ယောဘဝတ္ထု ၄

၂။ ဧလိဖတ်၏ပထမားစကား (အခန်း၄၊၅)

အခန်း ၄ သည် ယောဘမိန်တွေများ၏ စကားနှင့်ယောဘ၏ တုန့်ပြန်စကားများဖြစ်သည်။ထိုပြောစကားများကို Ridout ကဤသို့အတိုချုံးရှင်းပြထားသည်။

 

ယောဘမိန်ဆွေ ၃ ဦး၏စကားသည် စည်းလုံးမှုရှိ၍ ယောဘ၏သဘောထားနှင့်ဆန့်ကျင်ကြသည်။လူ့ကံကြမ္မာအတိုင်း အနာရောဂါရရှိခြင်းဖြစ်သည်။

ဘုရားသခင် ချစ်ခြင်းမေတ္တာထက် အပြစ်စီရင်ခြင်းဖြစ်သည်ဟု ဆိုနိုင်သော်လည်း အလိုတော်တွင်မှု ဆက်စပ်နေသည်။မည်သို့ဖြစ်စေ ဆင်းရဲဒုက္ခဝေဒနာသည် ဖြောင့်မတ်သူ အပေါ်တွင်ဖြစ်စေ မတရားသူအပေါ်တွင်ဖြစ် စေကျရောက်နိုင်သည် ဟုသင်ခန်းစာယူနိုင်သည်။

 

အခန်း ၄ နှင် ၅ တွင် ဧလိဖတ်၏စကားတွေ့ရသည်။ ဧလိဖတ်၏အဓိပ္ပါယ်မှာ ဘုရားသခင်သည် ငါခွန်းအား သို့မဟုတ် ဘုရားသခင်သည် ရွှေစင်ဖြစ်သည်။ နာမဗေဒအင်္ဂါရပ်အရ ဘုရားသခင်၏ ကြီးမြတ်ခြင်းကို တွေ့မြင်ရသူ ထင်မြင်ရသော်လည်း ကံ အကြောင်းမလှ ဘုရားတရားမသိသူဖြစ်နေသည်။ သူ့စကားများသည် ကြမ်းတမ်းသထက်ကြမ်းတမ်း၍ ဆိုးရွှားသထက်ဆိုးရွှားလာသည်။ယောဘမိတ်ဆွေများ၏ စကားသည် နိမ့်သထက်နိမ့်ဆင်းသော်လည်း ယောဘသည် ဘုရားသခင်ဘက် ကောင်းသထက်ကောင်းလာကြောင်းတွေ့ရသည်။ အမှန်တကယ်နှိမ့်ချစွာဖြင်ဘုရားသခင်ကို လက်ခံယုံကြည်သူဖြစ်သည်။

၄:၁-၁၁ ဧလိဖတ်စကားသည် ထိမိသည်။ သင်သည်အခြားသူများကို ကုညီမစသည်။ သို့သော်လည်း မိမိကိုယ်ကို မကယ်တင်နိုင်ပါလားဟုဆိုသည်။ သခင်ခရစ်တော်သည်လမ်း လက်ဝါးကပ်တိုင် ပေါ်တွင် ထိုစကားဖြင့် စော်ကားခြင်းကို ခံရသည်။ သူများကို ကယ်တင်နိုင်သော်လည်း မိမိကိုယ်ကို မကယ်တင်နိုင် တနည်းအားဖြင့် မိမ်ကိုယ်ကို မကယ်တင်နိုင်ဘဲနှင့်တခြားဘဲနှင့်အခြားသူများကို တကယ်ကယ်တင်နိုင်မလားဟုအနက်ရသည်။

၄:၁၂-၂၁ ဧလိဖတ်က တိတ်ဆိတ်စွာရရှိသော ဗျာဒိတ်တော်ကို ယောဘသို့ပြောပြသည်။ ဝိညာဉ်တပါးက ဧလိဖတ်အား သေတတ်သောသူသည် ဘုရားသခင်ရှေ့မှာသန့်ရှင်းခြင်းရှိသလော့ ဟုဆိုသည်။ ဆိုလိုသည်မှာ သူသည် ဘုရားသခင်၏ စကားအားတုန့်ပြန်နိုင်စွမ်းမရှိ။ လူ၏ဆင်းရဲဒုက္ခခံစားခြင်းသည် ဘုရားသခင်နှင့်မသက်ဆိုင်။ ကိုယ့်အပြစ်ကြောင့် ခံရခြင်းဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် အတိုင်းအဆမရှိဖြောင့်မတ်သူဖြစ်၍ လူသားများအပေါ် ကရုမစိုက်အား။သို့ကြောင့် ကောင်ကင်တမန်များသည်လည်း အမှားအယွင်းပြုလုပ်ကြသည်။ ထိုစကားသည် အဘယ်မျှတရားလက်လွတ်သနည်း။ လူ့ဘဝကို ခြပိုးပမာ သတ်မှတ်ရာရောက်သည်။