ယောဘဝတ္ထု ၁

၁။နှုတ်ခွန်းဆက်စကား။ယောဘအားစုံစမ်းခြင်(အခန်း၁၊၂)

(က)ဖြစ်စဉ် ၁    ။ဥဇပြည်(၁:၁-၅)

၁:၁-၃ ယောဘသည် ဥဇပြည်မှသူဌေးသူကြွယ်တစ်ဦးဖြစ်သည်။မြည် ၂၄:၂၁ အရ ဥဇပြည်သည် ပါလက်စတိုင်း အရှေ့တောင်လက် ဧဒုံဒေသတွင်ရှိသည်။ ဘုရားတရားကြည်ညိုကိုင်းရှိုင်း၍ သား (၇)ဦး၊ သမီး(၃)ဦး ထွန်းကားသူလည်းဖြစ်သည်။ အိမ်မွေးတိရစာ္ဆန်များအုပ်လိုက်သင်းလိုက်ပေါ်ကြွယ်ဝသည်။ သို့ကြောင့် အရှေ့တိုင်းပြည်တွင်အချမ်းသာဆုံးသူဖြစ်သည်။

၁:၄-၅ သိမှတ်ဖွယ်ရာအရေးကြီးဆုံးအချက်မှာ ထိုခေတ်ကာလသည် ဖခင်များအုပ်စိုးသောခေတ်ဖြစ်သည်။ အိမ်ထောင်ဦးစီး ဖခင်သည် မိသားစုယဇ်ပုရောဟိတ်လည်းဖြစ်သည်။ သို့ကြောင့်ယောဘသည် သူ့သားများအတွက် မီးရှို့သက္ကာပူဇေယ်ပုပေးသည်။ သာမန်အားဖြင့်ပွဲတော်ကျင်းပခြင်းသည် ပျော်ရွှင်ခြင်းအထိမ်းအမှတ်ဖြစ်သော်လည်း ချွတ်ချော်တိမ်းပါးခြင်း မရှိဖို့အရေးကြီးသည်။ အန္တရာယ်နှင့်လည်းနီးကပ်သည်။ ထိုကဲ့သို့ပင် ခရစ်စမတ်ပွဲတော်နှု့် ပတ်သတ်၍ C.H Spurgeon ကမှတ်သားဖွယ်ရာခေတ်ကာလ အကြောင်းကို ဤသို့ရှင်းပြသည်။

ဖခင်များအုပ်စိုးသောခေတ်တွင် မိသားစုအလိုက်ပွဲတော်ကျင်းပပြီးသည့်နောက်တနေ့ မည်သို့ရှိကြသနည်း။ ကုန်လွန်ခဲ့သောနေ့က ပင်ပန်းခဲ့သမျှအတိုးချ အနားယူကြသည်။မိသားစုအလိုက် ပြန်လည်စုစည်းပြီး အပြစ်ဒုဇရိုက်များ ဖယ်ရှားခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းသာကြသည်။ အပြစ်မျာကိုမေ့လျှော့ကြသည်။ ခရစ်ယာန်အသက်တာတွင် ပွဲတော်များသည် သန့်ရှင်းစင်ကြယ်သော်မင်္ဂလာပွဲများဖြစ်သင့်သည်။ သန့်ရှင်းသော မင်္ဂလာဆိုသည်မှာ စိတ်နှလုံးကြေကွဲခြင်းဖြစ်သည်။ အယူအဆမမှားကြစေလို။ ပျော်ပွဲရွှင်ပွဲဆင်နွှဲရခြင်းထက် စိတ်နှလုံးကြေကွဲ၍ မျက်ရည်ဖြင့်ဆေးကြောခြင်းက ပို၍တန်ဖိုးရှိပါသည်။ယုံကြည်သူညီအကိုများ သင့်ယနေ့မှာ မည်သည့် အ့ပြစ်ဒုစရိုုက်ကျူလွန်မိပါသလည်။ အခြားလူများအား အမှားသရုပ်ပြ ပြမိပါသလား။ အပြစ်ကိုယ်ဝန်ခံ၍ ချက်ချင်းပူဇော်သက္ကာပြုလိုက်ပါ။ သိုးသငယ်၏ အသွေးဖြင့် အပြစ်များကို သန့်စင်ဆေးကြောနိုင်ပါသည်။ သင့်အပြစ်ဒုစရိုက်များနှင့် နေမော်နမဲ့စည်းကမ်းပျက်မှုများကိုလည်း စင်ကြယ်စေပါသည်။

