရှိယ သခင်၏ ရှေ့တော်ပြေးဖြစ်သည့်အလျှောက် အနေအထားဖြင့် ကြီးမြတ်ခြင်းဖြစ်သည်။ ယောဟန်ကဲ့သို့ပင် ကြိုးစားအားထုတ်သူ၊ ဇွဲလုံ့လရှိသူ၊ ဘုရားတရား ကိုင်းရှိုင်းသူ၊ အခြားသူများ လည်းရှိပါသည်။ သို့သော်ကြွလာမည့် ဘုရင်မင်းမြတ်အကြောင်း ဟောပြောပိုင်ခွင့် ရှိသူ တယောက်မှမရှိပါ။ ဤအချက်တွင် ယောဟန်သည် အခြားပရောဖက်များ ထက်တမူထူးခြားသည်။ သို့သော်ဘုရားသခင်၏ နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ယောဟန်ထက်ကြီးသည်ဟု ကိုယ်တော် ဘုရား မိန့်ဆိုသည်။ ဘုရားသခင်၏ နိုင်ငံတော်၌ စိုးစ့ပျော်ရွှင်ခွင့် ရသူသည် ရှေ့တော်ပြးထက် သာလွန် မြင့်မြတ်သည်။

၇:၂၉ ဤကျမ်းပိုဒ်တွင်လည်း ကိုယ်တော်က ချီးမွမ်းစကားဆက်ဆိုသည်။ ယောဟန်၏ သွန်သင်ချက်များကို ပြန်လည်ရည်ညွန်းထောက်ခံသည်။ ယောဟန်၏ သွန်သင်ချက်များကြောင့် အပြစ်သားများ၊ အခွန်ခံများသည် နောင်တရ၍ ယောဟန်ထံတွင် နှစ်ခြင်းမင်္ဂလာခံယူကြသည်။ ယောဟန် ပြောသော သတင်းစကားကို ယုံကြည်လက်ခံကြသောကြောင့် ဘုရားသခင်၌ ဖြောင့်မတ်သူများဖြစ်သွား ကြသည်။ ဤနေရာတွင် ဖြောင့်မတ်သည်ဟု သုံးထားသည်။ ထိုစကားအရ မည်သူမှ ဘုရားသခင်ကဲ့သို့ မစင်ကြယ်နိုင်ကြောင်းဆိုလိုသည်။ ဘုရားသခင်၏ စင်ကြယ်ခြင်း အဆင့်အတန်းကို ဖော်ပြခြင်းဖြစ်သည်။

(င) လူသားတော်က ထိုခေတ်လူများကို ဝေဖန်ခြင်း (၇:၃၀-၃၅)

၇:၃၀-၃၄ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများ ကယောဟန်၏နှစ်ခြင်း မင်္ဂလာကို ငြင်းပယ် ကြသည်။ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်ဟု လက်မခံနိုင်။ ထိုခေတ်အခါ၏ ဓမ္မဆရားများအတွက် ဖြစ်နိုင်ချေမရှိ။ လက်သင့်ခံစရာမဟုတ်။ ထို့ကြောင့် သခင်ယေရှုက ထိုသူများအား ဈေးကြိုဈေးကြားလမ်း ဘေးနားတွင် ဆော့နေသော ကလေးသူငယ်များနှင့် တူသည် ဟုပုံနှိုင်းထားသည်။ မင်္ဂလာဆောင်ပွဲမှာ ဖြစ်စေ၊ အသုဘမှာ ဖြစ်စေ၊ ပျော်ရွှင်သာယာခြင်းမရှိကြ။ တယူသန်တစောက်ကန်း၊ တလွဲဆံပင်ကောင်း၊ စုန်းပြူးများဖြစ်သည်။ ထိုသူများထဲသို့ ဘုရားသခင်သတင်းစကား မဝင်နိုင်။ ဗတိ္တဇံယောဟန်က နောင်တရ ဖို့၊ မိမိကိုယ်ကို ငြင်းပယ်ဖို့သွန်သင်ခဲ့သော်လည်း လက်မခံကြ။ ယောဟန်ကိုပင် နတ်ဆိုးပူးကပ်သူအဖြစ် ပြန်လည်စွပ်စွဲကြသည်။ ဘုရားသားတော်ကိုယ်တော်တိုင် အခွန်ခံအပြစ်သားများနှင့် အတူ စားသောက်ခဲ့ ကြသည်။ ထိုသို့ပြုမူခြင်းသည် ဆင်းရဲသူအပြစ်သားများအား ကောင်းကြီးပေးရန် ကြွလာကြောင်း၊ သက်သေပြခြင်းဖြစ်သည်။ သို့သော် ဖာရိရှဲများကမူ သခင်ယေရှုအား စားကြူးသောသူ၊ တွေ့ရာမရှောင် စားတတ်သူအဖြစ်စွပ်စွဲပြစ်တင်ကြသည်။ အစာရှောင်ခြင်းနှင့် ပွဲတော်၊ အသုဘနှင့် မင်္ဂလာ၊ ယောဟန် နှင့် ယေရှု ထိုအရာအားလုံးသည် ဖာရိရှဲများအတွက် စိတ်မကျေနပ်ဖွယ်ရာဖြစ်သည်။

