ဟေဗြဲသြဝါဒစာ ၁၀

၁၀:  ပညတ်တော်သည် အနာဂတ်ပေါ်ထွန်းလာမည့် ကောင်းသောအရာများ၏ ရှေ့တော် ပြေးအရိပ်လက္ခဏာ ဖြစ်သည်။ ခရစ်တော်ဘုရားနှင့် ခရစ်တော်၏အမှုတော်များကို ဖော်ညွန်းခြင်း ဖြစ်၍သမုတိသစ္စာတရားဖြစ်သည်။ ခရစ်တော်ဘုရားအား ဖော်ညွန်းခြင်းသည်ခရစ်တော်ပုံတော်ပြ သခြင်းဖြစ်သည်။

လောကပူဇော်သက္ကာပြုခြင်း၏ အားနည်းချက်မှာအထပ်ထပ်အခါခါ ပူဇော်သက္ကာပြုရခြင်း ဖြစ်သည်။ ထိုသို့ကြိမ်ဖန်များစွာ ပူဇော်ဝတ်ပြုခြင်းသည်သန့်ရှင်းစင်ကြယ်သော ဘုရားသခင်အား တွေ့ဆုံရန်အရည်အချင်းမပြည့်မီကြောင်း ပြသသည်။ နှစ်စဉ်နှစ်တိုင်း၊ ထိုပုံစံအတိုင်း၊ ပူဇော်သက္ကာ ပြုခြင်းကိုဆင်ခြင်ကြပါကုန်။

ထိုသို့ကြိမ်ဖန်များစွာ ပူဇော်သက္ကာပြုခြင်းသည်ဝတ်ပြုကိုးကွယ်သူများအား ပြည့်စုံကုံလုံ သောပူဇော်သက္ကာမပေးနိုင်သဖြင့် ရတက်မအေးနိုင်ကြ။ စိတ်အေးလက်အေးမနေနိုင်ကြ။

၁၀:  အကယ်၍သူတို့၏ပူဇော်သက္ကာသည် အပြစ်များကိုကင်းဝေးနိုင်ရိုးမှန်လျှင် တဲတော် ဗိမာန်တော်တွင် နှစ်စဉ်အခါလည်တိုင်းပူဇော်သက္ကာပြုစရာလိုမည် မဟုတ်ပါ။ ပုံမှန်တနှစ်တစ်ခါ ပူဇော်သက္ကာပြုကြခြင်းသည် အကျိုးအာနိသင်မစွမ်းသောကြောင့်​ ဖြစ်သည်။ အချိန်နာရီတိုင်း ဆေးဝါးစားသုံးသူသည် အသက်ရှင်နေသော်လည်း ကျန်းမာပြီဟုမပြောနိုင်သကဲ့သို့ ဖြစ်သည်။

၁၀:  ပူဇော်သက္ကာပြုခြင်းကို စိတ်ဒုံးဒုံးမချနိုင်သဖြင့် အချိန်တန်လျှင်ပူဇော်သက္ကာပြုရန် လေဝိထုံးကျမ်းကတပ်လှန့် နှိုးဆော်သည်။ တနှစ်တစ်ခါပြုလုပ်သည့်အပြစ်ဖြေ ပူဇော်သက္ကာသည် စည်းကားသိုက်မြိုက်သော်လည်း ထိုပွဲတော်တွင်လျှို့ဝှက်ချက်ရှိသည်။ ထိုလျှို့ဝှက်ချက်မှာ အပြစ်ဒုစ ရိုက်အားအဝေးသို့လွှင့်စေခြင်းမဟုတ်ဘဲ ဖုံးဖိပေးခြင်းသာဖြစ်သည်။

၁၀:  နွား၊ ဆိတ်၊ အသွေးသည်လူ့အပြစ်ဒုစရိုက်များကို အဝေးသို့လွင့်စင်ပထုတ်ပေးနိုင် စွမ်းမရှိပါ။ အစောပိုင်းတွင် ရှင်းပြပြီးခဲ့သည့်အတိုင်းထိုပူဇော်သက္ကာ ပွဲများသည်ဘာသာရေးဆိုင်ရာ အမှားအယွင်းများဖြစ်သည်။ အပြစ်ဖြေပူဇော်သက္ကာပြုခြင်းဖြင့် စင်ကြယ်သည်ဟုယူဆခဲ့ကြသော် လည်းလူ့သဘာဝပျက်စီးခြင်းနယ်မြေမှာ ကျင်လည်မြဲကျင်လည်လျက် အပြစ်ဒုစရိုက်များပြုနေကြ ဆဲဖြစ်သည်။

၁၀:  လေဝိထုံးကျမ်း၏ အားနည်းသောပူဇော်သက္ကာအကြောင်း သိရှိပြီးကြသည့်နောက် ယခုတဖန်အမြင့်မားဆုံးသော ခရစ်တော်၏ပူဇော်သက္ကာထက်မြက်ပုံကို လေ့လာရမည်။ ခရစ်တော် ကယ်တင်ရှင်၏ရုပ်သွင်ပြင်လက္ခဏာကို ဆာလံတွင်ကြားသိခွင့်ရကြပြီး ဖြစ်ပါသည်။ ထိုကျမ်းအရ ဘုရားသခင်က ပဋိညာဉ်ဟောင်းအောက်ရှိပူဇော်သက္ကာများသည် အားရကျေနပ်ခြင်း မရှိတော့ ကြောင်းနားလည်ရသည်။ သို့ကြောင့်ဘုရားသခင်သည် ထိုပူဇော်သက္ကာပြုခြင်းကို အသစ်ဖြင့်အစား ထိုးသည်။ ပဋိညာဉ်ဟောင်းပူဇော်သက္ကာများသည် အပြစ်များကိုလွင့်ပစ်ပပျောက်ခြင်းမပြုနိုင်သော် လည်းဘုရားသခင်၏သိုးသငယ်သည် လောကအပြစ်ဟူသမျှကို အဝေးသို့လွင့်စင်ပထုတ်နိုင်သည်။ တိရစ္ဆာန်သွေးချောင်းနှင့် တိရစ္ဆာန်အရိုးတောင်များသည် ဘုရားသခင်ကိုအားရကျေနပ်ခြင်း မဖြစ်စေနိုင်ပါ။

နောက်တချက်မှာ လူများ၏အတွင်းအဇ္ဈတ္တပိုင်း အကြည်လင်သော်လည်းပြင်ပရုပ်လက္ခဏာ များသန့်ရှင်းစင်ကြယ်လျှင် ဘုရားသခင်ကလက်ခံကျေနပ်သည်ဟူသော မှားယွင်းသည့်အတွေးမှား ဖြစ်သည်။ လူများသည်နောင်တမျက်ရည်မကျ၊ ခံယူချက်ပြောင်းလဲခြင်းမရှိဘဲ ယဇ်ပူဇော်ရာသို့ ခြောက်ကပ်ကပ်ဖြင့်သွားရောက်ဝိုင်းအုံလေ့ရှိသည်။ သူတို့အထင်တွင်တိရစ္ဆာန်ယဇ်ကောင်များကို စာနာသောအားဖြင့်ဘုရားသခင်၏စိတ်တော်ထိတွေ့စေမည်ဟု ထင်ယောင်မှားခဲ့ကြသည်။ ဘာသာ ရေးထုံးတမ်းစဉ်လာမျိုးကို စိတ်တော်မတွေ့ကြောင့်၊ မသိနားမလည်ကြ။

ထိုသို့ရိုးရာထုံးတမ်းစဉ်လာဖြင့် ပူဇော်သက္ကာပြုခြင်းဖြင့် မလုံလောက်သဖြင့်ဘုရားသခင်၏ ကိုယ်ခွဲဖြစ်တော်မူသောသားတော်အား လူ့ဇာတိခံယူစေကာလူသားအားလုံးအတွက် ယဇ်ကောင်အ ဖြစ်အသေခံတော်မူခြင်းသည် ဆုံးစမထင်အံ့ဖွယ်ပြုတော်မူချက်ဖြစ်သည်။

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ သင်တို့ကျွန်ုပ်တို့အတွက် လူခန္ဓာကိုယ်ခံယူခြင်းဖြစ်သည်။ ဆာ ၄၀:၆ကိုပြန်ကောက်ကြည့်လျှင် အဓိပ္ပာယ်နှစ်ခုရယူနိုင်ပါသည်။ ထိုဆာလံကျမ်းတွင် “အကျွန်ုပ် နားကိုဖွင့်တော်မူပြီ”ဟုဆိုရာတွင်”နားအပေါက်ဖောက်ထားပြီ”ဟုအနက်ရသည်။ နားဖွင့်ခြင်းဆို သည်မှာမေရှိယသခင်သည် အဘဘုရားသခင်၏ စေခိုင်းမည့်စကားတော်များကို စဉ်ဆက်မပြတ် နားစွင့်သည်ဟုဆိုလိုခြင်းဖြစ်သည်။ နားအပေါက်ဖောက်ခြင်းဆိုသည်မှာ ဟေဗြဲကျွန်များက သခင် အတွက်ရာသက်ပန်ကျွန်ခံပါမည်ဟု ကျွန်ကကတိပြုသောအခါ အိမ်ရှေ့တံခါးသို့ခေါ်ဆောင်သွား၍ စူးဖြင့်နားအပေါက်ဖောက်ခြင်းဖြစ်သည် (ထွ ၂၁:၁ ၆)၊ ဤနေရာတွင်ကယ်တင်သောအရှင်သည် ထိုကျွန်ကဲ့သို့ပင် “အဘဘုရားသခင်ကို ချစ်ပါ၏   ။ တစ်ယောက်တည်းပစ်ခွာမသွားပါစေနှင့်” ဟုဆို လိုသည်။

