နေဟမိမှတ်စာ ၂

()ယေရုရှလင် စုစည်းတည်ထောင်ရန် အခွင့်အာဏာ (:)

: ယုံကြည်ခြင်း၏ ဆုလက်ဆောင် မရှိမီ ၃/၄လတွင် နေဟမိသည် မမျှော်လင့်သော အဖြစ်အပျက် ကြုံတွေ့ခဲ့သည်။ တနေ့တ၌ ရှင်ဘုရင်အား သောက်တော်ဝိုင်ဖလားပေးကမ်းစဉ် မျက်နှာညှိုးယော်နေသည်။ အမှန်ဆိုလျှင် ရှင်ဘုရင်ရှေ့တွင် မျက်နှာညှိုးငယ်ခြင်းမရှိရသော နန်းထုံးစံရှိသည်။ ဘုရင်ကြီးက ညှိုးနွမ်းရသည့် အကြောင်းမေးသောအခါ ကြောက်လန့်တုန်လှုပ်သွားသည်။ (ဧသ ၄:၂)။

ထိုအကြောင်းကို George William က ဤသို့ရှင်းပြသည်။

အရှေ့တိုင်းနိုင်ငံ သက်ဦးဆံပိုင် ဘုရင်များသည် အစားအစာ စားသုံးရာတွင် အဆိပ်ခတ်ခံရမှာ စိုးသောကြောင့် အပါးသောမြဲ စားတော်ကဲများက ဦးစွာ မြည်းစမ်းလေ့ရှိသည်။အထူးသဖြင့် အပါးတော်မြဲ စားတော်ကဲ မျက်နှာမရွှင်လျှင် မယုံသင်္ကာဖြစ်ရသည်။

သို့သော် နေဟမိသည် မယုံသင်္ကာစွပ်စွဲခြင်းမခံရပါ။ သူ၏ မျက်နှာညှိုးနွမ်းခြင်းသည် ယေရုရှလင်မြို့ရိုးပြိုပျက်မှု၊ နေပြည်တော် မလုံခြုံမှုကြောင့် စိတ်အားငယ်ခြင်းဖြစ်သည်။

: ဘုရားသခင်ထံတော်သို့ နေဟမိ၏ နေ့ရက်စဉ်ဆက် ဆုတောင်းချက်များသည် အချည်းနှီးမဖြစ်။ ဘုရင်မင်းက သူ့ဆုတောင်းချက်အား ဖြည့်ဆည်းပေးရုံသာမက မြို့တော်ဝန်ရာထူးပါ ပေးလိုက်သည် (၅:၁၄)။ ဒံယေလသို့ဘုရားသခင်၏ နှုတ်ကပါတ်တော် ပြည့်စုံ(ဒံ ၉:၂၅) သကဲ့သို့ အာတဇေရဇ်မင်း၏ အမိန့်သည်လည်း နေဟမိထံသို့ ပြည့်စုံသည်။ ယေရမိ၏ ပရောဖက်ပြုချက် ကုရုမင်းဖြင့် ပြည့်စုံခြင်းမျိုးဖြစ်သည် (ယေ ၂၉:၁၀၊ ဧဇ ၁)။

: အချိန်ကာလ မည်မျှကြာညောင်းမည့်အကြောင်း ရှင်ဘုရင်၏ မေးခွန်းကို ပါးနပ်လိမ္မာစွာ ဖြေကြားခဲ့သည်။ လိုအပ်သော ပစ္စည်းများနှင့် လမ်းခရီးအဟန့်အတားများကို တပါတည်း ဖြေရှင်းလိုက်သည်။ နေဟမိသည် (၁၂)နှစ်တိုင်တိုင် ကြာညောင်းခဲ့သည် (၅:၁၄)။ နေဟမိ၏ ကြံဆောင်လုပ်ရည်ကိုင်ရည်ဟူသမျှသည် ဘုရားသခင်၏ လက်တော်ပါရှိ ထင်ရှားခြင်းဖြစ်သည်။

() ယေရုရှလင်မြို့ရိုး ပြန်လည်တည်ဆောက်ခြင်း (:-၆း၁၉)

၁။ စစ်ဆေးကြပ်မတ်ခြင်းနှင့် အများပြည်သူ၏ ဆန့်ကျင်မှု (:၂၀)

:၁၆ အာတဇေရဇ်မင်းသည် အနောက်ဖက်ကမ်းရှိ လူများအား ယေရုရှလင် မြို့ရိုးတည်ဆောက်ဖို့ ဘဏ္ဍာငွေထည့်ဝင်ကြရန် အမိန့်စာရေးလိုက်သည်။ ထိုစာပေးသော နေဟမိကိုလည်း လုံခြုံရေး အစောင့်အရှောက်စစ်တပ် ထည့်ပေးလိုက်သည်။  ယေရုရှလင်မြို့တော်ဝန်သစ် နေဟမိသည် ချက်ချင်းယေရုရှလင်သို့ ပြန်လာ၍ မြို့ရိုးတည်ဆောက်ရေးအားသိုသိပ်စွာ စီစဉ်သည်။ သူကိုယ်တိုင် အဖော်မပါဘဲ အမှောင်ထဲတွင် နေရာလိုက်လံကြည့်ရှုသည်။ ထိုလုပ်ငန်းသည် ကြီးကျယ်သောပမာဏဖြစ်၍ အချိန်မရောက်မီ ပေါက်ကြားလျှင် အုတ်အော်သောင်းနင်းဖြစ်နိုင်သည်။ ပြည်သူများ သဘောမပေါက်လျှင် ထောက်ခံမှု မရရှိဘဲ နေနိုင်သည်။ အဖျက်အမှောက်သမားများ ပေါ်ပေါက်လာနိုင်သည်။

:၁၇၂၀ အသေအချာ ကွင်းဆင်းလေ့လာပြီးသောအခါ မြို့မိမြို့ဖလူကြီးသူမများကို ခေါ်၍ စီမံကိန်းကို အကျိုးအကြောင်းနှင့်တကွ ရှင်းပြသည်။ ဘုရားသခင်၏ လက်တော်ဆန့်တန်းမှုနှင့် ရှင်ဘုရင်၏ အမိန့်များကိုလည်း ပြသသည်။ ယုဒလူကြီးများက ဘဝင်ကျသဖြင့် လှိုက်လှဲစွာ ထောက်ခံ၍ လုပ်ငန်းစကြသည်။ သို့သော် နေရာတကာတွင် စုန်းပြူးရှိစမြဲ။ သမ္ဘာလတ်၊ တောဘိနှင့် ဂေရှင်တို့က လုပ်ငန်းရပ်စဲရန် ရှင်ဘုရင်ကို ပုန်ကန်ခြားနားချင်သလားဟု ပြက်ရယ်ပြုကြသည်။ နေဟမိက ကောင်းကင်ဘုံရှင် ဘုရားသခင်က ကတိတော်ပေးထားကြောင်း ရှင်းပြသည်။ စိတ်နှလုံးတစုတစည်းတည်း ဆောင်ရွက်သူများအား ဘုရားသခင်က ကောင်းကြီးမင်္ဂလာပေးပါသည် (ဆာ ၁၃၃:၁-၃)။

Previous Article
Next Article