ဟေဗြဲသြဝါဒစာ ၂

: သခင်ခရစ်တော်သည် ဘုရားသားတော်ဖြစ်သောကြောင့် ကောင်းကင်တမန်များထက် ကြီးမြတ်ကြောင်း ကလောင်ရှင်က အချက်ကျကျအပြည့်အစုံဖော်ပြထားသည်။ ကိုယ်တော်သည် ကောင်ကင်သားအနွယ်ဝင်ဖြစ်၍ ကြီးမြတ်ခြင်းသာမဟုတ်။ လူသားဘဝတွင်လည်းကြီးမြတ်သူ ဖြစ်ကြောင်း ဤဩဝါဒတွင် တွေ့ရသည်။ ဧဝံဂလိတရားနှင့် မကင်းဖို့သတိပေးခြင်းလည်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကြီးမြတ်သောဆုလက်ဆောင်သည် သတင်းကောင်း ကြားရသူများ အတွက် ပို၍များပြားသောကြောင့်တည်း။ ကိုယ်တော်ထံပါးမှ ဝေးကွာ၍ ဘာသာရေး ထုံးတမ်း စဉ်လာတွင်သာ တင်းတိမ်နေခြင်းသည် အချိန်မရွေး အန္တရာယ်ရှိနေသည်။ ဝေးကွာခြင်း ဆိုသည်မှာ အပြစ် နောင်တမရခြင်းဖြစ်သည်။

: ရဟူဒီအယူအဆသမိုင်းတွင် ကောင်းကင်တမန်များသည် အထူးအရေးပါ အရာရောက် သည်။ ကောင်းကင်တမန်များကလည်း ကုဋေကုဋ္ဌာချီ၍ ရှိကြသည် (တရား ၃၃:၂၊ ဆာ ၆၈:၁၇)။ ကောင်းကင်တမန်များနှင့် အမှန်တကယ်စကားပြောဆို ခဲ့ကြသည်မှာ အခိုင်အလုံ သက်သေ သက်ကာရ ရှိသည်။ အပြစ်ဒဏ်အမျိုးမျိုးလည်း ခံကြရသည်။ ဤအဖြစ်အပျက်များသည် အတိုင်း အတာတစ်ခုထိ ဖြစ်ခဲ့သည်။

: သည်ယခုအခါ ငယ်ရာမှကြီး၊ နုရာမှရင့်လာသည်။ ပညတ်ချက်ကို ကျူးလွန် ဖောက်ဖျက်သူများအား အပြစ်ဒဏ်ခတ်ရသည်ဆိုလျှင် ဧဝံဂေလိသတင်းကောင်းကို ပစ်ပယ်သူများ ၏ ကြံကမ္မာကို မည်သို့စီရင်ရမည်နည်း။ ပညတ်တော်ကလူ့ဝတ္တရားကို မည်သို့ပြဌာန်းသနည်း။ ဧဝံဂေလိ သတင်းကောင်းကြားသိကြဖို့ ဘုရားရှင်တော်က မည်သို့စီရင်ပေးထားသနည်း။ ပညာတ်ချက်သည် အပြစ်ဒုစရိုက် သိမြင်ဖို့ဖြစ်၍၊ ဧဝံဂေလိသတင်းကောင်းသည် ကယ်တယ်ခြင်း သတင်းကောင်း သိရှိဖို့ဖြစ်သည်။

ကယ်တယ်ခြင်း သတင်းကောင်းမသိ နားမလည်ခြင်းသည် ပညတ်တော်ပေါင်းစုံ ချိုးဖောက်ခြင်းထက် ဆိုးရွားသည်။ ဘုရားရှင်တော်က ကောင်းကင်တမန်များ၊ မောရှေနှင့် လူသားများအတွက် ပညတ်တော်များပေးခဲ့သည်။ သို့သော် ခေတ်သစ်တွင်မူယေရှုခရစ်ကိုယ်တော်က ဧဝံဂေလိသတင်းကောင်း ကို တိုက်ရိုက်မြွက်ဟသည်။ ထိုမျှသာမက၊ ကယ်တင်ရှင်ခရစ်တော်၏ နှုတ်ထွက်စကားတော်များကို ကြားနာခဲ့ကြသောတမန်တော်များကလည်း ရှေးဦးခရစ်ယာန်များအား ဆက်လက် သွန်သင်ဟောကြား ခဲ့ကြသည်။