၁၀:  ထိုဆာ ၄၀:၆ကိုဆက်လက်ကိုးကားရလျှင် မေရှိယသခင်က ကိုယ်တော်သည်ယဇ် နှင့်ယဇ်ပူဇော်သက္ကာကို အလိုတော်မရှိသည်ဖြစ်၍ ဟုဆိုပါသည်။ တိရစ္ဆာန်များ၏အသွေးသည်  တန်ခိုးအာနိသင်မရှိသဖြင့် ကံဆိုးသူမောင်ရှင်များသာဖြစ်သည်။ ဘုရားသခင်၏စိတ်တော်ကိုထိ တွေ့နိုင်သူများလည်း မဖြစ်စဘူးကြပါ။ ခရစ်တော်၏ ယဇ်ကောင်ဘဝအတိတ်နိမိတ်များသာ ဖြစ် သည်။ အဆုံးမှာတော့အချည်းနှီးနိဂုံးချုပ်ကြရသည်။

၁၀:  ဘုရားသခင်၏စိတ်တော်နှင့်ထိတွေ့ဖို့ရန် မေရှိယသခင်ကမည်သည့်ပျော်ရွှင်မှုမျိုး ဆက်သပါသနည်း။ အထွေအထူးမဟုတ်ပါ။ အဘဘုရားသခင်၏စိတ်တော်ထိတွေ့ဖို့ရန် ကိုယ်တော် တိုင်လိုလားကြည်ဖြူစွာဖြင့် ယဇ်ပလ္လင်ပေါ်တွင်ယဇ်ကောင်အဖြစ် တင်လှူပူဇော်ခြင်းဖြစ်သည်။ သခင်ဘုရားဖြစ်တော်မူသည့်အတိုင်း ဓမ္မဟောင်းကျမ်း၏အစနှင့်အဆုံးကို သိမြင်တော်မူသူလည်း ဖြစ်၍စိတ်နှလုံးကြည်ဖြူစွာဖြင့် အဘဘုရားသခင်၏ စိတ်တော်ကိုထိတွေ့စေပါသည်။

၁၀:  အခန်းငယ် ၈.၁၀တွင် ဝိညာဉ်တော်၏တကိုယ်တော်အမှုကို ဖော်ပြထားသည်။ ယခင် ယဇ်ပူဇော်သက္ကာပြုခြင်းသည် အရေးမပါအရာမရောက်တော့၍ ပြီးပြည့်စုံခြင်း အဆုံးသတ်နိဂုံးချုပ် အဖြစ်ယေရှုခရစ်ကိုယ်တော်က ယဇ်ကောင်အဖြစ်တင်လှူပူဇော်သည်။

ဆာ ၄၀ကိုထပ်မံကိုးကားပြီး ဘုရားသခင်၏စိတ်တော်နှင့် ထိတွေ့မှုမရှိသည့် ပညတ်တော် အတိုင်းပူဇော်သက္ကာပြုခြင်းကို ရည်ညွန်းထားသည်။

၁၀:  အဘဘုရားသခင်၏စိတ်တော်နှင့် မတွေ့သောပညတ်တော်အတိုင်း ပူဇော်သက္ကာကို ဖော်ပြပြီးခြင်းသည် အဘဘုရားသခင်၏စိတ်တော်ထိတွေ့စေမည့် သားတော်၏လုပ်ဆောင်ချက်ဖြင့် အစားထိုးသည်။

နိဂုံးချုပ်ပြောရလျှင် ကိုယ်တော်သည်ပထမပူဇော်သက္ကာပြုခြင်းကို ဖယ်ရှားပစ်ပြီး ဒုတိယ ပူဇော်သက္ကာကိုပြုတော်မူသည်။ ပညတ်တော်ဟောင်းအောက်မှ ပူဇော်သက္ကာသည်ခေတ်နောက်ကျ နေသောကြောင့်ကိုယ်တော်ကိုယ်တိုင် အပြစ်အတွက်ပူဇော်သက္ကာပွဲကို စီရင်ခဲ့သည်။ ပဋိညာဉ် ဟောင်းကိုရပ်နား၍ ပဋိညာဉ်တရားသစ်ရင်ခွင်အား ဗဟိုပြုသည်။

၁၀:၁၀ ဘုရားသခင်၏အလိုတော်အား ခရစ်တော်ယေရှုကနာခံလျက် လူသားတိုင်းအတွက် ကိုယ်တော်တိုင်ယဇ်ကောင်အဖြစ် တင်လှူပူဇော်ခြင်းအားဖြင့် သန့်ရှင်းစင်ကြယ်ကြရပါပြီ။ ထိုအ ကြောင်းကို George Landis ကဤသို့ထောက်ခံထားသည်။

ဟေဗြဲလူများအတွက် ၁၂:၂၄တွင်ချို့ယွင်းချက် ထားပေးသော်လည်း၊ ဤအချက်သည် မှန်ကန်သေချာ သောသန့်ရှင်းစင်ကြယ်ခြင်းဖြစ်သည်။ လူနည်းစုအားဝကွက်ခေါ်ယူခြင်း မဟုတ်၊ ယုံကြည်သူအား လုံးအတွက် (၁ကော :၁၁)ဖြစ်သည်။ ဘုရားသခင် အလိုတော် နှင့်အညီ သခင်ခရစ်တော်ကိုယ်တိုင် တင်လှူသောပူဇော်သက္ကာဖြစ်သည်။ ကျွန်ုပ်တို့သည် အဘဘုရားသခင်အားဖြင့် ဘုရားသခင်ထံတော် ပါးသို့ဘုရားသခင်အတွက် တိုးဝင်ရှုပ်ထွေး စရာမဟုတ်။ နှုတ်ကပတ်တော်အားဖြင့် သာဖြစ်ရသည်။ (ယော၁၇:၁၇.၁၉၊ ၁သက် :၂၃)

၁၀:၁၁ အာရုန်၏ယဇ်ပုရောဟိတ်အမှုတိုင်းသည် ခရစ်တော်၏အမှုနှင့်ဖီလာဆန့်ကျင်နေ သည်။ နေ့စဉ်နေ့တိုင်းရှိသရွေ့လုပ်ဆောင်ရသည်။ တဲတော်တွင်၎င်း၊ ဗိမာန်တော်တွင်၎င်းထိုင်စရာ ထိုင်စရာမရှိ။ အလုပ်ပြီးမြောက်ပြည့်စုံခြင်းမရှိသောကြောင့် အနားမယူနိုင်ခြင်းဖြစ်သည်။ ပူဇော် သက္ကာတစ်ခုပြီးဆုံးလျှင်အလားတူ ပူဇော်သက္ကာမျိုးနောက်တဖန် ထပ်လုပ်ရန်ပြင်ဆင်ရသည်။ ပြီး ဆုံးခြင်းမရှိသော လမ်းကြောင်းပေါ်မှာအပြစ်အတွက် ရတက်မအေးကဏှာမငြိမ်းရသော အမှုဖြစ် သည်။

ယဇ်ပူဇော်သက္ကာပြုခြင်းဖြင့် အပြစ်များကိုပထုတ်ခြင်းမပြုနိုင်ပါ။ “အာရုန်သည်လေဝိထုံး ကျမ်းတွင်အားပါသောပုဂ္ဂိုလ်ကြီးဖြစ်သော်လည်း တကယ့်တကယ်တန်းဖိုးရှိသော စွမ်းဆောင်ချက် များမထားရှိဟု A B Bruce ကဆိုထားသည်။

၁၀:၁၂ ကျွန်ုပ်တို့၏သခင်ဘုရား တပါးတည်းသာလျှင် အဘယ်သူမှလုပ်နိုင်စွမ်းမရှိသော အပြစ်အတွက်ပူဇော်သက္ကာတင်လှူခြင်း ကိုပြုနိုင်သည်။

