တိမောသေသြဝါဒဒုတိယစောင် ၂

() ဇွဲလုံ့လရှိဖို့ (:၁၃)

          : ယေရှုခရစ်တော်၌ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့ခြင်းရှိလော့ဆိုသည်မှာ ကျေးဇူးတော်၌ ခွန်အားယူ၍ သခင်ဘုရား၌ သစ္စာရှိခြင်း၊ စွမ်းစွမ်းတမံ လုပ်ဆောင်ခြင်း၊ မိမိအရည်အချင်းအား ကိုယ်တော်နှင့် ပေါင်းဖွဲ့ခြင်း ဖြစ်သည်။

: တိမောသေ တစ်ယောက်တည်းအား ခွန်အားရယူရန်သာမကဘဲ၊ အခြားသူများကိုလည်း ဝိညာဉ်ခွန်အား ရယူနိုင်ရန် ဝေငှရမည်။ တမန်တော်ကြီးထံမှ ရရှိသော သွန်သင်ခြင်းတန်ခိုးကို တခြားသူများသို့လည်း ဓာတ်ကူး ဓာတ်ပြောင်းပြုရမည်။ ပေါလုသည် မကြာခင်မှာ မမြင်ကွယ်ရာသို့ ပျောက်သွားမည်။ တိမောသေသာလျှင် ရောက်လေရာမှာ သက်သေခံမည်။ တိမောသေ၏ နေ့ရက်များသည် တိုတောင်းသော်လည်း အကောင်းဆုံး လုပ်ဆောင်နိုင်သည်။ အခြားသူများကိုလည်း သူကဲ့သို့ သွန်သင်နိုင်အောင် ဆင့်ပွားပေးရသည်။

ဤကျမ်းပိုဒ်သည် တမန်တော်ကြီး၏ အောင်မြင်ခြင်း အထောက်အပံ့ မပြုသကဲ့သို့ ယနေ့ခေတ်ကာလ အမှုတော်ဆောင်များကိုလည်း ပံ့ပိုးခြင်းမဟုတ်ပါ။  သင်ဆရာများ၏ အရည်အချင်းများအား အသင်းတော်က လုံခြုံအောင် တာဝန်ယူပေးဖို့ သွန်သင်ခြင်းဖြစ်သည်။

ယုံကြည်သူမျိုးဆက် (၄)ခု ရှိကြောင်း ထုတ်ဖော်ပြသပါသည်။

(၁) တမန်တော်ရှင်ပေါလု

(၂) တိမောသေနှင့်အခြားသက်သေခံများ

(၃) သစ္စာရှိသော ယုံကြည်သူများ

(၄) အခြားသူများ

ယုံကြည်သူတိုင်းသည် ဧဝံဂေလိဆရာ ဖြစ်ကြောင်း ဤကျမ်းပိုဒ်က အဓိက မီးမောင်းထိုးပြပါသည်။ အကယ်၍ ယုံကြည်သူတိုင်း ဧဝံဂေလိပြုမည်ဆိုပါက မျိုးဆက်တစ်ဆက်တည်းနှင့် ကမ္ဘာတစ်ဝှမ်းတွင် ပျံ့နှံ့သွားမည်။ မည်သို့ပင်ဖြစ်စေ ဤရည်ရွယ်ချက်သည် လူ့တွေးဆချက်သာဖြစ်သည်။ ကမ္ဘာအဝှမ်းတွင် ဧဝံဂေလိတရား ပျံ့နှံ့ရန်မှာ ဘာသာရေးဆရာများ အပါအဝင် အခက်အခဲများစွာရှိပါသည်။ တစ်ခုသေချာသည်မှာ ခရစ်ယာန်တိုင်းသည် အတိုင်းထက်အလွန် တံခွန်ထက်ကုက္ကား အစွမ်းအစရှိသူများ ဖြစ်သည်။

တိမောသေသည် သမ္မာတရားကို တိုက်တွန်းဆော်ဩသည် ဆိုသည်မှာ ယုံကြည်သူများ မိမိကိုယ်ကို ယုံကြည်စိတ်ချဖို့ဖြစ်သည်။ အခြားသူများ မိမိကိုယ်ကို ယုံကြည်စိတ်ချဖို့ဖြစ်သည်။ အခြားသူများကိုလည်း ဝေငှနိုင်သူများဖြစ်ရသည်။ သွန်သင်မှု အရည်အချင်းရှိကြရသည်။

: ရှင်ပေါလုက တိမောသေအား အမျိုးမျိုးဂုဏ်ပုဒ် တပ်ခေါ်သည်။ (၁)သား (ငယ်၁) (၂)စစ်သည်တော် (ငယ် ၃-၄)၊ (၃)အားကစားသမား (ငယ်၅) (၄)လယ်သမား (ငယ်၆)၊ (၅)အလုပ်သမား (ငယ်၁၅)၊ (၆)အိုးထိန်း (ငယ်၂၁)၊ (၇)အစေခံ(ငယ်၂၄)။

တိမောသေသည် ယေရှုခရစ်တော်၏ စစ်သည်တော်ကောင်း ဖြစ်သည့်အားလျော်စွာ ပင်ပန်းဆင်းရဲခြင်း ဒဏ်ခံနိုင်သော ဇွဲလုံ့လ ရှိသည်။ (ရှင်ပေါလုကိုယ်တိုင်လည်း ခံစားဖူးသည် ၂ကော ၁၁:၂၃-၂၉)။

: စစ်သည်တော်ဆိုသည်မှာ ပေးအပ်သောတာဝန်ကို တက်ကြွထမ်းဆောင်ခြင်းကို ဆိုလိုသည်။ ထို့အပြင် တိုက်ရည်ခိုက်ရည်လည်း ပြည့်ဝသည်။ မိမိအသက်ကို နှမြောတွန့်တိုသော စစ်သည်တော်ဟူ၍ မရှိ။

ခရစ်ယာန် စစ်သည်တော်များသည် လောက အသက်မွေးဝမ်းကြောင်း ပညာကို လုပ်စရာ မလိုဟု ဆိုလိုသလား။ ထိုသို့မဟုတ်ပါ။ ပေါလုကိုယ်တိုင် အသင်းတော် စောင့်ရှောက်လျက် ဒေသနာတောကြား သွန်သင်လျက် အခြားတစ်ဘက်တွင် မိုးကာဖျင်တဲချုပ် လုပ်သည်။ သူ့လက်ချောင်းများကိုလည်း အမှုတော် အတွက်တစ်ဖက် တစ်လမ်းဖြင့် ပါဝင်ကြောင်း သက်သေခံသည်။

အဓိကစကားလုံးမှာ ငြိတွယ်ခြင်း ဖြစ်သည်။ စစ်သည်တော်များသည် အဓိကတာဝန်လစ်ဟင်းမှ စိုးသောကြောင့် အခြားအလုပ်များ မလုပ်ရပါ။ စိုက်ပျိုးရေးလုပ်ငန်း အဝတ်အထည် ထုတ်လုပ်ခြင်း မလုပ်ရပါ။ ခရစ်ယာန်များသည်လည်း စားဝတ်နေရေးကို ဒုတိယနေရာတွင် ထား၍ ခရစ်တော်အမှုကိုသာ ဦးစားပေးရန် ဖြစ်သည်။ Kellyက “ငြိတွယ်သော အလုပ်ဆိုသည်မှာ အခြားသူများနှင့် ရောရှက်မှုမရှိဘဲ သီးခြား လုပ်ငန်းတွင် တစိုက်မတ်မတ် ဇောက်ချလုပ်ကိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။၁၀

