ယောဘဝတ္ထု ၂၁

၆။ ယောဘ၏ဒုတိယကြိမ်ချေပချက် (အခန်း ၂၁)

၂၁:၁-၂၂ ယောဘကသူ့စကားအား အလေးထားနားဆင်ကြရန် ကြိုတင်သတိပေးလိုက်သည်။ သူ့စကားများသည် သူ့သဘောသဘာဝအား ဆန့်ကျင်ခြင်းမဟုတ်ပါ။ လူ့အသိတရားနှိုးထစေဖို့ဖြစ်သည်။ လူယုတ်မာများ၊ ဘုရားတရားမသိသူများသည် လည်းကြွယ်ဝချမ်းသာ၍ တနေ့တခြားဒီရေအလား ဥစ္စာစီပွားတိုးတက်ကြသည်။မှန်ပါသည်၊ ဘေးရန်မခ၊ ဒုက္ခမရောက်ကြပါ။ ဘုရားတရားမသိသော်လည်း ဘဝအဆင်ပြေနေကြပါသည်။ ထိုဘရားတရားမသိသူများ၏ လူ့ဘဝ လူ့လောကစည်းစိမ်အောင်မြင်ကြ ပုံကို မကြာခဏတွေးတော်ဆင်ခြင်မိပါသည်။ သူတို့ဘဝ လွင့်ပါးမည့်အချိန်မည်သို့ဆိုနိုင်သနည်။

ထိုသူ၏သားသမီးအတွက် ဒုစရိုက်အကျိုးဆက်ကို ဘုရားသခင်ရန်ထားတော်မူသည်ဟုဆိုပါဦး။သူ့ကိုယ်တိုင်သိရစေရန် သူကိုယ်တိုင်ပေးဆပ်တော်မူပါစေ။ ကိုယ့်မကောင်းကျိုးကို ကိုယ်မျက်စိဖြင့်မြင်ရလျက် တန်းခိုးရှင်၏ အမျက်တော်ကို သူ့ကိုယ်၌ ခံသောက်ရပါစေ။ထိုသို့ဆိုသော် သူ့လ ရက်အပိုင်းအခြားတဝက်မျှနှင့် ဆုံးကြီးသည့်။နောက် အိမ်သူအိမ်သားတို့အား မည်သို့ အာရုံပြုနိုင်တော့အံ့နည်း (ငယ် ၁၉-၂၂ TEV)။

၂၁:၂၃-၃၄ လူတဦးသည် လောကစည်းစိမ်အပြည့်အဝခံစားပြီမှ သေလွန်သည်။ အခြားတစ်ယောက်သည် ခါးသီးစွား လူ့ဘဝကိုကျော်လွန်သည်။ သို့သော်လည်း ထိုနှစ်ယောက်စလုံးသည် လူ့ဘဝ အလွန်တွင် ဘဝတူမြေမှုန့်ဖြစ်သွားကြသည်။ ဆိုးသွမ်းသောသူများသည် မျက်မှောက်ကာလတွင် ဝဋ်လည် သည်ဟု ယောဘမိတ်ဆွေများ ပြောစကားအတိုင်း ယူဆရလျှင် လူ့ဘဝသည် ထိုကာအတွက်ထည့်သွင်းစဉ်စားစရာမရှိတော့ပါ။ဤလူ့ဘဝသည် ပျော်ချင်ရာ ပျော်လုပ်ချင်ရာလုပ်ဖို့ ဖြစ်နေရာမည်။ အဘယ်သူကမှ ယောဘအား ဒုက္ခပေးမည့်သူရှိမည်မဟုတ်။ သေသည့်အခါတွင်လည်း အများသူငါနည်းတူသေမည်။ ယောဘက သင်တို့စကား များသည့် ငါ့အတွက် အချည်းနီးဖြစ်သည်။ မုသာသကားများဖြစ်သည် (ငယ် ၃၄)ဟုချေပသည်။

ယောဘ၏ဒုတိယအကြိမ် ချေပစကားသည် ယောဘနှင့်မိတ်ဆွေများအကြား ပြေစကားဖြစ်သည်။သူ့ကိုလာရောက်နှစ်သိမ့်သူများစကားသည် ယောဘ၏ အပြစ်ဒုစရိုက် ဖော်ထုတ်သည်။ သိူ့သော လက်မလျှော့သေး တဖန်လာကြဦးမည်။

ယောဘဝတ္ထုထဲမှ ပြဿနားစကားသည် အဖြေရှာမရနိုင်သေး။ ဖြောင့်မတ်သောသူများသည် အဘယ်ကြောင့် ဆင်းရဲဒုက္ခခံစားကြရသနည်။ မည်သိုပင်ဆိုစေ ယောဘ၏စကားများတွင် အမှောင်အငွေဆိုင်းနေသာ်လည်း မျှော်လင့်ချက်ရောင်ခြည်သန်းကြောင်းတွေ့ရသည်။