ယောဘဝတ္ထု ၁၄

၁၄:၁-၆ လူ့ဘဝတွင်ပြဿနာပေါ်င်းစုံ ကြုံတွေ့ရပုံကို ဘုရားသခင်သို့ မေးထားသည်။ ရေပျော်ငါးက တိတ်ဆိတ်စွာ လူလားကူးခတ်၍ မိုးယံဌက်က တကြော်ကြော်တေးဆိုးနေသော်လည်း မြေကြီးပေါ်မှ လူသားသည် ချွေးဒီးဒီး ကျအောင်ထွန်ရက်နေရသည်။ အငယ် ၁ သည် အဓိပ္ပါယ်ကျယ်ပြန့်သည်။ အတွေးနယ်ဆန့်သမျှ ချဲ့ကားနိုင်သည်။

မိန်းမမွေးသောသူသည်

အသက်တို၍ ဒုက္ခပေါ်င်းစုံပြည့်စုံရ၏။

တိုတောင်းလှသော လူ့ဘဝတွင် အဘယ်ကြောင့် ငြိမ်သက်ခြင်းမရှိနိုင်သနည်း။အဘယ်ကြောင့် ရုန်းကန်လှုပ်ရှားနေရသနည်း။

၁၄:၇-၁၂ ခုတ်လဲပစ်သောသစ်ပင်သည် အတက်ပေါက်၍ မျှော်လင့်ချက်ရှိဦးမည်။ လူ့ဘဝကား သေဆုံးလျှင် ရေခမ်းသောစမ်းချောင်းကဲ့သို့ ခြောက်သယောင်းထရမည်လား။

၁၄:၁၃-၁ရ အမျက်တော်ပြေသည့်အချိန်ထိ ယောဘသည် ပုန်းအောင်ချင်သည်။တန်ခိုးတော် ရှင်က ခေါ်ထုတ်လျှင် ကိုယ်တိုင်ကြည့်ချင်ပါသည်။

ဤကျမ်းချက်တွင် ယောဘမေးခွန်း ၄ ခုတွေ့ရသည်။ ၁ သူပြုပြောအပြစ်များကို အထုတ်ဖြေပြဖို့၊ ၂ လူ့ဘဝအဓိပ္ပါယ်ရှင်းပြဖို့၊ ၃ သေခြင်း၏အဆုံးတရားပြသဖို့ ၊ ၄ မျက်မှောက်ခံစားနေရသော အနာရောဂါကသ်းရှင်းပြဖို့ မေးခွန်းထုတ်သည်။

ငယ် ၁၄ က သည် အရေးကြီးဆုံး မေးခွန်းဖြစ်သည်။ လူသည် သေလျှင်အသက် ပြန်ရှင်ပါမည်လော ထိုမေခွန်း ကို သခင်ယေရှက ယော ၁၁:၂၅၊၂၆ တွင် ဖြေထားပါသည်။

ငါသည် အမြောက်ခြင်းအကြောင်းဖြစ်၏။ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်သန်လိမ့်မည်။ ငါ့ကို ယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့ သည်လည်း။ သေခြင်းနှင့် အရှင်မပြတ် ကင်လွတ်ကြလိမ့်မည်။ Harald St.John ကငယ် ၁၄၊၁၅ အပေါ်ဤသို့မြင်သည်။မှောင်မဲငြိမ်သက်နေသော ပင်လယ်ရေပြင်ပေါ်သို့ မီးမောင်းထိုးခြင်းဖြစ်သည်။ ယောဘက ဤသို့တွေးမြင်ဟန်ရှိသည်။ မိုးကောင်းကင် ပျောက်ကွယ်၍ မိုးထိတောင်တန်းကြီးများ ပြိုကျကုန်မည်။ သူ၏ခန္ဓာကိုယ်သည်လည်း နှစ်ပေါင်းထောင်သောင်းချီ၍ မြေအောက်သင်္ချ ိင်းထဲတွင် လဲလျောင်းနေမည်။ တနေ့သော် ဘုရာူးသခင် ပေါ်ထွန်းရာနေ့ရက်တွင် သူ့မိတ်ဆွေများအား ဘုရားသခင်၏လက်ရာတော်များ ပြသချင်မည်။

မိုးကောင်းကင်ယံနှင့်တောင်ကုန်းတောင်တန်းများမတည်မြဲသော်လည်း သူသည် ဘုရားသခင်နှင့်တနေ့ကြုံတွေ့ကာ အတူတကွစိုးစံရမည်ဟုယုံကြည်သည်။ထိုနေ့ရက်ကာလကို မျှော်လင့်တောင့်တနေသည်.

၁၄:၁၈-၂၂ လူ့ဘဝတွင်း ဆင်းရဲဒုက္ခပေါင်းစုံကြုံတွေ့ရပုံကို တရားသံဝေဂရဝသည်။ သေလွန်သောအခါ လူ့ခန္ဓာကိုယ်သည် ဖုံမှုန့်ကဲ့သို့ ပြန်ရောက်၍ စိတ်ဝိညာဉ်သည် ဝမ်းနည်းခြင်းဖြင့် ချုပ်ငြိမ်းမည်။

ဤနေရာတွင် ပထမအချီစကားလက်ဆုံကျခြင်းတခန်းရပ်ပြီးဆုံးသွားသည်။ သူ့မိတ်ဆွေများ၏စကားသည်လည်း ယုတိ္တကျပါသည်။ဘုရားသခင်သည် ဖြောင့်မတ်စင်ကျယ်သည်။လူဆိုးလူယုတ်မာများကို အရေးယူအပြစ်ပေးသည်။ယောဘ၏ ဆင်းရဲဒုက္ခရောက်ခြင်းသည် အပြစ်ဒုစရိုက်ကျူးလွန်မှု၏ရလာဒ်ဟုကောက်ချက်ချနိုင်ပါသည်။ သို့သော် စင်စစ်တွင်မူ ယောဘသည် ကောက်ကျစ်စဉ်းလဲသူမဟုတ်။