ယောဘဝတ္ထု ၂၀

၅။ ဇောဖော၏ဒုတိယစကား (အခန်း ၂၀)

၂ဝး၁-၁၉ ဇေဖောသည် ယောဘ၏စကားကိုနားမဝင်။ မသိချင်ယောင်ဆောင်သည်။ထို့အပြင် မိမိ ကိုယ်ကို အထင်ကြီးမာနတတ်သူများသည် ထာဝရ ပျက်စီးကြလိမ့်မည်ဟု ဆုံးမသည်။သူ့သားသမီးများသည်လည်း သူတောင်းစားထံမှ လက်ဖြန့်ခံစားရမည်။ ငယ်ရွယ်နုပျိုစဉ်က ခွန်အားအစွမ်းမာနများ သည်လည်း ခမ်းခြောက်ကုန်မည်။ လူ့ဘဝမှာ ပျော်ရွှင်ဂုဏ်ယူရသော မာန်မာနများသည် မျက်စိ တမှတ်လျှပ်တပြတ်တွင်ပျောက်ကွယ်သွားနိုင်သည်။

၂ဝး၂၀-၂၉ မတရားသောသူများအပေါ်သို့ဘေးဒုက္ခအစုလိုက်အပြုံလိုက်ကျရောက်စမြဲဖြစ်သည်။ အစားဆင်းရဲခြင်း၊ စိတ်ဖိစီးခြင်၊ လောဘတက်ခြင်း ကိုယ်ထိလက်ရောက်စော်ကားခံခြင်း မီးလောင်ခြင်း။ ပစ္စည်းဥစ္စာဆုံးရှုံးခြင်းများ စုပေါင်းခံစားရတတ်သည်။ကောင်းကင်တရား၊ သဘာဝတရားကလည်း လောဘ တပ်မက်ခြင်းကို ခွင့်မပြု။ ကိုယ်မွှေးသည့်မီ်းဖြင့် တဖန်လောင်ကျွမ်းကြမည်။ဘုရားသခင်က မတရာသူများအပေါ်သို့ချမှတ်သောတရားဓမ္မလမ်းစဉ်ဖြစ်သည်။

ထိုအကြောင်းကို G. Combeaell Morgam ကဤသို့ဆိုသည်။ဤကျမ်းချက်တွင် ဇောဖောက အကုသိုလ်အကြောင်းချည်း ဆိုထားသည်။ အောင်မြင်ခြင်းသည် လျှပ်တပြက်သာတည်သည်။ ကောင်းကြီးပမာပုံအောခြင်းသည်လည်း ပြိုလည်းခြင်း၏အစဖြစ်သည်။ ငယ်ရွှယ်နှုပျိုခြင်း၏ အဆုံးခရီးသည်လည်း ဖုံမှုန့်ဖြစ်သည်။ချိုသောအရသာသည် ဝမ်းထဲတွင်ခါးသည်။ မြိုချစဉ် ချိုသောအရသာသည် ပြန်အန်ထွက်တတ်သည်။ ဆိုးသွမ်းမိုက်မဲသမျှကို ဘုရားသခင်က သူ့အပေါ်သို့ ပြန်လောင်းချသည်။ ပြီးလျှင် တရားစီရင်သည်။ အမှောင်ခိုသူသည် အမှောင်ထဲတွင် ပျောက်ကွယ်သွားသည်။လူ့အပြစ်ဒုစရိုက်ကို ကောင်းကင်ပြင်မှမီးမောင်းထိုးပြသောအခါ ကမ္ဘာမြေသားများက တွေ့မြင်ရွံရှာကြသည်။ အပြစ်ဒုစရိုက်အကြောင်းကို သိမြင်ကြပြီဖြစ်သောကြောင့် ရှောင်ကွင်းဖယ်ရှား၍ သမ္မာတရားရှာဖွေဖက်တွယ်ကြစို့။