: ထိုဧဝံဂေလိတရားသည် သမ္မာတရားဖြစ်ကြောင်း နိမိတ်လက္ခဏာများ၊ အံ့ဖွယ်နိမိတ် ပုံရိပ်များ၊ ဝိညာဉ်ကျေးဇူးများဖြင့် ဘုရားရှင်ကိုယ်တော်တိုင် သက်သေထူပေးသည်။ အံ့ဖွယ်နိမိတ် ပုံရိပ်များသည် ဘုရားရှင်တော်၏ အတိတ်နိမိတ်ဖြစ်၍ တမန်တော်များကို ဝိညာဉ်တော်အားဖြင့် ထင်ရှားစေသည်။ ဥပမာအားဖြင့် လူငါးထောင်အား အစားအစားကျွေးမွေးခြင်း (ယော ၆:၁-၁၄)သည် အသက်မုန့်ဖဲ့ခြင်း၏ ရှေ့ပြေးနိမိတ်လက္ခဏာဖြစ်သည်။ (ယော ၆:၂၅-၅၉)။ မျက်မြင်သက်သေများ ရှေ့မှောက်တွင် လည်း အံ့အားသင့် နှုတ်ဆိတ်အောင် လက္ခဏာပြခဲ့သည်။ ဥပမာအားဖြင့် လာဇရု ပြန်လည်ထမြောက်ခြင်း (ယော ၁၁:၁-၄၄)။ အံ့ဖွယ်နိမိတ်ဟူသည်မှာ လောကသဘာဝဖြစ်ရပ် ဓမ္မတာများထက် လွန်ကဲစွာဖြစ်ပျက်ခြင်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်ဆု ကျေးဇူးသည် လူ့သဘာဝ ဖြစ်ရိုးဖြစ်စဉ်ကို ကျော်လွန်ကြောင်းပြသည်။

ထိုထူးဆန်းသော အံ့ဘွယ်နိမိတ်လက္ခဏာများ၏အကြောင်းအရင်းသည် ဧဝံဂေလိတရား၏ သစ္စာတရားသည် အထူးသဖြင့် မိရိုးဖာ ရိုးရာထုံးတမ်းစဉ်လာတွင်သာ နှစ်မြောနေသော ရဟူဒီလူမျိုး များအတွက် သာဖြစ်သည်။ ဓမ္မသစ်ကျမ်း လက်တွေ့ကျင့်သုံးသောကာလတွင်ရှိ သက်သေသာဓက တချို့ကိုတင်ပြခြင်းဖြစ်သည်။ သို့သော်သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုအံ့ဖွယ်နိမိတ်လက္ခဏာ မျိုးကို အဘယ်ခေတ်တွင်မျှ ထင်ရှားပြသခြင်းမပြုခဲ့။

ထိုနိမိတ်လက္ခဏာများသည် ကိုယ်တော်တိုင်သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ရွေးချယ်ခြင်း ဖြစ်၍ကိုယ်တော်၏သဘောတော်အတိုင်း ပြုလုပ်ခြင်းဖြစ်သည်ဟု ကျမ်းစကားသက်သေ ပြုထားသည်။ ဘုရားရှင်တော် ပေးထေားသော ပိုင်စိုးခြင်း ဆုလက်ဆောင်ဖြစ်သည်။ ထို ဆုလက်ဆောင်မျိုးကို ဆုတောင်းခြင်းဖြင့်၎င်း၊ ဆုတောင်းခြင်းအဖြေဖြင့်၎င်း ရနိုင်ရိုးမရှိပါ။ အဘယ်ကြောင့်ဆိုသော် လူသားများကဲ့သို့ ဘယ်သောအခါမှ ကတိစကားမပေးခဲ့ပါ။

: အခန်း ၁ တွင်ယေရှုခရစ်တော်သည်ဘုရားသားတော်ဖြစ်၍ ကောင်းကင်တမန်များထက် ကြီးမြတ်ခြင်းဖြစ်သည်။ ယခုတဖန် ကြီးမြတ်သောမဟာလူသား လည်းဖြစ်ကြောင်း၊ ပြသချင်သည်။ ရဟူဒီလူမျိုးများ၏ခံယူချက်တွင် ယေရှုသည်အောက်ကျနောက်ကျ လူတန်းစားဖြစ်သည်ဟု ရှုမြင်သည်။ ထိုအတွေးထဲသို့ခဏဝင်ကြည့်လိုက်လျှင် ပိုမိုသဘောပေါက်နိုင်မည်။ ရဟူဒီလူမျိုးများ ခံယူချက်တွင် ယေရှုသည် သာမန်လူသားဖြစ်သောကြောင့် ကောင်းကင်တမန်များထက် နိမ့်ကျသည်ဟုစွဲမှတ်ကြသည်။ ယေရှုသည်လူသားဟုခံယူသည့်တိုင်အောင် ကောင်းကင်တမန် များထက်  ကြီးမြတ်ကြောင်းနောက်ပိုင်းကျမ်းပိုဒ်များတွင် တွေ့ရှိနိုင်သည်။

ပထမဦးစွာ သိရှိရန်မှာ ကောင်းကင်တမန်များ၏အနာဂတ်ကမ္ဘာနှင့်ပတ်သက်၍ ဘုရားရှင်က အဆင့်အတန်းသတ်မှတ်ခြင်းမရှိပါ။ ပေါ်ပေါက်လာမည့်အနာဂတ်ကမ္ဘာသည် ပရောဖက်များ ဟောကြားသည့်အတိုင်း ငြိမ်းချမ်းသော ရွှေခေတ်ဖြစ်သည်။ ယုံကြည်သူများ ပြောနေကြသော အနှစ်တထောင် အုပ်စိုးခြင်းကာလဖြစ်သည်။