စစ်သည်တော်သည် အထက်က ပေးအပ်သော အမိန့်ကို ကျေပြွန်စွာ ထမ်းဆောင်နိုင်ရန် အမြဲတမ်း အဆင်သင့်ရှိနေရသည်။ သူ၏ ပျော်ရွှင်မှုသည် အခြားသူများထက် လုံခြုံခြင်း ဖြစ်သည်။ ယုံကြည်သူများ၏ ပျော်ရွှင်ခြင်းသည် ဘုရားသခင် ဘုန်းတန်ခိုးတော် ထင်ရှားစေရန်ဖြစ်သည်။ ကျွန်ုပ်တို့၏ သခင်ဘုရား ချစ်ခြင်းမေတ္တာ အလင်းအား ဤကမ္ဘာမြေပေါ်တွင် လင်းထိန်ဖို့ဖြစ်သည်။

: ပြိုင်ပွဲဝင်အားကစား သမားနှင့် ပုံနှိုင်းထားသည်။ ပြိုင်ပွဲဝင်သူသည် ပြိုင်ပွဲစည်းကမ်းအတိုင်း ပန်းဝင်မှသာလျှင် ဆုရရှိပါသည်။ ခရစ်ယာန်အသက်တာတွင်လည်း ထိုအတိုင်းဖြစ်သည်။ မည်သို့ပင် ပန်းတုံးတိုင်ပြေးဝင်စေကြကာမူ ပြိုင်ပွဲစည်းမျဉ်းနှင့် မကိုက်ညီလျှင် ဆုမရရှိသကဲ့သို့ ခရစ်ယာန် အသက်တာသည် နှုတ်ကပတ်တော်အား စောဒကတက်ခြင်းမရှိ၊ လိုက်နာရမည်။

ခရစ်ယာန်အသက်တာနှင့် မည်သို့နှိုင်းယှဉ်ရမည်နည်း။

(၁) ခရစ်ယာန်အသက်တာသည် မိမိကိုယ်ကို စည်းကမ်းထိန်းသိမ်းရသည်။ (၁ကော ၉:၂၇)

(၂) ဇာတိလက်နက် မသုံးရ။ ဝိညာဉ်တော် လက်နက်သာသုံးရသည် (၂ကော ၁၀:၄)။

(၃) မိမိကိုယ်ကို စင်ကြယ်အောင် နေရသည်။

(၄) အားထည့် ရုန်းကန်လှုပ်ရှားရသည်။ သို့သော် စိတ်ရှည်သီးခံရသည်။

ခရစ်ယာန်များအတွက် အချိန်ပိုထားခြင်းသည် မလိုအားအပ်သော အရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နေရာတိုင်း၊ အချိန်တိုင်း၊ လှုပ်ရှားမှုတိုင်း၌ ခရစ်ယာန်အသက်တာ ပြသရန်နှင့် နာမတော်ထင်ရှားစေရန် လုပ်စရာချည်းဖြစ်နေသည်။

: လယ်လုပ်သောသူသည် အရင်လုပ်ပြီးမှ အသီးအနှံကို ခံရမည်။ ထိုကဲ့သို့ပင်၊ ဖြောင့်မတ် စင်ကြယ်ခြင်းအရာတွင်လည်း လယ်လုပ်ပြီးမှ အသီးအနှံ ရိတ်သိမ်းရသည့်အတိုင်း ဖြစ်သည်။

Darby က အထပ်ပါလယ်လုပ်ပြီးမှ ကောက်ရိတ်သူ၏ပီတိကို ဤသို့သရုပ်ဖော်ထားသည်။ “လယ်သမားသည် အသီးအနှံမရိတ်သိမ်းမီ အရင်လုပ်ရသည်”။ သူ့အကြောင်းနှင့် သူရှိသည်။ စစ်သည်တော်သည် စောင့်ဆိုင်းသည်းခံရသည်။ အားကစားသမားသည် ပြိုင်ပွဲစည်းကမ်း လိုက်နာရသည်။ လယ်သမားသည်လည်း ကိုးစားလုပ်ကိုင်ရသည်။

: ဥပမာ(၃)ခုအပြင် ခရစ်ယာန် အသက်တာသည် ပိုမိုလေးနက်သည်။ ထို့ကြောင့် တိမောသကို ဆင်ခြင်အာရုံပြုရန် တိုက်တွန်းနှိုးဆော်ထားသည်။ ထာဝရဘုရားသည် အရာရာတို့၌ ဉာဏ်ကို သင့်အား ပေးသနားတော်မူပါစေသားဟု ဆုတောင်းပေး၁၁သည်။ ခရစ်ယာန်အမှုတော်ကို တိုက်ပွဲ၊ အားကစားပြိုင်ပွဲ လယ်လုပ်ခြင်းနှင့် ခိုင်းနှိုင်းထားသည်။ ထိုဥပမာအသီးသီးတွင် သူ့ကဏ္ဍနှင့်သူ စည်းမျဉ်းစည်းကမ်း လုပ်ထုံးရှိသကဲ့သို့ ဆုလက်ဆောင် ကိုယ်စီရှိကြသည်။

: တိမောသေအား တိုက်တွန်းအားပေးခြင်း အမြင့်ဆုံး ရေချိန်ဖြစ်သည်။ သခင်ယေရှုကို ပုံဥပမာ ယူခိုင်းသည်။ ကိုယ်တော်ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို နမူနာယူခိုင်းသည်။ ဒါဝိဒ်အမျိုးဖြစ်သော ယေရှုခရစ်သည် ငါဟောသော ဧဝံဂေလိတရားအတိုင်း သေခြင်းမှ ထမြောက်တော်မူသောကြောင့် အောက်မေ့လော့ဟု တိုက်တွန်းသည်။ ယေရှုကိုသာ အောက်မေ့သတိရတိုက်တွန်းခြင်းမဟုတ်။ သေခြင်းမှ ရှင်သန်ထမြောက်တော်မူသော ကိုယ်တော့်ကို အောက်မေ့စေသည်။

ဧဝံဂေလိတရားအကြောင်း ပေါလုက အကျဉ်းချုံး၍ ပြောပြသည်။ ဧဝံဂေလိသတင်း၏ အဓကအချက်မှာ ကယ်တင်ရှင်ဘုရား ပြန်လည်ထမြောက်ခြင်းအကြောင်း ဖြစ်သည်။ Hiebert က “တိမောသေအား ခွန်အားရစေသော အကြောင်းမှာ ယေရှုခရစ်၏ ကားတိုင်တွင် အသေခံခြင်းမဟုတ်ပါ။ ပြန်လည်ထမြောက်ခြင်းအကြောင်းဖြစ်သည်”ဟု ဆိုသည်။၁၂