အသွေးတော်ယဇ်ပလ္လင်မလိုတော့ပေ။ ပူဇော်သက္ကာဆုံးခန်းတိုင်ခဲ့ပြီ။ မီးတောက် ခိုးလျှံ၊ မွှေးနံ့ သာမလိုတော့ပါ။ သိုးသငယ်များလည်း အသက်ချမ်းသာလာကြီးမြတ် သောအသွေးတော်စီးခဖြာ အဖိုးထိုက်တန်ကြီးလှစွ။ အို၊ ငါ့ဝိညာဉ် အပြစ်ကင်းစင် ကာ၊ အစွန်းထင်းများလင်း လို့သာ။

ရွေးနှုတ်ကယ်တင်ခြင်းအမှုတော် ပြီးပြည့်စုံသောအခါ သခင်ဘုရားသည်လက်ျာတော်ဘက်၌ ငြိမ်သက်ချမ်းမြေ့စွာ စိုးစံတော်မူသည်။ ဤကျမ်းပိုဒ်သည်”တစ်ကြိမ်းတစ်ခါယဇ်ပူဇော်ခြင်းဖြင့် ထာဝရစိုးစံသည်” ဟုလည်းယူဆနိုင်သည်။ နှစ်ခုစလုံးအဓိပ္ပာယ်မှန်ပါသည်။ ထိုကျမ်းပိုဒ်၏ အနက် အဓိပ္ပာယ်ကိုတဖြည်းဖြည်း ပို၍သဘောပေါက်လ်ပါလိမ့်မည်။ ကိုယ်တော်သည် အနှောင့်အယှက် ပယောဂမရှိ၊ စိတ်အေးလက်အေးအနားယူခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်အား နှောင့်ယှက်နေသည့် အပြစ်ဒုစရိုက်များဟူသမျှကို လာရောက်မနှောင့်ယှက်နိုင်တော့သော အဝေး တနေရာသို့ ပထုတ်သန့်စင်သွားလိုက်ပြီကိုး။ အဘဘုရားသခင်၏ လက်ျာတွင်ဂုဏ်ကျက်သရေ မင်္ဂလာပြည့်ဝစွာ စိုးစံတော်မူလေပြီ။

“ထာဝရမစိုးစံနိုင်ဘူး၊ အပြစ်စီရင်ဖို့တနေ့နေ့ကြွလာဦးမှာဘဲ”ဟု ကပ်သီးကပ်သတ်ပြောချင် သူတွေရှိနိုင်သည်။ ထိုစကားသည် ဤစကားနှင့်မဆန့်ကျင်ပါ။ ပြီးပြည့်စုံသော အပြစ်ဖြေပူဇော် သက္ကာအတွက်နားအေးပါးအေး အနားယူခြင်းဖြစ်သည်။ အပြစ်စီရင်ခြင်း၊ ပစ်ပယ်ပြီး၊ ထာဝရစိုးစံ နေမည်တော့မဟုတ်ပါ။

၁၀:၁၃       ရန်သူတို့ကိုမိမိခြေတင်ရာမချထား မှီတိုင်အောင် ကိုယ်တော်စောင့် နေပါသည်။ ရှေ့တော်မှောက်တွင်လူတိုင်းဒူးထောက်၍၊ လူတိုင်းနှုတ်ဖြင့်ဝန်ခံသည့်နေ့ရက် (ဖိ ၂:၁၀.၁၁)ကိုစောင့် နေပါသည်။ ထိုနေ့ရက်သည် ကမ္ဘာလောကတွင်သခင်ဘုရားကိုယ်ယောင်ထင် ပေါ်ထွန်းတော်မူမည့် နေ့ရက်ချန်ခါဖြစ်မည်။

၁၀:၁၄                   ကိုယ်တော်၏ပူဇော်သက္ကာသည် သန့်ရှင်းသူများအတွက် ထာဝရကာလ တိုင်အောင် အဖိုးထိုက်တန် ကြီးမြတ်ပါသည် သန့်ရှင်းသူများဆိုသည်မှာ လောကီအရာ ကိုစွန်လွှတ်လျက် ဘုရားထံတော်ပါသို့ တိုးဝင်ချဉ်းကပ်သောစစ်မှန်သည့် ယုံကြည်သူများကို ဆိုလိုပါသည်။ ပြီးပြည့်စုံကြောင်း အချက်နှစ်ချက်ရှိသည်။ ပထမအချက်အနေဖြင့် ဘုရားသခင် ရှေ့မှောက်၌ မားမားမတ်မတ်ရပ်တည် ခွင့်ရကြသည်။ သားတော်ကိုယုံကြည်လက်ခံသူဟူသမျှ ခမည်းတော်ရှေ့၌ အပြစ်ဒုစရိုက်နှင့် အပြစ်ဒဏ်မှကင်းလွတ်ကြောင်း၊ သိရှိရသဖြင့် စိတ်ချလက်ချ နေနိုင်သည်။ သခင်ဘုရားက အဖိုးအခပေး ဆပ်ပြီးဖြစ်သောကြောင့် နောက်တဖန်ကိုယ်တိုင်ကိုယ်ကျ ပေးဆပ်ရန်မလိုတော့ပါ။

၁၀:၁၅                   သန့်ရှင်းသောဝိညာဉ်တော်ကလည်း  သက်သေခံပေးသည်။ ပဋိညာဉ် တရားသစ်သည် ချက်ချင်းအကျိုးသက်ရောက်သောကြောင့် လူတိုင်းအတွက်ဖြစ်သည်။ ဝိညာဉ်တော် သည် ဓမ္မဟောင်းကာလမှစ၍ သက်သေခံပေးပါသည်။

၁၀:၁၆                   ယေ ၃၁:၃၁တွင် ဘုရားသခင်သည်သူရွေးကောက်ထားသော လောကလူ သားများ အားပဋိညာဉ်တရားသစ်ပေးမည်ဟု ကတိတော်ပြုထား၏။

၁၀:၁၇                   ထိုကဲ့သို့ပင်တဖန်တုံသူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းအမျိုးမျိုးကို ငါမ အောက်မေ့ ဘဲနေမည်ဟုဆက်လက်ဆိုထားပါသည်။ ယေ ၃၁:၃၄တွင် ဖော်ပြထားပြီးဖြစ်သည်။ အပြစ်များကို တေးမှတ်ထားခြင်းမရှိဘဲ ခွင့်လွှတ်သည့်အကြောင်းဖြစ်သည်။ အသက်ရှင် နေ သော် လည်းမဆုံးနိုင် သောယုဒစဉ်လာပူဇော်သက္ကာတွင် ကျင်လည်နေကြသေးသူများအား ရည်ညွန်း သည်။

၁၀:၁၈                   ပဋိညာဉ်တရားသစ်အောက်ရှိ အပြစ်ခွင့်လွှတ်ခြင်းကတိတော်သည် အပြစ် ဖြေပူဇော် သက္ကာမလိုသောခွင့်လွှတ်ခြင်းဖြစ်သည်။ ဤကျမ်းစကားအရအပြစ်ဖြေစရာနောက်တစ်ခါ ပူဇော်စရာ မလိုတော့ပါ။ ဤကျမ်းစကားကို နှလုံးသားထဲတွင်ပဲ့တင်ထပ်စေ၍ လက်တွေ့အသက်တာ တွင်လည်း ထင်ဟပ်ပေါ်လွင်စေအပ်သည်။

၃။      သတိပေးခြင်းနှင့်တိုက်တွန်းချက်များ

(က)   ခရစ်တော်အားသစ္စာမဖောက်ဖို့ သတိပေးချက်

          ၁၀:၁၉                   ဓမ္မဟောင်းကာလတွင် လူများနှင့်ဘုရားသခင်သည် ခပ်လှမ်းလှမ်းနေကြရ သည်။ ယခုကာလတွင်မူကား ခရစ်တော်သွန်းလောင်းသော အသွေးတော်ကြောင့်နီးနီးကပ်ကပ်နေရ သည်။ သို့ကြောင့် အထံတော်ပါးသို့ရင်းနှီးစွာတိုးဝင်ချဉ်းကပ်ခွင့်ရသည်။

ယုံကြည်သူများသည် ယဇ်ပုရောဟိတ်များဖြစ်ရကား ခရစ်တော်အသွေးအားဖြင့် အသန့်ရှင်း ဆုံးဌာနတော်ထဲသို့ဝင်ရောက်ခွင့် ရှိကြသည်။ ယုဒထုံးတမ်းစဉ်လာတွင် လူထုပရိသတ်သည်အသန့် ရှင်းဆုံးသောနေရာမဆိုထားနှင့် သန့်ရှင်းသောနေရာထဲသို့ဝင်ရောက်ခွင့်မရှိကြပါ။ ယဇ်ပုရောဟိတ် ဆရာကြီးတပါးတည်းသာလျှင် အသန့်ရှင်းဆုံးဌာနတော်ကျက်သရေဆောင်သို့ ဝင်ရောက်ခွင့်ရှိကြ သည်။ ယခုမှာမူအားလုံးပြောင်းလဲကုန်ပြီ။ ဘုရားသခင်သည်လည်း ပရိသတ်များဝင်ရောက်ခွင့်မရှိ သောသီးသန့်နေရာတွင်တကူးတက စိုးစံတော်မမူ။ ယုံကြည်သူအားလုံးအချိန်မရွေး၊ မည်သည့်အရပ် ဒေသကလူမရွေးအထံတော်ပါးသို့ တိုးဝင်ချဉ်းကပ်နိုင်သည်။

