တိမောသေသြဝါဒစာပဌမစောင် ၅

၅။ အမျိုးမျိုးသော ယုံကြည်ခြင်းရှိသူများ ကိုင်တွယ်ခြင်း (::)

(က) အသက်အရွယ်အမျိုးမျိုး (:)

: ခရစ်ယာန်မိသားစုများအကြားတွင် ပြုမူရမည့်လှုပ်ရှားမှု ဟန်ပန်လက္ခဏာကို သတိထားရန် သွန်သင်ထားသည်။ ငယ်ရွယ်သူဖြစ်သည့်အားလျော်စွာ စိတ်လိုက်မာန်ပါမလုပ်ဘဲ၊ မိမိထက် အသက်အရွယ်ကြီးသူများကို ညင်သာစွာဆက်ဆံရန် သတိပေးထားသည်။ အသက်ကြီးသောသူကို ကျပ်တည်းစွာမဆုံးမနှင့်၊ အဘကဲ့သို့ မှတ်၍ တောင်းပန်လော့ ဟုဆိုသည်။ ငယ်ရွယ်သူက အသက်ကြီးသူများအား နှုတ်အားဖြင့် မယဉ်မကျေးဆက်ဆံခြင်းသည် မဖွယ်ရာသော အကျင့်ဖြစ်သည်။

ထို့ကြောင့် ငယ်ရွယ်သောအမှုတော်ဆောင်များ အထူးဂရုစိုက်ရမည့် အပြုအမူလက္ခဏာ ဖြစ်သည်။ ထို့ကြောင့် ပေါလုက တိမောသေအား ညီငယ်သဖွယ် ဆုံးမသွန်သင်ခြင်း ဖြစ်သည်။ ထိုသူများကဲ့သို့ ပြုမူကျင့်ကြံခြင်း၊ ပြောဆိုနေထိုင်ခြင်း မပြုရန် သတိပေးခြင်းဖြစ်သည်။

: အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့ မေတ္တာတရားထား၍ လေးစားချစ်ခင်စွာ ဆက်ဆံရမည်။

မိန်းမပျိုတို့၏ သန့်ရှင်းစင်ကြယ်ခြင်းကိုလည်း လေးစားရမည်။ မကောင်းအမြင်ရှောင်ရှားရမည့်အပြင် နှမကဲ့သို့ သဘောထားရမည်။ အမြင်မတော်သည်များကိုလည်း ဆုံးမပဲ့ပြင်ရမည်။

() မုဆိုးမများ (:၁၆)

: အပိုဒ်ငယ် ၃ မှ ၁၆ တိုင်အောင် ဒေသန္တရအသင်းတော်ရှိ မုဆိုးမများ ပြုစုကူမရမည့်အကြောင်း သွန်သင်ထားသည်။

ပထမဦးစွာ အသင်းတော်သည် မုဆိုးမအမှန်ဖြစ်သော မိန်းမကို မစလုပ်ကျွေးရန် ဆုံးမပါသည်။ လုပ်ကျွေးရန်ဆိုသည်မှာ အရာဝတ္ထုများအပြင် ငွေကြေးထောက်ပံ့ရန် ဖြစ်သည်။ မုဆိုးမအမှန်ဆိုသည်မှာ ကူမထောက်ပံ့စောင့်ရှောက်မည့်သူမရှိဘဲ၊ သခင်ဘုရားကိုသာ ကိုးစားသူကို ဆိုလိုသည်။ ဆွေမရှိ၊ မျိုးမရှိတကောင်ကြွက်ကို ဆိုလိုသည်။

: မုဆိုးမတမျိုးကို ရှင်းပြသည်။ သားသမီး၊ မြေးမြစ်ရှိသူများ ဖြစ်သည်။ ထိုကလေးသူငယ်များသည် မုဆိုးမ မိခင်သွန်သင်ခြင်းဖြင့် ဘုရားဝတ်၌ မွေ့လျော်ကြရမည်။ ဘုရားတရား ကိုင်းရှိုင်းခြင်းသည် မိသားစုမှ အစပြုသည်ဟု ကျမ်းစာကဆိုပါသည်။ အခြားဘာသာရေးအား ကျယ်လောင်စွာ ပြောဆိုခြင်း၊ ဥပေက္ခာပြုခြင်းများသည် ခရစ်ယာန်များ၏ အကျင့်ကောင်းမဟုတ်ပါ။