ထိုအကြောင်းကို Ryle ကဤသို့ဆိုသည်။ လူတိုင်းအား ပျော်ရွှင်အောင်လုပ်ကြရမည်။ အချိန်ကို အလဟာသ မဖြစ်အောင် သတိပြုရမည်။ ခရစ်တော်၏ ခြေရာတိုင်း လိုက်နင်း၍ ခရစ်တော် အလိုတော်ရှိသော ကမ္ဘာမြေဖန်ဆင်းရမည်။ မိမိအလို ဆန္ဒအတိုင်း ပြုလျှင် ဘယ်သောအခါမှ တင်းတိမ်နိုင် မည်မဟုတ်။ ဗတ္တိဇံယောဟန်အား အပြစ်ရှာကြပုံများ တွေ့ရမည်။ သခင့်တပည့်တော်များ ကမ္ဘာမြေပေါ် မှာရှိနေသရွေ့အပြစ်ရှာနေကြဦးမည်။၂၀

၇:၃၅ “သို့သော်လည်း ပညာတရားသည် မိမိသားရှိသမျှတို့တွင် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် လွတ်၏” ဤကျမ်းပိုဒ်တွင် ပညာတရားဆိုသည်မှာ သခင်ယေရှုကိုယ်တော်တိုင်ဖြစ်သည်။ တပည့်တော် များသည် ပညာတရား၏ သားသမီးဖြစ်ကြသည်။ လူထုကြီးက လက်မခံ၊ ငြင်းပယ်ကြသော်လည်း ကိုယ်တော်ဘုရားဟောကြား သောချစ်ခြင်းမေတ္တာ၊ ဖြောင့်မတ်ခြင်းနှင့် ဘုရားတရား ကိုင်းရှိုင်းခြင်း၊ မင်္ဂလာ တရားများသည် ဆက်လက်ရှင်သန်နေပေမည်။

(စ) အပြစ်သားက အရှင်သခင်အား ဆီလူးခြင်း (၇:၃၆-၃၉)

၇:၃၆ ပညာ၏ သန့်ရှင်းမွန်မြတ်ပုံကို အပြစ်သားအမျိုးသမီး အပြုအမူဖြင့် သခင်ခန်းစာပေး ထားသည်။ ထိုအကြောင်းကို Dr. H.C. Woodring က ဘာသာရေခေါင်းဆောင်များသည် ခရစ်တော်ထံမ လာလိုကြသောကြောင့် မကောင်းသော မိန်းမများကိုခေါ်ယူသည်ဟုဆိုသည်။ ရှိမုန်ဟု အမည်ရသော ဖာရိရှဲတယောက်က သခင်ယေရှုအား ထမင်းစားဖိတ်ခေါ်သည်။ အကောက်ကြံစိတ်နှင့် ဖိတ်ခေါ်ခြင်းဖြစ် နိုင်သကဲ့သို့ ယေရှုအကြောင်း သိလိုသောကြောင့်လည်း ဖြစ်နိုင်သည်။

၇:၃၇-၃၈ ထိုအချိန်တွင် ဒုစရိုက်အမျိုးသမီးဝင်ရောက်လာသည်။ မည်သူမည်ဝါဟု မသိရ ပါ။ မာဂဒလမာရိက ဝိညာဉ်ခွန်အားမရှိသော မိန်းမအား ကူညီလမ်းညွန်ခြင်းဖြစ်နိုင်သည်။ ထိုအမျိုးသမီး သည် ဆီမွှေးကျောက်ဖြူခွက်တလုံးကိုင်ဆောင်လာသည်။ သခင်ယေရှု ညစာသုံးဆောင်ပြီး ၊ လဲလျောင်းေ နေစဉ် ခြေတော်ရင်းသို့ ထိုအမျိုးသမီး ချဉ်းကပ်လာသည်။ သူ၏ မျက်ရည်စက်များသည် သခင့်ခြေတော်စုံ ပေါ်သို့ တပေါက်ပေါက်ကျသည်။ ထိုမျက်ရည်စိုရွှဲသော ခြေထောက်ကို ဆံပင်ဖြင့် သုတ်ပြီးသောအခါ တဖွ ဖွနမ်းရှုံ့သည်။ သို့နောက်ယူဆောင်လာသော ဆီမွှေးဖြင့်လိမ်းသည်။ ထိုသို့ပြုလုပ်ခြင်းသည် ထိုအမျိုးသမီး ၏ အသက်တာပြောင်းလဲပုံကို ဖော်ပြခြင်းဖြစ်သည်။