အသစ်အသက်တာဖြင့်ကုလားကဖွင့်လှစ်ကာ ပူပင်သောကမပါ ခေါ်သံနားစွင့်ပါမည်။ ခရစ် တော် ဘုရားသနားရာပလ္လင်တော်နားသို့သာ။ ငါ၏ချမ်းသာရာဟူသမျှမှာ အဖိုးထိုက်တန် အသွေးတော်ပါ ဝတ်ပြုကိုးကွယ်ပါ၏ အိုအရှင်၊ အဦးသီးသောခရစ်တော်သခင် ပျော်ရွှင်စွာ ကိုးကွယ်ပါမည်။ ငါတတ် စွမ်းသမျှပင်။

ရှေးစာဆိုတစ်ဦး

          ၁၀:၂၀                   ကျွန်ုပ်တို့လျှောက်လှမ်းရသောဘဝသည် အသက်လမ်းသစ် ဖြစ်သည်။ သခင် ဆိုသည်မှာအသစ်တပ်ခြင်း သို့မဟုတ် အသစ်ပြုလုပ်ခြင်းဖြစ်သည်။ အသက်ရှင်ခြင်းဆိုသည်မှာ ယေရှုခရစ်၌ရှင်ပြန်ထမြောက်ခြင်း ဖြစ်သည်။ ထို့ကြောင့်အသက်ရှင်သော ကယ်တင်ခြင်းဖြစ်သည်။ ထိုကဲ့သို့ပင် ကိုယ်တော်၏အသွေးအသားဖြင့် ကုလားကာအားဖွင့်လှစ်ပေးသည်။ ထိုကုလားကာကို ဖွင့်လှစ်ပေးခြင်းဖြင့်ခြားနားသော အကန့်နှစ်ခုအားဆက်စပ်ပေးလျက် ဘုရားသခင်အားဖူးမြော်ခွင့် ရရှိပါသည်။ ကုလားကာကိုဖွင့်လှစ်ပြီးသောကြောင့် ဘုရားသခင်ထံတော်ပါးသို့ ဝင်ရောက်ခြင်းဆို သည်မှာလည်း ခရစ်တော်၏ခန္ဓာကိုယ်ချိုးဖဲ့ကြေမွ၍ အသေခံတော်မူခြင်းအားဖြင့်ဖြစ်သည်။ သို့မ ဟုတ်လျှင်အပြစ်ကင်းစင်သောခရစ်တော်ဘဝထဲသို့ အပြစ်သားများဝင်ရောက်နိုင်စရာ အကြောင်း မရှိ။သို့သော်လည်း ခရစ်တော်၏ရက်စက်စွာအသေခံခြင်းဖြင့်ဖြစ်နိုင်သည်။ သိုးသငယ်၏သေပွဲဝင် ခြင်းအားဖြင့်အခွင့်ထူးရကြပါသည်။ ဝတ်ပြုရန်ဖြစ်စေ ဆုတောင်းရန်ဖြစ်စေ၊ အချိန်အခါမရွေးအထံ တော်သို့ဝင်ရောက်နိုင်သည်။ ကျွန်ုပ်တို့အတွက် အဖိုးထိုက်တန်လှသောအခွင့်ထူး၊ အခွင့်ကောင်းယူ ဆောင်လာပါသည်။

၁၀:၂၁          ဘုရားသခင်ထံတော်ပါးသို့ တိုးဝင်ချဉ်းကပ်သောအခါ မိမိကိုယ်ကိုသာယုံ ကြည်စိတ်ချစွာဖြင့် ဝင်ရောက်ရသည်မဟုတ်။ အနီးအပါးတွင် အမြင့်ဆုံးယဇ်ပုရောဟိတ်မင်းကြီးက လိုက်ပါပါသည်။ ကျွန်ုပ်တို့သည် ယဇ်ပုရောဟိတ်ဖြစ်ကြသည်မှာ မှန်ပါသော်လည်း (၁ပေ ၂:၉၊ ဗျာ ၁:၆) ယဇ်ပုရောဟိတ်မင်းကြီးလိုသေးသည်။ ခရစ်တော်သည် ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းကြီး ဖြစ်သည်။ ထိုယဇ်ပုရောဟိတ်မင်းကြီးလိုက်ပါခြင်းဖြင့် ဘုရားသခင်ရှေ့တော်မှောက်တွင် မျက်နှာပွင့် လန်း၍အာမခံချက်ရှိပါသည်။

၁၀:၂၂          အထံတော်ပါးသို့တိုးဝင်ချဉ်းကပ်ကြပါစို့။ ထိုအခွင့်ထူးသည် ယုံကြည်သူများ အတွက်အသွေးတော်ဖြင့် ဝယ်ယူထားသောအခွင့်အရေးဖြစ်သည်။ နားရှိ၍သာကြားရသည်။ အဘယ် မျှလောက်အံ့သြကုန်နိုင်ဖွယ်ရာနည်း။ ဤလောကအရာအားဖြင့် ဝယ်ယူခြင်းမဟုတ်။ ကမ္ဘာမိုးမြေနှင့် သက်ဆိုင်သောအရာဖြင့်ဝယ်ယူခြင်းဖြစ်သည်။ ကျွန်ုပ်တို့အားဖိတ်မန္တကပြုခြင်းသည် အဆမတန် အဖိုးထိုက်တန်လှရကား မည်သို့တုန့်ပြန်ကြရမည်နည်း။

ထိုဘုရားရှင်တော် ကိန်းဝပ်စိုးစံရာထိုကျက်သရေဆောင်ထဲသို့ ဝင်ရောက်ဖို့ရန်ဝိညာဉ်တော် နှင့်ပတ်သက်သောအကြောင်း (၄) ချက်ရှိပါသည်။

(၁) စိတ်နှလုံးရင်းဖြင့်။ ဣသရေလလူများသည် ဘုရားရှင်တော်ထံသို့ချဉ်းကပ်ရာတွင် နှုတ် ဖြင့်သာချဉ်းကပ်သည်။ နှုတ်ဖျားလျှာဖျားဖြင့်သာ ကြည်ညိုကြသည်။ သို့သော်စိတ်နှလုံးမှာမူ အဝေး တနေရာမှာကျန်ခဲသည် (မ ၁၅:၆၈)။ ကျွန်ုပ်တို့သည် စိတ်သဘောထားရိုးစင်းစွာ တိုးဝင်ချဉ်းကပ်ရ ပေမည်။

(၂) ယုံကြည်ခြင်းအပြည့်အဝဖြင့်။ ဘုရားသခင်ပေးထားသော ကတိတော်များအား ယုံကြည် စိတ်ချရမည်။ သောချာသောပြောင်းလဲသည့် အသက်တာဖြင့်ချဉ်းကပ်ရမည်။ သို့မှသာလျှင် ဘုရား သခင်ထံတော်ပါးမှ ကျေးဇူးတော်ခံစားရမည်ဖြစ်သည်။

(၃) စိတ်မနောမှာလည်းဒုစရိုက်အပြစ် ကင်းစင်ရမည်။ အသစ်တဖန်မွေးဖွားခြင်းအားဖြင့် သာထိုသို့ကင်းစင်နိုင်သည်။ ခရစ်တော်အားယုံကြည်သောအခါ အသွေးတော်ကို တန်ဘိုးထားနား လည်သည်။ ထိုအသွေးတော်ဖြင့် မိမိတို့စိတ်နှလုံးအားပတ်ဖြန်းခြင်းသည် ပသခါပွဲ၌သိုးသငယ် အသွေးကိုသုတ်လိမ်းထားသော ဣသရေလအိမ်များလွတ်ငြိမ်းချမ်းသာရာရကြသကဲ့သို့ မကောင်း သောစိတ်မနော၊ သဘောထားများစင်ကြယ်ကြည်လင်သွားမည်။ ထိုအကြောင်းနှင့်ပတ်သက်၍ Bevan ကဤသို့ဆိုထားသည်

အသိအာရုံထဲမှာ ထာဝရနွံနစ်အဖိုးတန်အသွေးတော်စစ်၊ တစ်ခါယဇ်ဖြင့်သန့်စင်၏။ ဘုရား ရှေ့မှာစင်ကြယ်၏။