ဒါဝိဒ်၏အမျိုးဆိုသည်မှာ ရှေးပရောဖက်များ ဟောကြားခဲ့သည့် ဒါဝိဒ်အမျိုးမှ မေရှိယသခင် ပေါ်ထွန်းမည်ဟူသော ပရောဖက်ပြုချက် ပြည့်စုံသည်။

ကယ်တင်ရှင် သခင်ဘုရား၏ အသက်တာနှင့်အမှုတော်များသည် ကိုယ်တော်ထံသို့ ဆက်ကပ်သူတိုင်း သိရှိရမည့် အခြေခံအကြောင်းတရားဖြစ်သည်။ အထူးသဖြင့် ကိုယ်တော်ဘုရား ဆင်းရဲဒုက္ခခံရပုံ၊ အသေခံရပုံတို့သည် သခင်ယေရှုအား အောက်မေ့သတိရဖို့ သတ္တိသွေးဖြစ်ပါသည်။ ကိုယ်တော်ဘုရားသည် ကားတိုင် သင်္ချိုင်းမှ ကောင်းကင်ခရီးလမ်းလျှောက်ခဲ့ပါသည်။

: ငယ်၈နှင့် ၉ကွာခြားသည်။ ငယ်၈တွင် ဧဝံဂေလိအကြောင်းပြောပြီး ငယ်၉တွင် ရာဇဝတ်သားကဲ့သို့ ရောမအကျဉ်းထောင်ထဲတွင် ချုပ်နှောင်ခြင်းအကြောင်း ရေးထားသည်။ တုန်လှုပ်ချောက်ချားဖွယ်ဖြစ်သည်။ ပေါလုအား သေဒဏ်အမိန့်ချမှတ်သည်နှင့် တပြိုက်နက် ယုံကြည်သူမိတ်ဆွေများ ထွက်ပြေးကုန်သည်။

ထိုကြမ္မာဆိုးနှင့် တွေ့သည့်တိုင်အောင် ပေါလုသည် အမှောင်ခန်းထဲတွင် ကျေးဇူးတော် ချီးမွမ်းနေဆဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ချည်နှောင်ခြင်းနှင့် လွတ်ကြောင်း ဆင်ခြင်အောက်မေ့သည်။ Lensikiက “တမန်တော်ကြီးၑ အသံတော်သည် သူအသွေးကဲ့သို့ နီရဲသည်။ သခင်ဘုရားထံသို့ ချီးမွမ်းသံများသည် ကမ္ဘာအဝှမ်းတွင် ပဲ့တင်ထပ်နေသည်” ဟုဆိုသည်။

မည်သည့်ကမ္ဘာစစ်တပ်ကြီးကပင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တားဆီးဟန့်တားနိုင်သည် မဟုတ် ကောင်းကင်မှ ဆင်းသက်လာသော မိုးရေမိုးပွင့်များ တားဆီးရန် ကြိုးစားသကဲ့သို့သာ ဖြစ်သည်။ (ဟေရှာ ၅၅:၁၀-၁၁ ကိုကြည့်)

Harvey က ဤသို့ဆိုသည်။

အမှုတော်ရှိနေသရွေ့ နှုတ်ကပတ်တော်အား တားဆီးနိုင်မည်မဟုတ်။ အကျဉ်းထောင်ချ၍ မာတုရအဖြစ် သေဒဏ်ပေးကြပါစေ။ လူသာလျှင်သေမည်၊ ခရစ်တော်နှင့် သတင်းကောင်းသည် အသက်ရှင်သောကြောင့် အောင်ပွဲခံနေပေမည်။၁၃

:၁၀ ထို့ကြောင့် ရွေးကောက်တော်မူသောသူတို့သည် ဘုန်းအသရေနှင့်တကွ ကယ်တင်ခြင်းရဖို့ ပေါလု အလိုရှိ၏။ ရွေးကောက်တော်မူသောဆိုသည်မှာ ထာဝရကယ်တင်ခြင်း ရရှိဖို့ဖြစ်သည်။ ဘုရားသခင်က လူများအား ကယ်တင်ခြင်းရဖို့ ရွေးကောက်သည်ဟု ကျမ်းစာက သွန်သင်ပါသည်။ ပလပ်ဖို့ ရွေးချယ်ထားခြင်း မရှိပါ။ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းရဖို့ ရွေးကောက်ခြင်းဖြစ်သည်။ ပျောက်သောသူများသည် မိမိတို့သဘောအတိုင်း ပျောက်ဆုံးခြင်းလမ်းကို ရွေးချယ်ကြသည်။

ရွေးကောက်ခြင်းနှင့် ပတ်သက်၍ ဘုရားသခင်ကို ရန်မူခြင်းအကြောင်း မရှိပါ။ ဤအမှုသည် စကြာဝဠာ တစ်ခုလုံးကို ဖန်ဆင်းပိုင်သတော်မူသော ကျေးဇူးတော်၊ တရားမျှတခြင်း ဖြောင့်မတ်ခြင်းနှင့် ချစ်ခြင်းမေတ္တာပြည့်ဝသည့် ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားရှင်သည် မသင့်မလျော်၊ အကြင်နာကင်းမဲ့၍ လုပ်ရိုးထုံးစံမရှိ။

တမန်တော်ကြီးက ဤလူများ ကယ်တင်ခြင်း၌ ထာဝရအသက်ရရှိစေလိုသော စေတနာမွန်ဖြင့် ဆင်းရဲဒုက္ခကို သည်းခံနေသည်ဟု ဆိုသည်။ ကျေးဇူးတော်ဖြင့် အပြစ်သားများအား ကယ်တင်ခြင်းရ၍ ယေရှုခရစ်တော်ထံတော်ပါး၌ ရှင်ပေါလုက တွေ့ချင်မြင်ချင်သည်။ ထို့ကြောင့် ရှင်ပေါလုက ဤဆင်းရဲဒုက္ခခံနေခြင်းဖြစ်သည်။ ထိုအကြောင့် ပတ်သက်၍ Ruther fordက ဤသို့ဆိုသည်။

အကယ်၍ ပျောက်သောဝိညာဉ်တစ်ပါး

ဘုရားရှင်လက်ထဲသို့အပ်နိုင်ပါက

ဧမာနွေလဘုရားရှင် ထံတော်မှ

နှစ်ထပ်ကွမ်း ကောင်းကင်နိုင်ငံ ဆုရရှိသည်။၁၄

:၁၁ အပိုဒ်ငယ် ၁၁မှ ၁၃ကို ရှေးဦးခရစ်ယာန် သီချင်း၌ စပ်ဆိုထားပါသည်။ ယုံကြည်မှုအားကြီးသည် ဖြစ်စေ သခင်ယေရှုခရစ်တော်နှင့် ဆက်စပ်ကြသည်မှာ မှန်သည်။ ထိုအကြောင်းကို Hiebert က “မယုံကြည်သူများ ကိုယ်တော်နှင့် ဝေးနေကြသည့်အချိန်တွင် ခရစ်ယာန်များ၏ ယုံကြည်ခြင်း၊ အထံတော်ပါး၌ ဗဟိုပြုနေသည်မှာ အထင်အရှားဖြစ်သည်”၁၅ ဟုဆိုထားသည်။ ဤစကားသည် ရှင်ပေါလု၏ စတုတ္ထမြောက်သစ္စာစကားဖြစ်သည်။