ဘုရားသခင် နှစ်သက်တော်မူသောအမှု၁၆ဆိုသည်မှာ ကူညီလမ်းပြထောက်ပံ့မည့်သူ မရှိသူအား မေတ္တာပြသခြင်း ဖြစ်သည်။ ဧ ၆:၂ တွင် “မိဘကို ရိုသေစွာပြုလော့၊ ဤပညတ်တော်ကား သင်တို့သည် ပြည်တော်ကောင်းစား၍ အသက်တာရှည်မည့်အကြောင်းတည်း”ဟု ကျမ်းစကား သက်သေထူထားပါသည်။ ထို့ကြောင့် အထက်ကျမ်းပိုဒ်မှ မုဆိုးမအမှန်ဖြစ်သူအား အမိသဖွယ်မှန်ယူ၍ နေ့စဉ်စားသောက်မှုအစ လိုအပ်ချက်များကို မစကူညီရမည်။ ထိုမုဆိုးမသည် ဘုရားသခင်ကိုသာ မျှော်လင့်ချက်ထားသူ ဖြစ်သည်။

: အထက်ပါ မုဆိုးမအမှန်နှင့် ဆန့်ကျင်သူအား ကာမစည်းစိမ်၌ မွေ့လျော်သော မုဆိုးမဖြစ်သည်။ ထိုမိန်းမသည် ခရစ်ယာန်အစစ်အမှန် မဖြစ်နိုင်သကဲ့သို့ ဟန်ဆောင်သူသာဖြစ်သည်။ ထိုမိန်းမမျိုးသည် မိရိုးဖလာအားဖြင့်လာသောခရစ်ယာန် သို့မဟုတ် ဖောက်ပြန်သောခရစ်ယာန် ဖြစ်သည်။ ဘုရားသခင်နှင့် ဆက်သွယ်သော်လည်း သေသူဖြစ်သည်။ ဘုရားသခင်အတွက်လည်း အသုံးမဝင်၊ အချည်းနှီးသတ္တဝါ ဖြစ်သည်။ ထိုကာမစည်းစိမ်၌ မွေ့လျော်သော မုဆိုးမအား အပြစ်တင်ခြင်းမရှိစေရန် သွန်သင်ကြပ်မတ်ဖို့ တိမောသေကို ခိုင်းထားသည်။

: မိမိလူ၊ မိမိအိမ်သူအိမ်သား မိသားစုကို မပြုစုသူအား ပြင်းထန်စွာ ဆုံးမထားသည်။ ထိုသူသည် သမ္မာတရားကို ငြင်းပယ်သူဖြစ်သည်။ ခရစ်ယာန်ယုံကြည်ခြင်းသည် မိမိအနီးဆုံးလူများအပြင် အခြားသူများကိုလည်း ကူညီပံ့ပိုးရသော ဝါဒဖြစ်သည်။ ထို့ကြောင့် တပါးသူမက မိမိအိမ်ထောင်မိသားစုဝင်များကို မပြုစုခြင်းသည် ခရစ်ယာန်ယုံကြည်ခြင်းနှင့် ဆန့်ကျင်သည်။ ထိုသူသည် မယုံကြည်သူထက်သာ၍ ဆိုးရွားသည်။ ခရစ်တော်ထံသို့ ချဉ်းကပ်လာသော မယုံကြည်သူများကိုလည်း ဘုရားရှင်ထံတော်သို့ မလာရောက်ရန် တားဆီးပိတ်ပင်သူ ဖြစ်သည်။

: မုဆိုးမနှင့်ပတ်သက်၍ အသင်းတော်များတွင် သိမှတ်ရမည့်အချက်ကို တိကျစွာ ပြဌာန်းထားသည်။ အသက် (၆၀)မပြည့်သော မုဆိုးမများကို မုဆိုးမအဖြစ် စာရင်းမသတ်မှတ်ရဟု ဆိုသည်။