Frances Bevan

(၄) ကျွန်ုပ်တို့ခန္ဓာကိုယ်အား ရေသန့်စစ်စစ်ဖြင့်သန့်စင်ရသည်။ ဤအချက်သည် ပုံဆောင် ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ခန္ဓာကိုယ်ဆိုသည်မှာ ဘဝအသက်တာဖြစ်၍ ရေသန့်သန့်ဆိုသည်မှာ နှုတ်က ပတ်တော်ဖြစ်သည် (ဧ ၅:၂၅.၂၆)၊ ယော ၇.၃၇.၃၉)။ နှုတ်ကပတ်တော်သည် နေ့စဉ်ညစ်ထေးနေသော အသက်တာကို ဆေးကြောပေးပါသည်။ သခင်ခရစ်တော်အသေခံခြင်းအားဖြင့် အပြစ်ဒုစရိုက်ဟူသမျှ ကိုသန့်ရှင်းစင်ကြယ်စေပြီးဖြစ်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်ဖော်ပြသော နှုတ်ကပတ်တော် ဖြင့်နေ့စဉ်အဖန်တလဲလဲ တိုက်ချွန်သန့်စင်ရန်လိုအပ်ပါသည်။ (ယော ၁၃:၁၀ ကိုဖတ်)။

ထိုကြောင့်ကောက်ချက်ပြန်ဆွဲရလျှင် ဘုရားသခင်ထံတော်ပါးသို့ တိုးဝင်ချဉ်းကပ်ရာတွင် စင်ကြယ်ခြင်း၊ ယုံကြည်စိတ်ချခြင်း။ ကယ်တင်ခြင်း၊ သန့်ရှင်းခြင်းဟူသောအကြောင်း (၄)ချက်နှင့် ပြည့်စုံရပါမည်။

၁၀:၂၃          ဒုတိယအားပေးတိုက်တွန်းချက်မှာ မျှော်လင့်ခြင်းကိုဝန်ခံ၍ မတိမ်းမရွေ့ဘဲ တည်ကြည်ရန်ဖြစ်သည်။ ခရစ်တော်တပါးတည်းသို့သာလျှင် တစိုက်မတ်မတ်အရုံစိုက်လျှင်မည်သည့် အရာကမှမိမိမျှော်လင့်ချက်ကို ထိပါးယိမ်းယိုင်စေနိုင်မည်မဟုတ်ပါ။

အနာဂတ်အတွက် စိုးရိမ်ပူပန်သောကရောက်သူများ၊ မမြင်နိုင်သောကောင်းကြီးမင်္ဂလာ အပေါ်သံသယရှိသူများနှင့် ယုဒများကိုမယိမ်းမယိုင် ကတိသစ္စာရှိဖို့သတိပေးနှိုးဆော်ခြင်း ဖြစ်ပါ သည်။ ကိုယ်တော်၏ကတိတော်သည် ဘယ်သောအခါမှမပျက်မကွက်ပါ။ ယုံကြည်သစ္စာရှိသူတိုင်း ဘယ်သောအခါမှစိတ်ပျက်အားငယ်ခြင်း မကြုံရပါ။ ကတိတော်ပြုထားတော်မူသည့်အတိုင်း ကိုယ်တော်၏လူသားများအား အထံတော်ပါးသို့ထာဝရနေစေဖို့ရန် အမှန်တကယ်လာရောက်ခေါ် ဆောင်ပါမည်။

၁၀:၂၄          ယုံကြည်သူအချင်းချင်း ချစ်ခြင်းမေတ္တာထားရှိ၍ အချင်းချင်းအပြန်အလှန် ကောင်းမှုကုသိုလ် ပြုကြရန်လည်းတိုက်တွန်းသွန်သင်ထားပါသည်။ ဓမ္မသစ်ကျမ်းပါ ချစ်ခြင်းမေတ္တာ သည်စိတ်နှလုံးအားဖြင့် ချစ်ရုံမျှသာမဟုတ်။ စိတ်ရောကိုယ်ပါ၊ အမှုမဟုတ်၊ အပြုဖြင့်သက်သေပြရန် ဖြစ်သည်။ အချင်းချင်းမေတ္တာထားဖို့ အမိန့်ပေးပါသည်။ သို့ကြောင့်တတ်စွမ်းနိုင်သမျှ လုပ်ကိုလုပ်ရ မည့်တာဝန်ဖြစ်သည်။ ချစ်ခြင်းမေတ္တာသည်အပင်ဖြစ်၍ ကောင်းသောအလုပ်သည် ထိုအပင်၏အသီး အပွင့်ဖြစ်သည်။ ကြားသိပြီးသည့်အတိုင်း အခြားယုံကြည်သူများကို နိုးထအောင်အသက်တာမှာ သက်သေပြကြပါစို့။

ချစ်တတ်သောနှလုံးသားသည် ရောင်စုံပန်းဥယျာဉ်ဖြစ်၍ မေတ္တာပါသောတရားသည် ရေ သောက်မြစ်ဖြစ်သည်။ မေတ္တာစကားသည် ပန်းပွင်းများဖြစ်၍ အသီးအပွင့်ဝေဆာသည်။

Adapted.

၁၀:၂၅          တဖန် တစ်ဦးတစ်ယောက်ခြင်းအထီးကျန်မနေဘဲ အတူတကွစုဖွဲ့ နေကြရမည့် ဒေသန္တရမိဿဟာယ အကြောင်းပြောကြဦးစို့။ ဤကျမ်းစကားသည် ယုံကြည်သူများအား မိမိတို့ဒေ သန္တရအသင်းတော်များ၌ သစ္စာရှိရှိပါဝင်ကြရန်တိုက်တွန်းနှိုးဆော်ခြင်း ဖြစ်သည်။ ထိုသိုးစုဖွဲ့မိဿ ဟာယပြုခြင်းအားဖြင့် ခွန်အားငြိမ်သက်ခြင်းဝိညာဉ်အာဟာရရရှိကြမည်မှာ မေးစရာမလိုတော့ပါ။

ခရစ်ယာန်များအသက်တာတွင် စုံစမ်းနှောင့်ယှက်ခြင်းကြုံတွေ့လေ့ရှိသဖြင့် အားပေးတိုက် တွန်းရန်လိုအပ်သည် တစ်ဦးတစ်ယောက်တည်းတသီးတခြားနေလျှင် စုံစမ်းတိုက်ခိုက်ခြင်းပိုမိုခံစားရ တတ်သည်။ သို့ကြောင့်တပည့်တော်များသည်လည်း ချုပ်နှောင်ခြင်း၊ စုံစမ်းခြင်းအနှောင့်အယှက်များ ကင်းဝင်းစေရန်စုဖွဲ့မိဿဟာယ ပြုခဲ့ကြသည်။

ဤကျမ်းပိုဒ်၏အဓိကသတိပေးချက်မှာ မိစ္ဆာဒိဋ္ဌိအယူမမှားဖို့ဖြစ်သည်။ ဒေသန္တရအသင်း တော်များသည်ကပြောင်းပြန် ယုဒအယူဝါဒနောက်သို့ နောက်ပြန်လှည့်ကြသောကြောင့်ဖြစ်သည်။ ကျမ်းစာရေးသားချိန်သည် အချို့အသင်းတော်များထိုကဲ့သို့ နောက်ပြန်ကြောခိုင်းချိန်ဖြစ်သည်။ ထို့ကြောင့်အချင်းချင်းအားပေးလိုက် တိုက်တွန်းရမည်။ အထူးသဖြင့်ခရစ်တော် တဖန်ပြန်လည် ကြွရောက်လာခါနီးပြီဖြစ်သောကြောင့် သာ၍တိုက်တွန်းနှိုးဆော်ရမည်။ ခရစ်တော်ကြွရောက်လာ သောအခါစုံစမ်းခြင်း၊ နှောင့်ယှက်ခြင်း၊ သွေးဆောင်ခြင်းကိုအောင်မြင်သူများအား အောင်ပွဲခံသူများ ဘက်တွင်တွေ့ရမည်။ ထို့ကြောင့်စိတ်လှုပ်ရှားခြင်းမရှိဘဲတည်ငြိမ် ရင့်ကျက်ဖို့လိုပါသည်။

၁၀:၂၆          သည်စတုတ္ထသတိပေးချက်ဖြစ်သည်။ ယခင်ကျမ်းပိုဒ်တွင် မိစ္ဆာဒိဋ္ဌိအယူဝါဒ အားသတိပေးထားသကဲ့သို့ ဤကျမ်းပိုဒ်တွင်ဆိုးရွားသောအပြစ်ကို သတိပေးထားပါသည်။

ယုံကြည်သူခရစ်တော်များအကြားတွင် သဘာဝအရင်းအမြစ်အပြစ်ဒုစရိုက်များ မရှိတော့ ကြောင်းကိုတိုတိုတုတ်တုတ်ဖော်ပြပါမည်။

၁။ တကယ့်ခရစ်ယာန်များသည်လည်း ခရစ်တော်ထံတော်ပါးမှ တောက်လျှောက်ကင်းကွာ နေလျှင်ပျောက်ဆုံးသူများဖြစ်သည်။