: ဆာ ၈:၄-၆ ကို ကိုးကားပြရလျှင် နိုင်ငံတော်အား လူသားများလက်သို့ ပေးအပ်ခြင်း ဖြစ်သည်။ ကောင်းကင်တမန်များသို့မပေးပါ။ ပြောရလျှင်လူသည် အရေးမပါအရာမရောက်၊ အချည်း အနှီးသတ္တဝါဖြစ်သောကြောင့် ဘုရားရှင်တော်က ဂရုစိုက်ခြင်းဖြစ်သည်။

: ဖန်ဆင်းခြင်းချိန်ခွင်တွင် ချိန်တွယ်လျှင် လူသည်ကောင်းကင်တမန်ထက် အနည်းငယ် နိမ့်ချသည်။ အသိဉာဏ်ပညာ၊ အစွမ်းအစနှင့်တန်ဖိုးတို့တွင် ကန့်သတ်မှုရှိသည်။ သေမျိုးဖြစ်သည်။ သို့သော်လည်း ဘုရားရှင်တော်က ကောင်းမြတ်ခြင်း သရဖူဆောင်းပေးရန် ကံကြမ္မာဖန်ဆင်း ပေးထားသည်။ စိတ်နှင့်ရုပ်ကန့်သတ်ချက်များကိုလည်း ဘောင်ချဲ့လျက် လောကကြီးအား ချီးမြှောက် ပေးထားပါသည်။

: လာမည့်နေ့ရက်ကာလမှာ အရာခပ်သိမ်းသည်လည်း သူ့အမိန့်အာဏာအောက်တွင် ကျရောက်လာမည်။ အိမ်ရှင်ကောင်းကင်တမန်များမှစ၍ လောကတိရစ္ဆာန်များ၊ ငှက်များ၊ ငါးများ၊ အာကာသဂြိုလ်များအားလုံးပါဝင်သည်။ စင်စစ်ပြောရလျှင် ကမ္ဘာမိုးမြေစကြဝဠာထဲမှာရှိသော ဖန်ဆင်းထားသည့်အရာအားလုံးလူ့ထိန်းချုပ်ကွပ်ကဲမှုအောက်သို့ရောက်သွားမည်။

ထိုအကြံအစည်သည် ဘုရားသခင်၏လူသားများအတွက် မူလရည်ရွယ်ချက်ဖြစ်သည်။ က ၁း၂၈ တွင် မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်တို့ကို၎င်း၊ အသက်ရှင်၍မိုးပေါ်မှ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ အုပ်စိုးကြလော့” ဟူ၍မိန့်ဆိုထားပါသည်။

ထိုသို့ဖြစ်လျှင် ယနေ့ကာလတွင် အဘယ်ကြောင့်ထိုကျမ်းချက်အတိုင်း အရာခပ်သိမ်းကို လူက မလွှမ်းမိုးနိုင်သနည်း။ အဖြေကရှင်းပါသည်။ လူသည်ဘုရားသခင်ရှိစေချင်သောနေရာတွင် မနေဘဲ အပြစ်နွံထဲတွင်ရောက်ရှိနေသောကြောင့်ဖြစ်သည်။ အာဒံကစတင်မှားခဲ့သောအပြစ်ကြောင့် သတ္တဝါများ အရိုင်းအစိုင်း ဖြစ်လာသည်။ ကမ္ဘာမြေသည်လည်း ဆူးခက်ပင်များဖြင့် ကန္တရလွင်ပြင် ဖြစ်လာသည်။ လူ့အစွမ်းအစသည်လည်း သဘာဝတရားက စိမ်ခေါ်လာသဖြင့် ကန့်သတ်ချုပ်ချယ်မှု ရှိလာသည်။

: မည်သို့ပင်ဖြစ်နေစေကာမူ၊ လူသားတော်ပြန်လည်ကြွလာသောအခါ ကမ္ဘာလောကကြီး တစ်ခုလုံးသည် လူ့လက်အောက်သို့ ကျရောက်လာမည်။ ကျဆုံးခဲ့သောအာဒံနေရာတွင် ယေရှုခရစ်သည် လူသားအဖြစ်ပြန်လည်ပေါ်ထွန်းလာမည်။ သို့ကြောင့်ပစ္စုပ္ပန်မျက်မှောက်ကာလတွင် ကမ္ဘာလောကကြီးသည် လူ့လက်အောက်သို့မကျရောက်သေးသော်လည်း ယေရှုခရစ်ပေါ်ထွန်း လာသောအခါ  လူ့ဘောင် လောကကို သော့ကိုင်အဖြစ် တွေ့မြင်ကြရမည်။

တဒင်္ဂမှာကောင်းကင်တမန်များထက်နိမ့်ကျသည်ဟုမြင်နိုင်ပါသည်။ အထူးသဖြင့်လူ့လောက တွင် ၃၃ နှစ်ကြာအမှုတော်ပြုသည့်ကာလတွင် မြင်နိုင်ပါသည်။ ကောင်းကင်မှ ဆင်းသက်လာပြီး ဗက်လင်၊ ဂေသရှေမန်၊ ကရာနီသင်္ချိုင်းဂူ အစရှိသဖြင့် တဆင့်ပြီးတဆင့်နှိမ့်ချခြင်း ဘဝတာကို တွေ့ရသည်။ သို့သော်လည်း ယခုအချိန်တွင်မူ ကောင်းကြီးမင်္ဂလာ သရဖူဆောင်းလျက် ဂုဏ်ပြုချီးမြှောက်ခြင်း ခံနေရပြီ။ အသေခံတော်မူခြင်းကြောင့် ချီးမြှောက်ခြင်းခံရသည်။ ကားတိုင်အမှုကြောင့် သရဖူဆောင်းပေးခြင်းခံရသည်။