ပထမဥပဒေသမှာ ခရစ်တော်၌သေလျှင် ခရစ်တော်၌ တဖန်အသက်ရှင်မည့်အကြောင်း ဖြစ်သည်။ ထိုခရစ်တော်၌ သေခြင်းဆိုသည်မှာ ကိုယ်တော်အား ကယ်တင်ရှင်အဖြစ် ယုံကြည်လျက် ဝိညာဉ်အသိတရား ရှိ၍ သေခြင်းဖြစ်သည်။ ကိုယ်တော်၌ သင်္ဂြိုဟ်ခြင်းခံပြီးနောက် ကိုယ်တော်နှင့်အတူ ထမြောက်ခြင်းဖြစ်သည်။ ခရစ်တော်သည် ကျွန်ုပ်တို့ကိုယ်စား အသေခံတော်မူ၍ ကျွန်ုပ်တို့အတွက် ဘုရားသခင်ထံ လျှောက်လဲပေးသည်။ လူသားများသည် မိမိအပြစ်ကြောင့် သေမည့်လူများဖြစ်သည်။ ထို့ကြောင့် ခရစ်တော်က ကိုယ်စားဝင်ရောက် အသေခံခြင်းဖြစ်သည်။ ကိုယ်တော်ဘုရားက လူများအား အထံတော်၌သာ သေစေချင်သည်။ သို့မှသာ ကိုယ်တော်နှင့်အတူ ကောင်းကင်နိုင်ငံသို့ ပြန်လည်ထမြောက်မည်။

ဤကျမ်းပိုဒ်သည် မာတုရလမ်းစဉ် ဖြစ်သည်။ ကိုယ်တော်လမ်းစဉ် လိုက်သူများသည် ကိုယ်တော်ကဲ့သို့ ထမြောက်ကြရသည်။

:၁၂ ခရစ်ယာန်များသည် ခရစ်တော်နှင့်အတူ စိုးစံရမည့် အချိန်စောင့်ဆိုင်း စိတ်ရှည်ရမည်။ စစ်မှန်သော ယုံကြည်ခြင်းသည် ထာဝရကာလအတွက် စောင့်မျှော်နိုင်သော အရည်အချင်းပြည့်ဝသည်။

သို့သော် တချိန်တည်း တပြိုင်တည်း ခရစ်တော်နှင့် စိုးစံရမည်မဟုတ်ပါ။ ကမ္ဘာကြီးကို အုပ်စိုးရန် သခင်ဘုရားကြွလာသောအခါ သန့်ရှင်းသူများသည်လည်း ကိုယ်တော်နှင့်အတူ ပြန်လည်ပါလာ၍ အုပ်စိုးကြရမည်။ ဤဘဝအသက်တာ၌ သစ္စာရှိရှိယုံကြည်သူများ ဖြစ်သည်။

ခရစ်တော်ကို ငြင်းပယ်သူများသည် ထိုအချိန်တွင် ငြင်းပယ်ခြင်းခံရမည်။ ထိုငြင်းပယ်ခြင်းသည် ရှင်ပေတရုကဲ့သို့ ယာယီငြင်းပယ်ခြင်း မဟုတ်။ နိစ္စထာဝရ ငြင်းပယ်ခြင်း ဖြစ်သည်။ မယုံကြည်သူများနှင့် သခင်ယေရှုကို လက်မခံသူများဖြစ်သည်။ မယုံကြည်ခြင်း၊ ဟန်ဆောင် ယုံကြည်ခြင်းရှိသည့်အတိုင်း ပြန်လည်ခံစားရမည်။

:၁၃ မယုံကြည်သူများ အကြောင်းဖြစ်သည်။ ဤကျမ်းပိုဒ်နှင့် ပတ်သက်၍ D.Youngက ဤသို့ ရှင်းပြသည်။ “ဘုရားသခင်သည် ယုံကြည်သူများအပေါ် ဖြစ်စေ၊ မယုံကြည်သူများအပေါ် ကိုယ်တော်တိုင်ဖြစ်စေ အကျင့်သိက္ခာဖြင့်ဖြစ်စေ၊ မဆီမလျော် ဘယ်သောအခါမှမပြု။ မည်သည့်အခြေအနေ အချိန်အခါတွင်မဆို ဖြောင့်မတ်စင်ကြယ်စွာ ပြုလေ့ရှိသည်။” ၁၆

ဘုရားသခင်၏ သစ္စာတရားအား မယုံကြည်သူများအပေါ် သွန်သင်ပြရန် မဆိုလိုပါ။ မယုံကြည်သူများသည် မယုံကြည်သည့်အတိုင်း ပြန်ရိတ်သိမ်းရမည်။ ထိုအကြောင်းကို V.Oosterzeeက “ကိုယ်တော်သည် ကတိတော်ပြုထားသည့်အပေါ်တွင် သစ္စာတည်မြဲသည်” ဟု ဆိုသည်။

၃။ ယုံကြည်ခြင်းတစ်ဖက်မှ မိစ္ဆာဆရာများ (:၁၄:)

(က) ခရစ်ယာန်စစ်စစ်များ၏ ယုံကြည်ခြင်း (:၁၄၂၆)

          :၁၄ တိမောသေအား ဤအရာများကို သတိပေးလော့ဟု မှာထားသည်။ မှာထားသော စကားမှာ အပိုဒ်ငယ် ၁၁မှ ၁၃ပါအချက်များဖြစ်သည်။ မည်သူ့ကို သတိပေးရမည်နည်း။ တိမောသေ၏ တရားစကားကို ကြားနာယုံကြည်ပြီးမှ ထူးဆန်းသော တရားကို မြည်းစမ်းသူများဖြစ်သည်။ အရေးကြီးသော အချက်ဖြစ်သည်။ ကနဦးတွင် သမ္မာတရားကို ကြားနာသိရှိရပြီးမှ နှုတ်ကပတ်တော်ကို တဖန်ပစ်ပယ်သူများ ရှိသည်။ သမ္မာတရား၌ သန့်ရှင်းခြင်းအတသက်တာ ဆောင်တည်ရမည့်အစား ကြားဖူးနားဝရှိသည့် အသစ်အဆန်းသော စကား၊ စကားကြီးစကားကျယ်များ နောက်သို့ ယိမ်းယိုင်ကြသူများ ဧဖက်တွင် မှိုကဲ့သို့ ပေါက်နေကြသည်။

ထိုအကြောင်းကို D.Youngက ဤသို့သတိပေးထားသည်။

ထိုမျှလောက် လွယ်ကူလွန်းသော တရားဓမ္မသည် လေးနက်သောတရား မဖြစ်နိုင်။ လူ့ဘဝသည် တိုတောင်းသည်။ အလုပ်ရှုပ်သည်။ ဦးနှောက်နှင့် နှလုံးသည် အကျင့်သိက္ခာပြုပြင်ဖို့ အချိန်မဖြုန်းနိုင်။