၂။ တကယ့်ခရစ်ယာန်များသည် နောက်ပြန်လျှောကျသော်လည်း ကယ်တင်ခြင်းမဆုံးရှုံး သေးပါ။

၃။ ဒေသန္တရအသင်းတော်တွင် ခဏတာမျှပေါ်ပေါက်၍လုပ်စားသူသည် မကြာခင်မှာခရစ် တော်နှင့်ဝေးလံစွာပြန်နေတတ်သည်။ ထိုသူများသည် ဒုတိယမွေးဖွေးခြင်းအမှန်တကယ် မခံစားရသူ များဖြစ်၍ဘယ်သောအခါမှလည်း နားလည်မည်မဟုတ်။

ဤအချက်များကို လက်ခံရန်ခက်ခဲနိုင်ပါသည်။ သို့သော်တတိယအချက်သည် တထစ်ချမှန် ကန်သည်ဟုဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော်ဟေဗြဲကျမ်းနှင့် ဓမ္မသစ်ကျမ်း၏အဓိကအချက် ဖြစ်သည်။

သမ္မာတရားကို သိရှိလက်ခံပြီးနောက်မိုက်တွင်းနက်ခြင်းသည် ဤကျမ်းပိုဒ်၏အဓိကသတိ ပေးချက်ဖြစ်သည်။ ယုဒကာရုတ်ကဲသို့သော လူစားဖြစ်သည်။ ကယ်တင်ခြင်းကိုသိသည်။ လက်သင့် ခံဟန်ဆောင်သည်။ ပြီးနောက်ဆိုးရွားစွာ ဖောက်ပြန်သည်။

အပြစ်အားလုံးအတွက် ပူဇော်သက္ကာပြုပြီးဖြစ်သဖြင့် လူတစ်ဦးတစ်ယောက်ခြင်းလုပ်စရာမလို တော့ပါ။ ထိုသူသည်သခင်ခရစ်တော်၏လူသားအားလုံးအတွက် ယဇ်ပူဇော်ခြင်းကို သိလျက်နှင့် တမင်စွန့်ခွာသူဖြစ်သည်။ ထိုသူအတွက် ကယ်တင်ခြင်းရရှိဖို့ရန် အခြားနည်းလမ်းမရှိတော့ပါ။

အပြစ်အားလုံးသည် မိမိစိတ်ဆန္ဒကြောင့်ပြုမှားကြခြင်းဖြစ်သည်။ သို့သော်ထိုအပြစ်မျိုးသည် အဆိုးရွားဆုံးသောအပြစ်ဒုစရိုက်ဖြစ်သည် ဟုခါးခါးသီးသီးဆိုထားပါသည်။

ဤကျမ်းပိုဒ်တွင်ကျွန်ုပ်တို့ဟုသုံးနှုန်းထားသော်လည်း ကျွန်ုပ်တို့အားလုံးပါဝင်သည်ဟု မဆို လိုပါ။ အခန်းငယ် ၃၉ တွင် ငါတို့မူကား ပျက်စီးခြင်းသို့ရောက်အံ့သောငှာ ရွေ့လျော့သောသူ မဟုတ်ဟုအသေအချာဆိုထားပါသည်။

၁၀:၂၇          အကျိုးအကြောင်းမဖော်ပြထားသော်လည်း ကြောက်မက်ဖွယ်သောမြော်လင့် ရသည့်အကြောင်း ရှင်းပြထားသည်။ လွတ်မြောက်ဖို့မျှော်လင့်ချက်မရှိပါ။ ထိုမိစ္ဆာဋ္ဌိသမားသည်ဘယ် သောအခါမှ နောင်တရနိုင်မည်မဟုတ် (၆:၄)။ ထိုသူသည်သိလျက်နှင့်ပင် ဘုရားသခင်ကျေးဇူးတော် တည်ရာသခင်ခရစ်တော်အား ဖြတ်တောက်ခြင်းဖြစ်သည်။ ထိုသူ၏ကံကြမ္မာသည် ကြောက်လန့် စိုးရိမ်ဖွယ်ရာမြော်လင့်ချက်မဲ့ကမ္ဘာ ဖြစ်သည်။ ဤအချက်သည် ကပ်သီးကပ်သတ်ဖြစ်တောင့် ဖြစ်ခဲ သောအရာဖြစ်၍အပြစ်ဒဏ်သည်လည်း ကြီးလေးလှပေသည်။

ထိုမိစ္ဆာဒိဋ္ဌိများသည် ဘုရားသခင်၏ရန်သူရန်ဘက်များဖြစ်သည့် ဘုမသိဘမသိ နလပိန်းတုံး များမဟုတ်ဘဲခရစ်တော်ကို ဗြောင်ကျကျဖီလာဆန့်ကျင်သူများဖြစ်သည်။

၁၀:၂၈          ဓမ္မဟောင်းကာလတွင် ပညတ်တော်ကိုဖောက်ဖျက်သူထက် မိစ္ဆာဒိဋ္ဌိအယူမှား သူများသည်ပိုမိုအပြစ်ကြီးလေးသည်။ မောရှေစီရင်ထုံးတွင် ပညတ်တော်ချိုးဖောက်သူသည် သက် သေနှစ်ဦးသုံးဦးရှိမှသာ လျှင်သေရမည် (တရား ၁၇:.) ဟုပြဋ္ဌာန်းသည်။

၁၀:၂၉          သခင်ခရစ်တော်၏အမှုတော်ကိုခြေဖြင့် နင်းသောမိစ္ဆာဒိဋ္ဌိအယူဝါဒသည် ဆိုး ရွားလှသောကြောင့် အဘယ်မျှလောက်အပြစ်ဒဏ်ထိုက်သည်ကို မဆိုနိုင်။ ထိုသူ၏မိုက်တွင်းနက်ဆိုး ရွားမှုကိုအောက်ပါအမှုများဖြင့် စွဲချက်တင်နိုင်သည်။

၁။        ဘုရားသားတော်ကို ခြေဖဝါးအောက်တွင် နင်းချေမှု။ သခင်ခရစ်တော်နောက်သို့ လိုက်ကာ လုပ်စားပြီး၊ ယခုအခါတွင် ခရစ်တော်အတွက်မည်သည့်အရာမျှ လုပ်ဆောင်လိုစိတ်မရှိဘဲ၊ စိမ်းစိမ်း ကားကားငြင်းပယ်သည်။ သခင်ခရစ်တော်အား ကယ်တင်ရှင်အဖြစ်လက်မခံတော့သည့်အပြင် ဗြောင်ကျကျငြင်းဆန်ပစ်သည်။

ဂျပန်နိုင်ငံတွင် စုံစမ်းခြင်းကာလဆိုးရွား ပြင်းထန်စဉ်ယုံကြည်သူတစ်ဦးအား လက်ဝါးကပ် တိုင်ပေါ်တွင်တင်ခဲ့ကြသည်။ လက်ဝါးကပ်တိုင်မြေကြီးပေါ်သို့ လှဲချသောအခါထိုသူအား မြင်ရသူ တိုင်းကပြုစုကူညီကြသည်။ ခရစ်ယာန်မဟုတ်သော အခြားသူများက ထိုယုံကြည်သူကိုမုန်းတီးရွံရှာ ခြင်းမပြုကြပါ။ တကယ့်ခရစ်ယာန်များကမူ ငြင်းပယ်ပြီးသတ်ပစ်ခဲ့ကြသည်။ ထိုဇာတ်လမ်းဖြစ်စဉ် သည်ခရစ်တော်ဘုရား၏မျက်နှာတော်အား ခြေထောက်ဖြင့်နင်းချေခြင်းနှင့် အတူတူဖြစ်သည်။

၂။         အရာခပ်သိမ်းကို သန့်ရှင်းစေသောအသွေးတော်အား မထီလေးစားပြုမှု။ ခရစ်တော်၏ပဋိ ညာဉ်တရားသစ်အသွေးတော်ဖြင့် အရာရာအားဆေးကြောသန့်စင်ပြီးဖြစ်ရာ၊ ထိုအသွေးတော်သည် မသန့်ရှင်း၊ အသုံးမကျသောအရာသို့ သက်ရောက်စေခြင်းဖြစ်သည်။ ထိုသူသည် အသွေးတော်နှင့် ဆက်ဆံရသည့် အခွင့်ထူးကြုံတွေ့ဘူးသူဖြစ်သည်။ သူနှင့်တကွ သူ့ပတ်ဝန်းကျင်ခရစ်ယာန်များအား စင်ကြယ်စေပြီးဖြစ်သည်။ မယုံကြည်သူအိမ်ထောင်ဘက်ကိုပင်လျှင် စင်ကြယ်စေပါသည်(၁ကော ၇:၁၄)။ သို့သော်လည်း ထိုအသွေးတော်က ကယ်တင်သည်ဟု မခံယူနိုင်။