၇:၃၉ ရှိမုန်၏ စိတ်သဘောထားသည် ထိုအမျိုးသမီး၏ ခံယူချက်နှင့် တသီးတခြားစီဖြစ် သည်။ ဖာရိရှဲများသည် ထိုကဲ့သို့သော အမျိုးသမီးမျိုးကို ဝေးဝေးကရှောင်လေ့ရှိသည်။ သခင်ယေရှုသည် မှန်တကယ် ပရောဖက်ဟုတ်မှန်လျှင် ထိုအမျိုးသမီး၏ ဘဝအခြေအနေကို သိမည်စု စိတ်ထဲက ဝေဖန် သည်။ မကောင်းသော မိန်းမမှန်းသိလျှင် ထိုသို့ အခွင့် အရေးပေးမည် မဟုတ်ဟု ထင်မြင်သည်။

(ဆ) ကြွေးစားနှစ်ဦး ပုံဥပမာ (၇:၄၀-၅၀)

၇:၄၀-၄၃ ထိုအိမ်ရှင် ဖာရိရှဲရှိမုန်၏ စိတ်အတွေးကို သခင်ယေရှုသိမြင်သောကြောင့် စကား ပြောစရာရှိသည် ဟုမေတ္တာရပ်ခံသည်။ သခင်ယေရှုက အကြွေးပေးစရာရှိသူ (၂)ဦးအကြောင်းကို ပုံဥပမာပေးပြောပြသည်။ တယောက်က ဒေါ်လာငါးဆယ်အကြွေးရှိ၍ တယောက်က (၅)ဒေါ်လာရှိသည်။ အကြွေးပေးချိန်တန်သော်လည်း မပေးနိုင်ကြသဖြင့် အကြွေးနှစ်ခုစလုံး လျှော်ပစ်ခွင့် ရကြသည်။ ထိုသို့ ပြောပြီးသောအခါ သခင်ယေရှုသည် ရှိမုန်ထံသို့ များနှာလှည့်၍ ထိုအကြွေးယူသူနှစ်ဦးတွင် အကြွေးရှင်ကို မည်သူက ပို၍ ကျေးဇူးတင်မည်နည်းဟု ထောက်ပြသည်။ ဖာရိရှဲကလည်း အကြွေးများများလျှော်ပစ်ခွင့် ရသူဖြစ်မည်ဟု ပြန်ဖြေသည်။ ဖာရိရှဲ၏ စကားကို သခင်ယေရှုလက်ခံသည်။ ထို့နောက်ဆက်လက်ရှင်းပြ သည်။

၇:၄၄-၄ရ သခင်ယေရှုက ဤအိမ်ထဲသို့ ဝင်ရောက်စဉ်တွင် အိမ်ရှင်ဖာရိရှဲသည် ယဉ်ကျေးမှု ထုံးစံအရ ဧည့်သည် ခြေထောက်ကို ရေးမဆေးပေး။ မှုံသိုးသိုးချဉ်တင်တင်ဖြင့် အေးတိအေးစက်ကြိုဆို သည်။ ဤမိန်းမမူကား အိမ်ရှင်က ရေမဆေးပေးသော သခင်ယေရှု၏ ခြေထောက်ကို မျက်ရည်စက်များ ဖြင့် ဆေးကြောပေးသည်။ အနမ်းမိုးရွာစေလျက် ဆီမွှေးလိမ်းပေးသည်။ အဘယ်ကြောင့်ထိုသို့ပြုသနည်း။ အိမ်ရှင်ရှိမုန်သည် အပြစ်သားအဖြစ် မိမိကိုယ်ကို ဝန်မခံ၊ ဤအမျိုးသမီးသည် သူ့အပြစ်ကို သိရှိဝန်ခံ၍ အပြစ်ခွင့်လွှတ်ဖို့တောင်ခံသူဖြစ်သည်။ “အနည်းငယ်မျှသာ အပြစ်လွှတ်သောသူသည်အနည်းငယ်မျှသာ ချစ်တတ်၏” ဟုရှင်းပြသည်။