သေခြင်း၏အဓိပ္ပါယ်ကို နားလည်နိုင်ကြစေရန် သခင်ခရစ်တော်က သေခြင်းအရသာကို ဘုရားရှင်က မြည်းစမ်းပြခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ကိုယ်စားကယ်တင်ရှင်ဘုရား အသေခံခဲ့သည်။ လူ့အတွက် လူကဲ့သို့အသေခံခဲ့သည်။ အပြစ်ဟူသမျှအတွက် ဘုရားရှင်၏ တရားစီရင်ခြင်းသည် ကိုယ်တော်အပေါ်တွင်ကျရောက်ခဲ့ပြီး ဖြစ်သောကြောင့် ကိုယ်တော်အားယုံကြည်သူဟူသမျှသည် အပြစ်အတွက်နှင့်နောက်တစ်ခါ စိတ်မသာညီးတွားခြင်း မရှိရတော့ပါ။

:၁ဝ ကယ်တင်ရှင်သည် နှိမ့်ချအောက်ကြို့ခြင်းဖြင့် လူ့ပတ်ဝန်းကျင်ကို ဆောက်တည်လျှက် ဘုရားရှင်တော်၏ ဖြောင့်မတ်ခြင်းကို ပြသခဲ့သည်။ အပြစ်သည် ဘုရားရှင်တော်၏ ဖြောင့်မတ်ခြင်းကို ပြသခဲ့သည်။ အပြစ်သည် ဘုရားရှင်တော်၏ အလိုတော်အား နှောင့်ယှက် ဖျက်ဆီးလေ့ရှိသည်။ အလိုတော်အတိုင်း စနစ်တကျမရှိမီ၊ အပြစ်သည် ဖြောင့်မတ်ခြင်းသဖွယ် အယောင်ဆောင် အကြောင် ရိုက်တတ်သည်။ ထိုသို့ဘုရားရှင်တော်၏ မြင့်မြတ်ခြင်းကို ထိခိုက်စေသောကြောင့် ခရစ်တော်သည် ဝေဒနာခံစားလျက်၊ သွေးသံထွက်ပြီး၊ အပြစ်များ ဆေးကြောဖို့ရန် အသေခံတော်မူသည်။

အကြံအစည်ကြီးမားတော်မူသော အရှင်သည် အရာခပ်သိမ်းအတွက် ယေရှုကို စနစ်တကျစီမံ ချမှတ်ပေးသည်။ သို့ကြောင့် ဦးစွာသိမြင်ရန်မှာ ကိုယ်တော်သည် ဖန်ဆင်းခံအရာခပ်သိမ်းသည် ကိုယ်တော်၏ ဘုန်းတန်ဖိုးထင်ရှားရာဖြစ်သည်။ ကိုယ်တော်သည် ဖန်ဆင်းခြင်း၏မူလဇစ်မြစ် ဖြစ်သောကြောင့် မည်သည့်အရာမျှ ကိုယ်တော်နှင့် ကင်းလွတ်၍မရနိုင်။

ကိုယ်တော်၏မဟာရည်ရွယ်ချက်မှာလူသားတိုင်းအား ကောင်းကြီးမင်္ဂလာပြည့်စုံဖို့ဖြစ်သည်။ ဆင်းရဲမွဲတေနေကြသောအခါ ကိုယ်တော်သည် ကျွန်ုပ်တို့နှင့်အတူ ရှိပါရဲကလားဟု သံသယဝင်တတ် ကြသည်။ ကိုယ်တော်သည်ဘုရားရှင်တော်ဖြစ်သည်နှင့်အညီ ကျွန်ုပ်တို့အားလုံးကောင်းကြီးမင်္ဂလာ ထာဝရကြွယ်ဝစေလိုသည်မှာအမှန်ဧကန်ပင်။

ကောင်းကြီးမင်္ဂလာကြွယ်ဝခြင်း၏ တန်ဘိုးကိုမည်သို့နားလည်ရမည်နည်း။ ကိုယ်တော်ရှင် သည်ကျွန်ုပတို့အားကယ်တင်ရန် အဆုံးစွန်သောဝေဒနာပေးဆပ်ခဲ့ပါသည်။ ကိုယ်တော်၏အကျင့်တ ရားနှင့်ပတ်သက်၍အပြစ်ဆိုဖွယ်ရာမြူတမှုံမျှ မရှိခဲ့ပါ။ ထိုမျှလောက်ကြည်ညိုဖွယ်ကောင်းသောသူ မရှိစဘူးပါ။ သို့သော်ကျွန်ုပ်တို့၏ ကယ်တင်ရှင်အဖြစ်အလုံးစုံသော အမှုပြုခဲ့ပြီ။ ထာဝရ ကယ်တင်ခြင်း ရရှိအံ့သောငှာကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်အတွက်အဖိုးအခပေးဆပ်ခဲ့ပါသည်။ ကိုယ်တော်၏ခြောက် ပြစ်ကင်းသဲလဲစင်ဘဝက ကျွန်ုပ်တို့ကိုကယ်တင်ခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့ ကိုယ်စားဝင်ရောက်အသေခံ တော်မူခြင်းအားဖြင့်သာဖြစ်ပါသည်။