၃။        ကျေးဇူးတော်သက်ရောက်သည်။ ဝိညာဉ်တော်ကို စော်ကားမှု။ ဘုရားသခင်ဝိညာဉ်တော်အား ဖြင့်မင်္ဂလာသတင်းခညောင်းစေခဲ့ပါသည်။ အပြစ်ဒုစရိုက်ကို သတိပေးလျက် ခရစ်တော်ထံတွင် ဝိ ညာဉ်ရေးရာဒုက္ခသည်အဖြစ် ခိုလှုံစေသည်။ သို့သော်လည်း ထိုသခင်ကမ်းလှမ်းသော ကယ်တင်ခြင်း ကိုခါးသီးစွာငြင်းပယ်ခြင်းဖြင့် ဘုရားသခင်ဝိညာဉ်တော်ကို စော်ကားသည်။

၁၀:၃၀                   ဘုရားသခင်၏တစ်ဦးတည်းသောသားတော် အားငြင်းပယ်ခြင်းသည် ဧရာမ အပြစ်ကြီးဖြစ်သည်။ ထိုပြစ်မှုအတွက် ဘုရားသခင်ကိုယ်တော်တိုင်ရုံးထိုင် တရားစီရင်မည်။ ဘုရား ရှင်က “အပြစ်တရားကိုစီရင်သောအခွင့်ကို ငါပိုင်၏။ အချိန်တန်မှ သူတို့သည်ခြေချော်လိမ့်မည်” (တရား ၃၂:၃၅) ဟုဆိုထားပါသည်။ အပြစ်စီရင်ခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းသည် အမြင့်ဆုံးဒီကရီ ဖြစ်သည်။ ထိုစကားလုံးကို အသုံးပြုခြင်းအားဖြင့် လက်စားခြေသည်ဟုမယူဆစေလိုပါ။ ပြုမှားမိ သောမိစ္ဆာဒိဋ္ဌိမိုက်မဲမှု အတိမ်အနက်အတိုင်းထိုက်တန်သော အပြစ်ဒဏ်ပေးရမည်ဟုဆိုလိုသည်။

“တဖန်ထာဝရဘုရားသည် မိမိလူတို့ကိုတရားစီရင်မည်” ဟုမိန့်တော်မူသည်။ ဘုရားသခင် သည်အမှန်တကယ် ယုံကြည်သူများကိုလည်း စစ်ကြောတော်မူမည်။ သို့သော်ဤကျမ်းပိုဒ်စာဆိုလို ရင်းမှာယခင်ကျမ်းပိုဒ်များပါအတိုင်း ဒုစရိုက်အပြစ်သားများကိုသာ စီရင်မည်။

အကယ်၍ မိစ္ဆာဒိဋ္ဌိဒစရိုက်ကောင်များအား ကိုယ်တော်၏ လူများအဖြစ်မသတ်မှတ်နိုင်ဟု ဆိုလျှင်ဖန်ဆင်းခြင်း၏အပြင်ဘက်သို့ ရောက်သွားသောသူများဖြစ်လိမ့်မည်။ ဖန်ဆင်းသူသာဖြစ်၍ ကယ်နှုတ်သူမဟုတ်တော့ပါ။ တစ်ကြိမ်တစ်ခါက ကိုယ်တော်ထံပါး၌ ခိုလှုံခဲကြသော်လည်းကိုယ်တော့် အားအလျဉ်းသင့်လက်ခံခြင်းမရှိခဲ့ကြ။

၁၀:၃၁                   ဤကျမ်းပိုဒ်၏ဆိုလိုရင်းမှာ  ဘုရားသခင်၏ အပြစ်စီရင်ခြင်း ရင်ဆိုင်ရ လောက်အောင်မဆိုးသွမ်းနှင့်။ အဘယ်ကြောင့်ဆိုသော် ဘုရားရှင်၏အပြစ်စီရင်ခြင်းသည် အလွန် ကြောက်မက်ဖွယ်ရာကောင်းသည်။

အမှန်စင်စစ်ပြောရပါက ယုံကြည်သူများအားနှောင့်ယှက် ဒုက္ခရောက်စေမည့်အကြောင်း မရည်ရွယ်ပါ။ ကျမ်းပိုဒ်၏ရည်ရွယ်ချက်သည် လေးနက်သည်။ ခရစ်တော်၏နာမတော်အား အမည် ခံလုပ်စားသူများကို ရှာဖွေစိတ်ခေါ်ခြင်းဖြစ်သည်။ ကိုယ်တော်ထံပါးမှ ပြစ်ခွာသူများကိုကြောက်လန့် ဖွယ်ရာရင်ဆိုင်ရမည့်အကြောင်း သတိပေးချက်ဖြစ်သည်။

၁၀:၃၂          ကနေဦးယုဒခရစ်ယာန်များက ခရစ်တော်၌သစ္စာတည်ရှိပုံကို အချက်အ လက်(၃) ခုဖြင့်အခိုင်အမာဖော်ပြထားသည်။

၁။ သူတို့အတွေ့အကြုံသည် နိုးကြားတက်ကြွရာဖြစ်သည်။

၂။ ရရှိသောဆုလက်ဆောင်များသည် ခွန်အားဖြစ်စေသည်။

၃။ ဘုရားသခင်ကြောက်လန့်ခြင်းဖြင့် အတိတ်သို့နောက်ပြန်မလှည့်ကြ။

အားလုံးခြုံကြည့်လျှင် သူတို့၏ဖြတ်သန်းလာသောအတိတ်က အတွေ့အကြုံများသည် အား အင်ဖြစ်စေလျက် ရွှင်လန်းတက်ကြွစေပါသည်။ ခရစ်တော်ဘုရား၌ ဟန်ဆောင်လုပ်စားကြပြီး နောက်တွင်မူစာတန်၏ ကြီးမားသောစုံစမ်းနှောင့်ယှက်ခြင်းပစ်မှတ် ဖြစ်လာသည်။ မိသားစုများမှ ကြည်ဖယ်ကြသည်။ မိတ်ဆွေများက ငြိုငြင်ကြသည်။ ရန်သူများကခြိမ်းခြောက်လာပါသည်။ သို့ သော်စိုးလန့်ကြောက်ရွံ့မည့်အစား ထိုစုံစမ်းခြင်းများကယုံကြည်မှု ခိုင်မာစေသည်။ ခံစားရသောစုံစမ်း ခြင်းများသည် နာမတော်အတွက်ဖြစ်သောကြောင့် ဝမ်းသာကြသည် (တ ၅:၄၁)။

၁၀:၃၃                   ထိုစုံစမ်းခြင်းများသည် တစ်ခါတရံတစ်ဦးတစ်ယောက်ခြင်းလည်း ဖြစ်သည်။ အ ပေါင်းအသင်းအစုအဖွဲ့နှင့် ကင်းလွတ်နေသည့်အချိန်တွင် ခံစားရသည်တခြားအချိန်များတွင်မူအများ နည်းတူခံစားရသည်။

၁၀:၃၄                   အစုလိုက်အဖွဲ့လိုက်ထောင်နှုတ်ခမ်းတွင် အန္တရာယ်ကြီးစွာ လျှောက်နေကြရ သော်လည်းအကျဉ်းခံနေသော ယုံကြည်သူများအားသွားရောက် တွေ့ဆုံအားပေးရန် ဝန်မလေးကြပါ။

သူတို့စည်းစိမ်ဘဏ္ဍာများ ကိုမင်းအာဏာဖြင့်ပြည်သူပိုင်သိမ်းဆည်းသည့် အခါတွင်လည်း အပြုံးမပျက် ကျေကျေနပ်နပ် ပေးကြသည်။ ပိုင်ဆိုင်ထားသော လောကအရာစည်းစိမ်များထက် သခင်ယေရှုကို ဦးစားပေးရွေးချယ်ကြသည်။ မပျက်စီးနိုင်သော မပြိုပျက်နိုင်သောအမွေသည် ပပျောက်ခြင်းမရှိနိုင် (၁ပေ ၁:၄ကိုကြည့်)။ ထိုအရာသည် အံ့သြဖွယ်ရာဘုရားပေးကျေးဇူးတော် ဖြစ်၍လောကချမ်းသာဖြစ်သည်။

၁၀:၃၅                   ဒုတိယအချက်ကား ရရှိထားသောဆုလက်ဆောင်များက ခွန်အားဖြစ်သည်။ အတိတ်ကာလတွင် ခါးသီးစွာခံစားရသော်လည်း လက်မြောက်အရှုံးပေးခြင်းမရှိကြ။ သို့ကြောင့် “သင်တို့၏မျက်ရည်ကြီးငယ်ပေါက်များကို မမေ့ပစ်ကြနှင့်”ဟု FB Meyer ကဆိုထားသည်။ ယခု အချိန်မှာကား အတိတ်ကအဖြစ်ဆိုးများကို ကျော်ဖြတ်ပြီးလာရကား ဘုရားသခင်ကတိတော်ပြည့်စုံ ရာသို့နီးစပ်ကြလေပြီ။ ဤအချိန်အခါကျမှ နောက်ပြန်လှည့်စရာအကြောင်း မရှိတော့ပေ။