ကမ္ဘာကြီးက ဧဝံဂေလိသတင်းကောင်းကို မျှော်ငံ့နေချိန်တွင် ထိုအယူအဆများသည် ရောဂါဆိုး ဖြစ်သည်။ လမ်းမကြီးသာ လိုက်လျှောက်ပါ။ အစကတည်းက မှန်ကန်၍ ကြီးမြတ်​သာ တရားဖြစ်သည်။ လမ်းကြုံအလွယ်လိုက်ခြင်းမဟုတ်။ မြစ်ကိုပစ်၍ ချောင်းကိုရှာသော လမ်းလွဲလိုက်သည့် ရှမကာနှင့် ယေလကဲ့သို့ မဖြစ်စေနှင့်၁၈

:၁၅ တိမောသေသည် ဝန်ခံသောသူ ကိုယ့်ကိုကိုယ် ဘုရားသခင်ထံတော်သို့ ဆက်သသူဖြစ်သည်။ လာမည့်နေ့ရက်တွင် အရှက်အကြောက်မရှိဖို့ရာ ကောင်းသောအမှု၌ ကြိုးစားအားထုတ်သူဖြစ်သည်။ ထိုစကားမှာ သမ္မာတရား၌ မှန်ကန်စွာ ပိုင်းခြားတတ်ခြင်း ဖြစ်သည်။ Alfordက “အမှားအယွင်းမရှိဘဲ မှန်ကန်စွာ ဆုံးဖြတ်လိုက်လျှောက်ခြင်းဖြစ်သည်” ဟုဆိုထားသည်။

:၁၆ တရားမဲ့သော အချည်းနှီးစကားပြောဆိုခြင်းက အချိန်ကုန်လေပန်းစေသည်။ မတရားသော အမှုပွားများစေသည်။ လူအတွက်သော်၎င်း၊ ဘုရားသခင်အတွက်သော်၎င်း၊ အသုံးမဝင်။ ထိုအကျင့်ဆိုးများကို တိုက်လှန်ရန် တိမောသေအား မခိုင်းပါ။ အပြစ်မပြုဘဲ ပါးနပ်စွာ ဆွဲဆောင်စည်းရုံးခိုင်းပါသည်။

ခက်သည်မှာ ထိုအချည်းနှီး အလ္လပသလ္လပပြောတတ်သူများသည် ဘယ်သောအခါမှ တည်ငြိမ်စွာ နေတတ်သူများမဟုတ်။ ဘုရားတရားနှင့် ကင်းဝေးသထက် ဝေးသူများဖြစ်သည်။ လုပ်သမျှသည် အမှားချည်းဖြစ်နေသည်။ အမှားလုပ်သူများသည် အမှားဆက်လုပ်ချင်ကြသည်။ ဆိုလိုသည်မှာ မှားယွင်းသော ဘာသာရေး၌ ကျင်လည်သူများသည် တရားမဲ့၌ မွေ့လျော်ကြခြင်း အကြောင်းဖြစ်သည်။ တရားမဲ့လေလေ ဘုရားနှင့်ဝေးလေလေဖြစ်သည်။

:၁၇ ထိုသူများ၏ စကားတွင် ကင်ဆာရောဂါပိုး ပါရှိသည်။ ထိုရောဂါပိုး၏ လူ့ခန္ဓာအသွေးအသားကို ရက်စက်စွာ ဖျက်ဆီးပုံကို လူတိုင်းသိရှိကြပါသည်။ ကင်ဆာရောဂါကို ခူနာနှင့် ယှည်ပြခြင်းဖြစ်သည်။ ခုနာသည် အရိုးထိအောင် လှိုက်စားလေ့ရှိသည်။ ရောဂါပိုးစားသော ခြေလက်များကို ဖြတ်တောက်ပစ်ကြလေ့ရှိသည်။

ဓမ္မသစ်ကျမ်းတွင် မကောင်းမှုဒုစရိုက်များကို တဆေးနှင့် ပုံနှိုင်းလေ့ရှိသည်။ တဆေးသည် သေးငယ်သော်လည်း အစာတစ်ခုလုံးကို လွယ်ကူစွာပျံ့နှံ့နိုင်သည်။

ဤကျမ်းပိုဒ်တွင် ဒေသန္တရအသင်းတော်ကို ဖျက်ဆီးတတ်သော ရောဂါပိုးအဖြစ်ဟု မေနဲနှင့်ဖိလက်တို့ နှစ်ယောက်၏ အမည်နာမ ထုတ်ဖော်ထားသည်။ ထိုသူများသည် သမ္မာတရားကို အရှက်တကွဲ အကျိုးနည်းစေသူများ ဖြစ်သည်။

:၁၈ မိစ္ဆာဆရာများ၏ သွန်သင်ချက်ကို ထောက်ပြထားသည်။ သေလွန်သူများ ထမြောက်ကုန်ပြီ ဟုပြောတတ်ကြသည်။ ကယ်တင်ခြင်းကို မျှော်လင့်ကြပါသည်။ တစ်နည်းပြောရလျှင် သင်္ချိုင်းဂူထဲမှ ရုပ်ခန္ဓာကိုယ် ထမြောက်ခြင်းအကြောင်းကို သရော်လှောင်ပြောင်ခြင်း ဖြစ်သည်။ ထိုအကြောင်းကို ရှင်ပေါလုက သတိပေးခြင်းဖြစ်သည်။

ထိုအကြောင်းနှင့် ပတ်သက်၍ H.Smith က ဤသို့ဆိုသည်။

အကယ်၍ ရှင်ပြန်ထမြောက်ခြင်းရှိလျှင် သန့်ရှင်းသူများသည် အဘယ်ကြောင့် လူ့လောကမှာ ရှိနေကြသေးသနည်း။ အသင်းတော်လည်း သခင်ဘုရားကြွလာမည့် နေ့ရက်ကို မျှော်လင့်စရာ လိုမည်မဟုတ်။ ရှေးဦးကောင်းကင် အစီအမံနှင့် ဘဝက ခရီးစဉ်လည်း ကုန်ဆုံးသင့်သည်။ ကောင်းကင်လက္ခဏာများ ကုန်ဆုံး၍ အသင်းတော်လည်း လောကကြီးတွင် ရှိတော့မည်မဟုတ်။ လောက အစိုးရ၏ အကျင့်စာရိတ္တ ထိန်းသိမ်းဖို့ တစ်ထောင့်တစ်နေရာမှ ပါဝင်ခြင်းသာ ဖြစ်တော့မည်။၂၁

ထိုသူများ၏ ယုံကြည်ခြင်းသည် မိမိတို့အကျိုး အတွက်သာ ရှေ့ရှုသူများ ဖြစ်၍ ထာဝရအသက် စာရင်းတွင် နာမည်စာရင်း ပါဝင်ချင်သူများ မဟုတ်ပါ။