၇:၄၈ ထိုအမျိုးသမီး၏ အပြစ်ဟူသမျှကို ခွင့်လွှတ်လိုက်ပြီဖြစ်ကြောင်း ကျေညာမောင်းခတ် လိုက်သည်။ ခရစ်တော်ကို ချစ်သောကြောင့် အပြစ်ခွင့်လွှတ်ရသည်မဟုတ်။ အပြစ်ခွင့်လွှတ်ခြင်းခံရသော ကြောင့် ယေရှုကို ချစ်ခြင်းဖြစ်သည်။ တောင်လိုပုံသောအပြစ်ဒုစရိုက်ကို ခွင့်လွှတ်သောကြောင့် တောင် ကြီးသမျှချစ်သွားခြင်းဖြစ်သည်။

၇:၄၉-၅ဝ ရှိမုန်အိမ်ရှိအခြားတယောက်က သခင်အား လူများအပြစ်ဒုစရိုက်များကို ခွင့်လွှတ်ရအောင် ဤသူသည် ဘယ်သူနည်းဟုတွေးသည်။ လူ့ဇာတိစိတ်သည် ကျေးဇူးတော်ကို မုန်းသော ဓလေ့ရှိသည်။ သခင်ယေရှုက ထိုအမျိုးသမီးသည် ယုံကြည်သည့်အတိုင်း ကယ်တင်ခြင်းရရှိပြီဖြစ်၍ ငြိမ် သက်စွာ နေခွင့် ရပြီဟု လူသိရှင်ကြားကျေညာမောင်းခတ်ခဲ့သည်။ ထိုကဲ့သို့သော သခင်ယေရှု၏ လုပ်ရပ် ကိုဘဝင်မကျကြ။ အထက်က အခြားဧည့်သည်ကဲ့သို့ပင်စိတ်မှာ တအုံနွေးနွေးကြောင်မြီးမီး တပူပူ ဖြစ်နေ ကြသည်။ ချမ်းမြေ့ခြင်းငြိမ်သက်ခြင်းမရနိုင်ကြ။

သခင်ဘုရားအနေနှင့် ဤကဲ့သို့ ဖာရိရှဲအိမ်တွင် စားသုံး၍ လဲလျောင်းခြင်းကို အချို့က အဓိပ္ပါယ်ကောက်လွဲကြသည်။ မပြောင်းလဲသူများနှင့် ရောနှော မြူးတူးပျော်ပါးနိုင်သည်ဟုလိုရာဆွဲတွေး ကြသည်။ ထိုအကြောင်းကို Ryle ကဤကဲ့သို့ သတိပေးထားသည်။

သခင်ဘုရား၏ အပြုအမူနှင့် ပတ်သက်၍ သတိပြုဆင်ခြင်စရာရှိပါသည်။ ကိုယ်တော်ဘုရား သည် ခမည်းတော်ဘုရား၏ အမှုတော်ထမ်းရွက်ခြင်းဖြစ်သည်။ အမှုတော်ထင်ရှားဖို့ ဖာရိရှဲအိမ်ထံသို့ ကြွ ရောက်ခြင်းဖြစ်သည်။ ဖာရိရှဲများ၏ စိတ်သဘောထားကို ထောက်ပြစောကြောသည်။ အပြစ်ခွင့်လွှတ်ခြင်း တရား၊ မေတ္တာမှန်အကြောင်းရှင်းပြချင်သည်။ ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်း ရရှိပုံကို ရှင်းပြသည်။ အသက်တာမပြောင်းလဲသေးသူများလည်း ကိုယ်တော်ဘုရား ဖိတ်ခေါ်သည်။ အိမ်ေတာ်သို့ မြည်းစမ်း ရောက်လာနိုင်ကြသည်။ ထိုသို့ အလည်ရောက်လာကြလျှင် ခရစ်ယာန်အသက်တာကို ပြသတတ်ဖို့ လိုသည်။ ရှိမုန်၏ စားပွဲတွင် သခင်ယေရှု ပြုတော်မူသော အဓိကအချက်ကို မမေ့ပျောက်ရ။ ထိုသို့ပြုမူမည့် သူများသို့ လုံလောက်သော အဖြေကောင်းပေးထားပြီးဖြစ်သည်။၂၁

Previous Article
Next Article