“သင့်ယုံကြည်ခြင်းကို မစွန့်ပါနှင့်၊ လာမည့်အနာဂတ်ကမ္ဘာတွင် ဆုလက်ဆောင်ရရှိမည့် အကြောင်းဖြစ်စေပါ” (JBP)။

၁၀:၃၆                   ထိုသူများ၏လိုအပ်ချက်မှာ တာရှည်ကြံ့ကြံ့ခံနိုင်ရည်ရှိခြင်းဖြစ်သည်။ စုံစမ်း နှောင့်ယှက်ခြင်းများကို ဖြတ်ကျော်လျက်ခရစ်တော်ထံပါး၌ ခိုလှုံခြင်းကိုမျှော်လင့်ကြသည်။ ဘုရား သခင်၏အလိုတော်အတိုင်း ပြုကျင့်စောင့်ထိန်းသူများအတွက် ကတိတော်ဆုလက်ဆောင်များသည် အဆင့်သင့်ရှိနေပါသည်။

၁၀:၃၇                   ထိုလက်ဆောင်များသည် ခရစ်တော်ဘုရားပြန်လည်ကြွရောက် လာသည်နှင့် တစ်ပြိုင်နက်ရရှိကြရမည်။

ထိုအကြောင်းကို “ထိုရူပါရုံသည် ချိန်းချက်သောအချိန်နှင့်ဆိုင်၍ အမှုကုန်ရသောကာလကို ဆိုလို၏။ မုသာနှင့် ကင်းလွတ်၏။ ဆိုင်းသော်လည်းမြော်လင့်လော။ နောက်မကျဘဲ အမှန်ဧကန် ရောက်လိမ့်မည်” (​ဟဗ ၂:၃) ဟုဆိုထားပါသည်။ ထိုကျမ်းပိုဒ်ကို ဤကျမ်းစာတွင်တဖန် “ကြွလာ လတံ့သောသူသည် မဆိုင်းမလင့်ဘဲ မကြာမြင့်မီရောက်တော်မူလိမ့်မည်” ဟုထပ်မံဖော်ပြခြင်းဖြစ် သည်။

ထိုအကြောင်းနှင့်ပတ်သက်၍ Vincent ကဤသို့ဆိုထားသည်။

ဟေဗြဲကျမ်းမှ Chaldees များအတွက် ရူပါရုံနှင့်ပတ်သက်၍ Septuagint မှာယောဟောဝါ သို့မဟုတ် မေရှိယကိုအဓိကဖော်ညွန်းသည်။ ကျမ်းပိုဒ်၏ရည်ညွန်းချက်မှာ မေရှိယဖြစ်သည် ဟု နှောင်းပိုင်းယုဒဓမ္မဝါဒီများက ဖွင့်ဆိုထားသည်

A.J.Pollock ကဤသို့ထောက်ခံထားသည်။ ဓမ္မသစ်ကျမ်းကကိုးကားထားသောဓမ္မဟောင်း ကျမ်းပိုဒ်များသည် ဝိညာဉ်တော်ကနှုတ်တိုက်ချပေးခြင်းဖြစ်သည်။ ဟဗက္ကုတ်ကျမ်းမှ ခရစ် တော်ဘုရားနိုင်ငံတော် တည်ထောင်ရန်ကြွရောက်လာမည့် အကြောင်းဖြစ်သည်။ ထိုကျမ်းမှ IT ဟူသောစကားလုံးသည် ဟေဗြဲကျမ်းတွင်HEဟု ပြောင်းလဲခေါ်ဝေါ်လာပြီး၊ ချီဆောင် ခြင်းကိုဆိုလိုပါသည်။

ထပ်မံဖော်ပြလိုသည်မှာ

ဓမ္မဟောင်းကျမ်းမှ ကျမ်းပိုဒ်များအားပြန်လည်ကိုးကားရာတွင် ဘုရားသခင်၏ဖွင့်ပြပေး ခြင်းဖြင့်ကျမ်းပိုဒ်အလိုက် အများဆုံးရေးကြခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်းစာသားအတိုင်း အတိအကျမဟုတ်သော်လည်း အနက်အဓိပ္ပာယ်ဆန့်ကျင်ခြင်း၊ ကွဲပြားခြင်းမရှိပါ။ သန့်ရှင်း သောဝိညာဉ်တော်၏ လမ်းပြထောက်ကူခြင်းအားဖြင့် အဓိပ္ပာယ်ကွဲပြားခြင်းမရှိဘဲ၊ ဓမ္မသစ် ကျမ်းတွင်ပြန်လည်ရေးသားနိုင်ခြင်းဖြစ်သည်။ ဘုရားသခင်မှလွဲ၍ ဘယ်သူမျှထိုသို့မပြုနိုင် ပါ။ ဝိညာဉ်တော်ဖြင့်ထိုကျမ်းစာကို ထပ်မံဖော်ပြခြင်းပြီးဆုံးသွားပါပြီ။ ပို၍ကြီးမြတ်သော အမှုဖြစ်သည်။ သမ္မာကျမ်းစာရှင်သည် ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့်ကာလကြာညောင်း သော်လည်းထပ်မံရေးပြပေးနိုင်ခြင်းဖြစ်သည်။ ဘုရားသခင်၏ အရေးပါသောကျမ်းစာသား များအားမေ့လျော့ခြင်းမရှိရန် ထပ်မံသတိပေးခြင်းဖြင့်ဖြစ်သည်။ ထိုကျမ်းပိုဒ်များအား ဖတ် ရှုရာတွင်အထူးဆင်ခြင်အလေးပေးရသည်။ ထပ်ဖြည့်ခြင်း၊ နှုတ်ပယ်ခြင်းအလျဉ်းမပြုရ စာအုပ်ပိုင်ရှင်ဘုရားသခင်ကသာလျှင် ပြုနိုင်သည်။ ထို့ကြောင့် ဘုရားရှင်မှကလောင်တံပေး ထားသောမောရှေ၊ ဟေရှာယ၊ ပေတရု၊ ပေါလု၊ မဿဲနှင့် ယောဟန်တို့အားဖြင့် ရေးသားခြင်း ဖြစ်သည်။

၁၀:၃၈                   ဇွဲနဘဲကြီးစွာစောင့်မျှော်ရသည့် အကြောင်းရင်းမှာဘုရားသခင်၏ စိတ်တော် နှင့်မတွေ့မှာစိုးခြင်းဖြစ်သည်။ ဟဗက္ကုတ်ကျမ်းကိုကိုးကားရလျှင် ဘုရားသခင်၏စိတ်တော်နှင့် ထိတွေ့ခြင်းသည် ယုံကြည်ခြင်းသစ္စာရှိဖို့ဖြစ်သည်။ ယခုမူကားယုံကြည်ခြင်းဖြင့် မျှော်လင့်စောင့်စား နေရမည်။ ထိုသို့သစ္စာရှိခြင်းသည် ဘုရားသခင်၏အဘိုးတန်သော ကတိတော်တည်ရာဖြစ်သည်။ မျက်စိဖြင့်မမြင်နိုင်သော်လည်း ဆုံးခန်းတိုင်သစ္စာရှိရပေမည်။

တစ်နည်းပြောရလျှင် ဘုရားသခင်၏စိတ်တော်နှင့် မထိတွေ့ခြင်းသည် မေရှိယ(သို့)ကိုယ်တော် ၏ပူဇော်သက္ကာအားစော်ကားရာရောက်သည်။ သို့သော်လည်းရွေ့လျောလျှင် ငါ့စိတ်ဝိညာဉ်သည် ထို သူကိုအားရနှစ်သက်ခြင်းမရှိပါဟု ဘုရားသခင်အမိန့်တော်ရှိ၏။

          ၁၀:၃၉                   ကျမ်းစာက ငါတို့သည်စိတ်ရွေ့လျော့ခြင်းမရှိ ဟုဆိုထားသည်။ ယုံကြည်သူ များသည်မိစ္ဆာဒိဋ္ဌိအယူများနှင့် မပတ်သက်ဟုဆိုလိုသည်။ ပျက်စီးသူများဖြစ်သည်။ စစ်မှန်သော ယုံ ကြည်သူများသည် တကယ်ယုံကြည်ကြသောကြောင့် သူတို့အသက်ဝိညာဉ်များကို ဘာသာမဲ့ဒိဋ္ဌိဝါဒီ ဘဝဆိုးဒဏ်မှကွယ်ကာကြသည်။

ဤနေရာတွင် ဖော်ပြသည် “ယုံကြည်ခြင်း”နှင့် “သစ္စာရှိခြင်း” သည် ဂရိဝေါဟာရစကားလုံး တလုံးထဲမှဆင်းသက်ခြင်းဖြစ်သည်။ မူလစကားလုံး၏ အနက်အဓိပ္ပာယ်မှာ ဘုရားသခင်၏စိတ် တော်နှင့်ထိတွေ့ရာဟု အနက်ရသည်။ ထို့အကြောင်းကို အခန်း ၁၁ တွင် ဆက်လက်ဖော်ပြထားပါ သည်။

Previous Article
Next Article