လင်တယောက်တည်းရှိဖူးသူဆိုခြင်းမှာ သင်းအုပ်၊ သင်းထောက်ကတော်များနှင့် နီးစပ်သည်။ ထိုမိန်းမ၏ အိမ်ထောင်ပြုခြင်းသည် လူမှုရေးတွင် ယုံမှားသံသယ ဖြစ်ဖွယ်မရှိရ ထပ်မံရှင်းပြထားပါသည်။

:၁၀ မုဆိုးမစာရင်းတွင် ထည့်မှတ်မည့်သူသည် ကောင်းသောအကျင့်ရှိ၍ ဝိညာဉ်ရေးရာတွင် ယုံကြည်စိတ်ချရသူ ဖြစ်ရမည်။

အကယ်၍ သားသမီးများ အရွယ်ရောက်လျှင် ဟူသောစကားအရ ထိုမုဆိုးမသည် သားသမီးများကို ကောင်းမွန်စွာပြုစုနိုင်သဖြင့် မိမိသော်၎င်း၊ အိမ်ကိုသော်၎င်း ခရစ်ယာန်ပီသစွာ ထိန်းကျောင်းနိုင်သူ ဖြစ်သည်။

ယုံကြည်သူ မုဆိုးမသည် ဧည့်သည်များကိုလည်း ပျူငှာစွာ ဆက်ဆံတတ်သူ ဖြစ်သည်။ ဧည့်ဝတ်ပျူငှာကြရန် ဓမ္မသစ်ကျမ်း၌ အဖန်တလဲလဲ ရှင်းပြထားပါသည်။

ဧည့်သည်များအား ခြေထောက်ရေဆေးပေးခြင်းသည် ကျွန်အလုပ်ဖြစ်သည်။ မုဆိုးမက ဧည့်သည်များ ခြေထောက်ရေဆေးပေးခြင်းဆိုသည်မှာ ခရစ်ယာနများ၏ နှိမ့်ချအောက်ကျို့မှုကို အထူးသရုပ်ဖော်ခြင်း ဖြစ်သည်။ သန့်ရှင်းသူများ၏ ခြေထောက်ဆေးကြောပေးခြင်းသည် နှုတ်ကပတ်တော်နှင့် ကိုက်ညီသည်။ ထိုသို့ပြုခြင်းသည် လူတိုင်းအားပြုရန် မဆိုလိုပါ။ မိမိအိမ်သို့ နှုတ်ကပတ်တော်ဝေငှရန် ရောက်လာသူများနှင့် အလည်ရောက်လာသူများအား စင်ကြယ်ခြင်းမရှိစေရန် ဖြစ်သည်။

ဆင်းရဲသောသူအား လုပ်ကျွေးခြင်းဆိုသည်မှာ နေမကောင်း မကျန်းမာသူများ ကြေကွဲဝမ်းနည်းသူများနှင့် စိတ်မချမ်းသာသူများအား နှစ်သိမ့်အားပေးခြင်းဖြစ်သည်။

ခပ်တိုတိုပြောရလျှင် ဒေသန္တရအသင်းတော်တွင် မုဆိုးမအဖြစ် စာရင်းသတ်မှတ်ရမည့်သူများသည် နေ့စဉ် အသက်တာတွင် ကိုယ်ကျင့်သိက္ခာကောင်းမွန်စွာဖြင့် အမှုတော်၌ ပါဝင်သူ ဖြစ်ရမည်။