ဘုရားသခင်သည်ကျွန်ုပ်တို့အားကယ်တင်ရန် တပါးတည်းသောသားတော်ကို ကျွန်ုပ်တို့ကိုယ် စားအသေခံပေးသည့်နည်းလမ်းကို ရွေးခဲ့ပြီတကား။

:၁၁ နောက်ပိုင်းအပိုဒ်ငယ် သုံးခုသည် ယေရှုခရစ်၏လူသားဆန်မှုကိုပြသသည်။ ကိုယ်တော် သည် အာဒံ၏နေရာတွင် အစားထိုးဝင်ရောက်သောကြောင့် တကယ့်လူသားဘဝကို ခံယူရပေမည်။

ပထမအချက်အနေဖြင့် ကြည့်ရလျှင် ”သန့်ရှင်းစေတတ်သူနှင့် သန့်ရှင်းစေအပ်သောသူများတို့ သည်တပါးတည်းသော ပကတိရှိကြ၏”ဟု ဆိုခြင်းသည် ထိုသူနှစ်ရပ်စလုံး လောကကို ပိုင်ဆိုင်သူ များဖြစ်သည်။ နှစ်ရပ်စလုံး ပိုင်ဆိုင်သူသည် ခမည်းတော်ဘုရားရှင်တပါးတည် ဖြစ်ကြောင်း ဆိုလိုပါသည်။

ခရစ်တော်သည် သန့်ရှင်းသူဖြစ်သည်။ ဘုရားရှင်တော်က လူ့လောကသို့စေလွှတ်ထားသူ ဖြစ်သော်လည်း လောကအရာနှင့်ပတ်သက်သူမဟုတ်ပါ။ ကောင်းကြီးမင်္ဂလာပြည့်ဝသူဖြစ်သည်။

သန့်ရှင်းသူသည် သာမန်အညတြမဟုတ်။ ဘုရားရှင်းတော်၏ မူပိုင်ဖြစ်သည်။ ဘုရားရှင်၏ စိတ်တော်ကြည်နူးရာဖြစ်သည်။ ကိုယ်တော်၏ အခြားတဘက်၌ ရှိသောအရာကား ဘုရားရှင်တော် နှင့် ဆန့်ကျင်ခြင်းဖြစ်သည်။

သမ္မာကျမ်းစာတွင် သန့်ရှင်းခြင်းလေးမျိုးပြသထားပါသည်။ အသက်တာပြောင်းလဲခြင်း မရှိမီ ကာလတွင် သန့်ရှင်းခြင်း၊ နေရာဋ္ဌာနန္တရအရ သန့်ရှင်းခြင်း၊ လက်တွေ့အသက်တာတွင် သန့်ရှင်းခြင်း နှင့်အကြွင်းမဲ့သန့်ရှင်းခြင်းတို့ဖြစ်သည်။ ထိုအကြောင်းကို (၁သက် ၅:၂၃)အား စေ့စေ့ငှငှတွေး ဆချင့်ချိန်လျှင် သဘောပေါက်လိမ့်မည်။

သို့မှသာ ဟေဗြဲကျမ်းပါ သန့်ရှင်းခြင်းသည် မည်သည့်ကျမ်းပိုဒ်မှ သန့်ရှင်းခြင်းဖြစ်ကြောင်း ကို နားလည်ရပေမည်။

ကိုယ်တော်သည် တကယ့်လူသားဘဝခံယူသောကြောင့် နောက်လိုက်တော်များအား ညီအစ်ကိုတို့ဟု ပွင့်လင်းစွာခေါ်ဆိုသည်။ သို့ကြောင့်ကိုယ်တော်ဘုရားက စကြာစဠာခွင်တပြင်လုံး အား အုပ်စိုးသောအခါ သူ့ညီအစ်ကိုများကိုလည်း ညီအစ်ကိုများဟု ထပ်မံမခေါ်ရဲစရာအကြောင်း ရှိပါဦးမည်လား။

:၁၂ ထိုမေးခွန်း၏အဖြေကို ဆာ ၂၂:၂၂ တွင် ”အကျွန်ုပ်သည် သတင်းတော်ကိုညီအစ်ကိုတို့ အားကြားပြောပါမည်”ဟုပြောပါသည်။ ထိုကျမ်းပိုဒ်ကိုဆက်၍ ”သိတင်းတော်ကို အကျွန်ုပ်ညီအစ်ကို တို့အားအကျွန်ုပ်ပြောကြားပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော်ကိုချီးမွမ်း၍ သီချင်းဆိုပါမည်” ဟုဆိုပါသည်။ သေလုမြောပါးဝေဒနာခံစားချိန်တွင် ကိုယ်တော်ရွေးနှုတ်ထားသူများ အလယ်၌ ဖခမည်းတော် ချီးမွမ်းမည့်နေ့ရက်ကို ရည်စူး၍မြွက်ဆိုခြင်းဖြစ်သည်။