:၁၉ ဟုမေနနှင့် ဖိလက်၏ မှားယွင်းသော သွန်သင်ခြင်းက အသင်းတော်အား မှောင်ရိပ်ကျစေသည်။ ဒေသန္တရအသင်းတော်များတွင် မယုံကြည်သူများ လက်ခံနေကြပြီ။ ဝိညာဉ်အသက်တာလည်း ယုံကြည်သူများ အထဲတွင်ပင်လျှင် လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့်နက်သော တရားဖြစ်သည်။ ယခုယုံကြည်သူနှင့် မယုံကြည်သူများ ရောပြွန်းကုန်ပြီ။ မည်သည့် ရလာဒ်ထွက်လာမည်နည်း။

သို့သော် ဘုရားသခင်၏ တိုက်မြစ်သည် ခိုင်ခံ့၏ ဟု ပေါလုက အားပေးထားသည်။ အချို့က ထိုအသင်းတော်သည် မှန်ကန်သော အသင်းတော်ဖြစ်သည်ဟု ကောက်ချက်ချကြသည်။ အချို့က ဘုရားသခင်၏ ကတိတော်ခိုင်မြဲကြောင်းကို ဆိုလိုသည်ဟု စွဲမှတ်ကြသည်။ ဘုရားသခင်၏ တိုက်မြစ်သည် ဤနေရာတွင် မည်သည့်အရာကို ရည်ညွှန်းသနည်း။ အကယ်၍ နှုတ်ကပတ်တော်ဟု ဆိုလျှင် မည်သူမှ စောကြောမည်မဟုတ်။ H.Smith ကမူ “ဘုရားသခင်၏ တိုက်မြစ်သည် ပြိုလဲခြင်းမရှိသူ အပေါ်၌သာ တည်သည်။ ဘုရားသခင်က နှုတ်ကပတ်တော်ကို အပြည့်အဝ ကာကွယ်ပါသည်။ သို့သော် မည်သည့်နေရာတွင် တည်ပါစေ၊ နှုတ်ကပတ်တော်သည် ဘယ်သောအခါမှ ပျောက်လွင့်ခြင်း မရှိ”၂၂ဟု ဆိုထားသည်။

ဘုရားရှင်၏ တိုက်မြစ်ကို တံဆိပ်နှစ်ခုခတ်နှိပ်ထားပါသည်။ ဘုရားသခင်နှင့် လူ့ဘက်နှစ်ခုစလုံးမှ ခတ်နှိပ်ခြင်းဖြစ်သည်။ ဘုရားသခင်ဘက်မှ တံဆိပ်သည် ဘုရားသခင်ကို သိကျွမ်းသူများ အသိအမှတ်ပြုခြင်း ဖြစ်သည်။ အသိအမှတ်ပြုရုံသာမက ရင်းနှီးကျွမ်းဝင်သည်။ ထိုအကြောင်းကို Lenskiကမူ “လက်ရွေးစင်နှင့် ကိုယ်ထိလက်ရောက် ရှိခြင်း”ဟု ဆိုသည်။ လူ့ဖက်မှ တံဆိပ်ဆိုသည်မှာ ခရစ်တော်၏ နာမတော်မြတ်၌ စာရင်းသွင်းထားခြင်းဖြစ်သည်။၂၄ တစ်မျိုးပြောရလျှင် အမည်ခံ ခရစ်ယာန်များသည်လည်း ဘုရားသခင်နှင့် ဆက်ဆံခွင့်ရှိကြသည်။ သို့သော် ခရစ်ယာန်စစ်စစ်များသည် ဖြောင့်မတ်စင်ကြယ်ခြင်း အရာများနှင့် မပတ်သက်ရပါ။

တံဆိပ်ခတ်နှိပ်ခြင်းဆိုသည်မှာ မူပိုင်ပြသခြင်း၊ အာမခံချက်ပေးခြင်းနှင့် လုံခြုံပေးခြင်းဖြစ်သည်။ ဘုရားတိုက်မြစ် တံဆိပ်ခတ်နှိပ်ခြင်း ခံရသူများသည် ပိုင်ရှင်ရှိကြောင်း၊ အာမခံချက်ပေးသည်။ ထို့ကြောင့် အသက်တာတွင်လည်း ဖြောင့်မတ်စင်ကြယ်ရသည်။

:၂၀ ကြီးစွာသော အိမ်သည် ယေဘူယျအားဖြင့် ခရစ်ယာန်အသိုင်းအဝိုင်းကို ဆိုလိုသည်။ ထို့ထက် ကျယ်ပြန့်စွာ ချဲ့ကားရလျှင် ယုံကြည်သူစင်စစ်နှင့် သာမန်ယုံကြည်သူများလည်း ပါဝင်သည်။ အသစ်တဖန် မွေးဖွားခြင်းခံရသူနှင့် မခံရသေးသူများလည်း အကြုံးဝင်သည်။

ကြီးစွာသော အိမ်မှ ရွှေတန်ဆာ၊ ငွေတန်ဆာသည် စစ်မှန်သော ယုံကြည်သူများကို ဆိုလိုသည်။

သစ်သားတန်ဆာ၊ မြေတန်ဆာဆိုသည်မှာ မယုံကြည်သူများ မဟုတ်ပါ။ အပြစ်ဒုစရိုက် ကျင်လည်၍ မှားယွင်းသော တရားသွန်သင်ဟောကြားသည့် ဟေမန်နှင့် ဖိလက်ကဲ့သို့သောသူကို (ငယ်၁၇)ကို ဆိုလိုသည်။

တန်ဆာများအကြောင်းကို ဆက်ပြောပါမည်။ ပထမဦးစွာ မည့်သည့်အရာဖြင့် လုပ်ထားသည့်အကြောင်း ဖြစ်သည်။ ဒုတိယအချက်မှာ အသုံးပြုပုံ မတူညီခြင်းဖြစ်သည်။ နောက်ဆုံးတွင်မူ သူ့နေရာနှင့် သူရှိခြင်းဖြစ်သည်။ ထိုသစ်သားနှင့် မြေသည် တာရှည်မခံ။ ရွှေနှင့် ငွေသည် တန်ဖိုးကြီးသည်။

တံဆိပ်ခတ်နှိပ်ခြင်းဆိုသည်မှာ မူပိုင်ပြသခြင်း၊ အာမခံချက်ပေးခြင်းနှင့် လုံခြုံမှုပေးခြင်းဖြစ်သည်။ ဘုရားတိုက်မြစ် တံဆိပ်ခတ်နှိပ်ခြင်း ခံရသူများသည် ပိုင်ရှင်ရှိကြောင်း၊ အာမခံချက်ပေးသည်။ ထို့ကြောင့် အသက်တာတွင်လည်း ဖြေင့်မတ်စင်ကြယ်ရသည်။

:၂၀ ကြီးပွားသောအိမ်သည် ယေဘူယျအားဖြင့် ခရစ်ယာန်အသိုင်းအဝိုင်းကို ဆိုလိုသည်။ ထို့ထက် ကျယ်ပြန့်စွာချဲ့ကားရလျှင် ယုံကြည်သူ စင်စစ်နှင့် သာမန်ယုံကြည်သူများလည်း ပါဝင်သည်။ အသစ်တဖန် မေါးဖွားခြင်းခံရသူနှင့် မခံရသေးသူများလည်း အကြုံးဝင်သည်။