:၁၁ ခက်ခဲနက်နဲသော ကျမ်းပိုဒ်ဖြစ်သော်လည်း အောက်ပါအတိုင်း နားလည်ရသည်။ အသက် ငယ်ရွယ်သောမုဆိုးမနှင့် ပတ်သက်၍ အသင်းတော်တွင် ခံယူရမည့် စည်းမျဉ်းဖြစ်သည်။ အသက် ငယ်ရွယ်သူများဖြစ်သောကြောင့် နောက်ထပ် အိမ်ထောင်ပြုချင်ကြသည်။ ထိုသို့ အိမ်ထောင်ထပ်ပြုချင်ခြင်းသည် မမှားသော်လည်း ရရာယောက်ျားယူတတ်ကြသဖြင့် မယုံကြည်သူနှင့်လည်း အိမ်ထောင်ကျတတ်သည်။ ထို့ကြောင့် တမန်တော်ကြီးက နုပျိုသောမုဆိုးမကို ပယ်လော့။ အကြောင်းမူကား ထိုသူတို့သည် ခရစ်တော်၏ဆုံးမခြင်းကို သည်းမခံဟု ဆိုခြင်းဖြစ်သည်။ ခရစ်တော်၏ စကားကိုလိုက်နာခြင်းနှင့် မယုံကြည်သူအား လက်ထပ်ခြင်းကို ရွေးချယ်မည့်သူများသည်။ ထို့ကြောင့် ဒေသန္တရအသင်းတော်များအား ဆင်ခြင်နိုင်ရန် ဩဝါဒပေးခြင်း ဖြစ်သည်။

:၁၂ အပြစ်သင့်ခြင်း အပြစ်ဒဏ်စီရင်ခြင်း KJV သည် ထာဝရအပြစ်ဒဏ်နှင့်မဆိုင်ပါ။ ပထမ ယုံကြည်ခြင်းပစ်ပယ်သောကြောင့် အပြစ်ဒဏ်သင့်မည့်အကြောင်း ဖြစ်သည်။ ယခင်က သစ္စာတရားကြီးမား၍ ယေရှုခရစ်တော်အား ယုံကြည်ဟန်ရှိသော်လည်း ပြုထားသောကတိ ကိုးကွယ်သောခရစ်တော်အား စွန့်ခွာလျက် မယုံကြည်သူနှင့် အိမ်ထောင်ပြုသောကြောင့် ကောင်းကင်နိုင်ငံ သတို့သားအား သစ္စာဖောက်ရာ ရောက်ပါသည်။

အသက်ငယ်သော မုဆိုးမများ နောက်ထပ်အိမ်ထောင်ပြုခြင်းအား ဝေဖန်စရာမရှိပါ။ သို့သော် ရှင်ပေါလုက ဆင်ခြေပေးထားသည်။ အပြစ်တင်စရာများသောကြောင့် ဝိညာဉ်ရေးရာ ထိပါးလွယ်သဖြင့် ပညတ်တော်များအား လေထဲသို့ သွန်ပစ်သကဲ့သို့ ဖြစ်သွားနိုင်သည်ဟု ဆိုသည်။

:၁၃ ဒေသန္တရအသင်းတော်များသည် ငယ်ရွယ်သော မုဆိုးမများအား ငွေကြေးထောက်ပံ့ခြင်းကို ဆင်ခြင်ရသည်။ အချိန်အားနေသဖြင့် တအိမ်တက်ဆင်းပြု၍ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း  အတင်းအဖျင်းပြောတတ်ကြသည်။ အပျင်းထူကြသည်။ မကောင်းသောအပေါင်းအဖော် ပေါင်းဖက်တက်ကြသည်။ ထိုအပြုအမူများသည် ခရစ်တော်သက်သေခံခြင်းနှင့် မသက်ဆိုင်သဖြင့် ဒေသန္တရအသင်းတော်အနေဖြင့် ထိုမုဆိုးမအား အရေးတယူ လုပ်ဆောင်ဖွယ်ရာမရှိ။

:၁၄ ထို့ကြောင့် ပေါလုက အထက်ပါကျမ်းပိုဒ်တွင် အသက်ငယ်ရွယ်သော မိန်းမများသည် လင်ယူသားမွေးလုပ်ကြဦးမည် ဟုဆိုခဲ့သည်။ သို့သော် အသက်ငယ်ရွယ်သော မုဆိုးမတိုင်းကို မဆိုလိုပါ။ ထိုအကြောင်းဖန်သူများသည် စင်စစ်အားဖြင့် ယောက်ျားများ ဖြစ်သည်။ ပေါလုကမူ ယေဘူယျခြုံ၍ ဖြစ်လေ့ဖြစ်ထရှိသည့်သဘောကို ဆိုလိုသည်။