:၁၃   ခရစ်တော်ကိုလူ့ဘဝခံယူခြင်းနှင့် ပတ်သက်၍အခြားကျမ်းပိုဒ်နှစ်ခုသက်သေထူလိုပါ သည်။ (ဟေရှာ ၈:၁၇)တွင် ဘုရားသခင်၌ယုံကြည်ခြင်းကို ထုတ်ဖော်ပြသပါသည်။ ယေဟောဝါ ဘုရားရှင် စေလွှတ်သူအား အကြွင်းမဲ့ယုံကြည်ကြောင်း ဝန်ခံထားသည်။ ၈:၁၈ တွင်ဆက်လက်၍” ငါမှစ၍ ငါ့အားထာဝရဘုရားပေးတော်မူသော သူငယ်တို့သည်ရှိကြ၏”ဟု ဆိုထားပါသည်။ ထို ကျမ်းပိုဒ်များ အရထိုသူများသည် တစ်ပါးတည်းသော ဖခင်၏မိသားစုဝင်များဖြစ်ကြောင်း နားလည်ရ ပေသည်။

:၁၄   လူသား၏အရှက်ရဖွယ်ရာ အောက်ကျို့နှိမ့်ချခြင်းကို သိမြင်ခံယူကြသူများသည် ကောင်းကြီးမင်္ဂလာလေးရပ်ခံစားရသည်။

ပထမအချက်သည် စာတန်ကိုဖျက်ဆီးခြင်းဖြစ်သည်။ အဘယ်သို့နည်း။ ဘုရားရှင်တော်က သားသမီးများအတွက် ယေရှုခရစ်အားပေးသနားခြင်းဖြင့် သန့်ရှင်းသွားကြသည်။ စာတန်လက် အောက်မှလွတ်မြောက်၍လုံခြုံရာရသွားကြသည်။ ဤသားသမီးများတွင် လူ့ဇာတိအသွေးအသား ရှိသည်။ ပြင်ပရုပ်ခန္ဓာအရ ဇာတိတော်ရှိသော်လည်းဘုရားဇာတိကို ဝတ်ရုံသဖွယ်လွှမ်းခြုံထားပါ သည်။

ကိုယ်တော်၏ လူ့ဇာတိခံယူခြင်းသည် ဗက်လင်တွင်အဆုံးမသတ်ပါ။ ကရာနီကားတိုင်ထ အောင်လျှောက်လှမ်းခဲ့သည်။ ထိုခြေတော်ရာထင်သမျှသည် ကျွန်ုပ်တို့အားချစ်ခင်မြတ်နိုးမှုကြောင့် ဖြစ်သည်။

အသေခံတော်မူခြင်းသည်လည်း သေခြင်းတရားကိုအစိုးရသော မာရ်နတ်မင်းအား ရိုက်ချိုးရန်ဖြစ်သည်။ ရိုက်ချိုးခြင်းဆိုသည်မှာ မသိနားမလည်၍ ဆိုးသွမ်းသူထက်သိလျက်နှင့် ဆိုးသွမ်းသူများကို ဆိုလိုသည်။ ဆိုးသွမ်းသူများအား နှမြောထည့်တွက်စရာ အကြောင်းမရှိ။ စာတန်သည် ဘုရားသခင်၏ အကြံအစည်တော်များအား ဆန့်ကျင်ပုန်ကန်ကာ လူ့လောက၌ ဆိုးသွမ်းသောင်းကျန်းလျက် ရှိနေသည်။ သို့သော်လည်း သေလောက်သောဒဏ်ရာကို လက်ဝါးကပ်တိုင်တွင် ရရှိခဲ့ပြီ။ စာတန်၏အချိန်ကာ လသည်တိုတောင်းလျက် အမှန်တကယ် မှေးမှိန်ပျောက်ကွယ်မည်။ လတ်တလောတွင်မူအောင်နိုင်သူ ဖြစ်နေသည်။

စာတန်က သေခြင်း မရဏာကို အဘယ်သို့ပိုင်စိုးသနည်း။ မရဏာ၏အကြီးအကဲဖြစ် သောကြောင့်လူများကို သေခြင်းသို့ ပို့ဆောင်သည်။ စာတန်သည်လောကတွင် ပထမဦးဆုံး အပြစ်လုပ်ဆောင် သူဖြစ်သည်။ ဘုရားရှင်သည်အပြစ်ရှိသူများကို တရားမျှတစွာသေခွင့်ပေးပါသည်။ သို့ကြောင့်စာတန် ကဘုရားရှင်ထံတွင်အပြစ်သားများအား သေခွင့်တောင်းဆိုပေးသည်။

ကျန်းမာသုခပြည့်စုံသောနေရာတွင်လည်း စာတန်၏လက်ပါးစေကိုယ်စားလှယ်တော်များ ရှိသည်။ စုန်း၊ ကဝေ၊ အောက်လမ်းဆရာများက အစိမ်းတိုက်ခြင်းမျိုးသည် သဘောရိုးဖြင့်သေခြင်း မဟုတ်ပါ။