 

(ခ)ဖြစ်စဉ် ၂။ ဘုရားခင်ကိန်းဝပ်စံပယ်ရာ ကောင်းကင်ဘုံ(၁:၆-၁၂)

၁:၆-၁၂ ဘုရားသခင်၏သားများ(ကောင်ကင်တမန်)များ ဘုရားသခင်ရှေ့တွင် ပေါ်ထွန်းလာကြောင်းတွေ့ရသည်။ စာတန်(ဟေဗြဲဝေါဟာရဖြင့်သွဲချဟုအနက်ရသည်) လည်း ဘုရားသခင်ရှေ့သို့ရောက်လာသည်။ ဘုရားသခင်က သူ့ယူယုံတော်ယောဘ၏ယုံကြည်ခြင်းသစ္စာအကြောင်း စကားဖောင်ဖွဲ့သောအခါစာတန်က မကျေနပ်။ဘုရားသခင်က ယောဘအား ဥစ္စာဓနပေါကြွယ်ဝစေသောကြောင့် ဘုရားသခင်ကို ချစ်ကြောင်ခြင်းဖြစ်သည်ဟု ဆ်ခြေပေးသည်။အကယ်၍ ပေးထားသောစည်းစမ်ဥစ္စာများရုတ်သိမ်းကြည့်ပါလား။ဘုရားသခင်ကို ချက်ချင်းကျိန်တွယ်လိမ့်မည်ဟု စကားတွန့်လိုက်သည်။

 

(ဂ)ဖြစ်စဉ်၃။ ဥဇပြည်ရှိယောဘစည်းစိမ်ဥစ္စာများပျက်စီးဆုံးရှုံးခြင်း (၁:၁၃-၂၂)

၁:၁၃-၁၉ သို့ဖြင့်ယောဘ၏ဥစ္စပစ္စည်းများ ဖက်သိမ်း၍ ယောဘ၏ယုံကြည်ခြင်းအားဆန်းစစ်ရန် ဘုရားသခင်က စာတန်းအား ခွင့်ပြုလိုက်သည် ။ သို့သော် ယောဘ၏ခန္ဓာကိုယ်၊ အသက်အန္တရာယ်မထိခိုက်စေရ။

သို့ဖြင့်ယောဘထံသို့ ကံကြမ္မာဘေးဥပါဒ်တခုပြီါ်တခုဆင့်ကာ ဆက်ကာပေါ်ပေါက်လာသည်။

၁။ ရှေဘအမျိုးသားများက လန်ထွန်းနွားငါးရာ နှင့်မြည်းမငါးရာလုယူသွားကြောင်း၊ သတင်းပေးဖို့လူတစ်ယောက်မှတပါးအခြားသူများကိုလည်း သတ်ပစ်ခဲ့ကြသည်။

၂။ သိုးခုနှစ်ထောင်နှင့် သိုးထိန်းများကို မိုးကြိုးပစ်သေကုန်သည်။

၃။ခါလဒဲသားများက ကုလားအုပ်သုံးထောင်နှု့် အေစောင့်များဖမ်းဆီးခေါ်ဆောင်သွားကြသည်။

၄။လေပြင်းမုန်တိုင်းက အိမ်များကို ပြိုလဲပျက်စီး စေသဖြင့်စပျစ်ဝိုင်ရေသောက်သုံးနေသောယောဘ၏သားသမီးများ ပိပြားသေစေကုန်သည်။

၁:၂၀-၂၂ ထိုသို့ဘေးဆိုး ကံကြမ္မာဆိုး တပူပေါ်နှစ်ဆင်ါ့သော်သလည်း ယောဘသည်ယုံကြည်ငြင်းသစ္စာမပျက် “ငါသည်အဝတ်မပါဘဲ၊ အမိဝမ်းထဲသို့ပြန်သွားတော့မည်။ထာဝရဘုရားကပေး၍ ထာဝရဘုရားက ပြန်လည်ရုတ်သိမ်းသည်။ထာဝရဘုရား နာမတော်သည် မင်္ဂလာရှိပါစေသတည်း” ဟုဘုရားအခင်ထံ ဆိုနိုင်သည်။