စာတန်သည် ခရစ်တော်သက်သေခံခြင်းအား အစဉ်အမြဲ လိုက်လံနှောင့်ယှက် ဖျက်ဆီးလေ့ရှိသည်။ ထို့ကြောင့် စာတန်၏ အမှောက်လုပ်ငန်းအား အစဉ်သတိချပ်နေကြရန် သတိပေးထားသည်။

:၁၅ အသက်ငယ်ရွယ်သော မုဆိုးမများသည် စာတန်၏ လှည့်ဖျားခြင်းနောက်သို့ တကောက်ကောက် လိုက်ပါသွားတတ်ကြသည်။ အချို့က သခင်ဘုရား၏ခေါ်သံကို ဂရုမမူမခွဲခြားတတ်ဘဲ၊ စာတန်၏ အသံကိုသာ ကြားတတ်ကြသည်။

:၁၆ နီးစပ်ရာ မုဆိုးမများအား ကျွေးမွေးစောင့်ရှောက်ရန် သွန်သင်ထားသည်။ ယုံကြည်သူ ယောက်ျား၁၇ ဖြစ်စေ၊ မိန်းမဖြစ်စေ ဆွေမျိုးမိသားစုထဲတွင် မုဆိုးမရှိလျှင် ပြုစုစောင့်ရှောက်ရသည်။ ထိုသို့ ကူညီစောင့်ရှောက်လျှင် အသင်းတော်လည်း တာဝန်ပေါ့သွားမည်။

အပိုဒ်ငယ် ၃မှ ၁၆သည် မုဆိုးမများအပေါ် အသင်းတော်၏ ဝတ္တရားကို ဖော်ပြခြင်းဖြစ်သည်။ လုပ်ကိုလုပ်ရမည့်ဝတ္တရားနှင့် မလုပ်သင့်သောအချက်များကို ဝေဖန်ပိုင်းခြားပြထားသည်။ သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ဖော်ပြသော သင်ခန်းစာဖြစ်သည်။ မုဆိုးမများကို ကူညီစောင့်ရှောက်ရမည့်တာဝန်သည် ဒေသန္တရအသင်းတော်၏ ဝတ္တရားဖြစ်သည်။ ယနေ့ခေတ်ကာလတွင် ထိုတာဝန်ဝတ္တရားကို မေ့လျော့နေကြသည်။

() သင်းအုပ်များ (:၁၇၂၅)

          :၁၇ အဓိကအကြောင်းအရာသည် သင်းအုပ်များဖြစ်သည်။ ပထမဦးစွာ ကောင်းမွန်စွာအုပ်သော သင်းအုပ်တို့သည် အလှူနှစ်ဆခံထိုက်သူများ ဖြစ်သည်ဟု ဆိုထားသည်။ Darby က “ထိရောက်စွာ ဦးဆောင်သူ”ဟု ပြန်ဆိုထားသည်။ မေးမြန်းစရာမရှိနိုင်ပါ။ သင်းအုပ်များသည် အလှူနှစ်ဆခံထိုက်သူများ ဖြစ်သည် ဟုဆိုရာတွင် အလှူဟူသည်မှာ ကြည်ညိုသဒ္ဓါပွားများခြင်း ဖြစ်သည်။ နဝကမ္မအလှူငွေလည်း ပါဝင်သည် (မ ၁၅:၆)။ နှစ်ဆသောအလှူ ဆိုသည်မှာ နှစ်မျိုးတွေးစရာရှိသည်။ ပထမတွင် သင်းအုပ်သည် ဘုရားသခင်၏အမှုတော်အား ဆက်ကပ်သူဖြစ်သည်။ ရသမျှအချိန်ကာလအား အမှုတော်တွင် အချိန်ပြည့် အပ်နှံထားသည်။ ငွေကြေးအသုံးအစွဲလိုသည်။ အထူးသဖြင့် ဟောပြောခြင်းနှင့် သွန်သင်ခြင်းတွင် အချိန်ကုန်လွန်သည်။