ကြီးစွာသော အိမ်မှ ရွှေတန်ဆာ၊ ငွေတန်ဆာသည် စစ်မှန်သော ယုံကြည်သူများကို ဆိုလိုသည်။

သစ်သားတန်ဆာ၊ မြေတန်ဆာဆိုသည်မှာ မယုံကြည်သူများမဟုတ်ပါ။ အပြစ်ဒုစရိုက် ကျင်လည်၍ မှားယွင်းသော တရားသွန်သင်ဟောကြားသည့် ဟုမေနဲနှင့် ဖိလက်ကဲ့သို့သောသူကို (ငယ်၁၇)ကို ဆိုလိုသည်။

တန်ဆာများအကြောင်းကို ဆက်ပြောပါမည်။ ပထမဦးစွာ မည်သည့်အရာဖြင့် လုပ်ထားသည့်အကြောင်း ဖြစ်သည်။ ဒုတိယအချက်မှာ အသုံးပြုပုံ မတူညီခြင်းဖြစ်သည်။ နောက်ဆုံးတွင်မူ သူ့နေရာနှင့် သူရှိခြင်းဖြစ်သည်။ ထိုသစ်သားနှင့် မြေသည် တာရှည်မခံ။ ရွှေနှင့်ငွေသည် တန်ဖိုးကြီးသည်။

တချို့က နာခံခြင်းနှင့် အနာခံခြင်းဖြစ်သည်ဟု အနက်ဖွင့်ကြသည်။ မနာခံခြင်းဆိုသည်မှာ မလေးစားခြင်းဖြစ်သည်။ ဤကိစ္စတွင် တန်ဆာပလာများသည် စစ်မှန်သော ယုံကြည်သူများအတွက် အသုံးတည့်ပါသည်။ အချို့က အဆင့်မြင့်မြင့် အသုံးပြုသကဲ့သို့ အချို့မှာမူ မဖြစ်၍သာ သုံးစွဲကြပါသည်။ အချို့က အသေရရှိသောတန်ဆာဆိုသည်မှာ ရှင်ပေါလုနှင့် တိမောသေဖြစ်၍ အသရေမရှိသော တန်ဆာဆိုသည်မှာ ဟုမေနဲနှင့် ဖိလက်တို့ကို ရည်ညွှန်းသည်ဟု ဆိုကြသည်။

:၂၁သို့ဖြစ်၍ အထက်ကဆိုခဲ့ပြီးသော အကျင့်တို့ကိုယပယ်၍ မိမိကိုယ်ကိုစင်ကြယ်စေသည်ဆိုသောကျမ်းပိုဒ်အပေါ်၌ ကျယ်ပြန့်စွာ စဉ်းစားရသည်။

အထက်ကဆိုသောစကားမှာ သစ်နှင့်မြေတန်ဆာကို ဆိုလိုသလား၊ မှားယွင်းသောဆရာများကို ဆိုလိုသလား။ သို့မဟုတ် အားလုံးကိုခြုံ၍ မကောင်းမှုဒုစရိုက်များကို သိမ်းကြုံးရည်ညွှန်းပါသလား။

အသရေမရှိသော တန်ဆာများကို ရည်ညွှန်းဟန်တူသည်။ အထူးသဖြင့် ဟုမေနဲနှင့် ဖိလက်ကဲ့သို့သော မှားယွင်းသည့်ဆရာများကို ရှောင်ကြဉ်ရန်နှင့် မိမိကိုယ်ကိုလည်း စင်ကြယ်ရန် သတိပေးခြင်းဖြစ်သည်။

တိမောသေအား အသင်းတော်စွန့်ခွာရန် မခိုင်းပါ။ ခရစ်ယာန်အသိုင်းအဝိုင်းကိုလည်း မပစ်ပယ် ခိုင်းပါ။ ခရစ်ယာန် အသိုင်းအဝိုင်းတွင် သာမန်ယုံကြည်သူများကြား၌ စစ်မှန်သော ယုံကြည်သူများရှိနေသည်။ ဒုစရိုက်သမားများ ဆိုးရွားသော အယူဝါဒလမ်းစဉ် မရှောင်ကြဉ်နိုင်ခြင်းမှာ စဉ်းစားစရာဖြစ်သည်။

အကယ်၍ တစုံတစ်ဦးသည် ထိုမကောင်းသော  အသိုင်းအဝိုင်းများကြားမှပင် မိမိကိုယ်ကို စောင့်ထိန်းနိုင်လျှင် မင်္ဂလာရှိသူဖြစ်သည်။ ဘုရားရှင် တစ်ပါးတည်းသာလျှင် ထိုတန်ဆာများကို စင်ကြယ်သော အမှု၌ အသုံးပြုနိုင်သည်။ “ထာဝရဘုရား အဆောက်အဦးတို့ကို ဆောင်ရွက်သောသူတို့ သန့်ရှင်းခြင်းရှိကြလော့” (ဟေရှာ ၅၂:၁၁)။ မိမိကိုယ်ကို စင်ကြယ်ခြင်းရှိမှသာလျှင် ဘုရားအမှုတော်မြတ်၌ ပါဝင်နိုင်သည်။ သို့မှသာ သခင့်အတွက် အသုံးဝင်ပါမည်။ ဘုရားသခင် လိုအပ်သော အရည်အချင်း ကန့်သတ်ချက်မှာ သခင်ဘုရားအား ချစ်ခင်မြတ်နိုးခြင်းဖြစ်သည်။ ထို့နောက် ကောင်းသောအမှုပြုသူဖြစ်ရသည်။ ဘုရားသခင်၏ အစေခံခြင်းကို အစဉ် စောင့်ထိန်းနေသူဖြစ်ရသည်။

:၂၂ မကောင်းသောအမှုအရာနှင့် ကင်းစင်ရုံသာမက လိုချင်တပ်မက်စိတ်လည်း မရှိရန် တိမောသေအား ညွှန်ကြားသည်။ လူပျိုတို့၏ တပ်မက်ခြင်းဆိုသည်မှာ စိတ်ဘာသာ တဏှာသာမက ငွေကြေးတပ်မက်ခြင်း ထင်ပေါ်ကျော်စောလိုစိတ်နှင့် အပျော်အပါးလည်းပါဝင်သည်။ အတ္တ၊ မာန၊ သည်းမခံနိုင်ခြင်းနှင့် ပေါ့ပေါ့နေခြင်းလည်း အကြုံးဝင်သည်။ ထိုစဉ်ကာလတွင် တိမောသေသည် အသက်(၃၅)နှစ်ခန့်ရှိသည်။ လူပျိုတပ်မက်ခြင်းသည် ဆယ်ကျော်သက် အရွယ်များတွင် သာမက လူပျိုလူရွယ်များကဲ့သို့ မိမိကိုယ်ကိုထင်မှတ်၍ ငယ်မှုပြန်သူများအတွက်လည်း အကြုံးဝင်သည်။ ထို့ကြောင့် တိမောသေအား သန့်ရှင်းစင်ကြယ်သော အသက်တာ ထိန်းသိမ်းစောင့်ရှောက်ဖို့ တတွတ်တွတ်သတိပေးခြင်း ဖြစ်သည်။