ဘုရားရှင်တော်၏အလိုတော်ခွင့်ပြုချက် မပါရှိဘဲယုံကြည်သူများ၌စာတန်၏ ထိုးနှက်ချက် မထိရောက်နိုင်ပါ။ (ယော ၂:၆)။ ယုံကြည်သူ၏အသက်အန္တရာယ်ကို မထိပါးနိုင်။ ဆိုးသွမ်း ယုတ်ကမ်းသူဖြစ်သည့်အားလျော်စွာ တစ်ခါတရံယုံကြသူများအား သေစေရန်တောင်းဆိုလေ့ရှိသည်။ ထိုအကြောင်း နှင့်ပတ်သက်၍ ခရစ်တော်က တပည့်တော်များအား ပျက်စီးတတ်သောခန္ဓာကိုယ် သေဖို့မစိုးရိမ်ကြရန် နှင့် ဝိညာဉ်နှင့်ရုပ်ခန္ဓာနှစ်ခုစလုံး ငရဲမီးအိုင်သို့ ကျရောက်မည့်အရေးသာစိုးရိမ်၍ ဘုရားသခင်အား ချစ်ကြောက်ကြရန် သွန်သင်သတိပေးထားပါသည် (မ ၁ဝ:၂၈)။

ဓမ္မဟောင်းကျမ်းတွင် ဧနောက်နှင့်ဧလိယတို့သည် အသက်မသေဘဲ၊ ကောင်းကင်နိုင်ငံသို့ ကြွသွားကြကြောင်းတွေ့ရသည်။ ထိုအကြောင်းကို ယုံးမှားသံသယမရှိကြပါနှင့်။ ယုံကြည်သူများပီပီ ခရစ်တော်အသေခံခြင်းက လမ်းခင်းပေးထားပြီးကြောင်း၊ နားလည်ပါ။

သခင်ခရစ်တော်ဘုရား၏ ချီဆောင်ခြင်းကာလသို့ ရောက်သောအခါ အသက်ရှင်နေသူ အားလုံး အသက်မသေဘဲ ကောင်းကင်နိုင်ငံသို့ချီဆောင်ခြင်းခံရမည်။ ထိုနှစ်ယောက်သေခြင်းမှ လွတ်ကင်းခြင်း မှာထိုသူများအပေါ်တွင်ဘုရားသခင်က ခရစ်တော်အသေခံခြင်း၏အကျိုးအာနိသင် သက်ရောက် စေသည်။ ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်သည် ”မရဏနိုင်ငံကို အစိုးရသူ” (ဗျာ ၁:၁၈) ဖြစ်သောကြောင့်တည်း။ ကိုယ်တော်သည် မရဏသေခြင်း၏ အချုပ်အချာအာဏာ ပိုင်ရှင်ဖြစ်သည်။

:၁၅ ခရစ်တော်ဘုရားအောက်ကျို့နှိမ့်ချခြင်းကြောင့် ခံစားရသော ဒုတိယကောင်းကြီး မင်္ဂလာမှာ စိုးရိမ်ကြောင့်ကြခြင်းမှ ကင်းလွတ်သည်။ လက်ဝါးကပ်တိုင်ရှေကတွင် သေခြင်း အကြောက်တရားသည် ကျေးကျွန်သဖွယ်ဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် သေပြီးနောက်ဘဝ အကြောင်းကို မှိတ်တုတ်မှိတ်တုတ်ပြခဲ့သော်လည်း အားလုံးခြုံကြည့်လိုက်လျှင် မသေချာ။ မရေရာမှုနှင့် မပီဝိုးတဝါးသာ ရှိခဲ့သည်။ ယခုတွင်မူကား ထိုမမှိန့်တမှိန်ဘဝသည် ခရစ်တော် ယူဆောင်လာသော နိစ္စထာဝရအသက် ဖြင့် ဧဝံဂေလိသတင်းကောင်းအဖြစ်သို့ ပြောင်းလဲသွားပြီ (၂တိ ၁း၁ဝ)

:၁၆ အဖိုးမဖြတ်နိုင်သော တတိယကောင်းကြီးမင်္ဂလာမှာ အပြစ်အတွက် အဖိုးအခ ပေးဆပ်ခြင်းဖြစ်သည်။ ကမ္ဘာလောကကြီးအတွက် လုပ်ဆောင်ရာတွင် ဘုရားရှင်သည် ”ကောင်းကင် တမန်တို့ကို မစတော်မမူ။ အာဗြဟံအမျိုးကိုမစတော်မူ၏” ”မစခြင်း”ဆိုသည်မှာ Epilambano ဟူသော ဂရိစကားလုံးကို ဘာသာပြန်ခြင်းဖြစ်၍ ကူမထောက်ပံ့ခြင်း၊ စောင့်ရှောက်ခြင်းဟုလည်း အဓိပ္ပါယ်ရသည်။ ကောင်းကင်တမန်များကို မစခြင်းမပြုပါ။ အာဗြဟံ၏ သားမြေးစဉ်ဆက်များကို သာလျှင် ကူမစောင့်ရှောက်ကြောင်း ဆိုလိုပါသည်။ ဤနေရာတွင်အတိအကျမပြန်ဆိုနိုင်သော်လည်း ကူညီစောင် မခြင်း၊ ဘေးအန္တရာယ်မှ လုံခြုံရာပေးခြင်းဟု အနက်ရသည်။