:၁၈ ထိုအကြောင်းနှင့်ပတ်သက်၍ တရား ၂၅:၄ နှင့် လု ၁၀:၇ ကျမ်းပိုဒ်ကို ကိုးကားချင်ပါသည်။ ဝိညာဉ်တော်က အထူးတန်ခိုးမှုတ်သွင်းထားသောကြောင့် စိတ်ဝင်စားဖွယ်ကောင်းသည်။ ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းများမှ တခုစီယူ၍ ကျမ်းပိုဒ်တွင် ပေါလုက ထပ်မံဖော်ပြခြင်း ဖြစ်သည်။ ပေါလုက ဓမ္မသစ်ကျမ်းနှင့် ဓမ္မဟောင်းကျမ်း ရှေ့သွားနောက်ညီဟန်ချက်ပါ ထည့်ထားပြီး ဖြစ်သည်။

စပါးနယ်သောနွား၏နှုတ်ကို မချုပ်တည်းရဟု ဆိုသည်။ ထိုကဲ့သို့ပင် လုပ်ဆောင်သောသူသည်လည်း လုပ်ခခံထိုက်သည်။ ထိုစကားသည် သင်းအုပ်များကို ရည်ရွယ်ခြင်း ဖြစ်သည်။ ကိုယ်ကာယအား စိုက်ထုတ်၍ မလုပ်ကြရသော်လည်း ဘုရားသခင်၏လူများ ကြွယ်ဝသောအသက်တာရရှိဖို့ ပံ့ပိုးဖြည့်စွက်သူများ ဖြစ်သည်။

:၁၉ သင်းအုပ်များသည် အသင်းတော်တွင် အထင်ကရတာဝန်ရှိသူများ ဖြစ်သောကြောင့် စာတန်၏ အဓိကပစ်မှတ်များ ဖြစ်သည်။ ထို့ကြောင့် မိစ္ဆာဆရာများ၏ သွန်သင်ခြင်းဘေးရန်မှ ဘုရားသခင်၏ ဝိညာဉ်တော်က အကာအကွယ်ဖြစ်သည်။ သင်းအုပ်များကို အထူးအခွင့်အရေးပေးထားသည်။ သက်သေခံနှစ်ဦး သို့မဟုတ် သုံးဦးမရှိလျှင် သင်းအုပ်အား ပြစ်တင်စွပ်စွဲခြင်းမပြုရဟု တားမြစ်ထားသည်။ အခြား အသင်းသားများတွင်လည်း ထိုပြဌာန်းချက်ကို ကျင့်သုံးနိုင်သည်။ သို့သော် သင်းအုပ်များအား မဖွယ်မရာ မတရားသဖြင့် စွပ်စွဲနိုင်သဖြင့် သီးသန့်ပြဌာန်းထားခြင်း ဖြစ်သည်။

:၂၀ သင်းအုပ်ကို အပြစ်တင်စရာရှိလျှင် အများနည်းတူ အသင်းတော်ပရိသတ်ရှေ့မှောက်တွင် ပြစ်တင်စွပ်စွဲခြင်း မပြုရ။ ထိုအရေးယူ အပြစ်ပေးခြင်းသည် ယုံကြည်ခြင်းတွင် ထူးကဲစွာ ဖောက်ပြန်သော အသင်းသားများ၌သာ အကြုံးဝင်သည်။

အချို့ပညာရှင်များက အခန်းငယ် ၂၀ သည် သင်းအုပ်နှင့်မဆိုင်၊ ယုံကြည်သူများနှင့်သာ ပတ်သက်သည်ဟု ဆိုကြသည်။ ယုံကြည်သူအားလုံးနှင့် သက်ဆိုင်သည်မှန်သော်လည်း သင်းအုပ်အမှုအရာနှင့် တိုက်ရိုက်ပတ်သက်နေပါသည်။