တိမောသေသည် ထိုဩဝါဒများကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ မပစ်ပယ်ပါ။ ထိုအတိုင်း လိုက်လျှောက်သည်။

ဖြောင့်မတ်ခြင်းတရားကို နှစ်သက်သည်။ သူ၏ဆက်ဆံရေးသည် ယုံကြည်သူအပေါ်ဖြစ်စေ၊ မယုံကြည်သူအပေါ်ဖြစ်စေ၊ တရားမျှတ၍ ဖြောင့်မတ်မှန်ကန်စွာ တစ်သဘောတည်း ဆက်ဆံသည်။ လူခွဲခြားခြင်း မရှိ။

သစ္စာရှိခြင်းဆိုသည်မှာ ယုံကြည်ခြင်း၊ လေးစားကြည်ညိုခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သခင်ဘုရား၌ တည်မှီခြင်းဖြစ်သည်။ Hiebert ကမူ “ဘုရားသခင်အား ရွှင်လန်းတက်ကြွစွာ ယုံကြည် ကိုးစားခြင်း”ဟု အနက်ဖွင့်သည်။

ချစ်ခြင်းမေတ္တာဆိုသည်မှာ ဤနေရာတွင် ဘုရားသခင် ချစ်မြတ်နိုးခြင်း တစ်ခုတည်းနှင့် မပြည့်စုံနိုင်ပါ။ ညီအစ်ကိုမောင်နှမများအား ပျောက်ဆုံးနေသော အပြစ်သားများ ချစ်ခြင်းလည်း ပါဝင်သည်။ ချစ်ခြင်းမေတ္တာသည် အခြားသူများကို ဦးစားပေးခြင်းဖြစ်သည်။ အတ္တကင်းစင်သည်။

ငြိမ်သက်ခြင်းက သဟဇာတဖြစ်ခြင်းနှင့် အဆင်ပြေခြင်းကို ဆောင်ကြဉ်းသည်။

ဤမင်္ဂလာတရားများသည် ခေါ်တော်မူသောသူများ၏ စိတ်သဘောထားဖြစ်သည်။ အငယ်၂၀ တွင် တိမောသေအား မကောင်းမှုနှင့် ကင်းစင်ရန် သတိပေးသည်။ တိမောသေသည် အသက်တာစင်ကြယ်ခြင်း၌ တစ်ကိုယ်တော်တည်း မလျှောက်ပါ။ သူ့ကိုယ်သူ စင်ကြယ်ခြင်း၏ ခန္ဓာကိုယ်ဟု သဘောထားလျက် သူနှင့် လိုက်လျှောက်မည့် ကိုယ်လက်အင်္ဂါများကို ရှာဖွေသည်။

:၂၃ တိမောသေ၏ အမှုတော်လုပ်ငန်း တလျှောက်တွင် အကျဉ်းအကြပ်တွေ့စေသော ပဟေဠိနှင့် အရူးမေးခွန်းများ မကြာခဏကြုံတွေ့ရသည်။ ထိုမေးခွန်းသည် သဘောရိုးဖြင့် မသိ နားမလည်သူများ မေးခွန်းမဟုတ်။ ထိုမေးခွန်းမျိုးသည် အကျိုးမဖြစ်ထွန်းစေသောကြောင့် ဖြေကြားစရာမလို။ ခရစ်ယာန် ယုံကြည်ခြင်းနှင့် မသက်ဆိုင်သော မေးခွန်းများသည် ပြဿနာမီးမွှေးခြင်းဖြစ်သည်။ ထို့အပြင် အချိန်ကုန် လူပန်းစေသည်။

:၂၄ သခင်ဘုရား၏ ကျွန်ဆိုသည်မှာ သခင်ဘုရား၏ အစေခံကို ဆိုလိုသည်။ ဤဂုဏ်ပုဒ်သည် ယဉ်ကျေးသိမ်မွေ့စွာ ကျမ်းပိုဒ်များတွင် အသုံးပြုသော ဝေါဟာရဖြစ်၍ စိတ်ရှည်ခြင်း၊ အောကျို့ခြင်း၊ ခွန်အားရစေပါသည်။

သခင်ဘုရား၏ ကျွန်သည် သမ္မာတရားကို စောင့်ထိန်းသူဖြစ်သည့် အားလျော်စွာ အငြင်းပွားခြင်း၊ ရန်ပြုခြင်းမရှိရ။ အငြင်းပွားရာ၌ အနိုင်ယူခြင်းထက် ယဉ်ကျေး သိမ်မွေ့စွာ သွန်သင်လမ်းပြသင့်သည်။ နားဝေးသူများကိုလည်း နှုတ်ကပတ်တော် သမ္မာတရား ဘဝင်ကျသည့်တိုင်အောင် စိတ်ရှည်စွာဖြင့် ရှင်းပြနားသွင်းနိုင်သည်။

:၂၅ သခင်ဘုရား၏ ကျွန်သည် အငြင်းခုံတိုက်သူများကို ယဉ်ကျေးသိမ်မွေ့စွာ တုံ့ပြန်ရသည်။ နှုတ်ကပတ်တော်ကို ငြင်းပယ်သူများဖြစ်သောကြောင့် အောက်ကျို့စွာ ဆက်ဆံရသည်။ မသိနားမလည် နလပိန်းတုန်းများကို သမ္မာကျမ်းစာနှင့် အညီအမျှ မြင်ရသည်။

အကယ်၍ ဘုရားသခင် အလိုတော်ရှိလျှင် နောင်တရ၍ သမ္မာတရားကို နားလည်လာပါလိမ့်မည်။ ဦးစွာ ဘုရားသခင်က နောင်တရရှိဖို့ အလိုရှိကြောင်းကို သွန်သင်ရသည်။ လက်မခံလျှင်လည်း အကြောင်းမဟုတ်ပါ။ အပြစ်ဝန်ချ၍ နောင်တရသည့်အချိန်ထိ စောင့်ဆိုင်းပါ။ ဘုရားသခင်စီစဉ်ပါမည်။ ဘုရားသခင်သည် နောင်တတရားကို အတင်းအဓမ္မ မတောင်းဆိုပါ။ လူသည်မိမိအမှားကို ခံရန် ဝန်လေးသူများ ဖြစ်သည်။

:၂၆ သခင်ဘုရား၏ ကျွန်သည် မှားယွင်းသူများနှင့်လည်း ဆက်ဆံနေရပါသည်။ သူတို့အပြစ်ကို သိမြင်၍ မကောင်းမှု ဒုစရိုက်နွံထဲမှ ရုန်းထွက်လာကြသည့်တိုင်အောင် ပတ်သက်ရသည်။ မာရ်နတ်အလိုအတိုင်း ဖမ်းမိချုပ်နှောင်ထားသူများ လွတ်မြောက်သည့်တိုင်အောင် ဆောင်ကြဉ်းပေးရသည်။

Previous Article
Next Article