အာဗြဟံ၏အမျိုး ဆိုသည်မှာ အသွေးအသား၏သားစဉ်မြေးဆက်ဖြစ်သည်။ ယုဒလူမျိုးများ သည် ဝိညာဉ်ရေးရာသားမြေးများဖြစ်သည်။ ခေတ်အဆက်ဆက်ယုံကြည်သူများသည်လည်း အာဗြဟံ ၏အာဗြဟံ၏ဝိညာဉ်ရေးရာသားမြေများဖြစ်သည်။ အရေးကြီးဆုံးသတိထားရမည့် အချက်မှာ အာဗြဟံ သားမြေးများသည် လူသားစစ်များဖြစ်သည်။ ကောင်းကင်သားများမဟုတ်ပါ။

:၁၇ ထို့ကြောင့်ကိုယ်တော်သည် ညီအစ်ကိုများနှင့်တသွင်းတည်း၊ တပုံစံတည်း ရှိရန်မရှိ မဖြစ် လိုအပ်သည်။ လူသားစစ်ကဲ့သို့ ခံယူခြင်းဖြစ်ပေသည်။ လူသားများကဲ့သို့ လိုချင်စိတ်၊ အကြံအစည်ခံစားချက်၊ စိတ်လှုပ်ရှားမှု၊ နှစ်သက်မြတ်နိုးမှုရှိသည်။ ကိုယ်တော်တွင် အပြစ်အနာဆာ မရှိပါ။ ကိုယ်တော်၏လူသားဘဝသည် တကယ့်စံနမူနာဖြစ်သည်။ ကျွန်ုပ်တို့မှာမူကား လူစိမ်းတရံ ကဲ့သို့ အပြစ်သားများဖြစ်နေသည်။

ခရစ်တော်သည် ”ဘုရားသခင်နှင့်စပ်ဆိုင်သော အရာတို့၌ ကရုဏာနှင့်၎င်း၊ သစ္စာနှင့်၎င်း၊ ပြည့်စုံသောယဇ်ပုရောဟိတ်အကြီးဖြစ်အံ့သောငှါ” ပြည့်စုံရသည်။ လူများကို ကရုဏာထားရကဲ့သို့ ဘုရားသခင်သို့လည်း သစ္စာမပျက်စေရပါ။ ကိုယ်တော်၏ယဇ်ပုရောဟိတ်အကြီးရာထူးသည် လူသား များ၏အပြစ်များကို ပူဇော်သက္ကာပြုပေးရန်သာ ဖြစ်သည်။ အဘယ်ပုရောဟိတ်ဆရာကြီး တစုံတစ်ဦးကမှ မစွမ်းဆောင်နိုင်သောအမှုကိုပြုတော်မူသည်။ ကိုယ်တော်သည် မိမိကိုယ်မိမိ အပြစ်မဲ့ ယဇ်ကောင်အဖြစ် တင်လှူပူဇော်ခဲ့ရာ၌ လိုလားကြည်ဖြူစွာ ကျွန်ုပ်တို့ကိုယ်စား အသေခံတော် မူခဲ့သည်။

:၁၈ စတုတ္ထခံစားရသော ကောင်းကြီးမင်္ဂလာမှာ ကျွန်ုပ်တို့အား စုံစမ်းနှောင့်ယှက်ခြင်းမခံ ရစေရန် ကာရံကွယ်ကာပေးပါသည်။ အဘယ်ကြောင့်ဆိုသော် ခရစ်တော် ကိုယ်တော်တိုင် စုံစမ်းခြင်း ခံရဘူးသောကြောင့် စုံစမ်းခြင်းခံရသူများအားစာနာသနားသည်။ သို့ကြောင့် ကူညီရံကာ ပေးချင်သည်။  ကိုယ်တော်သည် မိမိကိုယ်ကိုလည်းကွယ်ကာနိုင်သူ ဖြစ်သောကြောင့်အခြားသူများ ကိုလည်း အကွယ်အကာ ပေးနိုင်သည်။

ကိုယ်တော်၏အရည်အချင်းပြည့်ဝမှုကို အနည်းငယ်ထက်ကွန့်ချင်သည်။ ခရစ်တော်သည် စုံစမ်းခြင်းခံရသော်လည်း စုံစမ်းခြင်းနောက်သို့လဲကျခြင်းမရှိ။ တောကြီးကန္တာရခရီးမှာ စုံစမ်းခြင်းခံခဲ့ သည်။ စာတန်ကိုယ်တိုင်ကိုယ်ထင်ပြပြီး ရုပ်ကမ္ဘာဖြင့်သွေးဆောင်ဖျားယောင်းခဲ့သည်။ သို့သော်လည်း ခရစ်တော်သည် တဏှာတပ်မက်စိတ် အပြစ်နောက်သို့ ကျရောက်ခြင်းမရှိဘဲ တွန်းလှန်ခုခံနိုင်ခဲ့သည်။ ကိုယ်တော်ဘုရားစုံစမ်းခြင်းခံရသကဲ့သို့ ကျွန်ုပ်တို့သည်လည်း နေရာတကာမှာ စုံစမ်းခြင်းခံရနိုင်သည်။

Previous Article
Next Article