:၂၁ ဤပြဌာန်းချက်အား လက်တွေ့ကျင့်သုံးရာတွင် ရှောင်ရမည့် အရေးကြီးသော အချက်(၂)ချက် ရှိသည်။ ပထမအချက်မှာ ဘက်လိုက်ခြင်းဖြစ်၍ နောက်တချက်မှာ မျက်နှာလိုက်ခြင်း ဖြစ်သည်။ အမှုကိစ္စစီရင်ရာတွင် ဘက်လိုက်ရန် လွယ်ကူသည်။ လူ၏စည်းစိမ်၊ ရာထူးဌာနန္တရ၊ အဆင့်အတန်းကို ကြည့်၍လည်း မျက်နှာလိုက်တတ်ကြသည်။ ထို့ကြောင့် ရှင်ပေါလုက တိမောသေအား ဖြစ်ကြောင်းရယ် ကုန်စင်သိပြီးမှ စီရင်ရန်၊ ဘုရားသခင်နှင့် ယေရှုခရစ်တော်ဘက်မှ ရပ်တည်ရန် သတိပေးထားသည်။ အဘယ်ကြောင့်ဆိုသော် လူသည် သိကျွမ်းခင်မင်သောမိတ်ဆွေများအား မျက်နှာလိုက်တတ်ကြသည်။ ဘုရားသခင်နှင့် ယေရှုခရစ်ဘက်တွင် ရပ်တည်ရွေးကောက်တော်မူသော ကောင်းကင်တမန်များ အမြင်အတိုင်း စီရင်သင့်သည်။ ကောင်းကင်တမန်များသည် လောကကြီးတခုလုံးကို စောင့်ကြည့်နေသူများ ဖြစ်သည်။ အထူးသဖြင့် အသင်းတော်ကို အာရုံစူးစိုက်ကြည့်ရှုသူများ ဖြစ်သည်။ ရွေးကောက်တော်မူသော ကောင်းကင်တမန်များသည် အပြစ်ကင်းစင်သူများဖြစ်သည့်အပြင် မိမိကိုယ်ကို စောင့်ထိန်း၍ ဘုရားသခင် အလိုတော်လိုက်သူများ ဖြစ်သည်။

:၂၂ မောက်မာသူများသည် အသင်းတော်တွင် လွယ်လင့်တကူ နေရာရလျှင် လက်မထောင်ကြသည်။ ထို့ကြောင့် လူသစ်များအား ချက်ချင်းနေရာမပေးရန် သတိပေးသည်။ လူအများကိုကောင်းစွာ မသိရှိကြသဖြင့် သူ့ကိုယ်ကျင့်သိက္ခာလည်း မသိရှိကြ။ မိမိကိုယ်ကို ထိန်းကျောင်းနိုင်ဟန်ရှိသော်လည်း အခြားသူများနှင့် ဆက်ဆံရာတွင် ပြေပြစ်ချောမောခြင်းမရှိကြ။

:၂၃ ဤကျမ်းပိုဒ်၏ ဆိုလိုရင်းလည်းမရှင်းလင်းပါ။ တိမောသေ၏ ရောဂါအား သက်သာစေဖို့ အလိမ္မာနည်းဖြင့် ဓာတ်စာကျွေးခြင်း ဖြစ်နိုင်သည်။ ပထမဦးဆုံး ခံစားခြင်းမဟုတ်နိုင်သကဲ့သို့ နောက်ဆုံးခံစားခြင်းလည်း မဟုတ်နိုင်ပါ။ ဖြစ်နိုင်သည်မှာ တိမောသေသောက်သုံးသောရေသည် မစင်ကြယ်သောကြောင့် ဖြစ်နိုင်သည်။ ရေမစင်ကြယ်သော အရပ်ဒေသများစွာ လောကကြီးတွင် ရှိနေသည်။ ထို့ကြောင့် တမန်တော်ကြီးက ရေကိုသာမသောက်ဘဲ ဝိုင်အနည်းငယ်သောက်သုံးပါ ဟုဆိုလိုသည်။ ဝိုင်အနည်းငယ် သောက်သုံးခြင်းဖြင့် ဗိုက်နာရောဂါသက်သာစေမည်။ ဤနေရာတွင် ဝိုင်ကို ဓာတ်စာဆေးအဖြစ် သောက်သုံးခွင့်ပြုသည်။ အသွေးအသား ပျော်ပါးရန်မဟုတ်ပါ။

ထိုဝိုင်သည် စပျစ်ရည်မဟုတ်၊ ဝိုင်အစစ်ဖြစ်မည်သေချာသည်။ အကယ်၍ စပျစ်ရည်ဖြစ်လျှင်လည်း ထိုအချိန်ကာလတွင် စပျစ်ရည်ကို​ ဖျော်ရည်အဖြစ်သာ သုံးသည်။ ဝိုင်အဆင့်မရောက်။ ဝိုင်အစစ်ဖြစ်သောကြောင့် မမူးယစ်စေရန် အနည်းငယ်သာ ခွင့်ပြုသည်။

ဤနေရာတွင် ဘုရားသခင်၏ အနာရောဂါ ကင်းငြိမ်းခြင်းအကြောင်း တွေ့ရသည်။ ရှင်ပေါလုသည် တမန်တော်ဖြစ်သည့်အားလျော်စွာ အနာရောဂါကင်းငြိမ်းခြင်းတန်ခိုး ရရှိပါသည်။ သို့သော် နေရာတကာတွင် ထိုဆုလက်ဆောင်မသုံးပါ။ ဗိုက်နာရောဂါ ပျောက်ကင်းစေရန် အနည်းငယ် ဝိုင် သုံးခိုင်းကြောင်း တွေ့ရသည်။

:၂၄ အပိုဒ်ငယ် ၂၂ မှ သူတပါးအပေါ်လက်တင် ဘိသိတ်ပေးခြင်းအကြောင်းကို တဖန် ပြန်လည်ရှင်းပြထားသည်။ ငယ် ၂၄ နှင့် ၂၅ တွင် ထိုအကြောင်းကို ရှင်းပြထားသည်။

အချို့သောသူတို့၏ ဒုစရိုက်သည် ရှေ့မဆွပင် ထင်ရှားသည်။ မောင်းခတ်ကြော်ငြာသကဲ့သို့ လူရှေ့သူရှေ့တွင် ဗူးပေါ်သကဲ့သို့ ပေါ်နေသည်။ အပြစ်ထင်ရှား၍ အပြစ်စီရင်ခြင်းသို့ ဦးစွာသွားကြသည်။ အချို့မှာမူ မထင်ရှားတတ်။ ကာလကြာသောအခါတွင်မှ ပေါ်တတ်သည်။

ပထမအချက်ကြည့်လျှင် အရက်မူးသမားကို မြင်လွယ်ကြမည်။ နောက်တမျိုးမှာ တိတ်တိတ်ပုန်း မယားငယ်ထားသူသည် ချက်ချင်းမသိနိုင်။ ပတ်ဝန်းကျင်ကလည်း မရိပ်မိ။ သို့သော် အချိန်ကြာလာလျှင် လယ်ပြင်မှာ ဆင်ပြောင်သွားသကဲ့သို့ ပေါ်လွင်လာသည်။

:၂၅ ကောင်းသောသူများသည် ထိုနည်းတူဖြစ်သည်။ အချို့လူများသည် ရှေ့မဆွကပင် ကောင်းသောအကျင့်ကို တွေ့ရသည်။ အချို့မှာ ထိုနေရာတွင် မရှိသောအခါမှ တန်ဖိုးထားကြသည်။ ထိုသူများသည် ချက်ချင်းလက္ခဏာ အပေါ်သော်လည်း နောင်အခါ နားလည်လာကြသည်။ ထို့ကြောင့် လူတစ်ယောက်အား မျက်မှောက်ကာလတွင် ချက်ချင်းတန်ဖိုးမဖြတ်နှင့် သူ့အကျင့်စာရိတ္တက သမိုင်းသက်သေ ထူကြလိမ့်မည်ဖြစ်သည်။

Previous Article
Next Article